၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြင်သစ်-မြန်မာကုန်သွယ်မှု အမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော်ထိ ရှိခဲ့

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြင်သစ်-မြန်မာကုန်သွယ်မှု အမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော်ထိ ရှိခဲ့

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပြင်သစ်နှင့်မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ် များထက် ကုန်သွယ်မှုပိုမိုတိုးတက်ခဲ့တယ်လို့  ကုန်သွယ်ရေးဦးစီးဌာန က နိုဝင်ဘာ စတုတ္ထ အပတ်အတွင်းထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေစာရင်းအရ သိရပါတယ်။     

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် အဆိုပါစာရင်းအရ ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်းမြန်မာဘက်မှ ပြင်သစ်သို့ ပို့ကုန် ကန် ဒေါ်လာ၁၈၄ဒသမ၀၆၄ သန်း နှင့် သွင်းကုန် ကန်ဒေါ်လာ၂၄၇ ဒသမ ၆၉၄သန်း တင်သွင်းခဲ့ရာစုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ၄၃၁ ဒသမ၇၅၈ သန်းရှိခဲ့ပြီးကုန်သွယ်ရေးလိုငွေကန်ဒေါ်လာ ၆၃သန်းကျော် ဖြစ်ပေါ်ခဲ့ပါတယ်။

ဘဏ္ဍာနှစ်ကုန် စက်တင်ဘာလအတွင်းပြင်သစ်-မြန်မာကုန်သွယ်မှုကိုကြည့်ပါကပြင်သစ်သို့ ကုန်ပစ္စည်း အမေရိကန် ဒေါ်လာ၉  ဒသမ၄၂၈ သန်းဖိုးတင်ပို့ခဲ့ကာပြင်သစ်ဘက်မှ ကန်ဒေါ်လာ၂၉  ဒသမ၃ သန်း ပြန်သွင်း ခဲ့သဖြင့် လအတွင်းကုန်သွယ်မှုတန်ဖိုးမှာကန်ဒေါ် လာ၃၈ ဒသမ ၇၂၇ သန်းဖိုးကုန်သွယ်နိုင်ခဲ့ကာ ကုန်သွယ်ရေး လိုငွေကန်ဒေါ်လာ ၁၉ ဒသမ ၃ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ပြင်သစ်-မြန်မာကုန်သွယ်မှုတစ်လျှောက် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းကိုပြန်ကြည့်ပါက၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၁၄၈သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၁ဒသမ၈၂၇ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၀ ဒသမ ၃၆၃သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၇၆ ဒသမ ၄၄၆သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၂၆၀ဒသမ ၈၈၁ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ၂၂၉ ဒသမ ၂၇၂သန်းထိကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ နိုဝင်ဘာ ၂၇

(  Zawgyi  )

 ၿပီးခဲ့သည့္ ဘ႑ာႏွစ္အတြင္း ျပင္သစ္ႏွင့္ျမန္မာႏိုင္ငံအၾကား ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ သန္း ၄၀၀ ေက်ာ္ရွိခဲ့ၿပီး ယခင္ ဘ႑ာႏွစ္ မ်ားထက္ ကုန္သြယ္မႈပိုမိုတိုးတက္ခဲ့တယ္လို႔  ကုန္သြယ္ေရးဦးစီးဌာန က ႏိုဝင္ဘာ စတုတၳ အပတ္အတြင္းထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈပမာဏအေျခအေနစာရင္းအရ သိရပါတယ္။     

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ အဆိုပါစာရင္းအရ ၿပီးခဲ့သည့္  ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ အတြင္းျမန္မာဘက္မွ ျပင္သစ္သို႔ ပို႔ကုန္ ကန္ ေဒၚလာ၁၈၄ဒသမ၀၆၄ သန္း ႏွင့္ သြင္းကုန္ ကန္ေဒၚလာ၂၄၇ ဒသမ ၆၉၄သန္း တင္သြင္းခဲ့ရာစုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ၄၃၁ ဒသမ၇၅၈ သန္းရွိခဲ့ၿပီးကုန္သြယ္ေရးလိုေငြကန္ေဒၚလာ ၆၃သန္းေက်ာ္ ျဖစ္ေပၚခဲ့ပါတယ္။

ဘ႑ာႏွစ္ကုန္ စက္တင္ဘာလအတြင္းျပင္သစ္-ျမန္မာကုန္သြယ္မႈကိုၾကည့္ပါကျပင္သစ္သို႔ ကုန္ပစၥည္း အေမရိကန္ ေဒၚလာ၉  ဒသမ၄၂၈ သန္းဖိုးတင္ပို႔ခဲ့ကာျပင္သစ္ဘက္မွ ကန္ေဒၚလာ၂၉  ဒသမ၃ သန္း ျပန္သြင္း ခဲ့သျဖင့္ လအတြင္းကုန္သြယ္မႈတန္ဖိုးမွာကန္ေဒၚ လာ၃၈ ဒသမ ၇၂၇ သန္းဖိုးကုန္သြယ္ႏိုင္ခဲ့ကာ ကုန္သြယ္ေရး လိုေငြကန္ေဒၚလာ ၁၉ ဒသမ ၃ သန္းျဖစ္ေပၚခဲ့ပါတယ္။

ျပင္သစ္-ျမန္မာကုန္သြယ္မႈတစ္ေလွ်ာက္ ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္းကိုျပန္ၾကည့္ပါက၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၃၆ ဒသမ ၁၄၈သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၆၁ဒသမ၈၂၇ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၁၀ ဒသမ ၃၆၃သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၇၆ ဒသမ ၄၄၆သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၂၆၀ဒသမ ၈၈၁ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ၂၂၉ ဒသမ ၂၇၂သန္းထိကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ ႏိုဝင္ဘာ ၂၇