【 ဆောင်းပါး】 “စဉ်လာတူနွှဲ လကဆုန်ပွဲ”

 【 ဆောင်းပါး】 “စဉ်လာတူနွှဲ လကဆုန်ပွဲ”

ကဆုန်လသည် မြန်မာ့ပြက္ခဒိန်၏ ဒုတိယမြောက်လဖြစ်သည်။
ကဆုန်လဟူသော အမည်နှင့်စပ်လျဉ်း၍ ဝေါဟာရလိနတ္ထဒီပနီ၌ ''ကံဥဒကံဆိန္ဒ တီတိကဆိနံ'' ဟု ဝဓနတ္ထရသည်။သောမာသော-အကြင်လသည်၊ ကံဥဒကံ-ရေကို၊ ဆိန္ဒတိ-ဖြတ်တတ်၏။
ဣတိတသ္မာ-ထို့ကြောင့်၊ သောမာသော-ထိုလသည်၊ ကဆိနံ-ကဆုန် မည်၏။မြစ်၊ ကန်၊ ချောင်း၊ အင်း၊ အိုင်တို့၌ ရေပြတ်၊ ရေစစ်သော လကို ဆိုလိုခြင်းဖြစ်သည်။

ရှေးသူဟောင်းများက "ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့" ဟု မှတ်တမ်းပြုထားခဲ့ကြသည်။ကဆုန်လ၏ အဓိပ္ပာယ်နှင့် ပတ်သက်၍ ပုဂံကျောက်စာများ၌ အဓိပ္ပာယ်ပြည့်စုံစွာ ရေးထိုးမှတ်တမ်းတင်ခဲ့သည်။ဝေါဟာရ လီနတ္ထဒီပနီကျမ်းတွင် ကန်၊ ချောင်း၊ ဆည်၊ မြောင်း၊ အင်း၊ အိုင်တို့၌ ရေပြတ်၊ ရေစစ်သော လဟုလည်းကောင်း၊ မြန်မာလအမည်များ စာအုပ်တွင် ရေလောင်းလ၊ ရေသွန်းလောင်းသောလ၊ ရေဖျန်းလဟု လည်းကောင်း အသီးသီးကောက်ယူဖွင့်ဆိုကြသည်။

ကဆုန်လတွင် ဝိသာခါနက္ခတ်နှင့် လမင်း ယှဉ်ပြိုင်ပေါ်ထွက်လာသည်။ရာသီပန်းအနေဖြင့် စကားဝါပန်းဖြစ်ပြီး နွေပီပီ အပူရှိန်ပြင်းလှသည်။ကဆုန်ကို စာဆို လူဦးမင်း က ကဆုန်လဖွဲ့ လေးချိုး၌ “သွတ်သွင်းလေပြည်၊ ခွေလက်ယာလည်သော့ခါ၊ ပန်းရည်ပျော့မှိန်ပြာမှာ၊ တိမ်မိလ္လာကြွလှိုင်းငယ်နှင့် ရှစ်တိုင်းဆင်ပုံ ခန့်ပါဘိ၊ သောင်းမြန့်တစ်ခို” ဟူ၍ တစ်ဖုံ၊ “ဖီလာပုည၊ နံကိုင်းစသည်၊ သီတာလက်ရန်း၊ ကြက်နှစ်နန်းက၊ ကွက်ဆန်းလျှပ်ငုံ၊ တသုန်သုန်နှင့် ကုန်ကုန်နွဲှသီ၊ ကဆုန်ပီကို၊ ရူဠီနတ်ကယ်၊ ငြိမ့်တန်းခြယ်လို့၊ လှယ်တညွန့်ညွန့်၊ သည်းသို့သာ သွန်တော့တယ်" ဟူ၍ ရေးဖွဲ့ခဲ့ပါတယ်။

ရတုဘုရင် နတ်ရှင်နောင်ကလည်း စစ်ချီရတုပိုဒ်စုံ၌ “ပေါ်နွေလလျှင်၊ တောင်ကခြိမ့်ခြူး၊ မင်းလွင်ဦးနှင့် ပျံ့ဖြူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို” ဟူ၍ နေပြည်တော်၌ ကျန်ရစ်ခဲ့သော ချစ်သူကို တမ်းတကာ စပ်ဆိုခဲ့ပါတယ်။

