ယူကရိန်းသို့ ပေးမည့် စစ်ဘက်ဆိုင်ရာအကူအညီများကို ထိန်းချုပ်ထားရန် သမ္မတထရမ့်က ပုဂ္ဂိုလ်ရေးအရ ညွှန်ကြားခဲ့ဟု အိမ်ဖြူတော် ဘတ်ဂျက်အရာရှိ ထွက်ဆို

ယူကရိန်းသို့ ပေးမည့် စစ်ဘက်ဆိုင်ရာအကူအညီများကို ထိန်းချုပ်ထားရန် သမ္မတထရမ့်က ပုဂ္ဂိုလ်ရေးအရ ညွှန်ကြားခဲ့ဟု အိမ်ဖြူတော် ဘတ်ဂျက်အရာရှိ ထွက်ဆို          

ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာ အကူအညီအတွက်ပေးမည့်  ဒေါ်လာ သန်း ၄၀၀ နီးပါးကို ထိန်းချုပ်ထားရန် သမ္မတဒေါ်နယ်ထရမ့်က ပုဂ္ဂိုလ်ရေး အရ ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော်ဘတ်ဂျက်အရာရှိတစ်ဦးက ယခုလ အစောပိုင်းတွင် စွပ်စွဲပြစ်တင်ရေးဆိုင်ရာ စုံစမ်းရေး အရာရှိများထံ ထွက်ဆိုခဲ့ကြောင်း ၎င်းအား တံခါးပိတ် စုံစမ်းစစ်ဆေးရေးမှတ်တမ်းကို နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်လိုက် ပါတယ်။

 အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ မစ်မူဘန်နီ၏ အကြီးတန်း လက်ထောက်တစ်ဦးက ဇူလိုင်၁၂ ရက်တွင် ပေးပို့ခဲ့သည့် အီးမေးလ် တစ်စောင်ကို ၎င်း၏ ရုံးမှ ရရှိခဲ့ရာတွင် ယူကရိန်းသို့ အကူအညီပေးမည့် ဒေါ်လာ ၃၉၁ သန်းကို ဆိုင်းငံ့ထားရန် ဖော်ပြထားခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေး အစီအစဉ် လက်ထောက်ညွှန်ကြားရေးမှူး မာ့ခ်ဆန်ဒီက ထွက်ဆိုခဲ့ပါတယ်။

အဆိုပါ အီးမေးလ်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားရန် စုံစမ်းရေး အရာရှိများက မေးမြန်းရာတွင် ‘ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှုအား ရပ်ဆိုင်းထားရန် သမ္မတက ညွှန်ကြားထားကြောင်း’ ဆန်ဒီက ပြောခဲ့ပါတယ်။ထို့နောက် ထောက်ပံ့မှုကို ဇူလိုင် ၁၈ ရက်မှ စတင်ရပ်ဆိုင်းခဲ့ပါတယ်။ ယင်းသို့ ရပ်ဆိုင်းခဲ့ပြီး ၇ ရက်အကြာတွင် သမ္မတထရမ့်က ဂျိုးဘိုင်ဒင်၏ မိသားစုနှင့် ပတ်သက်၍ စုံစမ်းပေးရန် ယူကရိန်းသမ္မတကို ဖုန်းဖြင့်ဆက်သွယ် တောင်းဆိုခဲ့ပြီး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် လက်ယာ ယိမ်းအုပ်စုများ၏ စွပ်စွဲချက်များသည် မှားယွင်းကြောင်းလည်း ပြောခဲ့ပါတယ်။

