တပ်မတော်အနေနဲ့ ICJ မှချမှတ်လာမည့် အမိန့်အပေါ် စိုးရိမ်စိတ်မရှိအစိုးရ၏ညွှန်ကြားချက် အတိုင်းသာ လိုက်နာဆောင်ရွက်မည်ဟု ဆို

တပ်မတော်အနေနဲ့ ICJ မှချမှတ်လာမည့် အမိန့်အပေါ် စိုးရိမ်စိတ်မရှိအစိုးရ၏ညွှန်ကြားချက် အတိုင်းသာ လိုက်နာဆောင် ရွက်မည်ဟု ဆို

တပ်မတော်အနေနဲ့ ICJ မှချမှတ်လာမည့်အမိန့်အပေါ်စိုးရိမ်စိတ်မရှိဘဲ နိုင်ငံတော်အစိုးရ၏ညွှန်ကြားချက်အတိုင်းသာ လိုက်နာ ဆောင်ရွက် သွားမယ်လို့ တပ်မတော်သတင်းအမှန်ပြန်ကြားရေး၊ဒုတိယစစ်ဥပဒေအရာချုပ် ဗိုလ်ချုပ်သောင်းနိုင်က ပြောပါတယ်။အဆိုပါပြောကြားမှုကို နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်မှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာန သတင်းထောက် ၏မေးမြန်ချက်အပေါ် ဗိုလ်ချုပ်သောင်းနိုင်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ကတော့စိုးရိမ်စိတ်ကတော့မရှိပါဘူး။ဘာလို့လည်းဆိုတော့၊သူတို့စွပ်စွဲထား သလိုကျနော်တို့က လုပ်မှ မလုပ်တာ၊ ဟုတ်မှမဟုတ်တာ၊ကျနော်တို့လည်းကျနော်တို့ဆီမှာရှိတဲ့လုပ်သင့်လုပ်ထိုက်တာကိုစစ်ဖက်တရားစီရင်ရေး၊မူဘောင်ထဲကဆောင်ရွက်နေတာဖြစ်ပါတယ်။ICC ဖြစ်ဖြစ်၊ICJ ပဲဖြစ်ဖြစ်သူတို့လည်းသူတို့လုပ်စရာရှိတာကိုလုပ်တယ်၊ကျနော်တို့လည်း ကျနော်တို့စစ်ဖက် တရား စီရင်ရေး ဘောင်ထဲကနေ လုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်သွားမှာပါ။”လို့ ဗိုလ်ချုပ်သောင်းနိုင်က ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တပ်မတော်သတင်းအမှန်ပြန်ကြားရေး၊ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ICJနဲ့ ပတ်သက်လာပြီး မည်သည့် ဆုံးဖြတ်ချက်မျိုးထွက်လာသည်ဖြစ်စေ နိုင်ငံတော်အစိုးရရဲ့ညွန်ကြားချက်နဲ့အညီပူးပေါင်းပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။

“မည်သည့်ဆုံးဖြတ်ချက်မျိုးထွက်လာသည်ဖြစ်စေကျနော်တို့ကနိုင်ငံတော်အစိုးရရဲ့ညွန်ကြား ချက်နဲ့အညီပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်။နိုင်ငံတော်အစိုးရအနေနဲ့လည်းဒါတွေနဲ့ပတ်သက်ပြီးပြောပြီးဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တရားရုံးမှာသွားရောက်ဆောင်ရွက်ပြီးဖြစ်တယ်။ကျနော်တို့မျှော်လင့်တာကအကောင်းဆုံးဘဲမျှော်လင့်တယ်။

ဘာကြောင့်လည်းဆိုတော့ဒီမှာပြောခဲ့တဲ့ဟာတွေလျောက်လဲခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီး၊ဟိုဖက်ကလည်းသူ့အသိုင်းအဝိုင်းနဲ့အကောင်းဆုံးဆုံးဖြတ်မှာပေါ့၊အကောင်းမြင်မှာပေါ့၊ကျနော်တို့ဖက်ကလည်းမြင်တာကအကောင်းဆုံးအားလုံးကပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့မြင်တယ်။ဒါကြောင့်ကျနော်တို့ကအကောင်းဖက်ကဘဲမြင်တယ်၊သို့သော်ဘယ်လိုဘဲပြောပြောဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုဘဲအကောင်းမျှော်လင့်တယ်။

