သြစတြေးလျှမသွားရန် နိုင်ငံသားများကို တရုတ်နိုင်ငံအကြံပေး

သြစတြေးလျှမသွားရန် နိုင်ငံသားများကို တရုတ်နိုင်ငံအကြံပေး

ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ကိစ္စများအတွက် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ် ပိုမိုပြင်းထန် လာသောကြောင့် သြစတြေးလျှ နိုင်ငံသို့ သွားလာခြင်းမပြုရန် တရုတ်နိုင်ငံက နိုင်ငံသားများကို အကြံပြုလိုက်သည်။

 “မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်နှင့် အာရှနိုင်ငံသားများ အပေါ် ခွဲခြားဆက်ဆံမှု နှင့် အကြမ်းဖက်မှုများ ရုတ်တရက် တိုးလာသည်” ဟု ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖေါ်ပြထားသည်။
 
တရုတ်ခရီးသည်များအနေဖြင့် လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစားရန်နှင့် သြစတြေးလျှသို့ ခရီးသွားခြင်းကို ရှောင်ရှားရန် ဝန်ကြီးဌာနအနေဖြင့် အကြံပေးသည်” ဟု ထိုကြေညာချက်က ဆိုသည်။

သြစတြေးလျှ အစိုးရက ထိုစွပ်စွဲချက်ကို စနေနေ့တွင် ပြန်လည်ချေပသည်။“ကမ္ဘာ တဝှမ်း မှ သန်းပေါင်းများစွာသော ခရီးသည်များက သြစတြေးလျှသည် နှစ်စဉ် လုံခြံု၊ ကြိုဆို၊  အံ့သြစရာ ခရီးစဉ်အဖြစ် ယုံကြည်ကြောင်း ဖေါ်ပြပြီး အကြိမ်ကြိမ် လာရောက်လည်ပတ်ကြောင်း သြစတြေးလျှ အစိုးရက ကြေညာသည်။

 “တရုတ်အစိုးရရဲ့ အဲဒီပြောဆိုချက်ကို ကျနော်တို့ကန့်ကွက်ပါတယ်။ အဲဒီအတွက် ဘာအခြေအမြစ် မှမရှိဘူး။ တရုတ်အရာရှိတွေမှားယွင်းပြောဆိုတဲ့ ဒီပြောဆိုချက်တွေကို ကျနော်တို့ရဲ့ ကန့်ကွက်မှုကို သူတို့ကောင်းကောင်းသိပါတယ်” ဟုလည်း သြစတြေးလျှ အစိုးရကပြောသည်။

လွန်ခဲ့သော နှစ်လအတွင်း လူမျိုးရေးခွဲခြားမှုအတွက် တိုင်ကြားခံရသူ လေးဦးလျှင် တဦးက ၎င်းတို့သည် ကိုဗစ်-၁၉ အတွက် ခွဲခြားဆက်ဆံခံရကြောင်း ပြောသည်ဟု သြစတြေးလျှ လူ့အခွင့်အရေး ကော်မရှင်က မေလတွင် ပြောကြားခဲ့သည်။

မဲလ်ဘုန်းရှိ တရုတ်ကျောင်းသားများကို တိုက်ခိုက်သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ထိုပြစ်မှုကျူးလွန်လူဖြူနှစ်ဦးပါဝင်သည့် ဂိုဏ်းကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေကြောင်း သြစတြေးလျှ မီဒီယာများက ဧပြီလတွင် ဖေါ်ပြခဲ့သည့် မတ်လကလည်း နှာခေါင်းစည်း တပ်ထားသော ဟောင်ကောင်မှ ကျောင်းသားတဦးကို ကိုဗစ်-၁၉ ဖြစ်နေသည်ဟု စွပ်စွဲ တိုက်ခိုက်သည့် သြစတြေးလျှ နိုင်ငံသားတဦးကို ရဲအဖွဲ့က အရေးယူခဲ့ရသည်။

Linko
Ref:CGTN
ဘေကျင်း၊ဇွန် ၇

(  Zawgyi  )

 ကိုဗစ္-၁၉ ႏွင့္ပတ္သက္သည့္ ကိစၥမ်ားအတြက္ တ႐ုတ္ဆန႔္က်င္ေရးစိတ္ဓါတ္ ပိုမိုျပင္းထန္ လာေသာေၾကာင့္ ၾသစေၾတးလွ် ႏိုင္ငံသို႔ သြားလာျခင္းမျပဳရန္ တ႐ုတ္ႏိုင္ငံက ႏိုင္ငံသားမ်ားကို အႀကံျပဳလိုက္သည္။

