Home Stay ပရိသတ်များပျော်ရွှင်ကြည်နူးအောင် ဟာသလေးများနဲ့ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ တေးသံရှင် လွှမ်းပိုင်

Home Stay ပရိသတ်များပျော်ရွှင်ကြည်နူးအောင် ဟာသလေးများနဲ့ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ တေးသံရှင် လွှမ်းပိုင်

ယခုရက်ပိုင်းထဲ COVID 19 ကြောင့် အပြင်ထွက်ရန်ကြောက်ရွံ့ကာ Home Stay နေတဲ့ ပရိသတ်တွေအနေနဲ့ ပျော်ရွှင် ကြည်နူးစေဖို့ လူမှုကွန်ရက်တွေပေါ်ကနေ ဟာသလေးတွေနဲ့ ဖျော်ဖြေသွားနိုင်အောင် စီစဉ်ထားတယ်လို့ တေးသံရှင် လွှမ်းပိုင်က ပြောပါတယ်။

“ကျွန်တော်တို့ Rap လေးတွေနဲ့ စီစဉ်ထားတယ်၊ အိမ်ထဲမှာနေရင်း ကျွန်တော်တို့ ထုတ်လွှင့် တာလေးကို ကြည့်တဲ့အခါ မပျင်းရဘဲ ပျော်ရွှင်ကြည်နူးစေဖို့ ရည်ရွယ်ထားပါတယ်၊ မဟုတ်ရင် တော်တော်လေး ငြီးငွေ့စရာကောင်းမှာပါ၊ ဒါကြောင့်လည်း အပျင်းလည်းပြေကြအောင် ကျွန်တော်တို့ သူငယ်ချင်းတွေ ပေါင်းပြီးတော့ စီစဉ်ထားတာ ဖြစ်ပါတယ်”လို့ တေးသံရှင် လွှမ်းပိုင်က ရှင်းပြပါတယ်။

သူဟာ လူငယ်အကြိုက် တေးသံရှင်တစ်ဦးလည်းဖြစ်သလို ပရိတ်သတ်တွေရဲ့ နှစ်ခြိုက် အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အပြင်ထွက်ဖို့ စိုးရိမ်နေတာကြောင့် နေအိမ်ထဲမှာနေရင်း တေးသီချင်းတွေကို ပြင်ဆင်ထားသလို Live လွှင့်ပြီး တင်ဆက်သွားနိုင်ဖို့ လည်း ပြင်ဆင်ထားကာ သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကြက်ဖ၊ ယုန်လေး၊ နေဝင်းတို့နဲ့ တိုင်ပင် ထားတာတွေရှိတာကြောင့် မကြာခင် တင်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၆

(  Zawgyi  )

 ယခုရက္ပိုင္းထဲ COVID 19 ေၾကာင့္ အျပင္ထြက္ရန္ေၾကာက္႐ြံ႕ကာ Home Stay ေနတဲ့ ပရိသတ္ေတြအေနနဲ႔ ေပ်ာ္႐ႊင္ ၾကည္ႏူးေစဖို႔ လူမႈကြန္ရက္ေတြေပၚကေန ဟာသေလးေတြနဲ႔ ေဖ်ာ္ေျဖသြားႏိုင္ေအာင္ စီစဥ္ထားတယ္လို႔ ေတးသံရွင္ လႊမ္းပိုင္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ Rap ေလးေတြနဲ႔ စီစဥ္ထားတယ္၊ အိမ္ထဲမွာေနရင္း ကြၽန္ေတာ္တို႔ ထုတ္လႊင့္ တာေလးကို ၾကည့္တဲ့အခါ မပ်င္းရဘဲ ေပ်ာ္႐ႊင္ၾကည္ႏူးေစဖို႔ ရည္႐ြယ္ထားပါတယ္၊ မဟုတ္ရင္ ေတာ္ေတာ္ေလး ၿငီးေငြ႕စရာေကာင္းမွာပါ၊ ဒါေၾကာင့္လည္း အပ်င္းလည္းေျပၾကေအာင္ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ ေပါင္းၿပီးေတာ့ စီစဥ္ထားတာ ျဖစ္ပါတယ္”လို႔ ေတးသံရွင္ လႊမ္းပိုင္က ရွင္းျပပါတယ္။

သူဟာ လူငယ္အႀကိဳက္ ေတးသံရွင္တစ္ဦးလည္းျဖစ္သလို ပရိတ္သတ္ေတြရဲ႕ ႏွစ္ၿခိဳက္ အားေပးမႈကို ရရွိထားသူျဖစ္ပါတယ္။ သူကိုယ္တိုင္လည္း အျပင္ထြက္ဖို႔ စိုးရိမ္ေနတာေၾကာင့္ ေနအိမ္ထဲမွာေနရင္း ေတးသီခ်င္းေတြကို ျပင္ဆင္ထားသလို Live လႊင့္ၿပီး တင္ဆက္သြားႏိုင္ဖို႔ လည္း ျပင္ဆင္ထားကာ သူ႔ရဲ႕သူငယ္ခ်င္းေတြျဖစ္တဲ့ ၾကက္ဖ၊ ယုန္ေလး၊ ေနဝင္းတို႔နဲ႔ တိုင္ပင္ ထားတာေတြရွိတာေၾကာင့္ မၾကာခင္ တင္ဆက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၆