ခိုစာရောင်းချသူများကို အသိပေးဗီနိုင်းကပ်ပြီးပါက အရေးယူမှုများ စတင်သွားမည်ဟုဆို

ခိုစာရောင်းချသူများကို အသိပေးဗီနိုင်းကပ်ပြီးပါက အရေးယူမှုများ စတင်သွားမည်ဟုဆို

ရန်ကုန်မြို့၊ စည်ပင်သာရေးနယ်နိမိတ် နေရာအနှံ့မှာ ခိုစာမရောင်းချရန်အတွက် အသိပေးဗီနိုင်းတွေကို မကြာမီ ရက်ပိုင်းအတွင်း ကပ်သွား မှာဖြစ်ပြီး ဗီနိုင်းတွေ ကပ်ပြီးလို့ ခိုစာတွေ ဆက်ပြီး ရောင်းချနေမယ်ဆိုရင်တော့ ဥပဒေအရ အရေးယူမှုတွေ တပါတည်းလုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်နှင့် သားသတ်ရုံများ ဌာနမှ ဌာနမှူးဖြစ်သူ ဦးမင်းအောင်က ပြောဆိုလိုက်ပါတယ်။

“အဓိက ကျွန်တော်တို့ကတော့ ကပ်ပြီးဟေ့ဆိုတာနဲ့ အရေးယူရမယ့် အဆင့်က နောက်ဆက်တွဲ ကပ်ပါ လာတော့မယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အဲ့လိုမျိုး အရေးမယူချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အတတ် နိုင်ဆုံးပေါ့။ ဒီက မီဒီယာများကရော၊ စည်ပင်သာယာမြို့နယ် တာဝန်ခံများ ကရော လိုက်လံစည်းရုံးပြီးတော့မှ ဒါတွေမရောင်းချဖို့ဆိုပြီးတော့ ဆောင်ရွက်နေပါတယ်။ မကြာခင်လုပ်တော့ပါမယ်။ ကပ်ပြီးတာနဲ့နောက်က အရေးယူဖို့ဆိုတာ နောက်ဆက်တွဲက ပါလာမှာဖြစ်ပါတယ်”လို့ ဦးမင်းအောင်က ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီက ပြုလုပ်တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ခိုစာရောင်း ချသူများကို အရေးယူတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မီဒီယာများမေးမြန်း မှုကို ဦးမင်းအောင်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ခိုစားကျွေးတာတွေကို ကန့်သတ်တားမြစ်တော့မယ်ဆိုပြီး ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက မီဒီယာတွေကို အသိပေးပြောဆိုခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့က လမ်းဘေးတွေမှာ ခိုစာကျွေးသူတွေနဲ့ လမ်းဘေးခွေးအစားကျွေးသူတွေ တစ်ဝက်လောက် လျော့နည်းသွားတယ်လို့  ဆိုပါတယ်။

“ခိုစာရောင်းတာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ၂ဝ၁၈ ဥပဒေမှာလည်းပါပါတယ်။ ဒါတွေမရောင်းချဖို့ ဆိုတာက ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးပေါ့နော်။ စည်းရုံးရေးသဘောမျိုးဖြစ်အောင်လို့ မီဒီယာက နေပြီးတော့ ရေးပေးပါတယ်။ ဒီလိုရေးပေးတဲ့အတွက်ကြောင့်မို့လို့လည်း ပွင့်ပွင့်လင်းလင်းပြောရင် လမ်းဘေး မှာပဲ ခွေးတွေ၊ ကျီးကန်းတွေနဲ့ ခိုတွေကို အစာကျွေးတဲ့အဖွဲ့တွေက တစ်ဝက်လောက်ကို လျော့သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို မေးလ်လာပို့တဲ့သူတွေရှိတယ်။ ကျွန်တော်တို့လည်း အဲ့ဒါတွေ အကုန်လုံးကို အရေးမယူချင်တဲ့ အတွက်ကြောင့်မို့လို့ သူတို့ကို ခွင့်ပြုမိန့်နဲ့ ဖယ်ရှားပြီးတော့ မကြာခင်မှာ အရေးယူတဲ့အပိုင်းတွေကို လုပ်သွားပါမယ်”လို့ တိရစ္ဆာန်နှင့် သားသတ်ရုံများဌာနမှ ဌာနမှူးဖြစ်သူ ဦးမင်းအောင်က ပြောပါတယ်။