မဟာအတုလမင်းကြီးကလည်း “မြူခြေငယ်စွန်းပါလို့၊ နေဝန်းငယ်စက်ရှိန်း၊ တောက်လောင်ငယ်ထိန်သည်၊ ဖလ်သူရိန်တေဇာကြောင့် ပူဗျာပါကဲ့တဲ့လကိုလေး၊ ရာသီငယ်ပြိဿမဟေသီလဲ ရွေညီခလို့---။ပန်းမြစံကားဝါ၊ ဝိသာခါနှင့် တာရာခြံရံ၊ စန်းငွေယုန်ဖန်သည့်နှယ်---၊ ဆဒ္ဒန်ပိုင့်ဘွေဘုံမှာ လကဆုန် ညောင်ရေသွန်းပွဲပေမို့၊ သဲလှတယ်လေး" ဟူ၍ ကဆုန်လကို လွမ်းခြင်းဖြင့် ပုံရိပ်ဖော်ခဲ့သည်။

ကဆုန်လပြည့်နေ့တွင် အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့် (သောကြာနေ့) ဝယ် လုမ္ဗိနီဥယျာဉ်တွင် ဖွားမြင်တော်မူသည်။ထိုကဆုန်လတွင်ပင် မြတ်ဘုရားရှင် သစ္စာလေးပါး မြတ်တရားကို ရရှိတော်မူရာဖြစ်သည့် မဟာဗောဓိပင် ပေါက်သောနေ့ဖြစ်သည်။ဗောဓိပင်မှာ ''ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဌက၊ ဗုဒ္ဓဟေ'' ဆိုအပ်သည့် ဗောဓိပင်သည် မြတ်ဘုရားရှင်၏ ဖွားဖက်တော် ခုနစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

အလောင်းတော် သိဒ္ဓိတ္ထမင်းသားသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သစ္စာလေးပါး မြတ်တရားကို ပိုင်ပိုင်ထင်ထင် သိမြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။မြတ်စွာဘုရားသည် ဝါတော်လေးဆယ့်ငါး၊ သက်တော်ရှစ်ဆယ်၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ကုဿိန္ဒာရုံပြည်၊ မလ္လမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ဤသို့ ''ဗျာဒိတ်၊ ဖွား-မြင်၊ ဗောဓိပင်၊ စံဝင် နန်းနိဗ္ဗာန်'' ဟူသော စကားစဉ်အရ ဗုဒ္ဓဝင်တွင်ပါရှိသော ကဆုန်လပြည့်၊ နေ့ထူးနေ့မြတ်ကို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့် နောက်ပိုင်းတွင် ကုလသမဂ္ဂက (ဗုဒ္ဓနေ့) ဘုရားနေ့ဟု သတ်မှတ်ခဲ့ကာ တစ်ကမ္ဘာလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီးလည်းဖြစ်သည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဘုရားနေ့) သို့ ကျရောက်သည့်အခါတိုင်း ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေအမွှေး၊ နံ့သာရည် စသည်တို့ သွန်းလောင်းပူဇော်ခြင်းကြသည်။ဗောဓိပင်အား ပူဇော်သူများသည် ကုသိုလ်ထူးကြသည်။အသနဗောဓိယ မထေရ်လောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ နတ်သားဖြစ်ရသည်။
စကြာမင်းဖြစ်ရသည်။အပါယ်ဘေးမှ လွတ်ကင်းရသည် စသည့်အကျိုးကျေးဇူးများကို ရရှိသည်။ဂန္ဓောဒက တိသာမထေရ်လောင်းသည် ပဒုမုတ္ထရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရည်ဖြင့် သွန်းလောင်းသော ကုသိုလ်ကြောင့် နတ်ပြည်၌ နတ်ဖြစ်ရခြင်း၊ အနာရောဂါကင်းရှင်းခြင်း၊ သောကကင်းဝေးခြင်း စသည့် အကျိုးကျေးဇူးများကို အသီးသီးခံစားကြရသည်။

မဟာဗောဓိပင်သည် ဘုရားရှင်၏ သင်္ကေတဖြစ်သည်။ဗောဓိပင်ကို ဘုရားရှင်သည် ဘုရားဖြစ်တော်မူစကပင် ခုနစ်ရက်ပတ်လုံး မမှိတ်မသုန် ကြည့်တော်မူခြင်းဖြင့် ကျေးဇူးဆပ်တော်မူသည်။
ဇေတဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် လူအများက ဘုရားရှင်ထံ လာရောက်ဖူးမြော်ကြသည့်အခါ ဒေသစာရ ကြွချီတော်မူခိုက်နှင့်ကြုံ၍ မဖူးမြှော်ရသည့်အခါ ဘုရားရှင်သည် မိမိကိုယ်စား အဖူးအမြော်ခံနိုင်ရန် မူလဗောဓိပင်မှ မျိုးစေ့ကို ဆောင်ယူစိုက်စေပြီး ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ရုတ်ချည်းပေါက်လာသော ထိုညောင်ပင်အောက်၌ ဘုရားရှင်သည် တစ်ညတာ နိရောဓသမာပါတ် ဝင်စားတော်မူသည်။

