ဦးပိန်တံတား ပိတ်ထားသော်လည်း မရမကတက်ရောက်သူများလာသဖြင့် သံဆူးကြိုးနှစ်ထပ်ဖြင့် ကာရံထားရ

ဦးပိန်တံတား ပိတ်ထားသော်လည်း မရမကတက်ရောက်သူများလာသဖြင့် သံဆူးကြိုးနှစ်ထပ်ဖြင့် ကာရံထားရ

ဦးပိန်တံတားပေါ် တက်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားပေမယ့်လည်း မရမကဖြတ်ကျော်ဝင်ရောက်မှုတွေရှိနေလို့ အခုဆိုရင် အတားအဆီး ၃ ထပ်မြောက်အဖြစ် သံဆူးကြိုးတွေနဲ့ပါ ကာရံထားလိုက်ရပြီဖြစ်တယ်လို့ တောင်မင်းကြီးဘုရား စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဦး က Opinion Leaders Media ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ပိတ်ရက်တုန်းက လူ ၇၀၀ ကျော်လောက် ဝင်လာတယ်၊ အရင်တားဆီးထားတဲ့ သစ်သားအကာအရံတွေကို ခွကျော်ဝင်တာတွေရှိလို့ ဒီတစ်ခါတော့ သံဆူးကြိုးနဲ့ပါ ထပ်ပိုးကာရံထားလိုက်ပြီ၊ တံတားပေါ်တက်ဖို့ မလွယ်လောက်တော့ဘူးလို့ ထင်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ကိုဗစ်ကြောင့်ပိတ်ထားတဲ့ ဦးပိန်တံတားပေါ်ကို ခွကျော်ဝင်ရောက်မှုတွေရှိနေတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၂၀ ရက်နေ့က တစ်ကြိမ် သစ်သားပြားတွေနဲ့ကာရံလိုက်ရပါတယ်။တံတားပေါ်ခွကျော်ဝင်ရောက်တာတွေဟာ တစ်နေ့တစ်ခြားများပြားလာလို့ မြို့နယ်တာဝန်ရှိသူတွေကိုယ်တိုင် တားမြစ်ပိတ်ပင်တာတွေ လုပ်လိုက်ရတာလို့ သိရပြီး အခုတစ်ကြိမ်မှာတော့ ဒေသန္တရအမိန့်နဲ့ ကြေညာချက်ထုတ်ပြန်ရတဲ့အထိရှိခဲ့တယ်လို့ သိရပါတယ်။

"ဒီတစ်ကြိမ်ဆိုရင်တော့ တာဝန်ရှိသူတွေက ဒေသန္တရအမိန့်နဲ့ အရေးယူတာတွေလုပ်သွားဖို့ စီစဉ်ထားပါတယ်၊ ကျွန်တော်တို့အနေနဲ့က တော့ အလည်လာသူတွေကို မေတ္တာရပ်ခံချင်ပါတယ်၊ စည်းကမ်းလိုက်နာကြပါလို့ မေတ္တာရပ်ခံလိုပါတယ်" လို့လည်း ၎င်းကပြောပါတယ်။

မန္တလေးမှာ ကိုဗစ်ရောဂါ အတည်ပြုလူနာတစ်ဦး စတင်တွေ့ရှိစဉ်ကတည်းက တက်ရောက်ခွင့်ယာယီပိတ်ထားတဲ့ ဦးပိန်တံတားပေါ်ကို တောင်သမန်ဝန်းကျင် အလည်လာသူတစ်ချို့ ဖြတ်သန်းတက်ရောက်တာတွေရှိခဲ့တာမှာ ပြီးခဲ့တဲ့နယုန်လပြည့်နေ့က လူထောင်ချီဝင်ရောက်ခဲ့သလို ပြီးခဲ့တဲ့ ပထမဝါဆိုလပြည့်နေ့ကလည်း လူတစ်ထောင်နီးပါး အလည်လာအပန်းဖြေခဲ့ကြတယ်လို့ သိရပါတယ်။

"ဒေသခံတွေမဟုတ်ပါဘူး တစ်ချို့လည်း ရပ်ဝေးကနေလာကြရတာဆိုတော့ ဒီရောက်မှတော့ မထူးဘူး ရောက်အောင်သွားမယ်ဆိုပြီး တံတားပေါ်တက်ကြတာထင်ပါတယ်၊ နိုင်ငံခြားသားတွေလည်းလာပါတယ်၊ သူတို့ကတော့ တံတားပေါ်ဝင်ရောက်တာမျိုး မတွေ့ရဘူး" လို့ တောင်မင်းကြီးဘုရား သာသနာ့နယ်မြေ ဈေးအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးကျောင်သိန်း က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ကရ တောင်သမန်အင်းဖြတ်ကျော် ဦးပိန်တံတားကို ပြုပြင်ထိန်းသိမ်းမှုတစ်ချို့လုပ်နေရင်း ကိုဗစ်ဂယက်ကြောင့် ပြီးခဲ့တဲ့မတ်လကတည်းက တက်ရောက်ခွင့် ယာယီပိတ်ထားခဲ့တာပါ။

KT
မန္တလေး၊ ဇူလိုင် - ၇

( Zawgyi )

