အပူလှိုင်းကြောင့် တောင်ကိုရီးယားတွင် ၁၀ ဦးသေဆုံးကာ လူ ၁၅၀၀ကျော် ဆေးရုံတက်ကုသ

အပူလှိုင်းကြောင့် တောင်ကိုရီးယားတွင် ၁၀ ဦးသေဆုံးကာ လူ ၁၅၀၀ကျော် ဆေးရုံတက်ကုသ

ယခုနှစ်အတွင်း အပူလှိုင်းကြောင့် လူ ဆယ်ဦးသေဆုံးကာ လူတစ်ထောင်ငါးရာကျော် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။

အပူဒဏ်နဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့်  နွေရာသီအစကနေ သြဂုတ်လ ၁၃ ရက်အ ထိ လူ ၁၅၇၇ ဦးကို ဆေးရုံတင်ကုသခဲ့ ရတယ်ဆိုပါတယ်။ကုသခဲ့ရသူအများစုမှာ ခြေလက်ထုံကျင်တာကနေ မူးဝေတဲ့အထိ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဆေးရုံတက်ကုသရတဲ့ထဲက အများဆုံးက ဂျောင်ဂျီးပြည်နယ်က ဖြစ်ကာ ၂၉၇ ဦးရှိပြီး၎င်းနောက်မှာ ဂျောင်ဆန်ပြည်နယ်ကမြောက်ပိုင်းက ၁၈၃ ဦး၊ဂျောင်ဆန်ပြည်နယ် တောင်ပိုင်းက ၁၆၆ ဦးနဲ့ ဂျေးလာပြည်နယ်တောင်ပိုင်းက ၁၅၉ ဦးရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တောင်ကိုရီးယားနိုင်ငံတစ်ဝန်းနေရာအတော်များများမှာ နေ့အပူချိန်က ၃၀ ဒီဂရီဆဲလ်စီးယက် ဝန်းကျင်မှာ ရှိနေပြီး ကြာသပတေးနောက်ပိုင်းမှာတော့ နိုင်ငံအရှေ့ပိုင်းကို တိုက်ခတ်နေတဲ့ တိုင်ဖွန်း ကိုဆာကြောင့် အပူချိန်စကျဆင်းနိုင်တယ်လို့ ကိုရီးယား မိုးလေဝသဌာနက ဆိုပါတယ်။

Linko
Ref:Koreatimes.co.kr
ဆိုးလ်၊သြဂုတ် ၁၅

(  Zawgyi  )

 ယခုႏွစ္အတြင္း အပူလႈိင္းေၾကာင့္ လူ ဆယ္ဦးေသဆုံးကာ လူတစ္ေထာင္ငါးရာေက်ာ္ ေဆးကုသမႈ ခံယူခဲ့ရတယ္လို႔ ကိုရီးယားေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္တားဆီးေရးစင္တာက ၾကာသပေတးေန႔က ေျပာဆိုခဲ့ပါတယ္။

အပူဒဏ္နဲ႔သက္ဆိုင္တဲ့ က်န္းမာေရးျပႆနာေတြေၾကာင့္  ေႏြရာသီအစကေန ၾသဂုတ္လ ၁၃ ရက္အ ထိ လူ ၁၅၇၇ ဦးကို ေဆး႐ုံတင္ကုသခဲ့ ရတယ္ဆိုပါတယ္။ကုသခဲ့ရသူအမ်ားစုမွာ ေျခလက္ထုံက်င္တာကေန မူးေဝတဲ့အထိ ျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။

ေဆး႐ုံတက္ကုသရတဲ့ထဲက အမ်ားဆုံးက ေဂ်ာင္ဂ်ီးျပည္နယ္က ျဖစ္ကာ ၂၉၇ ဦးရွိၿပီး၎ေနာက္မွာ ေဂ်ာင္ဆန္ျပည္နယ္ကေျမာက္ပိုင္းက ၁၈၃ ဦး၊ေဂ်ာင္ဆန္ျပည္နယ္ ေတာင္ပိုင္းက ၁၆၆ ဦးနဲ႔ ေဂ်းလာျပည္နယ္ေတာင္ပိုင္းက ၁၅၉ ဦးရွိတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္း ေတာင္ကိုရီးယားႏိုင္ငံတစ္ဝန္းေနရာအေတာ္မ်ားမ်ားမွာ ေန႔အပူခ်ိန္က ၃၀ ဒီဂရီဆဲလ္စီးယက္ ဝန္းက်င္မွာ ရွိေနၿပီး ၾကာသပေတးေနာက္ပိုင္းမွာေတာ့ ႏိုင္ငံအေရွ႕ပိုင္းကို တိုက္ခတ္ေနတဲ့ တိုင္ဖြန္း ကိုဆာေၾကာင့္ အပူခ်ိန္စက်ဆင္းႏိုင္တယ္လို႔ ကိုရီးယား မိုးေလဝသဌာနက ဆိုပါတယ္။

Linko
Ref:Koreatimes.co.kr
ဆိုးလ္၊ၾသဂုတ္ ၁၅