မူဆယ်နယ်စပ်တွင် ပိတ်ထားခြင်းမရှိသော်လည်း ဝယ်လက်များပျောက်ဆုံးနေ

မူဆယ်နယ်စပ်တွင် ပိတ်ထားခြင်းမရှိသော်လည်း ဝယ်လက်များပျောက်ဆုံးနေ

ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်အစိုးရဘက်က ကြေညာချက်များထုတ်ပြန်ကာ လုပ်ဆောင်နေသလို မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးထွက်ပေါက်တစ်ခုဖြစ်တဲ့ မူဆယ်နယ်စပ် မှာတော့ အရောင်းအဝယ်ရှိနေပေမယ့် ဝယ်လက် ပျောက်ဆုံး နေတဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ မူဆယ်မြို့ အခြေစိုက် ကုန်သည်တွေဆီက သိရပါတယ်။

ယခုကာလဟာ တရုတ်နှစ်သစ်ကူးကာလအဖြစ် လက္ကားဒိုင်အများစုဟာ နားနေချိန်လည်းဖြစ်သလို ရောဂါပိုးနဲ့ ပတ်သက်တဲ့ ထုတ်ပြန် ချက်တွေကြောင့် အရောင်းအဝယ်ဟာ ပိုအေးလာတာဖြစ်တယ်လို့ သိရပါတယ်။ “အရောင်းအဝယ်အခြေအနေက တရုတ်နှစ်သစ်ကူး ကာလ အနေနဲ့ ပုံမှန်နားတယ်၊ ဒါပေမဲ့ ဒီရောဂါနဲ့ ဆိုတော့ ပိုဆိုးတယ်၊ တစ်ချို့ ဆိုင်တွေတော့ ပြန်ဖွင့်ပြီပေါ့နော်၊ ပုံမှန်နားတဲ့ရက် ဆိုတော့လည်း သိပ်ပြီးတော့ မဖြစ်တာပါ၊ မနေ့က ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကိုပြောနေတော့ ပို့ပေးတယ်၊ တရုတ်အစိုးရ ကတော့ လူစုပြီးမနေရဘူးလို့ ပြောတယ်၊ ဆိုလာဆိုင်တစ်ဆိုင်တောင်မှ ဖွင့်မလို့ကို တရုတ်အစိုးရက မဖွင့်ခိုင်းဘူး၊ ကုန်သွယ်မှုကတော့ သိပ်မရှိတော့ဘူး၊ လက်ထဲရှိသလောက်ကုန်လောက်ပဲ သွားလို့လာလို့ရမှာလေ၊ တရုတ်အတွင်းပိုင်းက လာတဲ့ပစ္စည်းတွေကတော့ ပြတ်သွားတယ်၊ ပုံမှန်က ဒီအချိန်က သူတို့နားတဲ့ရက်ပဲ၊ ကျွန်တော်တို့က ဂိုဒေါင်ထဲမှာ ပစ္စည်းတွေ စရန်ပေးထားတာတွေရှိလို့ အလုပ်ဆက်လုပ်ကြတာ၊ ပုံမှန်နားကြတာ” ဟု သွင်းကုန် ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးအောင်ကိုမင်းက ရှင်းပြပါတယ်။

တရုတ်ဘက်မှ တင်သွင်းလာတဲ့ ကုန်တွေဟာ ယခုလိုကာလမှာ ရွှေလီဘက်ကို ရောက်ပြီးသား ပစ္စည်းတွေရှိပေမယ့် မူဆယ်ဘက်ကို ဖေဖော်ဝါရီ ၅ ရက်လောက်မှ ပို့နိုင်တာကြောင့် ယခုလိုကာလဟာ အခြေအနေကို မှန်းဆမရသေးတဲ့ အခြေအနေမျိုးဖြစ်နေတယ် လို့လည်း ကုန်သည်အချို့က ဆိုကြပါတယ်။

