【 နည်းပညာ 】Xiaomiရဲ့ဒုတိယမြောက် 5G စမတ်ဖုန်း

 【  နည်းပညာ  】Xiaomiရဲ့ဒုတိယမြောက် 5G စမတ်ဖုန်း

5G ကွန်ယက် နည်းပညာဟာ ကမ္ဘာအနှံ့မှာ တွင်ကျယ်လာတာနဲ့အမျှ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီအများကြီးတွေဟာလည်း 5G ကွန်ယက် ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြတာကို မြင်တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ Note 10 series မှာလည်း 5G version ပါဝင်ခဲအသလို အခြားသော အမှတ် တံဆိပ်တွေဖြစ်တဲ့ Huawei, Oppo, One Plus, Xiaomi တို့မှလည်း 5G ကွန်ယက် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေကို အသီးသီး ထုတ်လုပ် ခဲ့ကြပါ တယ်။

ယခုအခါမှာတော့ တရုတ်ရဲ့ နာမည်ကျော် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Xiaomi မှ Mi Mix 3 5G ထုတ်လုပ်ခဲ့အပြီး ဒုတိယမြောက် 5G ကွန်ယက် ထောက်ပံ့ပေးနိုင်မယ့် စမတ်ဖုန်းကို မိတ်ဆက်သွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါ သတင်းကို Xiaomi ကိုယ်တိုင် တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာ 5G စမတ်ဖုန်းရဲ့ Certificates တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေ ကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ Xiaomi ရဲ့ နောက်ဆုံး flagship ဖြစ်တဲ့ Mi 9 series ထဲကို မျိုးဆက် သစ်တစ်ခု ထပ်မံပေါင်းထည့်မယ်လို့ သတင်းတွေ ထွက်ပေါ်ထားတဲ့အတွက် Mi 9S 5G ဖြစ်ဖို့များတယ်လို့လည်း ခန့်မှန်းလျက် ရှိပါတယ်။

Mi 9S 5G မှာတော့ ဒီဇိုင်းပိုင်းအရ အထွေအထူး ပြောင်းလဲလာဖွယ်မရှိပဲ ယခင်ထွက်ရှိခဲ့တဲ့ Mi 9 ကို specs မြှင့်တင်ပြီး 5G ကွန်ယက် ထောက်ပံ့ပေးနိုင်အောင် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။နောက်ဆုံးပေါ် Snapdragon 855+ SoC နဲ့ မောင်းနှင်သွားမှာဖြစ်ပြီး၊ ဘက်ထရီပမာဏ 4,000 mAh နဲ့ 45W မြန်နှုန်းမြှင့် အားသွင်းစနစ်တို့ကို အဆင့်မြှင့်တင်ထားမယ်လို့ သိရပါတယ်။

အခြားသော အသေးစိတ် အချက်အလက်တွေကိုတော့ သိရှိရခြင်း မရှိသေးပဲ စက်တင်ဘာလလောက်မှာ မိတ်ဆက်သွားဖွယ်ရှိပြီး တရုတ်ပြည်တွင်းမှာလည်း မှတ်ပုံတင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 5G ကြန္ယက္ နည္းပညာဟာ ကမာၻအႏွံ႔မွာ တြင္က်ယ္လာတာနဲ႔အမွ် စမတ္ဖုန္း ထုတ္လုပ္တဲ့ ကုမၸဏီအမ်ားႀကီးေတြဟာလည္း 5G ကြန္ယက္ ေထာက္ပံ့ေပးႏိုင္တဲ့ စမတ္ဖုန္းေတြကို အၿပိဳင္အဆိုင္ ထုတ္လုပ္လာၾကတာကို ျမင္ေတြ႕ရပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းကပဲ မိတ္ဆက္ခဲ့တဲ့ Samsung ရဲ႕ Note 10 series မွာလည္း 5G version ပါဝင္ခဲအသလို အျခားေသာ အမွတ္ တံဆိပ္ေတြျဖစ္တဲ့ Huawei, Oppo, One Plus, Xiaomi တို႔မွလည္း 5G ကြန္ယက္ အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေတြကို အသီးသီး ထုတ္လုပ္ ခဲ့ၾကပါ တယ္။

ယခုအခါမွာေတာ့ တ႐ုတ္ရဲ႕ နာမည္ေက်ာ္ စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီႀကီးျဖစ္တဲ့ Xiaomi မွ Mi Mix 3 5G ထုတ္လုပ္ခဲ့အၿပီး ဒုတိယေျမာက္ 5G ကြန္ယက္ ေထာက္ပံ့ေပးႏိုင္မယ့္ စမတ္ဖုန္းကို မိတ္ဆက္သြားေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။အဆိုပါ သတင္းကို Xiaomi ကိုယ္တိုင္ တ႐ုတ္လူမႈကြန္ယက္ Weibo ေပၚမွာ 5G စမတ္ဖုန္းရဲ႕ Certificates ေတြကို ထုတ္ျပန္ခဲ့တာျဖစ္ၿပီး အေသးစိတ္ အခ်က္အလက္ေတြ ကိုေတာ့ ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။ဒါေပမယ့္ လြန္ခဲ့တဲ့ ရက္ပိုင္းကေတာ့ Xiaomi ရဲ႕ ေနာက္ဆုံး flagship ျဖစ္တဲ့ Mi 9 series ထဲကို မ်ိဳးဆက္ သစ္တစ္ခု ထပ္မံေပါင္းထည့္မယ္လို႔ သတင္းေတြ ထြက္ေပၚထားတဲ့အတြက္ Mi 9S 5G ျဖစ္ဖို႔မ်ားတယ္လို႔လည္း ခန႔္မွန္းလ်က္ ရွိပါတယ္။

Mi 9S 5G မွာေတာ့ ဒီဇိုင္းပိုင္းအရ အေထြအထူး ေျပာင္းလဲလာဖြယ္မရွိပဲ ယခင္ထြက္ရွိခဲ့တဲ့ Mi 9 ကို specs ျမႇင့္တင္ၿပီး 5G ကြန္ယက္ ေထာက္ပံ့ေပးႏိုင္ေအာင္ ျပဳလုပ္ထားမွာ ျဖစ္ပါတယ္။ေနာက္ဆုံးေပၚ Snapdragon 855+ SoC နဲ႔ ေမာင္းႏွင္သြားမွာျဖစ္ၿပီး၊ ဘက္ထရီပမာဏ 4,000 mAh နဲ႔ 45W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္တို႔ကို အဆင့္ျမႇင့္တင္ထားမယ္လို႔ သိရပါတယ္။

အျခားေသာ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ သိရွိရျခင္း မရွိေသးပဲ စက္တင္ဘာလေလာက္မွာ မိတ္ဆက္သြားဖြယ္ရွိၿပီး တ႐ုတ္ျပည္တြင္းမွာလည္း မွတ္ပုံတင္ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

Damien