 “မၾကာေသးမီက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ တ႐ုတ္ႏွင့္ အာရွႏိုင္ငံသားမ်ား အေပၚ ခြဲျခားဆက္ဆံမႈ ႏွင့္ အၾကမ္းဖက္မႈမ်ား ႐ုတ္တရက္ တိုးလာသည္” ဟု ယဥ္ေက်းမႈႏွင့္ ခရီးသြားလုပ္ငန္းဝန္ႀကီးဌာန၏ ေၾကညာခ်က္တြင္ေဖၚျပထားသည္။
 
တ႐ုတ္ခရီးသည္မ်ားအေနျဖင့္ လုံၿခဳံေရးအေျခအေနကို ထည့္သြင္းစဥ္းစားရန္ႏွင့္ ၾသစေၾတးလွ်သို႔ ခရီးသြားျခင္းကို ေရွာင္ရွားရန္ ဝန္ႀကီးဌာနအေနျဖင့္ အႀကံေပးသည္” ဟု ထိုေၾကညာခ်က္က ဆိုသည္။

ၾသစေၾတးလွ် အစိုးရက ထိုစြပ္စြဲခ်က္ကို စေနေန႔တြင္ ျပန္လည္ေခ်ပသည္။“ကမာၻ တဝွမ္း မွ သန္းေပါင္းမ်ားစြာေသာ ခရီးသည္မ်ားက ၾသစေၾတးလွ်သည္ ႏွစ္စဥ္ လုံၿခံဳ၊ ႀကိဳဆို၊  အံ့ၾသစရာ ခရီးစဥ္အျဖစ္ ယုံၾကည္ေၾကာင္း ေဖၚျပၿပီး အႀကိမ္ႀကိမ္ လာေရာက္လည္ပတ္ေၾကာင္း ၾသစေၾတးလွ် အစိုးရက ေၾကညာသည္။

 “တ႐ုတ္အစိုးရရဲ႕ အဲဒီေျပာဆိုခ်က္ကို က်ေနာ္တို႔ကန႔္ကြက္ပါတယ္။ အဲဒီအတြက္ ဘာအေျခအျမစ္ မွမရွိဘူး။ တ႐ုတ္အရာရွိေတြမွားယြင္းေျပာဆိုတဲ့ ဒီေျပာဆိုခ်က္ေတြကို က်ေနာ္တို႔ရဲ႕ ကန႔္ကြက္မႈကို သူတို႔ေကာင္းေကာင္းသိပါတယ္” ဟုလည္း ၾသစေၾတးလွ် အစိုးရကေျပာသည္။

လြန္ခဲ့ေသာ ႏွစ္လအတြင္း လူမ်ိဳးေရးခြဲျခားမႈအတြက္ တိုင္ၾကားခံရသူ ေလးဦးလွ်င္ တဦးက ၎တို႔သည္ ကိုဗစ္-၁၉ အတြက္ ခြဲျခားဆက္ဆံခံရေၾကာင္း ေျပာသည္ဟု ၾသစေၾတးလွ် လူ႔အခြင့္အေရး ေကာ္မရွင္က ေမလတြင္ ေျပာၾကားခဲ့သည္။

မဲလ္ဘုန္းရွိ တ႐ုတ္ေက်ာင္းသားမ်ားကို တိုက္ခိုက္သည့္ ဗီဒီယို ထြက္ေပၚလာၿပီးေနာက္ ထိုျပစ္မႈက်ဴးလြန္လူျဖဴႏွစ္ဦးပါဝင္သည့္ ဂိုဏ္းကို ရဲတပ္ဖြဲ႕ လိုက္လံရွာေဖြေနေၾကာင္း ၾသစေၾတးလွ် မီဒီယာမ်ားက ဧၿပီလတြင္ ေဖၚျပခဲ့သည့္ မတ္လကလည္း ႏွာေခါင္းစည္း တပ္ထားေသာ ေဟာင္ေကာင္မွ ေက်ာင္းသားတဦးကို ကိုဗစ္-၁၉ ျဖစ္ေနသည္ဟု စြပ္စြဲ တိုက္ခိုက္သည့္ ၾသစေၾတးလွ် ႏိုင္ငံသားတဦးကို ရဲအဖြဲ႕က အေရးယူခဲ့ရသည္။

Linko
Ref:CGTN
ေဘက်င္း၊ဇြန္ ၇