ဟွာဝေး 5G ကို ပိတ်ပင်လျှင် တန်ပြန်အကျိုးဆက်များ ခံစားရလိမ့်မည်ဟု တရုတ်၏ ကနေဒါသံအမတ် သတိပေး

ဟွာဝေး 5G ကို ပိတ်ပင်လျှင် တန်ပြန်အကျိုးဆက်များ ခံစားရလိမ့်မည်ဟု တရုတ်၏ ကနေဒါသံအမတ် သတိပေး

သည်းသန်လာတဲ့ နှစ်နိုင်ငံ အငြင်းပွားမှုမှာ နောက်ဆုံးပေါက်ကွဲမှုအဖြစ် တကယ်လို့ ဟွာဝေး နည်းပညာကုမ္ပဏီကြီးကို ကနေဒါ 5G ကွန်ရက်တွေကို ကိရိယာတွေ ထောက်ပံ့မှုကို ပိတ်ပင်ထားမယ်ဆိုရင် တန်ပြန်အကျိုးဆက်တွေကို ခံစားရလိမ့်မယ်လို့ တရုတ်နိုင်ငံရဲ့ ကနေဒါသံအမတ်က ကြာသပတေးနေ့က အော့တဝါကို သတိပေးလိုက်ပါတယ်။

ဒါပေမယ့်လည်း တရုတ်သံအမတ်ကြီး လူရှယီက သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။

ကနေဒါဟာ လက်ရှိမှာ 5G ကွန်ရက်တွေရဲ့ လုံခြုံရေးအကျိုးဆက်တွေကို လေ့လာနေပေမယ့်လည်း တချို့ အမေရိကန်ရဲ့ မဟာမိတ်တွေလို ဟွာဝေးကိရိယာတွေကို ဖယ်ထုတ်ထားမယ်လို့တော့ ကြေညာခြင်းမရှိသေးပါဘူး။

“တကယ်လို့သာ ကနေဒါအစိုးရက ဟွာဝေးကို 5Gကွန်ရက်တွေမှာ ပါဝင်ခွင့်ပိတ်ပင်မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ ဒါပေမယ့်လည်း အကျိုးဆက်တွေကတော့ ဖြစ်လာမှာ အသေအချာပါပဲ”လို့ လူက စကားပြန်ကတစ်ဆင့် ပြောကြားခဲ့ပြီး အော့တဝါကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ စဉ်းစဉ်းစားစားဆုံးဖြတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်ရဲ့ တောင်းဆိုချက်အရ ကနေဒါအာဏာပိုင်တွေက ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ်ကို ဖမ်းဆီးလိုက်ပြီးတဲ့နောက်မှာ တရုတ်နဲ့ ကနေဒါရဲ့ ဆက်ဆံရေးဟာ အေးစက်လာခဲ့ပါတယ်။အဲဒီနောက် တဆက်တည်းလိုပဲ တရုတ်ကလည်း ကနေဒါနိုင်ငံံသားနှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အရင်က မူးယစ်ဆေးမှောင်ခိုမှုနဲ့ ပြစ်ဒဏ်ချထားတဲ့ ကနေဒါနိုင်ငံသားကိုလည်း ပြန်လည်ရုံးတင်စစ်ဆေးကာ သေဒဏ်ချမှတ်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးကလည်း ဘေကျင်းကို သေဒဏ်အသုံးပြုတဲ့အတွက ဥပဒေကို မျက်ကွယ်ပြုပြီး ထင်ရာလုပ်တယ်လို့ စွပ်စွဲလိုက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း သူ့ကို ထောက်ခံလာဖို့ ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံံခြားရေးဝန်ကြီး ခရစ်ရှား ဖရီးလင်းဟာ နောက်ရက်သတ္တပတ်မှာ ဒါးဗို့စ်က ကမ္ဘာ့စီးပွားရေးဖိုရမ်ကို သွားရောက်ခဲ့တဲ့အခါမှာတော့ လူက သူမအနေနဲ့ မိုက်ကရိုဖုန်းသံခင်းတမန်ခင်းကို ရှောင်ကြဉ်ပြီး ထောက်ခံမှုကို စုဆောင်းရန်မကြိုးစားဖို့ ပြောကြားခဲ့ပါတယ်။