 အဆိုးဆုံးအတွက်လည်း၊ဘယ်လိုပြောပြောအတူတူပူးပေါင်းပြီးစည်းလုံးညီညွတ်မှုနဲ့ဆောင်ရွက်သွားမယ်ဆိုရင် ဒါကိုလည်း ဆောင်ရွက် နိုင်မယ်၊ကျော်လွှားနိုင်မယ်လို့ကျနော်တို့ပြောလိုပါတယ်။”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောကြားခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံ သည်အချုပ်အခြားအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပြီး ပြည်သူတွေလိုလားတောင့်တနေတဲ့ ပါတီစုံစနစ်ကိုသွားနေတဲ့နိုင်ငံဖြစ်သလို ဒီမိုကရေစီ စနစ်ကို လျောက်လှမ်းနေတဲ့ နိုင်ငံဖြစ်ကြောင်း၊ ဒါကြောင့်မို့စည်းလုံးညီညွတ်မှုနဲ့ဆောင်ရွက်သွားမယ်ဆိုပါက ဘာမှမဖြစ်နိုင်စရာမရှိသလို ဘာမှရင်မဆိုင်နိုင်စရာအကြောင်းမရှိဘူးလို့လည်း တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ဇန်နဝါရီ ၂၃

(  Zawgyi  )

 တပ္မေတာ္အေနနဲ႔ ICJ မွခ်မွတ္လာမည့္အမိန႔္အေပၚစိုးရိမ္စိတ္မရွိဘဲ ႏိုင္ငံေတာ္အစိုးရ၏ၫႊန္ၾကားခ်က္အတိုင္းသာ လိုက္နာ ေဆာင္႐ြက္ သြားမယ္လို႔ တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရး၊ဒုတိယစစ္ဥပေဒအရာခ်ဳပ္ ဗိုလ္ခ်ဳပ္ေသာင္းႏိုင္က ေျပာပါတယ္။အဆိုပါေျပာၾကားမႈကို ေနျပည္ေတာ္ရွိ စစ္သမိုင္းျပတိုက္မွာ ဒီကေန႔ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ RFA သတင္းဌာန သတင္းေထာက္ ၏ေမးျမန္ခ်က္အေပၚ ဗိုလ္ခ်ဳပ္ေသာင္းႏိုင္က ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားေပးခဲ့ျခင္းျဖစ္ပါတယ္။

“က်ေနာ္တို႔အေနနဲ႔ကေတာ့စိုးရိမ္စိတ္ကေတာ့မရွိပါဘူး။ဘာလို႔လည္းဆိုေတာ့၊သူတို႔စြပ္စြဲထား သလိုက်ေနာ္တို႔က လုပ္မွ မလုပ္တာ၊ ဟုတ္မွမဟုတ္တာ၊က်ေနာ္တို႔လည္းက်ေနာ္တို႔ဆီမွာရွိတဲ့လုပ္သင့္လုပ္ထိုက္တာကိုစစ္ဖက္တရားစီရင္ေရး၊မူေဘာင္ထဲကေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ICC ျဖစ္ျဖစ္၊ICJ ပဲျဖစ္ျဖစ္သူတို႔လည္းသူတို႔လုပ္စရာရွိတာကိုလုပ္တယ္၊က်ေနာ္တို႔လည္း က်ေနာ္တို႔စစ္ဖက္ တရား စီရင္ေရး ေဘာင္ထဲကေန လုပ္သင့္လုပ္ထိုက္တာေတြကိုလုပ္သြားမွာပါ။”လို႔ ဗိုလ္ခ်ဳပ္ေသာင္းႏိုင္က ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရး၊ အတြင္းေရးမႉးဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကလည္း ICJနဲ႔ ပတ္သက္လာၿပီး မည္သည့္ ဆုံးျဖတ္ခ်က္မ်ိဳးထြက္လာသည္ျဖစ္ေစ ႏိုင္ငံေတာ္အစိုးရရဲ႕ၫြန္ၾကားခ်က္နဲ႔အညီပူးေပါင္းၿပီးဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

