အအေးဒဏ်ခံ သံမဏိများကို ရုရှားသိပ္ပံပညာရှင်များ ထုတ်လုပ်

အအေးဒဏ်ခံ သံမဏိများကို ရုရှားသိပ္ပံပညာရှင်များ ထုတ်လုပ်

အာတိတ်ဒေသကဲ့သို့ အလွန်အေးသည့် ရာသီဥတုများတွင် ကောင်းစွာ အသုံးပြုနိုင်သည့် သံမဏိ အမျိုးအစားများမှ သတ္ထုပြားအမြောက်အများ ထုတ်လုပ်နိုင်သည့် နည်းပညာကို ရုရှားသိပ္ပံပညာရှင်များက တီထွင်လိုက်ပါတယ်။

နည်းပညာသစ်တီထွင်မှုကို ၂၀၁၉ခုနှစ် နွေဦးရာသီတွင် စတင်ခဲ့ပြီး ဆောင်းဦးရာသီတွင် အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ပါတယ်။ ရုရှားနိုင်ငံတော် သိပ္ပံဌာန၊ စက်မှုအင်ဂျင်နီယာနည်းပညာဆိုင်ရာ ဗဟိုသုတေသနနှင့် ဖွံ့ဖြိုးရေးသိပ္ပံ က တီထွင်ခဲ့ခြင်းဖြစ်ကာ Atomenergomash နှင့် Russian Ural Steel တို့၏ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

“သဘာဝဓာတ်ငွေ့အရည်ထုတ်လုပ်ဖို့နဲ့ ကမ္ဘာ့ မြောက်ဘက်စွန်းအပါအဝင် အခြားနေရာတွေမှာ အသုံးပြုနိုင်ဖို့ အခု ထုတ်လုပ်လိုက်တဲ့ သတ္တုနဲ့ နည်းပညာဟာ လိုအပ်ပါတယ်။ ဒီသတ္ထုတွေမှာ လက်ရှိသုံးနေတဲ့ ရုရှားနဲ့ နိုင်ငံခြားက သတ္ထုတွေထက် ပိုပြီး အဆင့်မြင့်ပါတယ်။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ရည်ပြုလုပ်တဲ့ ပစ္စည်းတွေ  ထုတ်လုပ်ရာမှာလည်း ကုန်ကျစရိတ်ကို လေးပုံတစ်ပုံအထိ လျှော့ချနိုင်ပါတယ်” ဟု Atomenergomash power အင်ဂျင်နီယာကုမ္ပဏီက နိုဝင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် ပြည်တွင်းနည်းပညာများ တီထွင်ရေးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဦးစားပေးရည်မှန်းချက်များ အနက်တစ်ခု ဖြစ်ပါတယ်။အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ တင့်ကားများနှင့် ဓာတ်ငွေ့ရည် သိုလှောင်ကန်များ ထုတ်လုပ်ခြင်းအတွက် ကမ္ဘာပေါ်တွင် အအေးဒဏ်ခံ နီကယ်စပ်သတ္ထုများကို လက်ရှိ အသုံးပြုလျှက်ရှိပါတယ်။

Linko
Ref:sputnik.com
မော်စကို၊နိုဝင်ဘာ ၂၆

(  Zawgyi  )

အာတိတ္ေဒသကဲ့သို႔ အလြန္ေအးသည့္ ရာသီဥတုမ်ားတြင္ ေကာင္းစြာ အသုံးျပဳႏိုင္သည့္ သံမဏိ အမ်ိဳးအစားမ်ားမွ သတၳဳျပားအေျမာက္အမ်ား ထုတ္လုပ္ႏိုင္သည့္ နည္းပညာကို ႐ုရွားသိပၸံပညာရွင္မ်ားက တီထြင္လိုက္ပါတယ္။

နည္းပညာသစ္တီထြင္မႈကို ၂၀၁၉ခုႏွစ္ ေႏြဦးရာသီတြင္ စတင္ခဲ့ၿပီး ေဆာင္းဦးရာသီတြင္ ေအာင္ျမင္စြာ စမ္းသပ္ ႏိုင္ခဲ့ပါတယ္။ ႐ုရွားႏိုင္ငံေတာ္ သိပၸံဌာန၊ စက္မႈအင္ဂ်င္နီယာနည္းပညာဆိုင္ရာ ဗဟိုသုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးသိပၸံ က တီထြင္ခဲ့ျခင္းျဖစ္ကာ Atomenergomash ႏွင့္ Russian Ural Steel တို႔၏ စီမံကိန္းတစ္ခုလည္း ျဖစ္ပါတယ္။

“သဘာဝဓာတ္ေငြ႕အရည္ထုတ္လုပ္ဖို႔နဲ႔ ကမာၻ႔ ေျမာက္ဘက္စြန္းအပါအဝင္ အျခားေနရာေတြမွာ အသုံးျပဳႏိုင္ဖို႔ အခု ထုတ္လုပ္လိုက္တဲ့ သတၱဳနဲ႔ နည္းပညာဟာ လိုအပ္ပါတယ္။ ဒီသတၳဳေတြမွာ လက္ရွိသုံးေနတဲ့ ႐ုရွားနဲ႔ ႏိုင္ငံျခားက သတၳဳေတြထက္ ပိုၿပီး အဆင့္ျမင့္ပါတယ္။ ဒါ့အျပင္ သဘာဝဓာတ္ေငြ႕ရည္ျပဳလုပ္တဲ့ ပစၥည္းေတြ  ထုတ္လုပ္ရာမွာလည္း ကုန္က်စရိတ္ကို ေလးပုံတစ္ပုံအထိ ေလွ်ာ့ခ်ႏိုင္ပါတယ္” ဟု Atomenergomash power အင္ဂ်င္နီယာကုမၸဏီက ႏိုဝင္ဘာ ၂၆ ရက္ ထုတ္ျပန္ခ်က္တစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ေငြ႕ရည္ ထုတ္လုပ္ျခင္း၊ သိုေလွာင္ျခင္းႏွင့္ သယ္ယူပို႔ေဆာင္ေရးတို႔အတြက္ ျပည္တြင္းနည္းပညာမ်ား တီထြင္ေရးသည္ ႐ုရွားသမၼတ ဗလာဒီမာပူတင္၏ ဦးစားေပးရည္မွန္းခ်က္မ်ား အနက္တစ္ခု ျဖစ္ပါတယ္။အသုံးအေဆာင္ပစၥည္းအမ်ိဳးမ်ိဳး၊ တင့္ကားမ်ားႏွင့္ ဓာတ္ေငြ႕ရည္ သိုေလွာင္ကန္မ်ား ထုတ္လုပ္ျခင္းအတြက္ ကမာၻေပၚတြင္ အေအးဒဏ္ခံ နီကယ္စပ္သတၳဳမ်ားကို လက္ရွိ အသုံးျပဳလွ်က္ရွိပါတယ္။

Linko
Ref:sputnik.com
ေမာ္စကို၊ႏိုဝင္ဘာ ၂၆