“တကယ်လို့သာ ဒီပြဿနာမှာ ကနေဒါက ရိုးသားယိုးမှန်ရင် ဒါမျိုးမလုပ်သင့်ဘူး။ ကနေဒါဟာ တစ်ခုခုမလုပ်ခင်မှာ နှစ်ကြိမ်လောက် ပြန်စဉ်းစားသင့်တယ်”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

 

ဖရီးလင်းကတော့ 5G နည်းပညာကို ပြန်လည်သုံးသပ်မှာလား ဆိုတာကို အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ နီးစပ်တဲ့ ကနေဒါရင်းမြစ်တစ်ခုကတော့ လေ့လာမှုရဲ့ ရလဒ်တွေကို လတ်တလောတော့ ထုတ်ပြန်ဦးမှာမဟုတ်ဘူးလို့ ပြောကြားပါတယ်။

ဟွာဝေးဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကနေဒါမှာ လုပ်ငန်းသေးသာ လုပ်ကိုင်နေပြီး လူ ၁၀၀၀လျော့လျော့ကိုသာ ခန့်ထားသေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်အစောပိုင်းမှာတော့ ပြည်တွင်းတက္ကသိုလ်တွေနဲ့ ပါ့တနာဖွဲ့လာတာကြောင့် ကနေဒါမှာ ၂၅ခုမြောက် အကြီးဆုံး သုတေသနနဲ့ ဖွံ့ဖြိုးမှု မတည်သူတစ်ယောက် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

Network Tech
Ref : Reuters
ဇန်နဝါရီ - ၁၈

( Zawgyi )

သည္းသန္လာတဲ့ ႏွစ္ႏိုင္ငံ အျငင္းပြားမႈမွာ ေနာက္ဆုံးေပါက္ကြဲမႈအျဖစ္ တကယ္လို႔ ဟြာေဝး နည္းပညာကုမၸဏီႀကီးကို ကေနဒါ 5G ကြန္ရက္ေတြကို ကိရိယာေတြ ေထာက္ပံ့မႈကို ပိတ္ပင္ထားမယ္ဆိုရင္ တန္ျပန္အက်ိဳးဆက္ေတြကို ခံစားရလိမ့္မယ္လို႔ တ႐ုတ္ႏိုင္ငံရဲ႕ ကေနဒါသံအမတ္က ၾကာသပေတးေန႔က ေအာ့တဝါကို သတိေပးလိုက္ပါတယ္။

ဒါေပမယ့္လည္း တ႐ုတ္သံအမတ္ႀကီး လူရွယီက သတင္းစာရွင္းလင္းပြဲမွာ အေသးစိတ္ကိုေတာ့ ေျပာၾကားျခင္းမရွိပါဘူး။

ကေနဒါဟာ လက္ရွိမွာ 5G ကြန္ရက္ေတြရဲ႕ လုံၿခဳံေရးအက်ိဳးဆက္ေတြကို ေလ့လာေနေပမယ့္လည္း တခ်ိဳ႕ အေမရိကန္ရဲ႕ မဟာမိတ္ေတြလို ဟြာေဝးကိရိယာေတြကို ဖယ္ထုတ္ထားမယ္လို႔ေတာ့ ေၾကညာျခင္းမရွိေသးပါဘူး။