ခိုစာမရောင်းချရေး၊ ခိုစာမကျွေးရေးအတွက် မကြာခင်ရက်ပိုင်းအတွင်း ကြိုတင်အသိပေး ကပ်သွားမယ့် ဗီနိုင်းထဲမှာ ခိုစာရောင်းချသူနေသူတွေ ကို အရေးယူမယ့် ပုဒ်မ၊ ပြစ်ဒဏ်တွေပါ ထည့်သွင်းဖော်ပြပေးသွား မယ်လို့ သိရပါတယ်။“ကျွန်တော်တို့ အခု ခိုစာမကျွေးဖို့ဆိုတာကို အဲ့ဒီ ဗီနိုင်းတစ်ခုတည်းမှာပဲ ၄ မျိုး ကျွန်တော်တို့ ရိုက်ထားပါတယ်။ ဒါလည်း မကြာခင်မှာ လမ်းဘေးတွေက ခိုစာကျွေးတဲ့နေရာ၊ ခွေးစာကျွေး တဲ့နေရာတွေ မှာ ကပ်သွားပါမယ်။ မကြာခင်တွေ့ပါလိမ့်မယ်။ အဲ့ဒီ ဗီနိုင်းထဲမှာ ကျွန်တော်တို့ ဖော်ပြထားပါတယ်။ အောက်မှာ ကျွန်တော်တို့ အရေးယူရမယ့် ပုဒ်မ၊ နောက်တစ်ခါ ပြစ်ဒဏ်၊ နောက်တစ်ခါ လိုဂိုပုံလေးတွေကအစ ပါပါတယ်”လို့ ဦးမင်းအောင်က အသိပေးပြောကြား ခဲ့ပါတယ်။

အခုလို ခိုစာကျွေးခြင်းကို တားမြစ်တဲ့အပြင် အရေးယူမှုတွေပါ ပြုလုပ်သွားမယ့်အစီအစဉ်ရဲ့ ရည်ရွယ်ချက်က ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ အောက်တိုဘာ ၂၁ 

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕၊ စည္ပင္သာေရးနယ္နိမိတ္ ေနရာအႏွံ႔မွာ ခိုစာမေရာင္းခ်ရန္အတြက္ အသိေပးဗီႏိုင္းေတြကို မၾကာမီ ရက္ပိုင္းအတြင္း ကပ္သြား မွာျဖစ္ၿပီး ဗီႏိုင္းေတြ ကပ္ၿပီးလို႔ ခိုစာေတြ ဆက္ၿပီး ေရာင္းခ်ေနမယ္ဆိုရင္ေတာ့ ဥပေဒအရ အေရးယူမႈေတြ တပါတည္းလုပ္ေဆာင္သြားမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ တိရစာၦန္ႏွင့္ သားသတ္႐ုံမ်ား ဌာနမွ ဌာနမႉးျဖစ္သူ ဦးမင္းေအာင္က ေျပာဆိုလိုက္ပါတယ္။

“အဓိက ကြၽန္ေတာ္တို႔ကေတာ့ ကပ္ၿပီးေဟ့ဆိုတာနဲ႔ အေရးယူရမယ့္ အဆင့္က ေနာက္ဆက္တြဲ ကပ္ပါ လာေတာ့မယ္။ အဲ့ဒီေတာ့ ကြၽန္ေတာ္တို႔ အဲ့လိုမ်ိဳး အေရးမယူခ်င္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ အတတ္ ႏိုင္ဆုံးေပါ့။ ဒီက မီဒီယာမ်ားကေရာ၊ စည္ပင္သာယာၿမိဳ႕နယ္ တာဝန္ခံမ်ား ကေရာ လိုက္လံစည္း႐ုံးၿပီးေတာ့မွ ဒါေတြမေရာင္းခ်ဖို႔ဆိုၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္။ မၾကာခင္လုပ္ေတာ့ပါမယ္။ ကပ္ၿပီးတာနဲ႔ေနာက္က အေရးယူဖို႔ဆိုတာ ေနာက္ဆက္တြဲက ပါလာမွာျဖစ္ပါတယ္”လို႔ ဦးမင္းေအာင္က ေျပာပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေကာ္မတီက ျပဳလုပ္တဲ့ အပတ္စဥ္ သတင္းစာရွင္းလင္းပြဲမွာ ခိုစာေရာင္း ခ်သူမ်ားကို အေရးယူတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး မီဒီယာမ်ားေမးျမန္း မႈကို ဦးမင္းေအာင္က အခုလို ေျဖၾကားခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၃ ရက္ေန႔က ခိုစားေကြၽးတာေတြကို ကန႔္သတ္တားျမစ္ေတာ့မယ္ဆိုၿပီး ရန္ကုန္ၿမိဳ႕ ေတာ္ စည္ပင္သာယာေရးေကာ္မတီက မီဒီယာေတြကို အသိေပးေျပာဆိုခဲ့ၿပီးတဲ့ေနာက္ ရန္ကုန္ၿမိဳ႕က လမ္းေဘးေတြမွာ ခိုစာေကြၽးသူေတြနဲ႔ လမ္းေဘးေခြးအစားေကြၽးသူေတြ တစ္ဝက္ေလာက္ ေလ်ာ့နည္းသြားတယ္လို႔  ဆိုပါတယ္။