 “အဲ့ဒီဟာတွေက ပုံမှန်ဆိုရင် နောက်လ ၅ ရက်နေ့လောက်မှ ပို့နိုင်မယ်၊ ဒီရောဂါမဖြစ်လည်း နောက်လ ၅ ရက်နေ့လောက်မှ သူတို့ကစပြီးတော့ ပို့မယ်၊ အခုက ဒီလိုဖြစ်တယ်ဆိုတာက ဒီကြားထဲဖြစ်တာသာရှိတာလေ၊ ကျွန်တော်တို့ အလုပ်က ဒီကြားထဲ ရပ်နေတာ၊ တရုတ်နှစ်ကူးကာလကြောင့် နားကြတာ၊ ကျွန်တော်လည်း စရန်တွေ ယူထားတာကို ပို့နေရတယ်၊ မဟုတ်ရင် ဒီကာလမှာ နားမှာပါ၊  လောလောဆယ်က အသီးအနေနဲ့ အောက်ကနေ တက်တဲ့ကားကလည်း နည်းနေတယ်၊ ဒီက အခြေအနေ ကိုလည်း သိတဲ့အခါကျတော့ ကုန်သည်တွေက မတင်ကြဘူး၊ ကျွန်တော့်ဆီက ကားနှစ်စီးတော့ တက်လာတယ်ပြောတယ်၊ ဘာလို့တက်လာ လဲပြော တော့ ကုန်သည်က ပြန်မလှည့်ခိုင်းတော့ဘဲ တက်ခိုင်းလို့ တက်လာတယ်တဲ့” လို့ သူက ဆက်လက်ပြောကြား ပါတယ်။

ထိုဗိုင်းရပ်ပိုးကြောင့် မြန်မာဘက်မှ တင်ပို့သော သစ်သီးဝလံများကို တရုတ်ဘက်က အရေးပေါ်အခြေအနေနဲ့  သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကန့်သတ်ထားတာကြောင့် တင်ပို့ရောင်းချမှုနဲ့ ဝယ်ယူမှုတွေမှာ အခက်အခဲ ဖြစ်နေကြောင်း၊ ဖရဲ၊သခွားမွှေး ထုတ်လုပ် ရောင်းချ တင်ပို့သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ မဖြစ်စေရေး အတွက် ရောဂါထိန်းချုပ်ပြီးစီးကာ ငြိမ်သက်သွားတဲ့အထိ စောင့်ဆိုင်း တင်ပို့ရန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်က ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထား လျက်ရှိပါတယ်။

“ဒီဘက်က အသီးပို့တဲ့ဟာကတော့ ရပ်နေမှာပေါ့၊ ဟိုဘက်က ဝယ်တဲ့တရုတ်ကလည်း မလာနိုင်ဘူး၊ လမ်းကြောင်းတွေဘာတွေ ပိတ်ထား တယ် ဆိုတော့ သိပ်ပြီးတော့ မလာနိုင်ဘူးလေ၊ ကျွန်တော်တို့ဘက်က ဖရဲတို့ သခွားတို့ဘာတို့ကတော့ ရပ်နေတာပေါ့၊ အရောင်းအဝယ် မရှိဘူး၊ ပို့မယ်ဆိုရင်တော့ မပို့သေးနဲ့နော် နှစ်ပတ်သုံးပတ်လောက်နေမှ ပြန်ပြီးအဆင်ပြေမယ်ထင်တယ်၊ လုံးလုံးပိတ်ထားတာ မဟုတ် ဘူး၊ ဝယ်လက်တွေကလည်း သိပ်မရှိဘူး၊ ဈေးနှုန်းက တစ်သောင်းကျော်လေးပဲရှိတယ်နော်၊ ဝယ်လက် နည်းနည်းပါးပါးပဲရှိတယ်၊ ဒီမှာရောက်တဲ့ကားတွေလည်း ရတဲ့ဈေးနဲ့ ရောင်းလိုက်တယ်၊ ကျန်နေတဲ့ကားတွေလည်းရှိသေးတယ်၊ မူဆယ်မှာတော့ အရောင်းအဝယ် လုပ်နေတာတွေရှိပေမယ့် ဝယ်လက်က မရှိဘူး၊ ရောက်ပြီးသားကားတွေထဲ ရသမျှဈေးနဲ့ ရောင်းရင်း ရောင်းမထွက်သေးတဲ့ဟာတွေတော့ ရှိပါတယ်၊ တအားကြီးတော့ များများစားစားတော့ မဟုတ်ဘူး”လို့ အဆိုပါ သစ်သီးဝလံ ကုန်စည်ဒိုင်မှ တာဝန်ခံဖြစ်သူ ဒေါ်ရီရီခိုင်က ဖုန်းဖြင့် ရှင်းပြခဲ့ပါတယ်။

