【 နိုင်ငံတကာ 】 ပူတင်၏ ဆုံးဖြတ်ချက်များအားလုံးကို မြောက်ကိုရီးယားထောက်ခံဟု ကင်ပြော

【 နိုင်ငံတကာ 】 ပူတင်၏ ဆုံးဖြတ်ချက်များအားလုံးကို မြောက်ကိုရီးယားထောက်ခံဟု ကင်ပြော

မော်စကို၊ စက်တင်ဘာ - ၁၃

ပူတင်၏ ဆုံးဖြတ်ချက်မှန်သမျှကို ပြုံးယမ်းက ထောက်ခံကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဗုဒ္ဓဟူးနေ့မှာ ပူတင်ကို ပြောကြားလိုက်ပါတယ်။

“ရုရှားနိုင်ငံဟာ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကိုကာကွယ်ဖို့ ခေါင်းထောင်ထလာပြီ။ကျနော်တို့က သမ္မတ ပူတင်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို အမြဲတမ်းထောက်ခံခဲ့ပြီး ဆက်လက်လည်းထောက်ခံသွားမယ်” ဟု ကင်က ဆိုက်ဘေးရီးယား၊ အမ်မာဒေသရှိ ဗော့စတိုချနီ ကော့စမိုဒုန်းမြို့တွင် ဆွေးနွေးစဉ် ပူတင်ကို ပြောကြားခဲ့ပါတယ်။

ပူတင်နှင့် တွေ့ဆုံခြင်းသည် နှစ်နိုင်ငံပြည်သူများအကျိုးအတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြင့်တက်စေသည်ဟုလည်း ကင်က ပြောခဲ့ပါတယ်။

“နယ်ချဲ့စနစ်ကို တိုက်ဖျက်ဖို့ ကျနော်တို့ အမြဲတမ်းအတူရှိနေမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း သူဆက်လက်ပြောကြားပြီး  မော်စကိုနှင့်ဆက်ဆံရေးသည် အမြင့်မားဆုံးဦးစားပေးဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“ကျနော်တို့မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုအပါအဝင် ပြောစရာကိစ္စတွေ အများကြီးရှိတယ်” ဟု သူကပြောပါတယ်။

၎င်းတို့ ၂ ဦး ဆွေးနွေးပွဲသည် နာရီပေါင်းများစွာကြာသည်ဟု မျှော်လင့်ရပါတယ်။၎င်းတို့နှစ်ဦး ယခင်ကတွေ့ခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကဖြစ်ပြီး ထိုစဉ်က ၃ နာရီခွဲကြာ ဆွေးနွေးခဲ့ပါတယ်။

Linko
Ref - Laprensalatina