နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှတစ်ဆင့် တရုတ်နှင့်ကုန်သွယ်မှု ကန်ဒေါ်လာ နှစ်ဘီလျံကျော်ရှိခဲ့

နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှတစ်ဆင့် တရုတ်နှင့်ကုန်သွယ်မှု  ကန်ဒေါ်လာ နှစ်ဘီလျံကျော်ရှိခဲ့

ကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ ဒုတိယအပတ်က ထုတ်ပြန်သည့် ကုန်သွယ်ရေးဦးစီးဌာန၏ နယ်စခန်းများအလိုက် ပို့ကုန် သွင်းကုန် ကုန်သွယ်မှုအခြေအနေ နှိုင်းယှဉ်စာရင်းအရ မြန်မာ - တရုတ် နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ နှစ်ဘီလျံနီးပါးရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပိုမိုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထုတ်ပြန်မှုအရ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စသည့် တရုတ် - မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးစခန်း လေးခုမှ ယခုဘဏ္ဍာနှစ်သစ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀  ရက်အထိ ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၉၄၁ ဒသမ ၆၅၉ သန်း ရှိခဲ့ပြီး မြန်မာဘက်မှ တရုတ်ဘက်သို့ ပို့ကုန် ကန်ဒေါ်လာ ၁၃၅၁  ဒသမ ၈၅၇ သန်း တင်ပို့ခဲ့ကာ တရုတ်ဘက်မှ မြန်မာဘက်သို့ ကုန်ပစ္စည်းတန်ဖိုး ကန်ဒေါ်လာ ၅၈၉ ဒသမ ၈၀၂ သန်း ပြန်လည်တင်သွင်းခဲ့ပါတယ်။        

၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ  သုံးလကျော်ကာလအတွင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၁၀၄၈ ဒသမ ၁၇၃ သန်းနှင့် သွင်းကုန် ကန် ဒေါ်လာ ၅၅၄ ဒသမ ၃၄၈  သန်း၊ ကန်ပိုက်တီစခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၁၂၅ ဒသမ ၄၃၆ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၅ ဒသမ ၆၇၂ သန်း၊ ချင်းရွှေဟော်စခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၁၅၃ ဒသမ ၂၃၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၂၄ ဒသမ ၄၄၈ သန်း၊ လွယ်ဂျယ်စခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၂၅ ဒသမ ၀၁၈ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၅ ဒသမ ၃၃၄ သန်း ရောင်းဝယ်ခဲ့ရာ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၉၄၁ ဒသမ ၆၅၉ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၅၈၈၁ ဒသမ ၇၄၄ သန်း ရှိခဲ့ပြီး ပို့ကုန် ကန်ဒေါ်လာ ၃၉၈၄ ဒသမ ၉၁ သန်းနှင့် သွင်းကုန် ၁၈၉၆ ဒသမ ၈၃၄ သန်း ပြန်လည်တင်သွင်းခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၂၀၈၈ ဒသမ ၀၇၆ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

PWA
ရန်ကုန်၊ ဇန်နဝါရီ - ၂၁
( Zawgyi )
ကုန္သြယ္ေရးဦးစီးဌာနက ဇန္နဝါရီ ဒုတိယအပတ္က ထုတ္ျပန္သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ နယ္စခန္းမ်ားအလိုက္ ပို႔ကုန္ သြင္းကုန္ ကုန္သြယ္မႈအေျခအေန ႏႈိင္းယွဥ္စာရင္းအရ ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံၾကား နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ ႏွစ္ဘီလ်ံနီးပါးရွိခဲ့ၿပီး ယခင္ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာ သန္း ၆၀၀ ေက်ာ္ ပိုမိုခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါထုတ္ျပန္မႈအရ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္၊ ကန္ပိုက္တီး စသည့္ တ႐ုတ္ - ျမန္မာ နယ္စပ္ရွိ ကုန္သြယ္ေရးစခန္း ေလးခုမွ ယခုဘ႑ာႏွစ္သစ္ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္ ဇန္နဝါရီ ၁၀  ရက္အထိ ကုန္သြယ္မႈတန္ဖိုးမွာ ကန္ေဒၚလာ ၁၉၄၁ ဒသမ ၆၅၉ သန္း ရွိခဲ့ၿပီး ျမန္မာဘက္မွ တ႐ုတ္ဘက္သို႔ ပို႔ကုန္ ကန္ေဒၚလာ ၁၃၅၁  ဒသမ ၈၅၇ သန္း တင္ပို႔ခဲ့ကာ တ႐ုတ္ဘက္မွ ျမန္မာဘက္သို႔ ကုန္ပစၥည္းတန္ဖိုး ကန္ေဒၚလာ ၅၈၉ ဒသမ ၈၀၂ သန္း ျပန္လည္တင္သြင္းခဲ့ပါတယ္။        

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာမွ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၁၀ ရက္အထိ  သုံးလေက်ာ္ကာလအတြင္း မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္ ကန္ေဒၚလာ ၁၀၄၈ ဒသမ ၁၇၃ သန္းႏွင့္ သြင္းကုန္ ကန္ ေဒၚလာ ၅၅၄ ဒသမ ၃၄၈  သန္း၊ ကန္ပိုက္တီစခန္းမွ ပို႔ကုန္ ကန္ေဒၚလာ ၁၂၅ ဒသမ ၄၃၆ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၅ ဒသမ ၆၇၂ သန္း၊ ခ်င္းေ႐ႊေဟာ္စခန္းမွ ပို႔ကုန္ ကန္ေဒၚလာ ၁၅၃ ဒသမ ၂၃၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၂၄ ဒသမ ၄၄၈ သန္း၊ လြယ္ဂ်ယ္စခန္းမွ ပို႔ကုန္ ကန္ေဒၚလာ ၂၅ ဒသမ ၀၁၈ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၅ ဒသမ ၃၃၄ သန္း ေရာင္းဝယ္ခဲ့ရာ စုစုေပါင္းကုန္သြယ္မႈတန္ဖိုးမွာ ကန္ေဒၚလာ ၁၉၄၁ ဒသမ ၆၅၉ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္အတြင္း တ႐ုတ္ႏိုင္ငံႏွင့္ ထိစပ္ေနသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ ၅၈၈၁ ဒသမ ၇၄၄ သန္း ရွိခဲ့ၿပီး ပို႔ကုန္ ကန္ေဒၚလာ ၃၉၈၄ ဒသမ ၉၁ သန္းႏွင့္ သြင္းကုန္ ၁၈၉၆ ဒသမ ၈၃၄ သန္း ျပန္လည္တင္သြင္းခဲ့သျဖင့္ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၂၀၈၈ ဒသမ ၀၇၆ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

PWA
ရန္ကုန္၊ ဇန္နဝါရီ - ၂၁