လက်ရှိကာလမှာ ကားအစီးပေါင်း ၅၀ ဝန်းကျင်လောက်ဟာ ရသမျှဈေးနဲ့ ရောင်းချဖို့ ဝယ်လက်တွေကို ရှာဖွေ နေတာရှိတယ်လို့ သိရပါတယ်။

 ဇွဲမာန်  
(ဓာတ်ပုံ- သစ်သီးဝလံကုန်စည်ဒိုင်-မူဆယ်)
ရန်ကုန်၊ဇန်နဝါရီ ၂၈

(  Zawgyi  )

 ဝူဟန္ၿမိဳ႕မွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ တ႐ုတ္အစိုးရဘက္က ေၾကညာခ်က္မ်ားထုတ္ျပန္ကာ လုပ္ေဆာင္ေနသလို ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးထြက္ေပါက္တစ္ခုျဖစ္တဲ့ မူဆယ္နယ္စပ္ မွာေတာ့ အေရာင္းအဝယ္ရွိေနေပမယ့္ ဝယ္လက္ ေပ်ာက္ဆုံး ေနတဲ့ အေျခအေနမ်ိဳး ႀကဳံေနရတယ္လို႔ မူဆယ္ၿမိဳ႕ အေျခစိုက္ ကုန္သည္ေတြဆီက သိရပါတယ္။

ယခုကာလဟာ တ႐ုတ္ႏွစ္သစ္ကူးကာလအျဖစ္ လကၠားဒိုင္အမ်ားစုဟာ နားေနခ်ိန္လည္းျဖစ္သလို ေရာဂါပိုးနဲ႔ ပတ္သက္တဲ့ ထုတ္ျပန္ ခ်က္ေတြေၾကာင့္ အေရာင္းအဝယ္ဟာ ပိုေအးလာတာျဖစ္တယ္လို႔ သိရပါတယ္။ “အေရာင္းအဝယ္အေျခအေနက တ႐ုတ္ႏွစ္သစ္ကူး ကာလ အေနနဲ႔ ပုံမွန္နားတယ္၊ ဒါေပမဲ့ ဒီေရာဂါနဲ႔ ဆိုေတာ့ ပိုဆိုးတယ္၊ တစ္ခ်ိဳ႕ ဆိုင္ေတြေတာ့ ျပန္ဖြင့္ၿပီေပါ့ေနာ္၊ ပုံမွန္နားတဲ့ရက္ ဆိုေတာ့လည္း သိပ္ၿပီးေတာ့ မျဖစ္တာပါ၊ မေန႔က ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ကိုေျပာေနေတာ့ ပို႔ေပးတယ္၊ တ႐ုတ္အစိုးရ ကေတာ့ လူစုၿပီးမေနရဘူးလို႔ ေျပာတယ္၊ ဆိုလာဆိုင္တစ္ဆိုင္ေတာင္မွ ဖြင့္မလို႔ကို တ႐ုတ္အစိုးရက မဖြင့္ခိုင္းဘူး၊ ကုန္သြယ္မႈကေတာ့ သိပ္မရွိေတာ့ဘူး၊ လက္ထဲရွိသေလာက္ကုန္ေလာက္ပဲ သြားလို႔လာလို႔ရမွာေလ၊ တ႐ုတ္အတြင္းပိုင္းက လာတဲ့ပစၥည္းေတြကေတာ့ ျပတ္သြားတယ္၊ ပုံမွန္က ဒီအခ်ိန္က သူတို႔နားတဲ့ရက္ပဲ၊ ကြၽန္ေတာ္တို႔က ဂိုေဒါင္ထဲမွာ ပစၥည္းေတြ စရန္ေပးထားတာေတြရွိလို႔ အလုပ္ဆက္လုပ္ၾကတာ၊ ပုံမွန္နားၾကတာ” ဟု သြင္းကုန္ ကုန္သည္တစ္ဦးျဖစ္တဲ့ ဦးေအာင္ကိုမင္းက ရွင္းျပပါတယ္။