“ခိုစာေရာင္းတာေတြနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ ၂ဝ၁၈ ဥပေဒမွာလည္းပါပါတယ္။ ဒါေတြမေရာင္းခ်ဖို႔ ဆိုတာက ကြၽန္ေတာ္တို႔ကေတာ့ အတတ္ႏိုင္ဆုံးေပါ့ေနာ္။ စည္း႐ုံးေရးသေဘာမ်ိဳးျဖစ္ေအာင္လို႔ မီဒီယာက ေနၿပီးေတာ့ ေရးေပးပါတယ္။ ဒီလိုေရးေပးတဲ့အတြက္ေၾကာင့္မို႔လို႔လည္း ပြင့္ပြင့္လင္းလင္းေျပာရင္ လမ္းေဘး မွာပဲ ေခြးေတြ၊ က်ီးကန္းေတြနဲ႔ ခိုေတြကို အစာေကြၽးတဲ့အဖြဲ႕ေတြက တစ္ဝက္ေလာက္ကို ေလ်ာ့သြားၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ကို ေမးလ္လာပို႔တဲ့သူေတြရွိတယ္။ ကြၽန္ေတာ္တို႔လည္း အဲ့ဒါေတြ အကုန္လုံးကို အေရးမယူခ်င္တဲ့ အတြက္ေၾကာင့္မို႔လို႔ သူတို႔ကို ခြင့္ျပဳမိန႔္နဲ႔ ဖယ္ရွားၿပီးေတာ့ မၾကာခင္မွာ အေရးယူတဲ့အပိုင္းေတြကို လုပ္သြားပါမယ္”လို႔ တိရစာၦန္ႏွင့္ သားသတ္႐ုံမ်ားဌာနမွ ဌာနမႉးျဖစ္သူ ဦးမင္းေအာင္က ေျပာပါတယ္။

ခိုစာမေရာင္းခ်ေရး၊ ခိုစာမေကြၽးေရးအတြက္ မၾကာခင္ရက္ပိုင္းအတြင္း ႀကိဳတင္အသိေပး ကပ္သြားမယ့္ ဗီႏိုင္းထဲမွာ ခိုစာေရာင္းခ်သူေနသူေတြ ကို အေရးယူမယ့္ ပုဒ္မ၊ ျပစ္ဒဏ္ေတြပါ ထည့္သြင္းေဖာ္ျပေပးသြား မယ္လို႔ သိရပါတယ္။“ကြၽန္ေတာ္တို႔ အခု ခိုစာမေကြၽးဖို႔ဆိုတာကို အဲ့ဒီ ဗီႏိုင္းတစ္ခုတည္းမွာပဲ ၄ မ်ိဳး ကြၽန္ေတာ္တို႔ ႐ိုက္ထားပါတယ္။ ဒါလည္း မၾကာခင္မွာ လမ္းေဘးေတြက ခိုစာေကြၽးတဲ့ေနရာ၊ ေခြးစာေကြၽး တဲ့ေနရာေတြ မွာ ကပ္သြားပါမယ္။ မၾကာခင္ေတြ႕ပါလိမ့္မယ္။ အဲ့ဒီ ဗီႏိုင္းထဲမွာ ကြၽန္ေတာ္တို႔ ေဖာ္ျပထားပါတယ္။ ေအာက္မွာ ကြၽန္ေတာ္တို႔ အေရးယူရမယ့္ ပုဒ္မ၊ ေနာက္တစ္ခါ ျပစ္ဒဏ္၊ ေနာက္တစ္ခါ လိုဂိုပုံေလးေတြကအစ ပါပါတယ္”လို႔ ဦးမင္းေအာင္က အသိေပးေျပာၾကား ခဲ့ပါတယ္။

အခုလို ခိုစာေကြၽးျခင္းကို တားျမစ္တဲ့အျပင္ အေရးယူမႈေတြပါ ျပဳလုပ္သြားမယ့္အစီအစဥ္ရဲ႕ ရည္႐ြယ္ခ်က္က ရန္ကုန္ၿမိဳ႕ေန ျပည္သူေတြရဲ႕ က်န္းမာေရးအတြက္ ျဖစ္တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ေအာက္တိုဘာ ၂၁