အတင်းအကြပ်ဖိအားပေးမှုနဲ့ မတူကွဲပြားတဲ့သဘောထားအမြင်တွေကို တစ်ထပ်တည်း ကျအောင်ဖြေရှင်း လို့ မရနိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပြောကြား

အတင်းအကြပ်ဖိအားပေးမှုနဲ့ မတူကွဲပြားတဲ့သဘောထားအမြင်တွေကို တစ်ထပ်တည်း ကျအောင်ဖြေရှင်း လို့ မရနိုင်ဘူးလို့  နိုင်ငံတော်အတိုင်ပင်ခံပြောကြား

မတူကွဲပြားတဲ့သဘောထားအမြင်တွေကိုတစ်ထပ်တည်းကျအောင်၊တစ်ခုတည်းဖြစ်အောင်အတင်း အကြပ်ဖိအားပေးမှုတွေနဲ့ ဖြေရှင်းလို့မရနိုင်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဥက္ကဋ္ဌ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ ပြုလုပ်တဲ့ JICMအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“မတူကွဲပြားတဲ့သဘောထားအမြင်တွေကိုတစ်ထပ်တည်းကျအောင်၊တစ်ခုတည်းဖြစ်အောင်အတင်း အကြပ်ဖိအားပေးမှုတွေနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။နှစ်ပေါင်း(၇၀)ကျော်ကွဲပြားခြားနားခဲ့တဲ့သဘောထားတွေ ကြားကပြည်ထောင်စုကိုဘယ်လိုရှေ့ဆက်ကြမလဲ ဆိုတဲ့ဘုံတူညီချက်ကိုရှေ့ဆက်နိုင်ဖို့ဦးစွာ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။နားလည်မှုတွေမျှယူကြရတယ်၊ ယုံကြည်မှုတွေ တည်ဆောက် ကြရတယ်၊ဒီလိုမျိုး နားလည်မှု၊ ယုံကြည်မှု၊တည်ဆောက်နိုင်ဖို့အတွက်ကျမတို့တိုင်းရင်းသားတွေရဲ့ဒဏ်ရာဒဏ်ချက်တွေ၊ခံစားချက်တွေ၊နာကျင်မှုတွေနဲ့ လိုအင်ဆန္ဒတွေကိုထပ်တူခံစားပေးနိုင်ဖို့အရေးကြီးပါတယ်”ဟုဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့ပါတယ်။

 ယင်းအပြင် “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊အမျိုးသားပြန်လည်ရင်ကြား စေ့ရေးနဲ့ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ပြီး တစ်လှမ်းပြီးတစ်လှမ်း၊တစ်ဆင့်ပြီးတစ်ဆင့်ဖော်ဆောင်နိုင်မယ့် အဆင့် လိုက် အစီအစဉ်တစ်ခု ကိုရယူနိုင်မယ့် အနေ အထားတစ်ခုကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါဟာလည်း ဒီကနေ အစည်းအဝေးကိုတက်ရောက်လာခဲ့ကြတဲ့ နှစ်ဖက်ကခေါင်းဆောင်တွေ၊ နှစ်ဖက်လုံးကအလုပ်အဖွဲ့တွေ၊ အဖက် ဖက်ကပံ့ပိုးကူညီသူတွေရဲ့ ငြိမ်းချမ်းရေးအပေါ်နှစ်နှစ်ကာကာ အလေးအနက်ထားမှုတွေကြောင့် ဒီကနေ့လိုအနေ အထားထိရောက်ရှိလာခဲ့တယ်ဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင် စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးခရီးမှာ ကျွန်မတို့ဟာရှေ့ကိုအများကြီး ဆက်လက်လျှောက်လှမ်းကြ ရဦးမှာဖြစ်ပါတယ်။

ဒီကနေအထိရရှိထားတဲ့အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတွေကြောင့်ရှေ့ဆက် မယ့်ခရီးမှာပိုမိုထိရောက်ကောင်းမွန်စွာ၊ ခိုင်မာမှန်ကန်တဲ့ခြေလှမ်းသစ်တွေလှမ်းကြမယ်လို့ ကျွန်မနေနဲ့ အခိုင် အမာယုံကြည်ထားပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စု ရဲ့အနာဂတ်ခရီးအတွက် ကျွန်မတို့ အသက်ရှင်နေတုန်း၊ ကျွန်မတို့ကြိုးစားခွင့်ရနေတုန်းမှာ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးပမ်း အား ထုတ်ကြပြီးတော့ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေလက်ထဲကို ငြိမ်းချမ်းရေး အမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်း ဆောင်ကျဉ်းပေးနိုင်ဖို့ဆက်လက် ကြိုးပမ်းသွားကြဖို့ တိုက်တွန်းပြောကြား လိုပါ တယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့ပါတယ်။

ယနေ့၊နံနက်ပိုင်းနေပြည်တော်၊MICC(2)တွင်ကျင်းပပြုလုပ်သည့်(၉)ကြိမ်မြောက် JICMအစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

KO
နေပြည်တော်၊သြဂုတ်-၁၃

(  Zawgyi  )

 မတူကြဲျပားတဲ့သေဘာထားအျမင္ေတြကိုတစ္ထပ္တည္းက်ေအာင္၊တစ္ခုတည္းျဖစ္ေအာင္အတင္း အၾကပ္ဖိအားေပးမႈေတြနဲ႔ ေျဖရွင္းလို႔မရႏိုင္ေၾကာင္း အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရး ဗဟိုဥကၠ႒ ႏိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ ယေန႔ ျပဳလုပ္တဲ့ JICMအစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