တ႐ုတ္ဘက္မွ တင္သြင္းလာတဲ့ ကုန္ေတြဟာ ယခုလိုကာလမွာ ေ႐ႊလီဘက္ကို ေရာက္ၿပီးသား ပစၥည္းေတြရွိေပမယ့္ မူဆယ္ဘက္ကို ေဖေဖာ္ဝါရီ ၅ ရက္ေလာက္မွ ပို႔ႏိုင္တာေၾကာင့္ ယခုလိုကာလဟာ အေျခအေနကို မွန္းဆမရေသးတဲ့ အေျခအေနမ်ိဳးျဖစ္ေနတယ္ လို႔လည္း ကုန္သည္အခ်ိဳ႕က ဆိုၾကပါတယ္။

 “အဲ့ဒီဟာေတြက ပုံမွန္ဆိုရင္ ေနာက္လ ၅ ရက္ေန႔ေလာက္မွ ပို႔ႏိုင္မယ္၊ ဒီေရာဂါမျဖစ္လည္း ေနာက္လ ၅ ရက္ေန႔ေလာက္မွ သူတို႔ကစၿပီးေတာ့ ပို႔မယ္၊ အခုက ဒီလိုျဖစ္တယ္ဆိုတာက ဒီၾကားထဲျဖစ္တာသာရွိတာေလ၊ ကြၽန္ေတာ္တို႔ အလုပ္က ဒီၾကားထဲ ရပ္ေနတာ၊ တ႐ုတ္ႏွစ္ကူးကာလေၾကာင့္ နားၾကတာ၊ ကြၽန္ေတာ္လည္း စရန္ေတြ ယူထားတာကို ပို႔ေနရတယ္၊ မဟုတ္ရင္ ဒီကာလမွာ နားမွာပါ၊  ေလာေလာဆယ္က အသီးအေနနဲ႔ ေအာက္ကေန တက္တဲ့ကားကလည္း နည္းေနတယ္၊ ဒီက အေျခအေန ကိုလည္း သိတဲ့အခါက်ေတာ့ ကုန္သည္ေတြက မတင္ၾကဘူး၊ ကြၽန္ေတာ့္ဆီက ကားႏွစ္စီးေတာ့ တက္လာတယ္ေျပာတယ္၊ ဘာလို႔တက္လာ လဲေျပာ ေတာ့ ကုန္သည္က ျပန္မလွည့္ခိုင္းေတာ့ဘဲ တက္ခိုင္းလို႔ တက္လာတယ္တဲ့” လို႔ သူက ဆက္လက္ေျပာၾကား ပါတယ္။

