အီရတ်ရှိ အမေရိကန်သံရုံးသို့ ရော့ကတ် ၃ စင်း ထိမှန်

အီရတ်ရှိ အမေရိကန်သံရုံးသို့ ရော့ကတ် ၃ စင်း ထိမှန်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးသို့ ဇန်နဝါရီ ၂၆ ရက်က ရော့ကတ် ၃ စင်း ကျရောက်ခဲ့ရာ အန္တရာယ်ရှိသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည့် ကာလအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက် ထိမှန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ယခုတိုက်ခိုက်ခံရမှုတွင် လူတစ်ဦးလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း အမည်မဖော်လိုသူ အီရတ် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားပါတယ်။

သံရုံးမှ တစ်စုံတစ်ရာ မှတ်ချက်ပြုထားခြင်း မရှိသလို ဒဏ်ရာရရှိသူမှာလည်း အမေရိကန်နိုင်ငံသား သို့မဟုတ် အီရတ်နိုင်ငံသား ဝန်ထမ်းဖြစ်ကြောင်းကို မသိရှိရသေးပေ။ ယခုတိုက်ခိုက်မှုပြီးနောက် အီရတ်အစိုးရအနေဖြင့် သံတမန်အဆောက်အဦများကို ကာကွယ်ပေးရန် အမေရိကန်က တောင်းဆိုလိုက်ပါတယ်။

“မိမိတို့ရဲ့ သံတမန်ဆိုင်ရာ အဆောက်အဦတွေကို တာဝန်ရှိတဲ့အတိုင်း ကာကွယ်ပေးဖို့ အီရတ်အစိုးရကို တောင်းဆိုထားပါတယ်။ စက်တင်ဘာလမှစတင်၍ အီရန်နှင့် ၎င်းတို့ ထောက်ပံ့ထားသည့် ပြည်သူ့စစ်များက အီရတ်မှာရှိတဲ့ အမေရိကန်တာဝန်ရှိသူတွေကို တိုက်ခိုက်တာ ၁၄ ကြိမ်ရှိပါပြီ” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

တိုက်ခိုက်မှုများတွင် အသေအပျောက် မရှိခဲ့သော်လည်း ယင်းတိုက်ခိုက်မှုများကို အီရန်တို့က ထောက်ပံ့ထားသည့် အီရတ်နိုင်ငံတွင်းမှ ပြည်သူ့စစ်များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားထားပါတယ်။ ရော့ကတ်တစ်စင်းသည် သံရုံး စားသောက်ဆောင် သို့ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ သို့သော် ထိခိုက်ခံရမှုအပေါ် ပင်တဂွန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနတို့က ထုတ်ပြန်ကြေညာခြင်း ပြလုပ်မထားသလို မှတ်ချက်လည်း ပေးမထားပေ။

Linko
Ref: Middle East Eye
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၇

(   Zawgyi   )

 အီရတ္ႏိုင္ငံ၊ ဘဂၢဒက္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးသို႔ ဇန္နဝါရီ ၂၆ ရက္က ေရာ့ကတ္ ၃ စင္း က်ေရာက္ခဲ့ရာ အႏၲရာယ္ရွိသည့္ အေျခအေနမ်ားႏွင့္ ႀကဳံေတြ႕ေနရသည့္ ကာလအတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ ထိမွန္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။ယခုတိုက္ခိုက္ခံရမႈတြင္ လူတစ္ဦးလည္း ဒဏ္ရာရရွိသြားခဲ့ေၾကာင္း အမည္မေဖာ္လိုသူ အီရတ္ အႀကီးတန္း အရာရွိတစ္ဦးက ေျပာၾကားပါတယ္။

သံ႐ုံးမွ တစ္စုံတစ္ရာ မွတ္ခ်က္ျပဳထားျခင္း မရွိသလို ဒဏ္ရာရရွိသူမွာလည္း အေမရိကန္ႏိုင္ငံသား သို႔မဟုတ္ အီရတ္ႏိုင္ငံသား ဝန္ထမ္းျဖစ္ေၾကာင္းကို မသိရွိရေသးေပ။ ယခုတိုက္ခိုက္မႈၿပီးေနာက္ အီရတ္အစိုးရအေနျဖင့္ သံတမန္အေဆာက္အဦမ်ားကို ကာကြယ္ေပးရန္ အေမရိကန္က ေတာင္းဆိုလိုက္ပါတယ္။

“မိမိတို႔ရဲ႕ သံတမန္ဆိုင္ရာ အေဆာက္အဦေတြကို တာဝန္ရွိတဲ့အတိုင္း ကာကြယ္ေပးဖို႔ အီရတ္အစိုးရကို ေတာင္းဆိုထားပါတယ္။ စက္တင္ဘာလမွစတင္၍ အီရန္ႏွင့္ ၎တို႔ ေထာက္ပံ့ထားသည့္ ျပည္သူ႔စစ္မ်ားက အီရတ္မွာရွိတဲ့ အေမရိကန္တာဝန္ရွိသူေတြကို တိုက္ခိုက္တာ ၁၄ ႀကိမ္ရွိပါၿပီ” ဟု အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။

တိုက္ခိုက္မႈမ်ားတြင္ အေသအေပ်ာက္ မရွိခဲ့ေသာ္လည္း ယင္းတိုက္ခိုက္မႈမ်ားကို အီရန္တို႔က ေထာက္ပံ့ထားသည့္ အီရတ္ႏိုင္ငံတြင္းမွ ျပည္သူ႔စစ္မ်ားက လုပ္ေဆာင္ျခင္းျဖစ္သည္ဟု အေမရိကန္အစိုးရက ေျပာၾကားထားပါတယ္။ ေရာ့ကတ္တစ္စင္းသည္ သံ႐ုံး စားေသာက္ေဆာင္ သို႔ ထိမွန္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္အရာရွိတစ္ဦးက စီအင္န္အင္န္သတင္းဌာနသို႔ ေျပာၾကားခဲ့ပါတယ္။ သို႔ေသာ္ ထိခိုက္ခံရမႈအေပၚ ပင္တဂြန္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနတို႔က ထုတ္ျပန္ေၾကညာျခင္း ျပလုပ္မထားသလို မွတ္ခ်က္လည္း ေပးမထားေပ။

Linko
Ref: Middle East Eye
ဘဂၢဒက္၊ ဇန္နဝါရီ ၂၇