“မည္သည့္ဆုံးျဖတ္ခ်က္မ်ိဳးထြက္လာသည္ျဖစ္ေစက်ေနာ္တို႔ကႏိုင္ငံေတာ္အစိုးရရဲ႕ၫြန္ၾကား ခ်က္နဲ႔အညီပူးေပါင္းၿပီး ဆက္လက္ ေဆာင္႐ြက္သြားမွာျဖစ္တယ္။ႏိုင္ငံေတာ္အစိုးရအေနနဲ႔လည္းဒါေတြနဲ႔ပတ္သက္ၿပီးေျပာၿပီးျဖစ္တယ္။ဒါနဲ႔ပတ္သက္ၿပီးႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္တရား႐ုံးမွာသြားေရာက္ေဆာင္႐ြက္ၿပီးျဖစ္တယ္။က်ေနာ္တို႔ေမွ်ာ္လင့္တာကအေကာင္းဆုံးဘဲေမွ်ာ္လင့္တယ္။

ဘာေၾကာင့္လည္းဆိုေတာ့ဒီမွာေျပာခဲ့တဲ့ဟာေတြေလ်ာက္လဲခဲ့တဲ့ဟာေတြနဲ႔ပတ္သက္ၿပီး၊ဟိုဖက္ကလည္းသူ႔အသိုင္းအဝိုင္းနဲ႔အေကာင္းဆုံးဆုံးျဖတ္မွာေပါ့၊အေကာင္းျမင္မွာေပါ့၊က်ေနာ္တို႔ဖက္ကလည္းျမင္တာကအေကာင္းဆုံးအားလုံးကပူးေပါင္းေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ျမင္တယ္။ဒါေၾကာင့္က်ေနာ္တို႔ကအေကာင္းဖက္ကဘဲျမင္တယ္၊သို႔ေသာ္ဘယ္လိုဘဲေျပာေျပာဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာခဲ့သလိုဘဲအေကာင္းေမွ်ာ္လင့္တယ္။

 အဆိုးဆုံးအတြက္လည္း၊ဘယ္လိုေျပာေျပာအတူတူပူးေပါင္းၿပီးစည္းလုံးညီၫြတ္မႈနဲ႔ေဆာင္႐ြက္သြားမယ္ဆိုရင္ ဒါကိုလည္း ေဆာင္႐ြက္ ႏိုင္မယ္၊ေက်ာ္လႊားႏိုင္မယ္လို႔က်ေနာ္တို႔ေျပာလိုပါတယ္။”လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာႏိုင္ငံ သည္အခ်ဳပ္အျခားအာဏာပိုင္ႏိုင္ငံတစ္ခုျဖစ္ၿပီး ျပည္သူေတြလိုလားေတာင့္တေနတဲ့ ပါတီစုံစနစ္ကိုသြားေနတဲ့ႏိုင္ငံျဖစ္သလို ဒီမိုကေရစီ စနစ္ကို ေလ်ာက္လွမ္းေနတဲ့ ႏိုင္ငံျဖစ္ေၾကာင္း၊ ဒါေၾကာင့္မို႔စည္းလုံးညီၫြတ္မႈနဲ႔ေဆာင္႐ြက္သြားမယ္ဆိုပါက ဘာမွမျဖစ္ႏိုင္စရာမရွိသလို ဘာမွရင္မဆိုင္ႏိုင္စရာအေၾကာင္းမရွိဘူးလို႔လည္း တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးအဖြဲ႕မွ တာဝန္ရွိသူမ်ားက ဒီကေန႔ သတင္းစာ ရွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ဇန္နဝါရီ ၂၃