ယင်းစစ်ဘက်ဆိုင်ရာ အထောက်အပံ့သည် ယူကရိန်းက ရုရှား၏ ကျူးကျော်ရန်စမှုများအား တွန်းလှန်ရာ တွင် များစွာ မှီခိုနေရ သောကြောင့် ထောက်ပံ့ငွေများ ရပ်ဆိုင်းထားရခြင်းနှင့် ပတ်သက်၍ စုံစမ်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆန်ဒီက ပြောပါတယ်။ အခြား ဥရောပနိုင်ငံ များက ယူကရိန်းသို့ လုံလောက်သည့် ထောက်ပံ့ကူညီမှု မပေးမည်ကို စိုးရိမ်သောကြောင့် အမေရိကန်၏ ငွေကြေးပံ့ပိုးမှုကို ရပ်ဆိုင်းခြင်း ဟုသာ သိရှိခဲ့ရပြီး စက်တင်ဘာလအထိ အကြောင်းရင်းကို မသိခဲ့ရ ကြောင်း ဆန်ဒီက ထွက်ဆိုပါတယ်။

အိမ်ဖြူတော်စုံစမ်းရေးကော်မတီ ဥက္ကဋ္ဌ အဒမ်ရှစ်ဖ်က ထွက်ဆိုရှင်းလင်းချက်များသည် အပုပ်နံ့လို ထွက်လာပြီ ဖြစ်ကြောင်း ပြောကြား ပါတယ်။“အခြားထွက်ဆိုချက်များနှင့် မူဘန်နီ၏ ထွက်ဆိုချက်ဖြစ်သော ယူကရိန်းသို့ ပေးမည့် စစ်ဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု များ ကို သမ္မတက ကြိုးကိုင်၍ ဖိအားပေးခြင်းတို့သည် ထင်ရှားသည့် အထောက်အထားများ ဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

Linko
Ref:the star.com
ဝါရှင်တန်၊ နိုဝင်ဘာ ၂၇

(  Zawgyi  )

 ယူကရိန္းသို႔ စစ္ဘက္ဆိုင္ရာ အကူအညီအတြက္ေပးမည့္  ေဒၚလာ သန္း ၄၀၀ နီးပါးကို ထိန္းခ်ဳပ္ထားရန္ သမၼတေဒၚနယ္ထရမ့္က ပုဂၢိဳလ္ေရး အရ ၫႊန္ၾကားခဲ့ေၾကာင္း အိမ္ျဖဴေတာ္ဘတ္ဂ်က္အရာရွိတစ္ဦးက ယခုလ အေစာပိုင္းတြင္ စြပ္စြဲျပစ္တင္ေရးဆိုင္ရာ စုံစမ္းေရး အရာရွိမ်ားထံ ထြက္ဆိုခဲ့ေၾကာင္း ၎အား တံခါးပိတ္ စုံစမ္းစစ္ေဆးေရးမွတ္တမ္းကို ႏိုဝင္ဘာ ၂၇ ရက္က ထုတ္ျပန္လိုက္ ပါတယ္။

 အိမ္ျဖဴေတာ္ ဝန္ထမ္းအႀကီးအကဲ မစ္မူဘန္နီ၏ အႀကီးတန္း လက္ေထာက္တစ္ဦးက ဇူလိုင္၁၂ ရက္တြင္ ေပးပို႔ခဲ့သည့္ အီးေမးလ္ တစ္ေစာင္ကို ၎၏ ႐ုံးမွ ရရွိခဲ့ရာတြင္ ယူကရိန္းသို႔ အကူအညီေပးမည့္ ေဒၚလာ ၃၉၁ သန္းကို ဆိုင္းငံ့ထားရန္ ေဖာ္ျပထားခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရး အစီအစဥ္ လက္ေထာက္ၫႊန္ၾကားေရးမႉး မာ့ခ္ဆန္ဒီက ထြက္ဆိုခဲ့ပါတယ္။