ပသေနဒီကောသလမင်းကြီး၊ အနာထပိဏ်သူဌေး၊ ပုဏ္ဏား၊ သူဌေးသူကြွယ်၊ ကုန်သည်လယ်လုပ်တို့သည် ထိုမဟာဗောဓိပင်ကို ဘုရားရှင် ကိုယ်တော်တိုင်အလား ပန်း၊နံ့သာ၊ ဆီမီး စသည်တို့ကို နေ့စဉ်ပူဇော်ကြသည်။ပူရှိန်ပြင်းသည့် ကဆုန်လသို့ ရောက်သောအခါ မင်းနှင့်ပြည်သူတို့သည် မဟာဗောဓိပင် မညှိုးလျော်စေရန် ရေသွန်းပူဇော်ပွဲသဘင်ကို ကျင်းပကြ၏။
ထိုအချိန်မှစ၍ ကဆုန်ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာဟန်ရှိသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ မဟာဗောဓိပင်ကို ရေသွန်းသော ယဉ်ကျေးမှုဓလေ့သည် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်စ အလွန်ရှေးကျသော ခေတ်ကပင် ရောက်လာခဲ့လိမ့်မည်ဟု ခန့်မှန်းရသည်။မြန်မာနိုင်ငံတွင် ပုဂံခေတ်ကတည်းကပင် ညောင်ရေသွန်းပွဲတော်များ ကျင်းပနေပြီဖြစ်သည်။
ညောင်ရေသွန်းပွဲတော်သည် ကဆုန်လ၏ ရာသီပွဲတော်သာမက ဘာသာရေးပွဲတော်လည်းဖြစ်သည်။ဗုဒ္ဓပူဇနိယပွဲတော်များအနက် မဟာဗောဓိပူဇာပွဲတော်ဖြစ်သည်။ဗုဒ္ဓသာသနာ ထွန်းကားရာနေရာတိုင်း၌ ''သာသနာတော်အစ မဟာဗောဓိပင်က'' ဟူသော တူညီသော ရည်ရွယ်ချက်ဖြင့် မဟာဗောဓိပင်အား ဘုရားရှင် ကိုယ်တိုင်အလား အမွှေးနံ့သာရေများဖြင့် သွန်းလောင်းပူဇော်ကြသည်။

မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရသည့် ဗောဓိပင်စိုက်ပျိုးသည့် ကာလမှာ သက္ကရာဇ် ၅၃၆ ခုနှစ်တွင် အလောင်းစည်သူ၏ မြေးတော် နရပတိစည်သူ လက်ထက်တွင် ပေါင်းလောင်းရှင် အရှင်ပဿမထေရ်မြတ်က သီဟိုဠ်မှ ဗောဓိပင်ညောင်စေ့များကို ယူဆောင်ကာ နရပတိစည်သူမင်းအား ပေး၍ စိုက်တော်မူခြင်းပင်ဖြစ်သည်။သက္ကရာဇ် ၇၀၂ ခုနှစ် ပင်းယခေတ်တွင် ဥဇနာမင်းကြီးသည် ဗောဓိပင်စိုက်တော်မူခဲ့သည်။
ထိုအထောက်အထားအရ ပုဂံခေတ်တွင် ညောင်ရေသွန်းကြ၍ မဟာဗောဓိပင်များ ရှိနေပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။

ထေရဝါဒ မြန်မာနိုင်ငံတွင်လည်း ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ညောင်ရေသွန်းလောင်းမည့်သူများသည် ဗောဓိပင်အနီး၌ သံဃာတော်များထံမှ ငါးပါးသီလခံယူကာ ''အနေကဇာတိသံသာရံ'' အစချီဥဒါန်းဂါထာများနှင့် ''ဇယန္တောဗောဓိယာမူလေ'' စသည့် သံဃာတော်များ ရွတ်ဆိုတော်မူကြသော အာသီသဂါထာများ နာယူကြရသည်။ထို့နောက် အမွှေး၊ နံ့သာရေတို့ဖြင့် ဗောဓိပင်ကို ဝန်းရံလျက် သွန်းလောင်းကြရသည်။

