ပြင်းအား ၆.၄ မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်လှုပ်ခတ်သဖြင့် အယ်ဘေးနီးယားတွင် လူ ၄ ဦး သေဆုံးကာ ရာနှင့်ချီဒဏ်ရာရ

ပြင်းအား ၆.၄ မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်လှုပ်ခတ်သဖြင့် အယ်ဘေးနီးယားတွင် လူ ၄ ဦး သေဆုံးကာ ရာနှင့်ချီဒဏ်ရာရ

ဆယ်စုနှစ်များအတွင်းအင်အားအကြီးဆုံးဖြစ်သည့် ပြင်းအား ၆.၄ ရှိငလျင်တစ်ခု အယ်လ်ဘေးနီးယားနိုင်ငံ တွင်အင်္ဂါနေ့က လှုပ်ခတ် ခဲ့ရာ အနည်းဆုံးလူလေး ဦး သေဆုံးပြီး ၁၅၀ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒဌာန တိုင်းတာချက် အရ ငလျင်မှာ တီရာနာမြို့တော်၏ အနောက်မြောက်မိုင် ၁၉ မိုင်အကွာကို ကို ဗဟိုပြုကာ ဒေသစံတော်ချိန် မနက် ၄ နာရီက လှုပ်ခတ်ခဲ့တာ လို့ဆိုပါတယ်။

 ကာကွယ်ရေး ဝန်ကြီးဌာနပြော ရေး ဆိုခွင့်ရှိသူက ကာဘင်မြို့မှာ ငလျငလှုပ်ခတ်ချိန်လူတစ်ဦးကြောက်လန့်ကာ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အတွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အခြားတစ်ဦးကတော့ တီရာနာကနေ အနောက်ဘက် မိုင်၂၀ အကွာ မှာရှိတဲ့ ဒူရက်စ်မြိုမှာ အဆောက်အဦးပြိုကျလို့ပိမိပြီးသေဆုံးခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေး အေဂျင်စီ က ဆိုပါတယ်။

သတင်းတွေအဆိုအရ ကယ်ဆယ်ရေးသမားများက အဆောက်အဦးပြိုကျမှုထဲပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့်နိုင်ငံတစ်ဝန်း အဆောက်အဦး များပြိုကျက်စီးခဲ့ကာ ဒေသခံများပြိုကျမှုထဲပိတ်မိခဲ့တယ် ဆိုပါတယ်။ အစိုးရပြောရေး ဆိုခွင့်ရှိသူနှစ်ဦးအဆိုအရ ဒူရက်စ်မြိုတွင် အဆောက်အဦးအများအပြား ပျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများစွာကိုမြို့တော်တီရာနာရှိ ဆေးရုံကို ပိုဆောင်ခဲ့ တယ်ဆိုပါတယ်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ငယ်များစွာလှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို အယ်လဘေးနီးယန်း ကမ်းရိုးတန်းတစ်လျှောက်နှင့် အီတလီတောင်ပိုင်း ပရူဂျီးယားထိခံစားခဲ့ရတယ်ဆိုပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်ကလှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၅ဒသမ ၆ အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ တဲ့အတွက် အဆောက်အအုံ ၅၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ ထိုငလျင်လှုပ်ခတ်ခဲ့စဉ်က ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ရာမှာ အဆိုပါစက်တင်ဘာလသလျင်မှာ အယ်လ်ဘေးနီးယားနိုင်ငံ၏ နှစ် ၃၀ သမိုင်းတစ်လျှောက် ပြင်းအားအပြင်းဆုံးငလျင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Linko
Ref:the daily beast.com
တီရာနာ၊ နိုဝင်ဘာ ၂၆ 

(  Zawgyi  )

