၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု ကန်ဒေါ်လာ ငါးဘီလျံကျော်ရှိ

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု ကန်ဒေါ်လာ ငါးဘီလျံကျော်ရှိ

ယခုဘဏ္ဍာနှစ် ပထမသုံးလကျော်ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရာတွင် အမေရိကန်ဒေါ် လာ ငါးဘီလျံကျော် ပမာဏရှိပြီး လုပ်ငန်းသုံးကုန်ပစ္စည်း တင်သွင်းမှုက အများဆုံးပမာဏဖြစ်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ကာလတူ ပုံမှန်/နယ်စပ် ပြည်ပသွင်းကုန် အုပ်စုအလိုက် နှိုင်းယှဉ်တင်ပြခြင်း (ပြည်ပသွင်းကုန် အုပ်စုအလိုက် ကာလတူနှိုင်းယှဉ်တင်ပြခြင်း စာရင်းများ) အရ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ပထမသုံးလကျော်ကာလဖြစ်သည့် အောက်တိုဘာလမှ ဇန်နဝါရီ ၁၀ ရက်အတွင်း တင်သွင်းခဲ့သည့် ကုန်ပစ္စည်းတန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၅၃၈၁ ဒသမ ၆၅၈ သန်းရှိခဲ့ပြီး ထိုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်သွင်းခဲ့သည့် ပမာဏ (ကန်ဒေါ်လာ ၄၉၄၄ ဒသမ ၆၇၄ သန်း) ထက် ကန်ဒေါ်လာ သန်း ၄၃၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၈၁ ဒသမ ၉၂၇ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ ၁၉၆၅  ဒသမ ၉၈၁ သန်း၊ လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၉၆၁ ဒသမ ၅၅၇သန်းဖိုးနှင့် CMP မှ အမေရိကန်ဒေါ်လာ ၆၇၂ ဒသမ ၁၉၃ သန်း ပမာဏရှိတဲ့ ကုန်ပစ္စည်းများ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၈၀၅၉ ဒသမ ၉၃၈ သန်းရှိခဲ့ပြီး အဆိုပါပမာဏထဲတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွင် အမေရိကန်ဒေါ်လာ ၅၇၄၀ ဒသမ ၂၁၈ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွင် အမေရိကန်ဒေါ်လာ ၆၆၅၃ ဒသမ ၅၅၂ သန်း၊ လူသုံးကုန်ပစ္စည်းတွင် အမေရိကန်ဒေါ်လာ ၃၂၉၄ ဒသမ ၅၂၄ သန်းဖိုးနှင့် CMP တန်ဖိုးပမာဏတွင် အမေရိကန်ဒေါ်လာ ၂၃၇၁ ဒသမ ၆၄၄ သန်း ရှိခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇန်နဝါရီ - ၂၁
( Zawgyi )
ယခုဘ႑ာႏွစ္ ပထမသုံးလေက်ာ္ကာလအတြင္း ျပည္ပမွ ကုန္ပစၥည္းတင္သြင္းရာတြင္ အေမရိကန္ေဒၚ လာ ငါးဘီလ်ံေက်ာ္ ပမာဏရွိၿပီး လုပ္ငန္းသုံးကုန္ပစၥည္း တင္သြင္းမႈက အမ်ားဆုံးပမာဏျဖစ္ခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ကာလတူ ပုံမွန္/နယ္စပ္ ျပည္ပသြင္းကုန္ အုပ္စုအလိုက္ ႏႈိင္းယွဥ္တင္ျပျခင္း (ျပည္ပသြင္းကုန္ အုပ္စုအလိုက္ ကာလတူႏႈိင္းယွဥ္တင္ျပျခင္း စာရင္းမ်ား) အရ သိရပါတယ္။

ယခုဘ႑ာႏွစ္ ပထမသုံးလေက်ာ္ကာလျဖစ္သည့္ ေအာက္တိုဘာလမွ ဇန္နဝါရီ ၁၀ ရက္အတြင္း တင္သြင္းခဲ့သည့္ ကုန္ပစၥည္းတန္ဖိုးပမာဏမွာ အေမရိကန္ေဒၚလာ ၅၃၈၁ ဒသမ ၆၅၈ သန္းရွိခဲ့ၿပီး ထိုပမာဏမွာ ယခင္ဘ႑ာႏွစ္ ကာလတူအတြင္း တင္သြင္းခဲ့သည့္ ပမာဏ (ကန္ေဒၚလာ ၄၉၄၄ ဒသမ ၆၇၄ သန္း) ထက္ ကန္ေဒၚလာ သန္း ၄၃၀ ေက်ာ္ ပိုမိုတင္သြင္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ထိုသို႔တင္သြင္းရာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္း အေမရိကန္ေဒၚလာ ၁၇၈၁ ဒသမ ၉၂၇ သန္း၊ လုပ္ငန္းသုံး ကုန္ၾကမ္းပစၥည္း အေမရိကန္ေဒၚလာ ၁၉၆၅  ဒသမ ၉၈၁ သန္း၊ လူသုံးကုန္ပစၥည္း အေမရိကန္ေဒၚလာ ၉၆၁ ဒသမ ၅၅၇သန္းဖိုးႏွင့္ CMP မွ အေမရိကန္ေဒၚလာ ၆၇၂ ဒသမ ၁၉၃ သန္း ပမာဏရွိတဲ့ ကုန္ပစၥည္းမ်ား တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္က ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈမွာ အေမရိကန္ေဒၚလာ ၁၈၀၅၉ ဒသမ ၉၃၈ သန္းရွိခဲ့ၿပီး အဆိုပါပမာဏထဲတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းတြင္ အေမရိကန္ေဒၚလာ ၅၇၄၀ ဒသမ ၂၁၈ သန္း၊ လုပ္ငန္းသုံး ကုန္ၾကမ္းပစၥည္းတြင္ အေမရိကန္ေဒၚလာ ၆၆၅၃ ဒသမ ၅၅၂ သန္း၊ လူသုံးကုန္ပစၥည္းတြင္ အေမရိကန္ေဒၚလာ ၃၂၉၄ ဒသမ ၅၂၄ သန္းဖိုးႏွင့္ CMP တန္ဖိုးပမာဏတြင္ အေမရိကန္ေဒၚလာ ၂၃၇၁ ဒသမ ၆၄၄ သန္း ရွိခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇန္နဝါရီ - ၂၁