မန္တလေးမြို့ ဗောဓိကုန်းအရပ်ရှိ မင်းတုန်းမင်းတရားကြီး စိုက်ပျိုးတော်မူခဲ့ သော မဟာဗောဓိပင်ပူဇော်ပွဲနှင့် အမရပူရမြို့ ရွှေကြက်ယက်ဘုရား ညောင်ရေသွန်းပွဲတော်မှာ လွန်စွာစည်ကားလှပေသည်။ရန်ကုန်တွင် ရွှေတိဂုံစေတီတော်၊ ကမ္ဘာအေးစေတီတော် စသည်တို့တွင် ညောင်ရေသွန်းပွဲကို စည်ကားစွာ ကျင်းပကြသည်။

ယနေ့ခေတ်တွင်တော့ ဘာသာရေး လေ့လာလိုက်စားမှု နည်းလာသည်နှင့်အမျှ ရပ်ရွာများရှိ ဘုရားစေတီကျောင်းကန်များတွင် စိုက်ပျိုးထားသည့် ဗောဓိညောင်များကို ကဆုန်လတွင် ညောင်ရေသွန်းသည့် အစဉ်အလာက တဖြေးဖြေးလျော့နည်းလာခဲ့သည်။တန်ခိုးကြီး ဘုရားပုထိုးစေတီများတွင်သာ ညောင်ရေသွန်းပွဲ အစဉ်အလာကို တခမ်းတနားပြုလုပ်ကြသည်ကို တွေ့ရတော့သည်။

ကဆုန်လပြည်နေ့ကို နိုင်ငံတကာက ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ထားသည်ကို သိသည့်လူက နည်းလာလေပြီ။
ခေတ်မီတိုးတက်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှု ကူးလူးဆက်နွယ်မှုများကြောင့် နောင်ဆို ကဆုန်လတွင် ညောင်ရေသွန်းပွဲရှိသည်ကို ပြောပြမှသိမည့် အခြေအနေသို့ နီးစပ်လာလေပြီ။ထိုသို့မဖြစ်အောင် နောက်လူတွေကို ဘာသာတရား၏ ကောင်းမြတ်သော အစဉ်အလာ ကျင့်ကြံမှုများနှင့် ထိတွေ့မှုရှိအောင် လက်တွဲခေါ်ဆောင်မှ ရတော့မည်ဖြစ်ပေသည်။

ဖြိုးဝေလှ
မတ် - ၁၈

(  Zawgyi  )

 ကဆုန္လသည္ ျမန္မာ့ျပကၡဒိန္၏ ဒုတိယေျမာက္လျဖစ္သည္။
ကဆုန္လဟူေသာ အမည္ႏွင့္စပ္လ်ဥ္း၍ ေဝါဟာရလိနတၳဒီပနီ၌ ''ကံဥဒကံဆိႏၵ တီတိကဆိနံ'' ဟု ဝဓနတၳရသည္။ေသာမာေသာ-အၾကင္လသည္၊ ကံဥဒကံ-ေရကို၊ ဆိႏၵတိ-ျဖတ္တတ္၏။
ဣတိတသၼာ-ထို႔ေၾကာင့္၊ ေသာမာေသာ-ထိုလသည္၊ ကဆိနံ-ကဆုန္ မည္၏။ျမစ္၊ ကန္၊ ေခ်ာင္း၊ အင္း၊ အိုင္တို႔၌ ေရျပတ္၊ ေရစစ္ေသာ လကို ဆိုလိုျခင္းျဖစ္သည္။

ေရွးသူေဟာင္းမ်ားက "ကဆုန္အတြင္း၊ ေျမသင္းပ်ံ႕ပ်ံ႕၊ မိုးႏွံ႔ႏွံ႔" ဟု မွတ္တမ္းျပဳထားခဲ့ၾကသည္။ကဆုန္လ၏ အဓိပၸာယ္ႏွင့္ ပတ္သက္၍ ပုဂံေက်ာက္စာမ်ား၌ အဓိပၸာယ္ျပည့္စုံစြာ ေရးထိုးမွတ္တမ္းတင္ခဲ့သည္။ေဝါဟာရ လီနတၳဒီပနီက်မ္းတြင္ ကန္၊ ေခ်ာင္း၊ ဆည္၊ ေျမာင္း၊ အင္း၊ အိုင္တို႔၌ ေရျပတ္၊ ေရစစ္ေသာ လဟုလည္းေကာင္း၊ ျမန္မာလအမည္မ်ား စာအုပ္တြင္ ေရေလာင္းလ၊ ေရသြန္းေလာင္းေသာလ၊ ေရဖ်န္းလဟု လည္းေကာင္း အသီးသီးေကာက္ယူဖြင့္ဆိုၾကသည္။

