【 နည်းပညာ 】အသံမက်ဆေ့ အသုံးပြုနိုင်တော့မယ့် Twitter

【 နည်းပညာ 】အသံမက်ဆေ့ အသုံးပြုနိုင်တော့မယ့် Twitter

နာမည်ကျော် လူမှုကွန်ယက်ဝဘ်ဆိုက်ကြီး Twitter ကတော့ ၎င်းရဲ့ လူမှုကွန်ယက်ပေါ်မှာ စွမ်းဆောင်ရည်တစ်ခုကို ထပ်မံမြှင့်တင်ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။

Twitter ထပ်မံပေါင်းထည့်လိုက်တဲ့ စွမ်းဆောင်ရည်ကတော့ သင့်မိတ်ဆွေအပေါင်းအသင်းတွေ တင်ထားတဲ့ tweets အကြောင်းအရာ‌တွေမှာ အသံမက်ဆေ့ကို မှတ်ချက်ပြန်ပေးသွားနိုင်တော့မှာ ဖြစ်ပါတယ်။

ယခင်ကတော့ Twitter မှာ တင်ထားတဲ့ tweets တွေမှာ မှတ်ချက်ပြန်ပေးလိုရင် စာသားကိုသာ ရေးပြီး tweet မှတ်ချက်ပြန်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ယခုတော့ အသံမက်ဆေ့ ပြန်ပေးနိုင်ပါပြီ။ စိတ်မကောင်းစရာတစ်ခုကတော့ အသံမက်ဆေ့ ပြန်ပေးနိုင်တာက IOS ထုတ်ကုန်တွေမှာပဲ ရရှိ ဦးမှာဖြစ်ပါတယ်။

အကယ်၍ tweet အကြောင်းအရာတစ်ခုကို အသံမက်ဆေ့ မှတ်ချက်ပေးလိုလျှင် Apple ထုတ်ကုန် အသုံးပြုတွေရဲ့စမတ်ဖုန်းမှာ မှတ်ချက်ပေးတဲ့ ထိတွေ့ခလုတ်လေးကို နှိပ်ရမှာဖြစ်ပြီး၊ ပေါ်လာတဲ့ရွေးချယ်မှုတွေထဲက အသံမက်ဆေ့ပေးမယ့် ထိတွေ့ခလုတ်လေးကို ရွေးချယ်ရမှာဖြစ် ပါတယ်။ထို့နောက်မှာတော့ အသံသွင်း‌ပြီး အသံမက်ဆေ့ ပြန်လည်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ သင်မှတ်ချက်ပေးမယ့် အသံမက်ဆေ့ဟာ ၁၄၀ စက္ကန့်သာ ကြာချိန်ရှိရမှာ ဖြစ်ပြီး၊ အဆိုပါ ကြာချိန်ထက်တော့ ပိုတိုးလို့မရပါဘူး။

လောလောဆယ်မှာတော့ Twitter ရဲ့ အသံမက်ဆေ့ ဝန်ဆောင်မှုဟာ IOS အတွက်သာ ရရှိ သေးပြီး၊ Android အသုံးပြုသူတွေအတွက်‌လည်း ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

Damien

(  Zawgyi  )

 နာမည္ေက်ာ္ လူမႈကြန္ယက္ဝဘ္ဆိုက္ႀကီး Twitter ကေတာ့ ၎ရဲ႕ လူမႈကြန္ယက္ေပၚမွာ စြမ္းေဆာင္ရည္တစ္ခုကို ထပ္မံျမႇင့္တင္ထည့္သြင္းလိုက္ၿပီလို႔ သိရပါတယ္။

Twitter ထပ္မံေပါင္းထည့္လိုက္တဲ့ စြမ္းေဆာင္ရည္ကေတာ့ သင့္မိတ္ေဆြအေပါင္းအသင္းေတြ တင္ထားတဲ့ tweets အေၾကာင္းအရာ‌ေတြမွာ အသံမက္ေဆ့ကို မွတ္ခ်က္ျပန္ေပးသြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ယခင္ကေတာ့ Twitter မွာ တင္ထားတဲ့ tweets ေတြမွာ မွတ္ခ်က္ျပန္ေပးလိုရင္ စာသားကိုသာ ေရးၿပီး tweet မွတ္ခ်က္ျပန္ေပးႏိုင္တာပဲ ျဖစ္ပါတယ္။ယခုေတာ့ အသံမက္ေဆ့ ျပန္ေပးႏိုင္ပါၿပီ။ စိတ္မေကာင္းစရာတစ္ခုကေတာ့ အသံမက္ေဆ့ ျပန္ေပးႏိုင္တာက IOS ထုတ္ကုန္ေတြမွာပဲ ရရွိ ဦးမွာျဖစ္ပါတယ္။

အကယ္၍ tweet အေၾကာင္းအရာတစ္ခုကို အသံမက္ေဆ့ မွတ္ခ်က္ေပးလိုလွ်င္ Apple ထုတ္ကုန္ အသုံးျပဳေတြရဲ႕စမတ္ဖုန္းမွာ မွတ္ခ်က္ေပးတဲ့ ထိေတြ႕ခလုတ္ေလးကို ႏွိပ္ရမွာျဖစ္ၿပီး၊ ေပၚလာတဲ့ေ႐ြးခ်ယ္မႈေတြထဲက အသံမက္ေဆ့ေပးမယ့္ ထိေတြ႕ခလုတ္ေလးကို ေ႐ြးခ်ယ္ရမွာျဖစ္ ပါတယ္။ထို႔ေနာက္မွာေတာ့ အသံသြင္း‌ၿပီး အသံမက္ေဆ့ ျပန္လည္ေပးႏိုင္မွာျဖစ္ပါတယ္။ တစ္ခုရွိတာကေတာ့ သင္မွတ္ခ်က္ေပးမယ့္ အသံမက္ေဆ့ဟာ ၁၄၀ စကၠန႔္သာ ၾကာခ်ိန္ရွိရမွာ ျဖစ္ၿပီး၊ အဆိုပါ ၾကာခ်ိန္ထက္ေတာ့ ပိုတိုးလို႔မရပါဘူး။

ေလာေလာဆယ္မွာေတာ့ Twitter ရဲ႕ အသံမက္ေဆ့ ဝန္ေဆာင္မႈဟာ IOS အတြက္သာ ရရွိ ေသးၿပီး၊ Android အသုံးျပဳသူေတြအတြက္‌လည္း ထြက္ရွိလာမယ္လို႔ ယူဆရပါတယ္။

Damien