ဟိမဝန္တာနယ်စပ် အရေးပါသောနေရာများတွင် တရုတ်တပ်များ အလုံးအရင်းချထား

ဟိမဝန္တာနယ်စပ် အရေးပါသောနေရာများတွင် တရုတ်တပ်များ အလုံးအရင်းချထား

အိန္ဒိယနိုင်ငံနှင့် မကြာသေးမီက ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ဟိမဝန္တာနယ်စပ် အရေးပါသောနေရာများသို့ တရုတ်အဆင့်မြင့်လက်နက်များကို အကြီးအကျယ်ချထားလိုက်သည့် ဗီဒီယိုတစ်ခုကို တရုတ်နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည်။

ထိုတိဗက်ကုန်းမြင့်တောင်တန်းများတွင် ထောင်ပေါင်းများစွာသော လေထီးတပ်ဖွဲ့များနှင့် သံချပ်ကာယာဉ်များ ချထားလိုက်ခြင်းဖြစ်သည်။

အိန္ဒိယ မီဒီယာသတင်းများအရ ဘေဂျင်းသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များကို လျှစ်လျှူရှုပြီး ပန်ဂန်ရေကန် မြောက်ဖက်ကမ်းခြေနှင့် ဂယ်လ်ဗန်တောင်ကြားသို့ တပ်ဖွဲ့သစ်များနှင့် စစ်လက်နက်ကိရိယာများ ပို့ဆောင်နေကြောင်း သိရသည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် မိမိတို့နှင့်နယ်စပ်တွင် တပ်အင်အား အလုံးအရင်းချထားသည်။စစ်ရေးလေ့ကျင့်မှုအပြီးတွင် တရုတ်နိုင်ငံသည် အနည်းဆုံး အင်အား ၅၀၀၀ ခန့်ကို ထိုနေရာတွင်ချန်ထားပြီး ထပ်မံပို့ဆောင်နေသည်။ထို့ကြောင့် အလားအလာရှိသော ကျူးကျော်မှုအတွက် ကျယ်ပြန့်သော စစ်မျက်နှာဖြစ်နေသည်။ထိုကိစ္စသည် မိမိတို့၏လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်းကို သံသယရှိရန်မလိုပေ” ဟု အိန္ဒိယအာဏာပိုင်များက ပြောသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် လေထီးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနှင့် သံချပ်ကာယာဉ်များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို အနောက်မြောက်ပိုင်းတောင်ကုန်းဒေသတွင် ပြုလုပ်နေကြောင်း ထိုနေရာသည် အလယ်ပိုင်း ဟူဘေးပြည်နယ်မှ လွန်စွာဝေးကွာသောကြောင့် လိုအပ်လျှင် နယ်စပ်ကာကွယ်ရေးအတွက် အလျှင်အမြန်အင်အားဖြည့်နိုင်သောစွမ်းရည်ကို ဖေါ်ပြနေကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာကလည်း ရေးသားသည်။

တရုတ်နှင့် အိန္ဒိယတို့သည် ကမ္ဘာ့အရှည်ဆုံး နယ်နမိတ်ခြင်းထိစပ်နေသော နိုင်ငံများဖြစ်သည်။၁၉၆၂ ခုနှစ် ဟိမဝန္တာဒေသတွင် နှစ်နိုင်ငံ စစ်ဖြစ်ပွားခဲ့ပြီး တင်းမာမှုများမကြာခဏဖြစ်နေသည်မှာ ဆယ်စုနှစ်ချီရှည်ကြာပြီဖြစ်သည်။

လွန်ခဲ့သောလက နှစ်နိုင်ငံတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီး တပ်ဖွဲ့များ ဒဏ်ရာအနည်းငယ်စီရရှိသည်။ထိုဖြစ်ရပ်သည် မကြာသေးမီက တင်းမာမှုများ၏ နောက်ဆက်တွဲဖြစ်သော်လည် နှစ်ဖက်စလုံးက ထူးထူးခြားခြား ထုတ်ပြန်ကြေညာခြင်းမရှိပေ။

Linko
Ref : defence-blog.com
ဘေကျင်း၊ ဇွန် - ၈

( Zawgyi )

အိႏၵိယႏိုင္ငံႏွင့္ မၾကာေသးမီက ထိပ္တိုက္ေတြ႕ခဲ့ၿပီးေနာက္ ဟိမဝႏၲာနယ္စပ္ အေရးပါေသာေနရာမ်ားသို႔ တ႐ုတ္အဆင့္ျမင့္လက္နက္မ်ားကို အႀကီးအက်ယ္ခ်ထားလိုက္သည့္ ဗီဒီယိုတစ္ခုကို တ႐ုတ္ႏိုင္ငံပိုင္မီဒီယာက ထုတ္ျပန္သည္။