ကဆုန္လတြင္ ဝိသာခါနကၡတ္ႏွင့္ လမင္း ယွဥ္ၿပိဳင္ေပၚထြက္လာသည္။ရာသီပန္းအေနျဖင့္ စကားဝါပန္းျဖစ္ၿပီး ေႏြပီပီ အပူရွိန္ျပင္းလွသည္။ကဆုန္ကို စာဆို လူဦးမင္း က ကဆုန္လဖြဲ႕ ေလးခ်ိဳး၌ “သြတ္သြင္းေလျပည္၊ ေခြလက္ယာလည္ေသာ့ခါ၊ ပန္းရည္ေပ်ာ့မွိန္ျပာမွာ၊ တိမ္မိလႅာႂကြလႈိင္းငယ္ႏွင့္ ရွစ္တိုင္းဆင္ပုံ ခန႔္ပါဘိ၊ ေသာင္းျမန႔္တစ္ခို” ဟူ၍ တစ္ဖုံ၊ “ဖီလာပုည၊ နံကိုင္းစသည္၊ သီတာလက္ရန္း၊ ၾကက္ႏွစ္နန္းက၊ ကြက္ဆန္းလွ်ပ္ငုံ၊ တသုန္သုန္ႏွင့္ ကုန္ကုန္ႏြဲွသီ၊ ကဆုန္ပီကို၊ ႐ူဠီနတ္ကယ္၊ ၿငိမ့္တန္းျခယ္လို႔၊ လွယ္တၫြန႔္ၫြန႔္၊ သည္းသို႔သာ သြန္ေတာ့တယ္" ဟူ၍ ေရးဖြဲ႕ခဲ့ပါတယ္။

ရတုဘုရင္ နတ္ရွင္ေနာင္ကလည္း စစ္ခ်ီရတုပိုဒ္စုံ၌ “ေပၚေႏြလလွ်င္၊ ေတာင္ကၿခိမ့္ျခဴး၊ မင္းလြင္ဦးႏွင့္ ပ်ံ႕ျဖဴးခ်ဳပ္ဆိုင္း၊ မုန္တိုင္းဆင္လို တိမ္ညိဳမႈိင္းထပ္၊ ျပက္လွ်ပ္ျပကာ စိမ္းဝါမိုးပန္း၊ ေထြေထြစြန္းက၊ ေရသြန္းသာၾကည္၊ ေပ်ာ္ရမည္ကို” ဟူ၍ ေနျပည္ေတာ္၌ က်န္ရစ္ခဲ့ေသာ ခ်စ္သူကို တမ္းတကာ စပ္ဆိုခဲ့ပါတယ္။

မဟာအတုလမင္းႀကီးကလည္း “ျမဴေျခငယ္စြန္းပါလို႔၊ ေနဝန္းငယ္စက္ရွိန္း၊ ေတာက္ေလာင္ငယ္ထိန္သည္၊ ဖလ္သူရိန္ေတဇာေၾကာင့္ ပူဗ်ာပါကဲ့တဲ့လကိုေလး၊ ရာသီငယ္ၿပိႆမေဟသီလဲ ေ႐ြညီခလို႔---။ပန္းျမစံကားဝါ၊ ဝိသာခါႏွင့္ တာရာၿခံရံ၊ စန္းေငြယုန္ဖန္သည့္ႏွယ္---၊ ဆဒၵန္ပိုင့္ေဘြဘုံမွာ လကဆုန္ ေညာင္ေရသြန္းပြဲေပမို႔၊ သဲလွတယ္ေလး" ဟူ၍ ကဆုန္လကို လြမ္းျခင္းျဖင့္ ပုံရိပ္ေဖာ္ခဲ့သည္။

ကဆုန္လျပည့္ေန႔တြင္ အေလာင္းေတာ္ သိဒၶတၳမင္းသားသည္ မဟာသကၠရာဇ္ ၆၈ ခုႏွစ္၊ ကဆုန္လျပည့္ (ေသာၾကာေန႔) ဝယ္ လုမၺိနီဥယ်ာဥ္တြင္ ဖြားျမင္ေတာ္မူသည္။ထိုကဆုန္လတြင္ပင္ ျမတ္ဘုရားရွင္ သစၥာေလးပါး ျမတ္တရားကို ရရွိေတာ္မူရာျဖစ္သည့္ မဟာေဗာဓိပင္ ေပါက္ေသာေန႔ျဖစ္သည္။ေဗာဓိပင္မွာ ''ကာဠဳ၊ ယေသာ္၊ ညီေတာ္၊ ဆႏၵ၊ ကဏၭက၊ ဗုဒၶေဟ'' ဆိုအပ္သည့္ ေဗာဓိပင္သည္ ျမတ္ဘုရားရွင္၏ ဖြားဖက္ေတာ္ ခုနစ္ပါးတြင္ တစ္ပါးအပါအဝင္ ျဖစ္သည္။

