ဖိလစ်ပိုင်တောင်ပိုင်းတွင် ပြင်းအားကြီးငလျင် လှုပ်ခတ်

ဖိလစ်ပိုင်တောင်ပိုင်းတွင် ပြင်းအားကြီးငလျင် လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံ Davao မြို့အနီးတွင် တနင်္ဂနွေနေ့ကငလျင်တစ်ခုပြင်းထန်စွာလှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူတစ် ဦး သေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ငလျင်မှာ မင်ဒါနာအိုကျွန်းရှိ Davao မြို့၏အနောက်တောင်ဘက် ၆၀ ကီလိုမီတာ (၃၈ မိုင်)အကွာ မြေအောက် ၃၀ ကီလိုမီတာ (၁၈ မိုင်)ကိုဗဟိုပြုကာ ပြင်းအားရစ်ချ်တာစကေး ၆ဒသမ ၈ မဂ္ဂနီကျူဖြင့် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးက တိုင်းတာရရှိခဲ့ပြီး ကနဦးပိုင်း ထုတ်ပြန်ချက် များ အရ ပြင်းအား ၆ဒသမ ၉ လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်နာတာအိုမြို့တွင် ခြောက်နှစ်အရွယ်မိန်းကလေးတစ်ယောက် နံရံကိုပြိုကျ ပြီးသေဆုံး ခဲ့တယ်လို့ မင်နာတာအိုမြို့တော်ဝန် ဗင်းဆင့်ဖာနန်ဒက်ဇ်က ပြောခဲ့ပါတယ်။ အနောက်မြောက်ဘက်ရှိ ပါဒါဒါမြို့တွင် အဆောက်အဦးသုံးခုပြိုကျခဲ့ရာမှာ ပိတ်မိနေသူရှိ/မရှိ အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ ပြည်သူကာကွယ်ရေးရုံးအကြီးအကဲ ရီကာဒို ဂျာလက်က ဆိုပါတယ်။

ယခုပြင်းထန်စွာလှုပ်ခတ်ခြင်းအတွက် ပစိဖိတ်ဆူနာမိသတိပေးစင်တာက ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

Linko
Ref: aljazeera.com
မနီလာ၊ ဒီဇင်ဘာ ၁၅

(  Zawgyi  )

 ဖိလစ္ပိုင္ႏိုင္ငံ Davao ၿမိဳ႕အနီးတြင္ တနဂၤေႏြေန႔ကငလ်င္တစ္ခုျပင္းထန္စြာလႈပ္ခတ္ခဲ့သျဖင့္ အနည္းဆုံး လူတစ္ ဦး ေသဆုံးၿပီးအမ်ားအျပားဒဏ္ရာရရွိခဲ့ပါတယ္။

ငလ်င္မွာ မင္ဒါနာအိုကြၽန္းရွိ Davao ၿမိဳ႕၏အေနာက္ေတာင္ဘက္ ၆၀ ကီလိုမီတာ (၃၈ မိုင္)အကြာ ေျမေအာက္ ၃၀ ကီလိုမီတာ (၁၈ မိုင္)ကိုဗဟိုျပဳကာ ျပင္းအားရစ္ခ်္တာစေကး ၆ဒသမ ၈ မဂၢနီက်ဴျဖင့္ လႈပ္ခတ္ခဲ့တယ္လို႔ အေမရိကန္ဘူမိေဗဒတိုင္းတာေရးက တိုင္းတာရရွိခဲ့ၿပီး ကနဦးပိုင္း ထုတ္ျပန္ခ်က္ မ်ား အရ ျပင္းအား ၆ဒသမ ၉ လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဖိလစ္ပိုင္ေတာင္ပိုင္းရွိ မင္နာတာအိုၿမိဳ႕တြင္ ေျခာက္ႏွစ္အ႐ြယ္မိန္းကေလးတစ္ေယာက္ နံရံကိုၿပိဳက် ၿပီးေသဆုံး ခဲ့တယ္လို႔ မင္နာတာအိုၿမိဳ႕ေတာ္ဝန္ ဗင္းဆင့္ဖာနန္ဒက္ဇ္က ေျပာခဲ့ပါတယ္။ အေနာက္ေျမာက္ဘက္ရွိ ပါဒါဒါၿမိဳ႕တြင္ အေဆာက္အဦးသုံးခုၿပိဳက်ခဲ့ရာမွာ ပိတ္မိေနသူရွိ/မရွိ အာဏာပိုင္ေတြက စစ္ေဆးေနတယ္လို႔ ျပည္သူကာကြယ္ေရး႐ုံးအႀကီးအကဲ ရီကာဒို ဂ်ာလက္က ဆိုပါတယ္။

ယခုျပင္းထန္စြာလႈပ္ခတ္ျခင္းအတြက္ ပစိဖိတ္ဆူနာမိသတိေပးစင္တာက ဆူနာမီသတိေပးခ်က္ ထုတ္ျပန္ခဲ့ျခင္းမရွိပါဘူး။

Linko
Ref: aljazeera.com
မနီလာ၊ ဒီဇင္ဘာ ၁၅