ထိုတိဗက္ကုန္းျမင့္ေတာင္တန္းမ်ားတြင္ ေထာင္ေပါင္းမ်ားစြာေသာ ေလထီးတပ္ဖြဲ႕မ်ားႏွင့္ သံခ်ပ္ကာယာဥ္မ်ား ခ်ထားလိုက္ျခင္းျဖစ္သည္။

အိႏၵိယ မီဒီယာသတင္းမ်ားအရ ေဘဂ်င္းသည္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ေၾကညာခ်က္မ်ားကို လွ်စ္လွ်ဴရႈၿပီး ပန္ဂန္ေရကန္ ေျမာက္ဖက္ကမ္းေျခႏွင့္ ဂယ္လ္ဗန္ေတာင္ၾကားသို႔ တပ္ဖြဲ႕သစ္မ်ားႏွင့္ စစ္လက္နက္ကိရိယာမ်ား ပို႔ေဆာင္ေနေၾကာင္း သိရသည္။

“တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္သည္ မိမိတို႔ႏွင့္နယ္စပ္တြင္ တပ္အင္အား အလုံးအရင္းခ်ထားသည္။စစ္ေရးေလ့က်င့္မႈအၿပီးတြင္ တ႐ုတ္ႏိုင္ငံသည္ အနည္းဆုံး အင္အား ၅၀၀၀ ခန႔္ကို ထိုေနရာတြင္ခ်န္ထားၿပီး ထပ္မံပို႔ေဆာင္ေနသည္။ထို႔ေၾကာင့္ အလားအလာရွိေသာ က်ဴးေက်ာ္မႈအတြက္ က်ယ္ျပန႔္ေသာ စစ္မ်က္ႏွာျဖစ္ေနသည္။ထိုကိစၥသည္ မိမိတို႔၏လုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေၾကာင္းကို သံသယရွိရန္မလိုေပ” ဟု အိႏၵိယအာဏာပိုင္မ်ားက ေျပာသည္။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္သည္ ေလထီးတပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာႏွင့္ သံခ်ပ္ကာယာဥ္မ်ား ပါဝင္သည့္ စစ္ေရးေလ့က်င့္မႈကို အေနာက္ေျမာက္ပိုင္းေတာင္ကုန္းေဒသတြင္ ျပဳလုပ္ေနေၾကာင္း ထိုေနရာသည္ အလယ္ပိုင္း ဟူေဘးျပည္နယ္မွ လြန္စြာေဝးကြာေသာေၾကာင့္ လိုအပ္လွ်င္ နယ္စပ္ကာကြယ္ေရးအတြက္ အလွ်င္အျမန္အင္အားျဖည့္ႏိုင္ေသာစြမ္းရည္ကို ေဖၚျပေနေၾကာင္း ဂလိုဘယ္တိုင္းမ္ သတင္းစာကလည္း ေရးသားသည္။

တ႐ုတ္ႏွင့္ အိႏၵိယတို႔သည္ ကမာၻ႔အရွည္ဆုံး နယ္နမိတ္ျခင္းထိစပ္ေနေသာ ႏိုင္ငံမ်ားျဖစ္သည္။၁၉၆၂ ခုႏွစ္ ဟိမဝႏၲာေဒသတြင္ ႏွစ္ႏိုင္ငံ စစ္ျဖစ္ပြားခဲ့ၿပီး တင္းမာမႈမ်ားမၾကာခဏျဖစ္ေနသည္မွာ ဆယ္စုႏွစ္ခ်ီရွည္ၾကာၿပီျဖစ္သည္။

လြန္ခဲ့ေသာလက ႏွစ္ႏိုင္ငံတပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားၿပီး တပ္ဖြဲ႕မ်ား ဒဏ္ရာအနည္းငယ္စီရရွိသည္။ထိုျဖစ္ရပ္သည္ မၾကာေသးမီက တင္းမာမႈမ်ား၏ ေနာက္ဆက္တြဲျဖစ္ေသာ္လည္ ႏွစ္ဖက္စလုံးက ထူးထူးျခားျခား ထုတ္ျပန္ေၾကညာျခင္းမရွိေပ။

Linko
Ref : defence-blog.com
ေဘက်င္း၊ ဇြန္ - ၈