အေလာင္းေတာ္ သိဒၶိတၳမင္းသားသည္ မဟာသကၠရာဇ္ ၁ဝ၃ ခုႏွစ္၊ ကဆုန္လျပည့္ေန႔ ဗုဒၶဟူးေန႔တြင္ သစၥာေလးပါး ျမတ္တရားကို ပိုင္ပိုင္ထင္ထင္ သိျမင္ေတာ္မူ၍ ဘုရားအျဖစ္သို႔ ေရာက္ရွိေတာ္မူခဲ့သည္။ျမတ္စြာဘုရားသည္ ဝါေတာ္ေလးဆယ့္ငါး၊ သက္ေတာ္ရွစ္ဆယ္၊ မဟာသကၠရာဇ္ ၁၄၈ ခုႏွစ္၊ ကဆုန္လျပည့္၊ အဂၤါေန႔တြင္ ကုႆိႏၵာ႐ုံျပည္၊ မလႅမင္းတို႔၏ ဥယ်ာဥ္၌ ပရိနိဗၺာန္စံေတာ္မူခဲ့၏။ဤသို႔ ''ဗ်ာဒိတ္၊ ဖြား-ျမင္၊ ေဗာဓိပင္၊ စံဝင္ နန္းနိဗၺာန္'' ဟူေသာ စကားစဥ္အရ ဗုဒၶဝင္တြင္ပါရွိေသာ ကဆုန္လျပည့္၊ ေန႔ထူးေန႔ျမတ္ကို ဒုတိယကမာၻစစ္ႀကီး ၿပီးဆုံးသည့္ ေနာက္ပိုင္းတြင္ ကုလသမဂၢက (ဗုဒၶေန႔) ဘုရားေန႔ဟု သတ္မွတ္ခဲ့ကာ တစ္ကမာၻလုံး ႐ုံးပိတ္ရက္အျဖစ္ သတ္မွတ္ထားၿပီးလည္းျဖစ္သည္။

ကဆုန္လျပည့္ ဗုဒၶေန႔ (ဘုရားေန႔) သို႔ က်ေရာက္သည့္အခါတိုင္း ဗုဒၶဘာသာဝင္ သူေတာ္စင္တို႔အေနျဖင့္ ပရိေဘာဂေစတီထိုက္ေသာ ေဗာဓိပင္ကို ေရအေမႊး၊ နံ႔သာရည္ စသည္တို႔ သြန္းေလာင္းပူေဇာ္ျခင္းၾကသည္။ေဗာဓိပင္အား ပူေဇာ္သူမ်ားသည္ ကုသိုလ္ထူးၾကသည္။အသနေဗာဓိယ မေထရ္ေလာင္းသည္ တိႆဘုရားရွင္၏ ေဗာဓိပင္ကို စိုက္ပ်ိဳးပူေဇာ္ရေသာ ကုသိုလ္ေၾကာင့္ နတ္ျပည္၌ နတ္သားျဖစ္ရသည္။
စၾကာမင္းျဖစ္ရသည္။အပါယ္ေဘးမွ လြတ္ကင္းရသည္ စသည့္အက်ိဳးေက်းဇူးမ်ားကို ရရွိသည္။ဂေႏၶာဒက တိသာမေထရ္ေလာင္းသည္ ပဒုမုတၳရဘုရားရွင္၏ ေဗာဓိပင္ကို နံ႔သာရည္ျဖင့္ သြန္းေလာင္းေသာ ကုသိုလ္ေၾကာင့္ နတ္ျပည္၌ နတ္ျဖစ္ရျခင္း၊ အနာေရာဂါကင္းရွင္းျခင္း၊ ေသာကကင္းေဝးျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားကို အသီးသီးခံစားၾကရသည္။