“တကယ္လို႔သာ ကေနဒါအစိုးရက ဟြာေဝးကို 5Gကြန္ရက္ေတြမွာ ပါဝင္ခြင့္ပိတ္ပင္မယ္ဆိုရင္ ဘယ္လိုအက်ိဳးဆက္ေတြ ျဖစ္လာမလဲဆိုတာ က်ေနာ္မသိပါဘူး။ ဒါေပမယ့္လည္း အက်ိဳးဆက္ေတြကေတာ့ ျဖစ္လာမွာ အေသအခ်ာပါပဲ”လို႔ လူက စကားျပန္ကတစ္ဆင့္ ေျပာၾကားခဲ့ၿပီး ေအာ့တဝါကိုလည္း ဒီကိစၥနဲ႔ပတ္သက္လို႔ စဥ္းစဥ္းစားစားဆုံးျဖတ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ၿပီးခဲ့တဲ့လက အေမရိကန္ရဲ႕ ေတာင္းဆိုခ်က္အရ ကေနဒါအာဏာပိုင္ေတြက ဟြာေဝးဘ႑ာေရးအရာရွိခ်ဳပ္ကို ဖမ္းဆီးလိုက္ၿပီးတဲ့ေနာက္မွာ တ႐ုတ္နဲ႔ ကေနဒါရဲ႕ ဆက္ဆံေရးဟာ ေအးစက္လာခဲ့ပါတယ္။အဲဒီေနာက္ တဆက္တည္းလိုပဲ တ႐ုတ္ကလည္း ကေနဒါႏိုင္ငံံသားႏွစ္ေယာက္ကို ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီး အရင္က မူးယစ္ေဆးေမွာင္ခိုမႈနဲ႔ ျပစ္ဒဏ္ခ်ထားတဲ့ ကေနဒါႏိုင္ငံသားကိုလည္း ျပန္လည္႐ုံးတင္စစ္ေဆးကာ ေသဒဏ္ခ်မွတ္လိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ ထ႐ူးဒိုးကလည္း ေဘက်င္းကို ေသဒဏ္အသုံးျပဳတဲ့အတြက ဥပေဒကို မ်က္ကြယ္ျပဳၿပီး ထင္ရာလုပ္တယ္လို႔ စြပ္စြဲလိုက္ၿပီး ကမာၻ႔ေခါင္းေဆာင္ေတြကိုလည္း သူ႔ကို ေထာက္ခံလာဖို႔ ေျပာၾကားခဲ့ပါတယ္။

ကေနဒါႏိုင္ငံံျခားေရးဝန္ႀကီး ခရစ္ရွား ဖရီးလင္းဟာ ေနာက္ရက္သတၱပတ္မွာ ဒါးဗို႔စ္က ကမာၻ႔စီးပြားေရးဖိုရမ္ကို သြားေရာက္ခဲ့တဲ့အခါမွာေတာ့ လူက သူမအေနနဲ႔ မိုက္က႐ိုဖုန္းသံခင္းတမန္ခင္းကို ေရွာင္ၾကဥ္ၿပီး ေထာက္ခံမႈကို စုေဆာင္းရန္မႀကိဳးစားဖို႔ ေျပာၾကားခဲ့ပါတယ္။

“တကယ္လို႔သာ ဒီျပႆနာမွာ ကေနဒါက ႐ိုးသားယိုးမွန္ရင္ ဒါမ်ိဳးမလုပ္သင့္ဘူး။ ကေနဒါဟာ တစ္ခုခုမလုပ္ခင္မွာ ႏွစ္ႀကိမ္ေလာက္ ျပန္စဥ္းစားသင့္တယ္”လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

ဖရီးလင္းကေတာ့ 5G နည္းပညာကို ျပန္လည္သုံးသပ္မွာလား ဆိုတာကို အေသးစိတ္ေျပာၾကားျခင္းမရွိပါဘူး။ ဒီကိစၥနဲ႔ နီးစပ္တဲ့ ကေနဒါရင္းျမစ္တစ္ခုကေတာ့ ေလ့လာမႈရဲ႕ ရလဒ္ေတြကို လတ္တေလာေတာ့ ထုတ္ျပန္ဦးမွာမဟုတ္ဘူးလို႔ ေျပာၾကားပါတယ္။

ဟြာေဝးဟာ တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ ကေနဒါမွာ လုပ္ငန္းေသးသာ လုပ္ကိုင္ေနၿပီး လူ ၁၀၀၀ေလ်ာ့ေလ်ာ့ကိုသာ ခန႔္ထားေသးတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း ဒီႏွစ္အေစာပိုင္းမွာေတာ့ ျပည္တြင္းတကၠသိုလ္ေတြနဲ႔ ပါ့တနာဖြဲ႕လာတာေၾကာင့္ ကေနဒါမွာ ၂၅ခုေျမာက္ အႀကီးဆုံး သုေတသနနဲ႔ ဖြံ႕ၿဖိဳးမႈ မတည္သူတစ္ေယာက္ ျဖစ္လာခဲ့တယ္လို႔ ဆိုပါတယ္။

Network Tech
Ref : Reuters
ဇန္နဝါရီ - ၁၈