【 နည်းပညာ 】ပုံရိုက်တာ သူတွေအတွက် 64MP ကင်မရာအလန်းစားနဲ့ Realme စမတ်ဖုန်းအသစ်

【 နည်းပညာ 】ပုံရိုက်တာ သူတွေအတွက် 64MP ကင်မရာအလန်းစားနဲ့ Realme  စမတ်ဖုန်းအသစ်

Realme ကတော့ အခြားသော စမတ်ဖုန်းပြိုင်ဘက်တွေကို လက်ဦးမှုရယူလိုက်ပြီ ဖြစ်ပါတယ်။ 64MP ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်းကို သြဂုတ်လ ၈ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ Realme ရဲ့ CEO ဖြစ်တဲ့ Madhav Seth မှ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းအသစ်ကို  အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး၊ ကမ္ဘာ့ပထမဆုံး 64MP ကင်မရာ sensor ပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာမှာ ဖြစ်ပါတယ်။ဒါဟာ Realme ဟာ ၎င်းရဲ့ အနီးစပ်ဆုံး ပြိုင်ဘက် Redmi အပေါ်မှာ အသာစီးရယူနိုင်ခဲ့တယ်လို့ ထင်မှတ်ရပေမယ့်လည်း Redmi ဘက်မှလည်း 64MP ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်မယ့် ရက်စွဲမပါဝင်သေးတဲ့ poster တစ်ခုကို ထုတ်ပြန်ခဲ့တဲ့အတွက် Realme ကပဲ အနိုင်ရမလား Redmi ကပဲ ခြေမြန်လက်မြန် အနိုင်ယူသွားမလားဆိုတာတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းသစ် မိတ်ဆက်မယ့် ကြေညာပုံမှာတော့ ကင်မရာလေးလုံးကို ဖော်ပြထားတဲ့အတွက် စွမ်း ဆောင်ရည်ကတော့ မြင့်မားလာမှာ အသေအချာပဲဖစ်ပြီး၊ model ကတော့ Realme X series ရဲ့ premium စမတ်ဖုန်းဖြစ်မလား ဒါမှမဟုတ် အခြားသော model အသစ်ဖြစ်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

မိတ်ဆက်လာမယ့် Realme စမတ်ဖုန်းသစ်မှာ ပါဝင်လာမယ့် ကင်မရာ sensor ကတော့ Samsung ရဲ့ 64-megapixel GW1 sensor လို့ ယူဆရဖွယ်ရှိပြီး၊ စမတ်ဖုန်းတွေရဲ့ ကင်မရာအဆင့်မြှင့်တင်တဲ့ တိုက်ပွဲကတော့ ပိုမိုပြင်းထန်လာတော့မှာ အသေအချာပဲ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 Realme ကေတာ့ အျခားေသာ စမတ္ဖုန္းၿပိဳင္ဘက္ေတြကို လက္ဦးမႈရယူလိုက္ၿပီ ျဖစ္ပါတယ္။ 64MP ကင္မရာ ပါဝင္တဲ့ စမတ္ဖုန္းကို ၾသဂုတ္လ ၈ ရက္ေန႔မွာ မိတ္ဆက္ေတာ့မယ္လို႔ Realme ရဲ႕ CEO ျဖစ္တဲ့ Madhav Seth မွ ေၾကညာလိုက္တာလည္း ျဖစ္ပါတယ္။

ဒီစမတ္ဖုန္းအသစ္ကို  အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕မွာ မိတ္ဆက္ေပးသြားမွာျဖစ္ၿပီး၊ ကမာၻ႔ပထမဆုံး 64MP ကင္မရာ sensor ပါဝင္တဲ့ စမတ္ဖုန္းျဖစ္လာမွာ ျဖစ္ပါတယ္။ဒါဟာ Realme ဟာ ၎ရဲ႕ အနီးစပ္ဆုံး ၿပိဳင္ဘက္ Redmi အေပၚမွာ အသာစီးရယူႏိုင္ခဲ့တယ္လို႔ ထင္မွတ္ရေပမယ့္လည္း Redmi ဘက္မွလည္း 64MP ကင္မရာ ပါဝင္တဲ့ စမတ္ဖုန္းကို မိတ္ဆက္မယ့္ ရက္စြဲမပါဝင္ေသးတဲ့ poster တစ္ခုကို ထုတ္ျပန္ခဲ့တဲ့အတြက္ Realme ကပဲ အႏိုင္ရမလား Redmi ကပဲ ေျချမန္လက္ျမန္ အႏိုင္ယူသြားမလားဆိုတာေတာ့ စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

အဆိုပါ စမတ္ဖုန္းသစ္ မိတ္ဆက္မယ့္ ေၾကညာပုံမွာေတာ့ ကင္မရာေလးလုံးကို ေဖာ္ျပထားတဲ့အတြက္ စြမ္း ေဆာင္ရည္ကေတာ့ ျမင့္မားလာမွာ အေသအခ်ာပဲဖစ္ၿပီး၊ model ကေတာ့ Realme X series ရဲ႕ premium စမတ္ဖုန္းျဖစ္မလား ဒါမွမဟုတ္ အျခားေသာ model အသစ္ျဖစ္မလား ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

မိတ္ဆက္လာမယ့္ Realme စမတ္ဖုန္းသစ္မွာ ပါဝင္လာမယ့္ ကင္မရာ sensor ကေတာ့ Samsung ရဲ႕ 64-megapixel GW1 sensor လို႔ ယူဆရဖြယ္ရွိၿပီး၊ စမတ္ဖုန္းေတြရဲ႕ ကင္မရာအဆင့္ျမႇင့္တင္တဲ့ တိုက္ပြဲကေတာ့ ပိုမိုျပင္းထန္လာေတာ့မွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

Damien