ဆော်ဒီအိမ်ရှေ့မင်းသားက အစ္စရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံဖွယ်ရှိ

ဆော်ဒီအိမ်ရှေ့မင်းသားက အစ္စရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံဖွယ်ရှိ

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သ်ည အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် မကြာမီ တွေ့ဆုံဖွယ်ရှိကြောင်း ဂျူးသတင်းစင်ဒီကိတ် (JNS) က ဖော်ပြပါတယ်။ “မတ်လ ၂ ရက် အစ္စရေးရွေးကောက်ပွဲ မတိုင်မီ မြို့တော်ကိုင်ရိုမှာ တွေ့ဆုံဖို့ အရေးပါတဲ့ ဆွေးနွေးမှုတွေကို အမေရိကန်၊ အစ္စရေး၊ အီဂျစ်နဲ့ ဆော်ဒီ အစိုးရတာဝန်ရှိသူတွေ ယခု လုပ်ဆောင် နေပါတယ်။အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဆော်ဒီအိမ်ရှေ့မင်းသားတို့ဟာလည်း ကိုင်ရိုမြို့မှာ တွေ့ဆုံပါ လိမ့်မယ်” ဟု အာရပ် အကြီးတန်း သံတမန်ရင်းမြစ်များကို ကိုးကား၍ JNS က ဖော်ပြခဲ့ပါတယ်။

ယင်းတွေ့ဆုံပွဲသို့ အိမ်ရှင် အီဂျစ်အစိုးရအပါအဝင် အမေရိကန်၊ အစ္စရေး၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဆူဒန်၊ ဘာရိန်းနှင့် အိုမန်နိုင်ငံမှ ခေါင်းဆောင်များလည်း တက်ရောက်ဖွယ်ရှိပါတယ်။ဂျော်ဒန်ဘရာ အဗ္ဗဒူလာ (၂) က အဆိုပါ ဆွေးနွေးပွဲသို့ ဖိတ်ကြားမှုကို တက်ရောက်ရန် ငြင်းဆိုထားပြီး ၎င်းအနေဖြင့် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်ကိုလည်း တက်ရောက်စေလိုပါတယ်။
ယင်းသတင်းကို ပါလက်စတိုင်း ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုထားသလို ၎င်းတို့အနေဖြင့် ဖိတ်ကြားမှုများကို ငြင်းဆိုသွား မည်ဖြစ်ပြီး အမေရိကန်ကို ဆက်လက်ကန့်ကွက်၍ အစ္စရေးနှင့် သံတမန်အဆက် အသွယ်ကို ဆက်လက်ဖြတ်တောက် ထားမည် ဖြစ်ကြောင်း ပြောကြားပါတယ်။

ဒေသတွင်း တင်းမာမှုများကို လျော့ကျစေကာ သံတမန်ဆက်ဆံရေး အခြေအနေ တိုးတက် ကောင်းမွန်စေရေးအတွက် ယခုဆွေးနွေး ပွဲသည် အာဘတ်စ်နှင့် ပါလက်စတိုင်းအရာရှိများအတွက် နောက်ဆုံး အခွင့်အရေးဖြစ်ကြောင်း အမေရိကန်က တိုက်တွန်းခဲ့သည်ဟု ပါလက်စတိုင်း တာဝန်ရှိသူများက ပြောကြားပါတယ်။ယင်းဆွေးနွေးပွဲ အပြီးတွင် သမ္မတထရမ့်က အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်ရန် စီစဉ်ထားပါတယ်။

Linko
Ref: Telesur
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၁

(  Zawgyi  )

 ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္သ္ည အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုႏွင့္ အီဂ်စ္ႏိုင္ငံ၊ ကိုင္႐ိုၿမိဳ႕တြင္ မၾကာမီ ေတြ႕ဆုံဖြယ္ရွိေၾကာင္း ဂ်ဴးသတင္းစင္ဒီကိတ္ (JNS) က ေဖာ္ျပပါတယ္။ “မတ္လ ၂ ရက္ အစၥေရးေ႐ြးေကာက္ပြဲ မတိုင္မီ ၿမိဳ႕ေတာ္ကိုင္႐ိုမွာ ေတြ႕ဆုံဖို႔ အေရးပါတဲ့ ေဆြးေႏြးမႈေတြကို အေမရိကန္၊ အစၥေရး၊ အီဂ်စ္နဲ႔ ေဆာ္ဒီ အစိုးရတာဝန္ရွိသူေတြ ယခု လုပ္ေဆာင္ ေနပါတယ္။အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုနဲ႔ ေဆာ္ဒီအိမ္ေရွ႕မင္းသားတို႔ဟာလည္း ကိုင္႐ိုၿမိဳ႕မွာ ေတြ႕ဆုံပါ လိမ့္မယ္” ဟု အာရပ္ အႀကီးတန္း သံတမန္ရင္းျမစ္မ်ားကို ကိုးကား၍ JNS က ေဖာ္ျပခဲ့ပါတယ္။

ယင္းေတြ႕ဆုံပြဲသို႔ အိမ္ရွင္ အီဂ်စ္အစိုးရအပါအဝင္ အေမရိကန္၊ အစၥေရး၊ ေဆာ္ဒီအာေရဗ်၊ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ၊ ဆူဒန္၊ ဘာရိန္းႏွင့္ အိုမန္ႏိုင္ငံမွ ေခါင္းေဆာင္မ်ားလည္း တက္ေရာက္ဖြယ္ရွိပါတယ္။ေဂ်ာ္ဒန္ဘရာ အဗၺဒူလာ (၂) က အဆိုပါ ေဆြးေႏြးပြဲသို႔ ဖိတ္ၾကားမႈကို တက္ေရာက္ရန္ ျငင္းဆိုထားၿပီး ၎အေနျဖင့္ ပါလက္စတိုင္းေခါင္းေဆာင္ မာမြတ္အာဘတ္စ္ကိုလည္း တက္ေရာက္ေစလိုပါတယ္။
ယင္းသတင္းကို ပါလက္စတိုင္း ထိပ္တန္းအရာရွိတစ္ဦးက အတည္ျပဳထားသလို ၎တို႔အေနျဖင့္ ဖိတ္ၾကားမႈမ်ားကို ျငင္းဆိုသြား မည္ျဖစ္ၿပီး အေမရိကန္ကို ဆက္လက္ကန႔္ကြက္၍ အစၥေရးႏွင့္ သံတမန္အဆက္ အသြယ္ကို ဆက္လက္ျဖတ္ေတာက္ ထားမည္ ျဖစ္ေၾကာင္း ေျပာၾကားပါတယ္။

ေဒသတြင္း တင္းမာမႈမ်ားကို ေလ်ာ့က်ေစကာ သံတမန္ဆက္ဆံေရး အေျခအေန တိုးတက္ ေကာင္းမြန္ေစေရးအတြက္ ယခုေဆြးေႏြး ပြဲသည္ အာဘတ္စ္ႏွင့္ ပါလက္စတိုင္းအရာရွိမ်ားအတြက္ ေနာက္ဆုံး အခြင့္အေရးျဖစ္ေၾကာင္း အေမရိကန္က တိုက္တြန္းခဲ့သည္ဟု ပါလက္စတိုင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။ယင္းေဆြးေႏြးပြဲ အၿပီးတြင္ သမၼတထရမ့္က အစၥေရးႏွင့္ ပါလက္စတိုင္းတို႔အတြက္ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို ထုတ္ျပန္ရန္ စီစဥ္ထားပါတယ္။

Linko
Ref: Telesur
ရီယာ့ဒ္၊ ေဖေဖာ္ဝါရီ ၁၁