မဟာေဗာဓိပင္သည္ ဘုရားရွင္၏ သေကၤတျဖစ္သည္။ေဗာဓိပင္ကို ဘုရားရွင္သည္ ဘုရားျဖစ္ေတာ္မူစကပင္ ခုနစ္ရက္ပတ္လုံး မမွိတ္မသုန္ ၾကည့္ေတာ္မူျခင္းျဖင့္ ေက်းဇူးဆပ္ေတာ္မူသည္။
ေဇတဝန္ေက်ာင္းေတာ္၌ ဘုရားရွင္ သီတင္းသုံးေတာ္မူစဥ္ လူအမ်ားက ဘုရားရွင္ထံ လာေရာက္ဖူးေျမာ္ၾကသည့္အခါ ေဒသစာရ ႂကြခ်ီေတာ္မူခိုက္ႏွင့္ႀကဳံ၍ မဖူးေျမႇာ္ရသည့္အခါ ဘုရားရွင္သည္ မိမိကိုယ္စား အဖူးအေျမာ္ခံႏိုင္ရန္ မူလေဗာဓိပင္မွ မ်ိဳးေစ့ကို ေဆာင္ယူစိုက္ေစၿပီး ဘုရားရွင္၏ တန္ခိုးေတာ္ေၾကာင့္ ႐ုတ္ခ်ည္းေပါက္လာေသာ ထိုေညာင္ပင္ေအာက္၌ ဘုရားရွင္သည္ တစ္ညတာ နိေရာဓသမာပါတ္ ဝင္စားေတာ္မူသည္။

ပေသနဒီေကာသလမင္းႀကီး၊ အနာထပိဏ္သူေဌး၊ ပုဏၰား၊ သူေဌးသူႂကြယ္၊ ကုန္သည္လယ္လုပ္တို႔သည္ ထိုမဟာေဗာဓိပင္ကို ဘုရားရွင္ ကိုယ္ေတာ္တိုင္အလား ပန္း၊နံ႔သာ၊ ဆီမီး စသည္တို႔ကို ေန႔စဥ္ပူေဇာ္ၾကသည္။ပူရွိန္ျပင္းသည့္ ကဆုန္လသို႔ ေရာက္ေသာအခါ မင္းႏွင့္ျပည္သူတို႔သည္ မဟာေဗာဓိပင္ မညႇိဳးေလ်ာ္ေစရန္ ေရသြန္းပူေဇာ္ပြဲသဘင္ကို က်င္းပၾက၏။
ထိုအခ်ိန္မွစ၍ ကဆုန္ေညာင္ေရသြန္းပြဲေတာ္ ေပၚေပါက္လာဟန္ရွိသည္။

ျမန္မာဗုဒၶဘာသာဝင္တို႔၏ မဟာေဗာဓိပင္ကို ေရသြန္းေသာ ယဥ္ေက်းမႈဓေလ့သည္ ျမန္မာႏိုင္ငံသို႔ ဗုဒၶသာသနာေတာ္ ေရာက္စ အလြန္ေရွးက်ေသာ ေခတ္ကပင္ ေရာက္လာခဲ့လိမ့္မည္ဟု ခန႔္မွန္းရသည္။ျမန္မာႏိုင္ငံတြင္ ပုဂံေခတ္ကတည္းကပင္ ေညာင္ေရသြန္းပြဲေတာ္မ်ား က်င္းပေနၿပီျဖစ္သည္။
ေညာင္ေရသြန္းပြဲေတာ္သည္ ကဆုန္လ၏ ရာသီပြဲေတာ္သာမက ဘာသာေရးပြဲေတာ္လည္းျဖစ္သည္။ဗုဒၶပူဇနိယပြဲေတာ္မ်ားအနက္ မဟာေဗာဓိပူဇာပြဲေတာ္ျဖစ္သည္။ဗုဒၶသာသနာ ထြန္းကားရာေနရာတိုင္း၌ ''သာသနာေတာ္အစ မဟာေဗာဓိပင္က'' ဟူေသာ တူညီေသာ ရည္႐ြယ္ခ်က္ျဖင့္ မဟာေဗာဓိပင္အား ဘုရားရွင္ ကိုယ္တိုင္အလား အေမႊးနံ႔သာေရမ်ားျဖင့္ သြန္းေလာင္းပူေဇာ္ၾကသည္။

ျမန္မာႏိုင္ငံတြင္ အေစာဆုံးေတြ႕ရသည့္ ေဗာဓိပင္စိုက္ပ်ိဳးသည့္ ကာလမွာ သကၠရာဇ္ ၅၃၆ ခုႏွစ္တြင္ အေလာင္းစည္သူ၏ ေျမးေတာ္ နရပတိစည္သူ လက္ထက္တြင္ ေပါင္းေလာင္းရွင္ အရွင္ပႆမေထရ္ျမတ္က သီဟိုဠ္မွ ေဗာဓိပင္ေညာင္ေစ့မ်ားကို ယူေဆာင္ကာ နရပတိစည္သူမင္းအား ေပး၍ စိုက္ေတာ္မူျခင္းပင္ျဖစ္သည္။သကၠရာဇ္ ၇၀၂ ခုႏွစ္ ပင္းယေခတ္တြင္ ဥဇနာမင္းႀကီးသည္ ေဗာဓိပင္စိုက္ေတာ္မူခဲ့သည္။
ထိုအေထာက္အထားအရ ပုဂံေခတ္တြင္ ေညာင္ေရသြန္းၾက၍ မဟာေဗာဓိပင္မ်ား ရွိေနၿပီျဖစ္ေၾကာင္း ေလ့လာသိရွိရသည္။

