【 ပြည်တွင်း အနုပညာ 】 ထင်ပေါ်ကျော်ကြား ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲပြုလုပ်

【 ပြည်တွင်း အနုပညာ 】 ထင်ပေါ်ကျော်ကြား ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၈

ထင်ပေါ်ကျော်ကြား ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ထင်ပေါ်ကျော်ကြား ရုပ်ရှင်ဇာတ်ကားဟာ အချစ်ဟာသရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး မြင့်မြတ်၊ နေဝင်း၊ ခြူးလေး ၊ ထက်ထက်ထွန်း၊ စင်ဒီမြတ်၊ ဥဩသံသာ စတဲ့ သရုပ်ဆောင်တွေအပြင် တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားထဲမှာ မြင့်မြတ်နဲ့ ညီအစ်ကိုအဖြစ် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နေဝင်းက “ကာရိုက်တာကတော့ ကျွန်တော်တို့ ဒီရွာထဲမှာ ကျွန်တော်တို့ ညီအကိုနှစ်ယောက် ဟိုနည်းနည်း ကိုယ်မကြည်ရင် မကြည်သလိုမျိုး လုပ်တက်တာပေါ့နော်၊ ရွာထဲက လူတွေအကုန်လုံးက ဒီညီအကိုနှစ်ယောက်ကိုမြင်ရင် ကြောက်လန့်နေတာပေါ့နော်၊ အဲလိုအထာလေးပေါ့၊ အဲမှာမျိုးစုံ အကုန်လုံးကို ဒုက္ခပတ်ပေးနေတာ၊ အဲလိုမျိုးပါ” လို့ ပြောပါတယ်။

အဆိုပါအခမ်းအနားကို ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားကြသူတွေအပြင် တခြားအနုပညာရှင်များလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးထားတဲ့ ထင်ပေါ်ကျော်ကြား အချစ်ဟာသရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ (၁) ရက်နေ့ကစတင်ပြီး မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း