အဆိုပါ အီးေမးလ္ႏွင့္ ပတ္သက္၍ အေသးစိတ္ရွင္းလင္းေျပာၾကားရန္ စုံစမ္းေရး အရာရွိမ်ားက ေမးျမန္းရာတြင္ ‘ယူကရိန္းသို႔ စစ္ဘက္ဆိုင္ရာ ေငြေၾကးေထာက္ပံ့မႈအား ရပ္ဆိုင္းထားရန္ သမၼတက ၫႊန္ၾကားထားေၾကာင္း’ ဆန္ဒီက ေျပာခဲ့ပါတယ္။ထို႔ေနာက္ ေထာက္ပံ့မႈကို ဇူလိုင္ ၁၈ ရက္မွ စတင္ရပ္ဆိုင္းခဲ့ပါတယ္။ ယင္းသို႔ ရပ္ဆိုင္းခဲ့ၿပီး ၇ ရက္အၾကာတြင္ သမၼတထရမ့္က ဂ်ိဳးဘိုင္ဒင္၏ မိသားစုႏွင့္ ပတ္သက္၍ စုံစမ္းေပးရန္ ယူကရိန္းသမၼတကို ဖုန္းျဖင့္ဆက္သြယ္ ေတာင္းဆိုခဲ့ၿပီး ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ လက္ယာ ယိမ္းအုပ္စုမ်ား၏ စြပ္စြဲခ်က္မ်ားသည္ မွားယြင္းေၾကာင္းလည္း ေျပာခဲ့ပါတယ္။

ယင္းစစ္ဘက္ဆိုင္ရာ အေထာက္အပံ့သည္ ယူကရိန္းက ႐ုရွား၏ က်ဴးေက်ာ္ရန္စမႈမ်ားအား တြန္းလွန္ရာ တြင္ မ်ားစြာ မွီခိုေနရ ေသာေၾကာင့္ ေထာက္ပံ့ေငြမ်ား ရပ္ဆိုင္းထားရျခင္းႏွင့္ ပတ္သက္၍ စုံစမ္းမႈမ်ား လုပ္ေဆာင္ခဲ့သည္ဟု ဆန္ဒီက ေျပာပါတယ္။ အျခား ဥေရာပႏိုင္ငံ မ်ားက ယူကရိန္းသို႔ လုံေလာက္သည့္ ေထာက္ပံ့ကူညီမႈ မေပးမည္ကို စိုးရိမ္ေသာေၾကာင့္ အေမရိကန္၏ ေငြေၾကးပံ့ပိုးမႈကို ရပ္ဆိုင္းျခင္း ဟုသာ သိရွိခဲ့ရၿပီး စက္တင္ဘာလအထိ အေၾကာင္းရင္းကို မသိခဲ့ရ ေၾကာင္း ဆန္ဒီက ထြက္ဆိုပါတယ္။

အိမ္ျဖဴေတာ္စုံစမ္းေရးေကာ္မတီ ဥကၠ႒ အဒမ္ရွစ္ဖ္က ထြက္ဆိုရွင္းလင္းခ်က္မ်ားသည္ အပုပ္နံ႔လို ထြက္လာၿပီ ျဖစ္ေၾကာင္း ေျပာၾကား ပါတယ္။“အျခားထြက္ဆိုခ်က္မ်ားႏွင့္ မူဘန္နီ၏ ထြက္ဆိုခ်က္ျဖစ္ေသာ ယူကရိန္းသို႔ ေပးမည့္ စစ္ဘက္ဆိုင္ရာ ေငြေၾကးေထာက္ပံ့မႈ မ်ား ကို သမၼတက ႀကိဳးကိုင္၍ ဖိအားေပးျခင္းတို႔သည္ ထင္ရွားသည့္ အေထာက္အထားမ်ား ျဖစ္ပါတယ္” ဟု ႏိုဝင္ဘာ ၂၆ ရက္က ထုတ္ျပန္ခဲ့သည့္ ေၾကညာ ခ်က္မွာ ေဖာ္ျပထားပါတယ္။

Linko
Ref:the star.com
ဝါရွင္တန္၊ ႏိုဝင္ဘာ ၂၇