မုန်တိုင်းကရိုဆာကြောင့် လူခြောက်သိန်းခန့်ရွှေ့ပြောင်းရန် ဂျပန်အာဏာပိုင်များဆော်သြ

  မုန်တိုင်းကရိုဆာကြောင့် လူခြောက်သိန်းခန့်ရွှေ့ပြောင်းရန် ဂျပန်အာဏာပိုင်များဆော်သြ

အပူပိုင်းမုန်တိုင်း ကရိုဆာကြောင့် ဂျပန်အနောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ကာ ရာနဲ့ချီတဲ့ လေယာဉ် ခရီးစဉ်တွေ ၊ရထားခရီးစဉ်တွေကို အာဏာပိုင်တွေကဖျက်သိမ်းခဲ့ရပြီး ဒေသခံ သန်းတစ်ဝက်ကို ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အကြံပြု ခဲ့ပါတယ်။

ဂျပန်အာဏာပိုင်တွေက မိုးရွာသွန်းမှုကြောင့် တချို့ဧရိယာတွေမှာ သောကြာနေ့ မနက်အထိ ၂၄ နာရီ အတွင်း မိုးရေချိန် ၃၉ လက်မ( ၁၀၀၀ မီလီမီတာ)ကျော်လွန်နိုင်တဲ့အတွက် မြစ်ဘေးနေထိုင်သူတွေ အန္တရာယ်နီးကပ်တဲ့အတွက် ဒေသခံ ၅၈၄၁၀၀ ကိုရွှေ့ပြောင်းဖို့ သတိပေးထား ပါတယ်။

ခမာဘာသာစကားနဲ့ ဝန်ချီစက်လို့ အမည်ရတဲ့ ကရိုဆာမုန်တိုင်းဟာ  ဂျပန်အနောက်ပိုင်း စီရင်စုဒေသဖြစ်တဲ့ ဟီရိုရှီးမားကို တစ်နာရီ ၁၀၈ ကီလိုမီတာ (၆၇မိုင်)နူန်းကနေ ၁၄၄ ကီလိုမီတာ (မိုင် ၉၀) အထိ လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ဆိုပါတယ်။

“ ဖြစ်နိုင်တဲ့ မိုးရွာသွန်းမှုအမှတ်နဲ့ အမြင့်ဆုံးလေတိုက်ခတ်နူန်းတွေကို ခန့်မှန်းထုတ်ပြန်ပေး ထားပါ တယ်။ မုန်န်တိုင်းထိခိုက်နိုင်တဲ့ ဒေသက လူတွေကို အကြပြုချင်တာက အဲဒီဧရိယာကနေ ထွက်သွားဖို့၊ ပြင်ဆင်မှုတွေကို ဆောလျင်စွာလုပ်ဆောင်ကြဖို့နဲ့ ဒေသန္တရအာဏာပိုင်တွေက ပြောင်းရွေ့ဖို့လိုအပ်လာလို့ ညွှန်ကြားလာရင် လုပ်ဆောင်ပေးကြဖို့ပါဘဲ”လို့  အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟိုက်ဒီဆူဂါက သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းနေပေမယ့် ရေကြီးမှုတွေ မကြားရသေးသလိုထိခိုက်ဒဏ်ရာရမှုတွေကလည်း အနည်းငယ် လက်တစ်ဆုပ် စာသာ ရှိသေးပါတယ်။မုန်တိုင်းကြောင့်ဖြစ်တဲ့ မိုးရွာသွန်းမှုကြောင့် အသက်ကြီးကြီး အမျိုးသားတစ်ဦးဆိပ်ခံတံတားကနေ  ပင်လယ်ထဲပြုတ်ကျခဲ့လို့ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။

၂၀၁၈ ခုနှစ်တုန်းက အဆက်မပြတ်ရွာသွန်းတဲ့ မိုးကြောင့် ရေကြီးမှုတွေ၊ရေလွှမ်းမိုးမှုတွေဖြစ်ပွားပြီး ဂျပန်အနောက်ပိုင်းဒေသမှာ လူ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Linko
Ref:Reuters
တိုကျို၊သြဂုတ် ၁၅

(  Zawgyi  )

