၂၀၁၉ တစ်နှစ်တာအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲ ၃၀၀ ကျော်ဖြစ်

၂၀၁၉ တစ်နှစ်တာအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲ ၃၀၀ ကျော်ဖြစ်

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား ၂၀၁၉ တစ်နှစ်တာကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ် ရေပေါင်း ၃၄၃ ကြိမ် အထိ ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး က ပြောဆိုလိုက်ပါတယ်။ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ တပ်မတော်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်စိုးနိုင်ဦး ပြောဆိုလိုက်တာပါ။ စစ်ဌာနချုပ် (၅) ခုရဲ့ နယ်မြေအတွင်းမှာ ၂၀၁၉ခုနှစ်တစ်နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို ရည်ရွယ်ပြီး သူကပြောဆိုခဲ့ တာပါ။

ဒါအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းလည်းထိတွေ့တိုက်ပွဲဖြစ်မှုတွေရှိပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာ အတွင်းမှာ ၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။၂၀၂၀ နှစ်စပိုင်း ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ ၁၁ ကြိမ်အထိ ရှိနေခဲ့ပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေအနေနဲ့ကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ ငွေကျပ် ၃၄၃.၅၈ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ တပ်မတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာအပေါ် တပ်မတော်ရဲ့အမြင်သဘောထား၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အကြောင်း စတဲ့ကိစ္စတွေကို ရှင်းလင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဇေယျာမော်
ရန်ကုန် ၊ ဇန်နဝါရီ ၂၃

(  Zawgyi  )

 တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား အၾကား ၂၀၁၉ တစ္ႏွစ္တာကာလအတြင္း တိုက္ပြဲျဖစ္ပြားမႈ အႀကိမ္ ေရေပါင္း ၃၄၃ ႀကိမ္ အထိ ရွိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ဥကၠဌ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦး က ေျပာဆိုလိုက္ပါတယ္။ဇန္နဝါရီ ၂၃ ရက္ေန႔က ေနျပည္ေတာ္မွာ တပ္မေတာ္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦး ေျပာဆိုလိုက္တာပါ။ စစ္ဌာနခ်ဳပ္ (၅) ခုရဲ႕ နယ္ေျမအတြင္းမွာ ၂၀၁၉ခုႏွစ္တစ္ႏွစ္တာကာလအတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြကို ရည္႐ြယ္ၿပီး သူကေျပာဆိုခဲ့ တာပါ။

ဒါအျပင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္းလည္းထိေတြ႕တိုက္ပြဲျဖစ္မႈေတြရွိၿပီး ၂၀၁၉ ခုႏွစ္ တစ္ႏွစ္တာ အတြင္းမွာ ၄၅ ႀကိမ္အထိ ျဖစ္ပြားခဲ့တယ္လို႔ တပ္မေတာ္ဘက္က ဆိုပါတယ္။၂၀၂၀ ႏွစ္စပိုင္း ဇန္နဝါရီ ၁ ရက္ေန႔ကေန ၂၀ ရက္ေန႔အထိ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအၾကား တိုက္ပြဲေတြဟာ ၁၁ ႀကိမ္အထိ ရွိေနခဲ့ပါတယ္။

မူးယစ္ေဆးဝါး ဖမ္းဆီးရမႈေတြအေနနဲ႔ကေတာ့ ၂၀၁၉ ခုႏွစ္အတြင္းမွာ ေငြက်ပ္ ၃၄၃.၅၈ ဘီလီယံေက်ာ္ဖိုး ဖမ္းဆီးရမိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ဥကၠဌ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးက ေျပာဆိုခဲ့ပါတယ္။ ဒီေန႔ျပဳလုပ္တဲ့ တပ္မေတာ္ရဲ႕ သတင္းစာ ရွင္းလင္းပြဲ မွာ လြတ္လပ္တဲ့စုံစမ္းေရးေကာ္မရွင္ ICOE ရဲ႕ အစီရင္ခံစာအေပၚ တပ္မေတာ္ရဲ႕အျမင္သေဘာထား၊ ရခိုင္ျပည္နယ္က တိုက္ပြဲေတြ အေၾကာင္း စတဲ့ကိစၥေတြကို ရွင္းလင္းေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊ ဇန္နဝါရီ ၂၃