ေထရဝါဒ ျမန္မာႏိုင္ငံတြင္လည္း ေညာင္ေရသြန္းပြဲေတာ္ကို ႏွစ္စဥ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပၾကသည္။
ေညာင္ေရသြန္းေလာင္းမည့္သူမ်ားသည္ ေဗာဓိပင္အနီး၌ သံဃာေတာ္မ်ားထံမွ ငါးပါးသီလခံယူကာ ''အေနကဇာတိသံသာရံ'' အစခ်ီဥဒါန္းဂါထာမ်ားႏွင့္ ''ဇယေႏၲာေဗာဓိယာမူေလ'' စသည့္ သံဃာေတာ္မ်ား ႐ြတ္ဆိုေတာ္မူၾကေသာ အာသီသဂါထာမ်ား နာယူၾကရသည္။ထို႔ေနာက္ အေမႊး၊ နံ႔သာေရတို႔ျဖင့္ ေဗာဓိပင္ကို ဝန္းရံလ်က္ သြန္းေလာင္းၾကရသည္။

မႏၲေလးၿမိဳ႕ ေဗာဓိကုန္းအရပ္ရွိ မင္းတုန္းမင္းတရားႀကီး စိုက္ပ်ိဳးေတာ္မူခဲ့ ေသာ မဟာေဗာဓိပင္ပူေဇာ္ပြဲႏွင့္ အမရပူရၿမိဳ႕ ေ႐ႊၾကက္ယက္ဘုရား ေညာင္ေရသြန္းပြဲေတာ္မွာ လြန္စြာစည္ကားလွေပသည္။ရန္ကုန္တြင္ ေ႐ႊတိဂုံေစတီေတာ္၊ ကမာၻေအးေစတီေတာ္ စသည္တို႔တြင္ ေညာင္ေရသြန္းပြဲကို စည္ကားစြာ က်င္းပၾကသည္။

ယေန႔ေခတ္တြင္ေတာ့ ဘာသာေရး ေလ့လာလိုက္စားမႈ နည္းလာသည္ႏွင့္အမွ် ရပ္႐ြာမ်ားရွိ ဘုရားေစတီေက်ာင္းကန္မ်ားတြင္ စိုက္ပ်ိဳးထားသည့္ ေဗာဓိေညာင္မ်ားကို ကဆုန္လတြင္ ေညာင္ေရသြန္းသည့္ အစဥ္အလာက တေျဖးေျဖးေလ်ာ့နည္းလာခဲ့သည္။တန္ခိုးႀကီး ဘုရားပုထိုးေစတီမ်ားတြင္သာ ေညာင္ေရသြန္းပြဲ အစဥ္အလာကို တခမ္းတနားျပဳလုပ္ၾကသည္ကို ေတြ႕ရေတာ့သည္။

ကဆုန္လျပည္ေန႔ကို ႏိုင္ငံတကာက ဗုဒၶေန႔အျဖစ္ သတ္မွတ္ထားသည္ကို သိသည့္လူက နည္းလာေလၿပီ။
ေခတ္မီတိုးတက္သည့္ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ ယဥ္ေက်းမႈ ကူးလူးဆက္ႏြယ္မႈမ်ားေၾကာင့္ ေနာင္ဆို ကဆုန္လတြင္ ေညာင္ေရသြန္းပြဲရွိသည္ကို ေျပာျပမွသိမည့္ အေျခအေနသို႔ နီးစပ္လာေလၿပီ။ထိုသို႔မျဖစ္ေအာင္ ေနာက္လူေတြကို ဘာသာတရား၏ ေကာင္းျမတ္ေသာ အစဥ္အလာ က်င့္ႀကံမႈမ်ားႏွင့္ ထိေတြ႕မႈရွိေအာင္ လက္တြဲေခၚေဆာင္မွ ရေတာ့မည္ျဖစ္ေပသည္။

ၿဖိဳးေဝလွ
မတ္ - ၁၈