 အပူပိုင္းမုန္တိုင္း က႐ိုဆာေၾကာင့္ ဂ်ပန္အေနာက္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းေနၿပီး ေရႀကီးမႈေတြ ျဖစ္ေပၚကာ ရာနဲ႔ခ်ီတဲ့ ေလယာဥ္ ခရီးစဥ္ေတြ ၊ရထားခရီးစဥ္ေတြကို အာဏာပိုင္ေတြကဖ်က္သိမ္းခဲ့ရၿပီး ေဒသခံ သန္းတစ္ဝက္ကို ေ႐ႊ႕ေျပာင္းဖို႔ အာဏာပိုင္ေတြက အႀကံျပဳ ခဲ့ပါတယ္။

ဂ်ပန္အာဏာပိုင္ေတြက မိုး႐ြာသြန္းမႈေၾကာင့္ တခ်ိဳ႕ဧရိယာေတြမွာ ေသာၾကာေန႔ မနက္အထိ ၂၄ နာရီ အတြင္း မိုးေရခ်ိန္ ၃၉ လက္မ( ၁၀၀၀ မီလီမီတာ)ေက်ာ္လြန္ႏိုင္တဲ့အတြက္ ျမစ္ေဘးေနထိုင္သူေတြ အႏၲရာယ္နီးကပ္တဲ့အတြက္ ေဒသခံ ၅၈၄၁၀၀ ကိုေ႐ႊ႕ေျပာင္းဖို႔ သတိေပးထား ပါတယ္။

ခမာဘာသာစကားနဲ႔ ဝန္ခ်ီစက္လို႔ အမည္ရတဲ့ က႐ိုဆာမုန္တိုင္းဟာ  ဂ်ပန္အေနာက္ပိုင္း စီရင္စုေဒသျဖစ္တဲ့ ဟီ႐ိုရွီးမားကို တစ္နာရီ ၁၀၈ ကီလိုမီတာ (၆၇မိုင္)ႏူန္းကေန ၁၄၄ ကီလိုမီတာ (မိုင္ ၉၀) အထိ ေလျပင္းတိုက္ခတ္ႏိုင္တယ္လို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီက ဆိုပါတယ္။

“ ျဖစ္ႏိုင္တဲ့ မိုး႐ြာသြန္းမႈအမွတ္နဲ႔ အျမင့္ဆုံးေလတိုက္ခတ္ႏူန္းေတြကို ခန႔္မွန္းထုတ္ျပန္ေပး ထားပါ တယ္။ မုန္န္တိုင္းထိခိုက္ႏိုင္တဲ့ ေဒသက လူေတြကို အၾကျပဳခ်င္တာက အဲဒီဧရိယာကေန ထြက္သြားဖို႔၊ ျပင္ဆင္မႈေတြကို ေဆာလ်င္စြာလုပ္ေဆာင္ၾကဖို႔နဲ႔ ေဒသႏၲရအာဏာပိုင္ေတြက ေျပာင္းေ႐ြ႕ဖို႔လိုအပ္လာလို႔ ၫႊန္ၾကားလာရင္ လုပ္ေဆာင္ေပးၾကဖို႔ပါဘဲ”လို႔  အစိုးရအဖြဲ႕အတြင္းေရးမႉး ယိုရွီဟိုက္ဒီဆူဂါက သတင္းစာရွင္းလင္းပြဲ မွာ ေျပာခဲ့ပါတယ္။

မိုးသည္းထန္စြာ႐ြာသြန္းေနေပမယ့္ ေရႀကီးမႈေတြ မၾကားရေသးသလိုထိခိုက္ဒဏ္ရာရမႈေတြကလည္း အနည္းငယ္ လက္တစ္ဆုပ္ စာသာ ရွိေသးပါတယ္။မုန္တိုင္းေၾကာင့္ျဖစ္တဲ့ မိုး႐ြာသြန္းမႈေၾကာင့္ အသက္ႀကီးႀကီး အမ်ိဳးသားတစ္ဦးဆိပ္ခံတံတားကေန  ပင္လယ္ထဲျပဳတ္က်ခဲ့လို႔ စိုးရိမ္ရတဲ့ အေျခအေန ရွိေနပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက အဆက္မျပတ္႐ြာသြန္းတဲ့ မိုးေၾကာင့္ ေရႀကီးမႈေတြ၊ေရလႊမ္းမိုးမႈေတြျဖစ္ပြားၿပီး ဂ်ပန္အေနာက္ပိုင္းေဒသမွာ လူ၂၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

Linko
Ref:Reuters
တိုက်ိဳ၊ၾသဂုတ္ ၁၅