အမေရိကန်အထက်လွှတ်တော်က သမ္မတထရမ့်တွင် အပြစ်မရှိကြောင်း ဆုံးဖြတ်

အမေရိကန်အထက်လွှတ်တော်က သမ္မတထရမ့်တွင် အပြစ်မရှိကြောင်း ဆုံးဖြတ်

သမ္မတဒေါ်နယ်ထရမ့်အား ဖြုတ်ချရန် စွပ်စွဲပြစ်တင်မှုများတွင် အပြစ်မရှိကြောင်း ဆီးနိတ်အထက်လွှတ်တော်က ဆုံးဖြတ်လိုက် သောကြောင့် လွှတ်တော်မှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်မှုသည် အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ထရမ့်၏ ရီပတ်ပလစ်ကင်များ ဦးဆောင်သည့် အထက်လွှတ်တော်က အာဏာအလွဲသုံးစားလုံးမှု စွဲချက်အား ၅၂-၄၈၊ လွှတ်တော်အား နှောက်ယှက်မှုစွဲချက်အား ၅၃-၄၇ တို့ဖြင့် ပယ်ချလိုက်ပါတယ်။

လာမည့် သမ္မတလောင်း ရွေးကောက်ပွဲ ဝင်ပြိုင်ဖွယ်ရာရှိသူအား ထိုးနှက်ရန် ယူကရိန်းအစိုးရအား ဖိအားပေးမှုဖြင့် ဒီမိုကရက်အုပ်စု များက ထရမ့်အား တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။ယခုနှစ် နိုဝင်ဘာလတွင် ထရမ့်အနေဖြင့် စွပ်စွဲပြစ်တင်မှုကြုံတွေ့ ခဲ့ရသည့် သမ္မတ တစ်ဦးအဖြစ် ရွေးကောက်ပွဲကို ပထမဦးဆုံး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၅ ရက်တွင် အထက်လွှတ်တော်က ထုတ်ပြန်လိုက်သည့် ဗီဒီယို၌ အမေရိကန်၏ ၄၅ ဆက်မြောက် သမ္မတအား ရာထူးမှ ဖယ်ရှားမည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။ယင်းစွဲချက်များ ဖြင့် ရာထူးဖယ်ရှားခံရပါက ထရမ့်အနေဖြင့် တာဝန်များအား ဒုသမ္မတမိုက်ပင့်စ်ကို လွှဲပြောင်း ပေးရမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တို့ ဦးဆောင်သည့် အောက်လွှတ်တော်က စွပ်စွဲပြစ်တင်မှု စွဲချက်များကို ဒီဇင်ဘာ ၁၈ ရက်က အတည်ပြုပြီး ဖြစ်ပါတယ်။နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ထရမ့်ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

Linko
Ref: BBC
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆

(  Zawgyi  )

 သမၼတေဒၚနယ္ထရမ့္အား ျဖဳတ္ခ်ရန္ စြပ္စြဲျပစ္တင္မႈမ်ားတြင္ အျပစ္မရွိေၾကာင္း ဆီးနိတ္အထက္လႊတ္ေတာ္က ဆုံးျဖတ္လိုက္ ေသာေၾကာင့္ လႊတ္ေတာ္မွတစ္ဆင့္ ႀကိဳးပမ္းေဆာင္႐ြက္မႈသည္ အဆုံးသတ္သြားၿပီ ျဖစ္ပါတယ္။ထရမ့္၏ ရီပတ္ပလစ္ကင္မ်ား ဦးေဆာင္သည့္ အထက္လႊတ္ေတာ္က အာဏာအလြဲသုံးစားလုံးမႈ စြဲခ်က္အား ၅၂-၄၈၊ လႊတ္ေတာ္အား ေႏွာက္ယွက္မႈစြဲခ်က္အား ၅၃-၄၇ တို႔ျဖင့္ ပယ္ခ်လိုက္ပါတယ္။

လာမည့္ သမၼတေလာင္း ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္ဖြယ္ရာရွိသူအား ထိုးႏွက္ရန္ ယူကရိန္းအစိုးရအား ဖိအားေပးမႈျဖင့္ ဒီမိုကရက္အုပ္စု မ်ားက ထရမ့္အား တရားစြဲဆိုခဲ့ျခင္း ျဖစ္ပါတယ္။ယခုႏွစ္ ႏိုဝင္ဘာလတြင္ ထရမ့္အေနျဖင့္ စြပ္စြဲျပစ္တင္မႈႀကဳံေတြ႕ ခဲ့ရသည့္ သမၼတ တစ္ဦးအျဖစ္ ေ႐ြးေကာက္ပြဲကို ပထမဦးဆုံး ပါဝင္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ဇန္နဝါရီ ၅ ရက္တြင္ အထက္လႊတ္ေတာ္က ထုတ္ျပန္လိုက္သည့္ ဗီဒီယို၌ အေမရိကန္၏ ၄၅ ဆက္ေျမာက္ သမၼတအား ရာထူးမွ ဖယ္ရွားမည္မဟုတ္ေၾကာင္း ဆုံးျဖတ္ခ်က္ကို ထုတ္လႊင့္ခဲ့ပါတယ္။ယင္းစြဲခ်က္မ်ား ျဖင့္ ရာထူးဖယ္ရွားခံရပါက ထရမ့္အေနျဖင့္ တာဝန္မ်ားအား ဒုသမၼတမိုက္ပင့္စ္ကို လႊဲေျပာင္း ေပးရမွာ ျဖစ္ပါတယ္။

ဒီမိုကရက္တို႔ ဦးေဆာင္သည့္ ေအာက္လႊတ္ေတာ္က စြပ္စြဲျပစ္တင္မႈ စြဲခ်က္မ်ားကို ဒီဇင္ဘာ ၁၈ ရက္က အတည္ျပဳၿပီး ျဖစ္ပါတယ္။ႏိုဝင္ဘာ ၃ ရက္ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ ထရမ့္ကေတာ့ စြပ္စြဲခ်က္အားလုံးကို ျငင္းဆိုထားပါတယ္။

Linko
Ref: BBC
ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၆