မြောက်ကိုရီးယားခေါင်းဆောင် ခွဲစိတ်ကုသပြီးနောက် အခြေအနေဆိုးနေဟု အစီရင်ခံစာများကဆို

မြောက်ကိုရီးယားခေါင်းဆောင် ခွဲစိတ်ကုသပြီးနောက် အခြေအနေဆိုးနေဟု အစီရင်ခံစာများကဆို

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ခွဲစိတ်ကုသမှုခံယူပြီးနောက် အလွန်ဆိုးရွား သည့် အန္တရာယ်ရှိနေကြောင်း CNN နှင့် Reuters သတင်းများကဖော်ပြခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် အာဏာရှင်မှာ နှလုံးသွေးကြောဆိုင်ရာရောဂါကုထုံးနည်းကို ခံယူနေတယ် လို့ နိုင်ငံပိုင် မီဒီယာကဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရက အဆိုပါထုတ်ပြန်ချက်များကို အင်္ဂါနေ့မှာ စုံစမ်းစစ်ဆေးနေပြီး အဆိုပါ အစီရင်ခံစာတွေကို ချက်ချင်းအတည်မပြုနိုင်သေးဘူးလို့ တောင်ကိုရီးယား ပေါင်းစည်း ရေး ဝန်ကြီးဌာန နှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့တို့က ဆိုပါတယ်။

ကင်ဂျုံအမ်မှာ ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ခဲ့သည့် ဖခင်ဖြစ်သည့် ခေါင်းဆောင်ကြီးကင်မ်၏ မွေးနေ့နှစ်ပတ်လည်အခမ်းအနားသို့ မတက်ရောက်ခဲ့သည့် နောက်ပိုင်း ကင်ဂျုံအမ်၏ ကျန်းမာရေးနှင့် ပတ်သက်သည့် ကောလာဟလသတင်း များ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ သိထားတာက သူဟာ  နှလုံးသွေးကြောဆိုင်ရာပြဿနာနဲ့ လုံးထွေးနေရပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပိတ်က်တူးတောင်ကို အကြိမ်ကြိမ်လာရောက်ပြီးနောက်မှာ ပိုဆိုးရွားလာတာကိုတွေ့ရတယ်” လို့ Daily NKသတင်းစာက ဖော်ပြခဲ့ပါတယ်။

Daily NK သတင်းဌာနမှာ တောင်ကိုရီးယားအခြေစိုက်သတင်းအေဂျင်စီတစ်ခုဖြစ်ပြီး အထီးကျန် မြောက်ကိုရီးယား၏ သတင်းအချက် အလက် များ ကို မြောက်ဘက်တစ်လျှောက် လျှို့ဝှက် စုဆောင်းရယူနေတာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်၏ကျန်းမာရေးမှာ နိုင်ငံတော်အဆင့် လျှို့ဝှက် စောင့်ကြည့်ရ သည့် သတင်း ဖြစ်ကြောင်း ဘလွန်းဘက်ဂ်သတင်းဌာနက ဆိုပြီး ပုံမှန်အားဖြင့် ကင်ဂျုံအမ်၏ ကျန်းမာရေးသတင်းမှာ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် အတွင်းပိုင်းလက်တစ်ဆုပ်စာ ထိပ်တန်းအာဏာပိုင်တွေသာသိရတဲ့ သတင်းဖြစ်ပါတယ်။

Linko
Ref: nzherald.co.nz
ဆိုးလ်၊ ဧပြီ ၂၁

(  Zawgyi  )

 ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ အလြန္ဆိုး႐ြား သည့္ အႏၲရာယ္ရွိေနေၾကာင္း CNN ႏွင့္ Reuters သတင္းမ်ားကေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ အာဏာရွင္မွာ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါကုထုံးနည္းကို ခံယူေနတယ္ လို႔ ႏိုင္ငံပိုင္ မီဒီယာကေဖာ္ျပခဲ့ပါတယ္။

ေတာင္ကိုရီးယားအစိုးရက အဆိုပါထုတ္ျပန္ခ်က္မ်ားကို အဂၤါေန႔မွာ စုံစမ္းစစ္ေဆးေနၿပီး အဆိုပါ အစီရင္ခံစာေတြကို ခ်က္ခ်င္းအတည္မျပဳႏိုင္ေသးဘူးလို႔ ေတာင္ကိုရီးယား ေပါင္းစည္း ေရး ဝန္ႀကီးဌာန ႏွင့္ အမ်ိဳးသားေထာက္လွမ္းေရးအဖြဲ႕တို႔က ဆိုပါတယ္။

ကင္ဂ်ဳံအမ္မွာ ၿပီးခဲ့သည့္ရက္ပိုင္းကျပဳလုပ္ခဲ့သည့္ ဖခင္ျဖစ္သည့္ ေခါင္းေဆာင္ႀကီးကင္မ္၏ ေမြးေန႔ႏွစ္ပတ္လည္အခမ္းအနားသို႔ မတက္ေရာက္ခဲ့သည့္ ေနာက္ပိုင္း ကင္ဂ်ဳံအမ္၏ က်န္းမာေရးႏွင့္ ပတ္သက္သည့္ ေကာလာဟလသတင္း မ်ား ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

“ ကြၽန္ေတာ္တို႔ သိထားတာက သူဟာ  ႏွလုံးေသြးေၾကာဆိုင္ရာျပႆနာနဲ႔ လုံးေထြးေနရေပမယ့္ ၿပီးခဲ့တဲ့ ဩဂုတ္လအတြင္း ပိတ္က္တူးေတာင္ကို အႀကိမ္ႀကိမ္လာေရာက္ၿပီးေနာက္မွာ ပိုဆိုး႐ြားလာတာကိုေတြ႕ရတယ္” လို႔ Daily NKသတင္းစာက ေဖာ္ျပခဲ့ပါတယ္။

Daily NK သတင္းဌာနမွာ ေတာင္ကိုရီးယားအေျခစိုက္သတင္းေအဂ်င္စီတစ္ခုျဖစ္ၿပီး အထီးက်န္ ေျမာက္ကိုရီးယား၏ သတင္းအခ်က္ အလက္ မ်ား ကို ေျမာက္ဘက္တစ္ေလွ်ာက္ လွ်ိဳ႕ဝွက္ စုေဆာင္းရယူေနတာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္၏က်န္းမာေရးမွာ ႏိုင္ငံေတာ္အဆင့္ လွ်ိဳ႕ဝွက္ ေစာင့္ၾကည့္ရ သည့္ သတင္း ျဖစ္ေၾကာင္း ဘလြန္းဘက္ဂ္သတင္းဌာနက ဆိုၿပီး ပုံမွန္အားျဖင့္ ကင္ဂ်ဳံအမ္၏ က်န္းမာေရးသတင္းမွာ ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ နီးစပ္သည့္ အတြင္းပိုင္းလက္တစ္ဆုပ္စာ ထိပ္တန္းအာဏာပိုင္ေတြသာသိရတဲ့ သတင္းျဖစ္ပါတယ္။

Linko
Ref: nzherald.co.nz
ဆိုးလ္၊ ဧၿပီ ၂၁