“မတူကြဲျပားတဲ့သေဘာထားအျမင္ေတြကိုတစ္ထပ္တည္းက်ေအာင္၊တစ္ခုတည္းျဖစ္ေအာင္အတင္း အၾကပ္ဖိအားေပးမႈေတြနဲ႔ ေျဖရွင္းလို႔မရႏိုင္ပါဘူး။ႏွစ္ေပါင္း(၇၀)ေက်ာ္ကြဲျပားျခားနားခဲ့တဲ့သေဘာထားေတြ ၾကားကျပည္ေထာင္စုကိုဘယ္လိုေရွ႕ဆက္ၾကမလဲ ဆိုတဲ့ဘုံတူညီခ်က္ကိုေရွ႕ဆက္ႏိုင္ဖို႔ဦးစြာ ႀကိဳးပမ္းခဲ့ရတာ ျဖစ္ပါတယ္။နားလည္မႈေတြမွ်ယူၾကရတယ္၊ ယုံၾကည္မႈေတြ တည္ေဆာက္ ၾကရတယ္၊ဒီလိုမ်ိဳး နားလည္မႈ၊ ယုံၾကည္မႈ၊တည္ေဆာက္ႏိုင္ဖို႔အတြက္က်မတို႔တိုင္းရင္းသားေတြရဲ႕ဒဏ္ရာဒဏ္ခ်က္ေတြ၊ခံစားခ်က္ေတြ၊နာက်င္မႈေတြနဲ႔ လိုအင္ဆႏၵေတြကိုထပ္တူခံစားေပးႏိုင္ဖို႔အေရးႀကီးပါတယ္”ဟုေဒၚေအာင္ဆန္းစုၾကည္မွေျပာၾကားခဲ့ပါတယ္။

 ယင္းအျပင္ “ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး၊အမ်ိဳးသားျပန္လည္ရင္ၾကား ေစ့ေရးနဲ႔ၿငိမ္းခ်မ္းေရးအတြက္ ေရွ႕ဆက္ၿပီး တစ္လွမ္းၿပီးတစ္လွမ္း၊တစ္ဆင့္ၿပီးတစ္ဆင့္ေဖာ္ေဆာင္ႏိုင္မယ့္ အဆင့္ လိုက္ အစီအစဥ္တစ္ခု ကိုရယူႏိုင္မယ့္ အေန အထားတစ္ခုကိုေရာက္ရွိခဲ့ၿပီျဖစ္ပါတယ္။ ဒါဟာလည္း ဒီကေန အစည္းအေဝးကိုတက္ေရာက္လာခဲ့ၾကတဲ့ ႏွစ္ဖက္ကေခါင္းေဆာင္ေတြ၊ ႏွစ္ဖက္လုံးကအလုပ္အဖြဲ႕ေတြ၊ အဖက္ ဖက္ကပံ့ပိုးကူညီသူေတြရဲ႕ ၿငိမ္းခ်မ္းေရးအေပၚႏွစ္ႏွစ္ကာကာ အေလးအနက္ထားမႈေတြေၾကာင့္ ဒီကေန႔လိုအေန အထားထိေရာက္ရွိလာခဲ့တယ္ဆိုတာကို အေလးအနက္ေျပာၾကားလိုပါတယ္။ ဒီမိုကေရစီဖက္ဒရယ္ျပည္ ေထာင္ စုတည္ေဆာက္ေရးနဲ႔ ၿငိမ္းခ်မ္းေရးခရီးမွာ ကြၽန္မတို႔ဟာေရွ႕ကိုအမ်ားႀကီး ဆက္လက္ေလွ်ာက္လွမ္းၾက ရဦးမွာျဖစ္ပါတယ္။

ဒီကေနအထိရရွိထားတဲ့အျပန္အလွန္နားလည္မႈ၊ အျပန္အလွန္ယုံၾကည္မႈေတြေၾကာင့္ေရွ႕ဆက္ မယ့္ခရီးမွာပိုမိုထိေရာက္ေကာင္းမြန္စြာ၊ ခိုင္မာမွန္ကန္တဲ့ေျခလွမ္းသစ္ေတြလွမ္းၾကမယ္လို႔ ကြၽန္မေနနဲ႔ အခိုင္ အမာယုံၾကည္ထားပါတယ္။ ကြၽန္မတို႔ႏိုင္ငံ၊ ကြၽန္မတို႔ ျပည္ေထာင္စု ရဲ႕အနာဂတ္ခရီးအတြက္ ကြၽန္မတို႔ အသက္ရွင္ေနတုန္း၊ ကြၽန္မတို႔ႀကိဳးစားခြင့္ရေနတုန္းမွာ အတတ္ႏိုင္ဆုံး၊ အေကာင္းဆုံး ႀကိဳးပမ္း အား ထုတ္ၾကၿပီးေတာ့ ကြၽန္မတို႔ရဲ႕ မ်ိဳးဆက္သစ္ေတြလက္ထဲကို ၿငိမ္းခ်မ္းေရး အေမြအႏွစ္တစ္ခု ခိုင္ခိုင္မာမာ လက္ဆင့္ကမ္း ေဆာင္က်ဥ္းေပးႏိုင္ဖို႔ဆက္လက္ ႀကိဳးပမ္းသြားၾကဖို႔ တိုက္တြန္းေျပာၾကား လိုပါ တယ္”လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွေျပာၾကားခဲ့ပါတယ္။

ယေန႔၊နံနက္ပိုင္းေနျပည္ေတာ္၊MICC(2)တြင္က်င္းပျပဳလုပ္သည့္(၉)ႀကိမ္ေျမာက္ JICMအစည္းအေဝးသို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္ (၁၀)ဖြဲ႕မွ ထိပ္သီးေခါင္းေဆာင္မ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။

KO
ေနျပည္ေတာ္၊ၾသဂုတ္-၁၃