 ဆယ္စုႏွစ္မ်ားအတြင္းအင္အားအႀကီးဆုံးျဖစ္သည့္ ျပင္းအား ၆.၄ ရွိငလ်င္တစ္ခု အယ္လ္ေဘးနီးယားႏိုင္ငံ တြင္အဂၤါေန႔က လႈပ္ခတ္ ခဲ့ရာ အနည္းဆုံးလူေလး ဦး ေသဆုံးၿပီး ၁၅၀ ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့ပါတယ္။ အေမရိကန္ ဘူမိေဗဒဌာန တိုင္းတာခ်က္ အရ ငလ်င္မွာ တီရာနာၿမိဳ႕ေတာ္၏ အေနာက္ေျမာက္မိုင္ ၁၉ မိုင္အကြာကို ကို ဗဟိုျပဳကာ ေဒသစံေတာ္ခ်ိန္ မနက္ ၄ နာရီက လႈပ္ခတ္ခဲ့တာ လို႔ဆိုပါတယ္။

 ကာကြယ္ေရး ဝန္ႀကီးဌာနေျပာ ေရး ဆိုခြင့္ရွိသူက ကာဘင္ၿမိဳ႕မွာ ငလ်ငလႈပ္ခတ္ခ်ိန္လူတစ္ဦးေၾကာက္လန႔္ကာ ျပတင္းေပါက္မွ ခုန္ခ်ခဲ့တဲ့ အတြက္ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။ အျခားတစ္ဦးကေတာ့ တီရာနာကေန အေနာက္ဘက္ မိုင္၂၀ အကြာ မွာရွိတဲ့ ဒူရက္စ္ၿမိဳမွာ အေဆာက္အဦးၿပိဳက်လို႔ပိမိၿပီးေသဆုံးခဲ့တယ္လို႔ အေရးေပၚကယ္ဆယ္ေရး ေအဂ်င္စီ က ဆိုပါတယ္။

သတင္းေတြအဆိုအရ ကယ္ဆယ္ေရးသမားမ်ားက အေဆာက္အဦးၿပိဳက်မႈထဲပိတ္မိေနသူေတြကို ကယ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ ငလ်င္ေၾကာင့္ႏိုင္ငံတစ္ဝန္း အေဆာက္အဦး မ်ားၿပိဳက်က္စီးခဲ့ကာ ေဒသခံမ်ားၿပိဳက်မႈထဲပိတ္မိခဲ့တယ္ ဆိုပါတယ္။ အစိုးရေျပာေရး ဆိုခြင့္ရွိသူႏွစ္ဦးအဆိုအရ ဒူရက္စ္ၿမိဳတြင္ အေဆာက္အဦးအမ်ားအျပား ပ်က္ဆီးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူမ်ားစြာကိုၿမိဳ႕ေတာ္တီရာနာရွိ ေဆး႐ုံကို ပိုေဆာင္ခဲ့ တယ္ဆိုပါတယ္။

ငလ်င္ႀကီးလႈပ္ခတ္ၿပီးေနာက္ ငလ်င္ငယ္မ်ားစြာလႈပ္ခတ္ခဲ့ၿပီး ငလ်င္လႈပ္ခတ္မႈကို အယ္လေဘးနီးယန္း ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ အီတလီေတာင္ပိုင္း ပ႐ူဂ်ီးယားထိခံစားခဲ့ရတယ္ဆိုပါတယ္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၂၁ ရက္ကလႈပ္ခတ္ခဲ့သည့္ ရစ္ခ်္တာစေကး ၅ဒသမ ၆ အဆင့္ရွိငလ်င္တစ္ခုလႈပ္ခတ္ခဲ့ တဲ့အတြက္ အေဆာက္အအုံ ၅၀၀ ေက်ာ္ ပ်က္စီးခဲ့ရပါတယ္။ ထိုငလ်င္လႈပ္ခတ္ခဲ့စဥ္က ကာကြယ္ေရးဝန္ႀကီးဌာနကထုတ္ျပန္ခဲ့ရာမွာ အဆိုပါစက္တင္ဘာလသလ်င္မွာ အယ္လ္ေဘးနီးယားႏိုင္ငံ၏ ႏွစ္ ၃၀ သမိုင္းတစ္ေလွ်ာက္ ျပင္းအားအျပင္းဆုံးငလ်င္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

Linko
Ref:the daily beast.com
တီရာနာ၊ ႏိုဝင္ဘာ ၂၆