ဦးပိန္တံတားေပၚ တက္ေရာက္ခြင့္ တားျမစ္ပိတ္ပင္ထားေပမယ့္လည္း မရမကျဖတ္ေက်ာ္ဝင္ေရာက္မႈေတြရွိေနလို႔ အခုဆိုရင္ အတားအဆီး ၃ ထပ္ေျမာက္အျဖစ္ သံဆူးႀကိဳးေတြနဲ႔ပါ ကာရံထားလိုက္ရၿပီျဖစ္တယ္လို႔ ေတာင္မင္းႀကီးဘုရား စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ ဥကၠ႒ ဦးေက်ာ္ဦး က Opinion Leaders Media ကို ေျပာပါတယ္။

"ၿပီးခဲ့တဲ့ပိတ္ရက္တုန္းက လူ ၇၀၀ ေက်ာ္ေလာက္ ဝင္လာတယ္၊ အရင္တားဆီးထားတဲ့ သစ္သားအကာအရံေတြကို ခြေက်ာ္ဝင္တာေတြရွိလို႔ ဒီတစ္ခါေတာ့ သံဆူးႀကိဳးနဲ႔ပါ ထပ္ပိုးကာရံထားလိုက္ၿပီ၊ တံတားေပၚတက္ဖို႔ မလြယ္ေလာက္ေတာ့ဘူးလို႔ ထင္ပါတယ္" လို႔ ၎က ေျပာပါတယ္။

ကိုဗစ္ေၾကာင့္ပိတ္ထားတဲ့ ဦးပိန္တံတားေပၚကို ခြေက်ာ္ဝင္ေရာက္မႈေတြရွိေနတာေၾကာင့္ ၿပီးခဲ့တဲ့ ဇြန္လ ၇ ရက္ေန႔က တစ္ႀကိမ္၊ ဇြန္လ ၂၀ ရက္ေန႔က တစ္ႀကိမ္ သစ္သားျပားေတြနဲ႔ကာရံလိုက္ရပါတယ္။တံတားေပၚခြေက်ာ္ဝင္ေရာက္တာေတြဟာ တစ္ေန႔တစ္ျခားမ်ားျပားလာလို႔ ၿမိဳ႕နယ္တာဝန္ရွိသူေတြကိုယ္တိုင္ တားျမစ္ပိတ္ပင္တာေတြ လုပ္လိုက္ရတာလို႔ သိရၿပီး အခုတစ္ႀကိမ္မွာေတာ့ ေဒသႏၲရအမိန႔္နဲ႔ ေၾကညာခ်က္ထုတ္ျပန္ရတဲ့အထိရွိခဲ့တယ္လို႔ သိရပါတယ္။

"ဒီတစ္ႀကိမ္ဆိုရင္ေတာ့ တာဝန္ရွိသူေတြက ေဒသႏၲရအမိန႔္နဲ႔ အေရးယူတာေတြလုပ္သြားဖို႔ စီစဥ္ထားပါတယ္၊ ကြၽန္ေတာ္တို႔အေနနဲ႔က ေတာ့ အလည္လာသူေတြကို ေမတၱာရပ္ခံခ်င္ပါတယ္၊ စည္းကမ္းလိုက္နာၾကပါလို႔ ေမတၱာရပ္ခံလိုပါတယ္" လို႔လည္း ၎ကေျပာပါတယ္။

မႏၲေလးမွာ ကိုဗစ္ေရာဂါ အတည္ျပဳလူနာတစ္ဦး စတင္ေတြ႕ရွိစဥ္ကတည္းက တက္ေရာက္ခြင့္ယာယီပိတ္ထားတဲ့ ဦးပိန္တံတားေပၚကို ေတာင္သမန္ဝန္းက်င္ အလည္လာသူတစ္ခ်ိဳ႕ ျဖတ္သန္းတက္ေရာက္တာေတြရွိခဲ့တာမွာ ၿပီးခဲ့တဲ့နယုန္လျပည့္ေန႔က လူေထာင္ခ်ီဝင္ေရာက္ခဲ့သလို ၿပီးခဲ့တဲ့ ပထမဝါဆိုလျပည့္ေန႔ကလည္း လူတစ္ေထာင္နီးပါး အလည္လာအပန္းေျဖခဲ့ၾကတယ္လို႔ သိရပါတယ္။

"ေဒသခံေတြမဟုတ္ပါဘူး တစ္ခ်ိဳ႕လည္း ရပ္ေဝးကေနလာၾကရတာဆိုေတာ့ ဒီေရာက္မွေတာ့ မထူးဘူး ေရာက္ေအာင္သြားမယ္ဆိုၿပီး တံတားေပၚတက္ၾကတာထင္ပါတယ္၊ ႏိုင္ငံျခားသားေတြလည္းလာပါတယ္၊ သူတို႔ကေတာ့ တံတားေပၚဝင္ေရာက္တာမ်ိဳး မေတြ႕ရဘူး" လို႔ ေတာင္မင္းႀကီးဘုရား သာသနာ့နယ္ေျမ ေဈးအက်ိဳးေတာ္ေဆာင္ ဥကၠ႒ ဦးေက်ာင္သိန္း က ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အထင္ကရ ေတာင္သမန္အင္းျဖတ္ေက်ာ္ ဦးပိန္တံတားကို ျပဳျပင္ထိန္းသိမ္းမႈတစ္ခ်ိဳ႕လုပ္ေနရင္း ကိုဗစ္ဂယက္ေၾကာင့္ ၿပီးခဲ့တဲ့မတ္လကတည္းက တက္ေရာက္ခြင့္ ယာယီပိတ္ထားခဲ့တာပါ။

KT
မႏၲေလး၊ ဇူလိုင္ - ၇