ထိုဗိုင္းရပ္ပိုးေၾကာင့္ ျမန္မာဘက္မွ တင္ပို႔ေသာ သစ္သီးဝလံမ်ားကို တ႐ုတ္ဘက္က အေရးေပၚအေျခအေနနဲ႔  သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္း ကန႔္သတ္ထားတာေၾကာင့္ တင္ပို႔ေရာင္းခ်မႈနဲ႔ ဝယ္ယူမႈေတြမွာ အခက္အခဲ ျဖစ္ေနေၾကာင္း၊ ဖရဲ၊သခြားေမႊး ထုတ္လုပ္ ေရာင္းခ် တင္ပို႔သူမ်ားအေနျဖင့္ နစ္နာဆုံးရႈံးမႈမ်ား မျဖစ္ေစေရး အတြက္ ေရာဂါထိန္းခ်ဳပ္ၿပီးစီးကာ ၿငိမ္သက္သြားတဲ့အထိ ေစာင့္ဆိုင္း တင္ပို႔ရန္ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္ရွိ သစ္သီးဝလံကုန္စည္ဒိုင္က ဇန္နဝါရီ ၂၇ ရက္မွာ ထုတ္ျပန္ထား လ်က္ရွိပါတယ္။

“ဒီဘက္က အသီးပို႔တဲ့ဟာကေတာ့ ရပ္ေနမွာေပါ့၊ ဟိုဘက္က ဝယ္တဲ့တ႐ုတ္ကလည္း မလာႏိုင္ဘူး၊ လမ္းေၾကာင္းေတြဘာေတြ ပိတ္ထား တယ္ ဆိုေတာ့ သိပ္ၿပီးေတာ့ မလာႏိုင္ဘူးေလ၊ ကြၽန္ေတာ္တို႔ဘက္က ဖရဲတို႔ သခြားတို႔ဘာတို႔ကေတာ့ ရပ္ေနတာေပါ့၊ အေရာင္းအဝယ္ မရွိဘူး၊ ပို႔မယ္ဆိုရင္ေတာ့ မပို႔ေသးနဲ႔ေနာ္ ႏွစ္ပတ္သုံးပတ္ေလာက္ေနမွ ျပန္ၿပီးအဆင္ေျပမယ္ထင္တယ္၊ လုံးလုံးပိတ္ထားတာ မဟုတ္ ဘူး၊ ဝယ္လက္ေတြကလည္း သိပ္မရွိဘူး၊ ေဈးႏႈန္းက တစ္ေသာင္းေက်ာ္ေလးပဲရွိတယ္ေနာ္၊ ဝယ္လက္ နည္းနည္းပါးပါးပဲရွိတယ္၊ ဒီမွာေရာက္တဲ့ကားေတြလည္း ရတဲ့ေဈးနဲ႔ ေရာင္းလိုက္တယ္၊ က်န္ေနတဲ့ကားေတြလည္းရွိေသးတယ္၊ မူဆယ္မွာေတာ့ အေရာင္းအဝယ္ လုပ္ေနတာေတြရွိေပမယ့္ ဝယ္လက္က မရွိဘူး၊ ေရာက္ၿပီးသားကားေတြထဲ ရသမွ်ေဈးနဲ႔ ေရာင္းရင္း ေရာင္းမထြက္ေသးတဲ့ဟာေတြေတာ့ ရွိပါတယ္၊ တအားႀကီးေတာ့ မ်ားမ်ားစားစားေတာ့ မဟုတ္ဘူး”လို႔ အဆိုပါ သစ္သီးဝလံ ကုန္စည္ဒိုင္မွ တာဝန္ခံျဖစ္သူ ေဒၚရီရီခိုင္က ဖုန္းျဖင့္ ရွင္းျပခဲ့ပါတယ္။

လက္ရွိကာလမွာ ကားအစီးေပါင္း ၅၀ ဝန္းက်င္ေလာက္ဟာ ရသမွ်ေဈးနဲ႔ ေရာင္းခ်ဖို႔ ဝယ္လက္ေတြကို ရွာေဖြ ေနတာရွိတယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
(ဓာတ္ပုံ- သစ္သီးဝလံကုန္စည္ဒိုင္-မူဆယ္)
ရန္ကုန္၊ဇန္နဝါရီ ၂၈