ကိုရိုနာဗိုင်းရပ်ကူးစက်မှုအပေါ် အမေရိကန်တွင် ၉/၁၁ တိုက်ခိုက်မှုကဲ့သို့ စိုးရိမ်နေ

ကိုရိုနာဗိုင်းရပ်ကူးစက်မှုအပေါ် အမေရိကန်တွင် ၉/၁၁ တိုက်ခိုက်မှုကဲ့သို့ စိုးရိမ်နေ

ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါကြောင့် ကမ္ဘာ့ဒေသ အနှံ့အပြားရှိ ပြည်သူများအနေဖြင့် မည်သည့်အချိန်ထိ ကြာမြင့်မည်မှန်းမသိရသော မမြင်ရသည့် အန္တရာယ်အား အကူအညီမဲ့စွာ ရင်ဆိုင်နေရပါတယ်။

စီးပွားရေး၊ လူမှုရေး ကျန်းမာရေးပြဿနာများကို ကြုံတွေ့နေရသည့် ပြည်သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားနေရချိန်တွင် စိတ်ကုထုံး ပညာရှင်များကလည်း အားပေးမှုများကို လုပ်ဆောင်လျှက်ရှိကြပါတယ်။

“လူတွေ အရမ်းကို စိုးရိမ် ပူပန်နေကြပါပြီ” ဟု ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယား မြို့တော်အခြေစိုက်  စိတ်ပညာရှင် ဆွန်ညာလော့က ပြောပါတယ်။ “ဒီလို အဖြစ်အပျက်မျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ ပြောမပြနိုင်လောက်အောင်  ထိတ်လန့်စရာ ကောင်းပါတယ်”ကပ်ရောဂါသည် နေရာတိုင်းတွင် ဖြစ်ပွားနေသောကြောင့် ကမ္ဘာပေါ်မှ အခြားသူများကဲ့သို့ပင် အမေရိကန်များသည်လည်း ဆုံးရှုံးမှု အများအပြားကို ကြုံတွေ့နေရပါတယ်ဟု ၎င်းက ပြောပါတယ်။

“အခုဖြစ်ပွားတဲ့ ကမ္ဘာ့ကပ်ရောဂါက အမေရိကန်အတွက်တော့ ၉/၁၁ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် နီးပါးလို ကြုံတွေ့နေရပါတယ်” ဟု လော့က ပြောပါတယ်။“၉/၁၁ တုန်းက ကျွန်မတို့တွေ အိမ်ကနေ ထွက်ပြေးကြရတာတောင်မှ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက် နှစ်သိမ့်နိုင်ကြ ပါတယ်။ အခုတော့ အိမ်မှာ အတူတူ ရှိနေကြတာတောင် မပွေ့ဖက်နိုင်ကြပါဘူး” ဟု လည်း ပြောပါတယ်။

Kaiser Family Foundation က ဧပြီ ၂ ရက်တွင် ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်အရ ဗိုင်းရပ်သည် အမေရိကန် ပြည်သူထက်ဝက်နီးပါးခန့်အား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။

Linko
Ref: AFP
ဝါရှင်တန်၊ ဧပြီ ၃

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ ကူးစက္ေရာဂါေၾကာင့္ ကမာၻ႔ေဒသ အႏွံ႔အျပားရွိ ျပည္သူမ်ားအေနျဖင့္ မည္သည့္အခ်ိန္ထိ ၾကာျမင့္မည္မွန္းမသိရေသာ မျမင္ရသည့္ အႏၲရာယ္အား အကူအညီမဲ့စြာ ရင္ဆိုင္ေနရပါတယ္။

စီးပြားေရး၊ လူမႈေရး က်န္းမာေရးျပႆနာမ်ားကို ႀကဳံေတြ႕ေနရသည့္ ျပည္သူမ်ားအေနျဖင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈမ်ားကို ခံစားေနရခ်ိန္တြင္ စိတ္ကုထုံး ပညာရွင္မ်ားကလည္း အားေပးမႈမ်ားကို လုပ္ေဆာင္လွ်က္ရွိၾကပါတယ္။

“လူေတြ အရမ္းကို စိုးရိမ္ ပူပန္ေနၾကပါၿပီ” ဟု ပင္ဆယ္ေဗးနီးယားျပည္နယ္၊ ဖီလာဒဲဖီးယား ၿမိဳ႕ေတာ္အေျခစိုက္  စိတ္ပညာရွင္ ဆြန္ညာေလာ့က ေျပာပါတယ္။ “ဒီလို အျဖစ္အပ်က္မ်ိဳး ဘယ္တုန္းကမွ မျဖစ္ခဲ့ဘူးလို႔ ေျပာမျပႏိုင္ေလာက္ေအာင္  ထိတ္လန႔္စရာ ေကာင္းပါတယ္”ကပ္ေရာဂါသည္ ေနရာတိုင္းတြင္ ျဖစ္ပြားေနေသာေၾကာင့္ ကမာၻေပၚမွ အျခားသူမ်ားကဲ့သို႔ပင္ အေမရိကန္မ်ားသည္လည္း ဆုံးရႈံးမႈ အမ်ားအျပားကို ႀကဳံေတြ႕ေနရပါတယ္ဟု ၎က ေျပာပါတယ္။

“အခုျဖစ္ပြားတဲ့ ကမာၻ႔ကပ္ေရာဂါက အေမရိကန္အတြက္ေတာ့ ၉/၁၁ တိုက္ခိုက္ခံရတဲ့ ျဖစ္စဥ္ နီးပါးလို ႀကဳံေတြ႕ေနရပါတယ္” ဟု ေလာ့က ေျပာပါတယ္။“၉/၁၁ တုန္းက ကြၽန္မတို႔ေတြ အိမ္ကေန ထြက္ေျပးၾကရတာေတာင္မွ တစ္ေယာက္ကို တစ္ေယာက္ ေပြ႕ဖက္ ႏွစ္သိမ့္ႏိုင္ၾက ပါတယ္။ အခုေတာ့ အိမ္မွာ အတူတူ ရွိေနၾကတာေတာင္ မေပြ႕ဖက္ႏိုင္ၾကပါဘူး” ဟု လည္း ေျပာပါတယ္။

Kaiser Family Foundation က ဧၿပီ ၂ ရက္တြင္ ထုတ္ျပန္သည့္ စစ္တမ္းတစ္ရပ္အရ ဗိုင္းရပ္သည္ အေမရိကန္ ျပည္သူထက္ဝက္နီးပါးခန႔္အား စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈမ်ား ျဖစ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

Linko
Ref: AFP
ဝါရွင္တန္၊ ဧၿပီ ၃