သတင်းအမှား ပို့စ်တင်နေသူများကို ခြေရာခံနိုင်မည့် ဖီးချားအသစ် တွစ်တာ စမ်းသပ်

သတင်းအမှား ပို့စ်တင်နေသူများကို ခြေရာခံနိုင်မည့် ဖီးချားအသစ် တွစ်တာ စမ်းသပ်

လူမှုကွန်ရက်ကြီး တွစ်တာဟာ ၎င်းရဲ့ပလက်ဖောင်းပေါ်မှာ ခြေရာမခံနိုင်တဲ့ ဇစ်မြစ်တွေနဲ့ သတင်းအမှားတွေ၊ မဖွယ်မရာတွေကို ဖြန့်ဝေမှုကို နှိမ်နင်းဖို့အတွက် မူူရင်းတင်သူကို ခြေရာခံနိုင်မယ့် ဖီးချား (feature) အသစ်တစ်ခုကို စမ်းသပ်နေတယ်လို့ ဆိုပါတယ်။

ဒီဖီးချား ထွက်လာပြီဆိုရင်တော့ ဆိုင်ဘာတပ်ဖွဲ့လို ဥပဒေစိုးမိုးရေး အာဏာပိုင်တွေအနေနဲ့ အမုန်းပွားစေတဲ့ မဖွယ်မရာ သတင်းအမှားတွေနဲ့ ဆိုးရွားတဲ့ တွိ (tweet) ကို စတင်သူကို ဖမ်းဆီးနိုင်စေမှာပဲ ဖြစ်ပါတယ်။အထူးသဖြင့် လာမယ့်တစ်လနှစ်လမှာ ရွေးကောက်ပွဲကျင်းပတော့မယ့် အိန္ဒိယမှာ ပိုပြီး အသုံးဝင်လိမ့်မယ်လို့ ဆိုပါတယ်။

လူမှုုကွန်ရက်ကြီး တွစ်တာက TechCrunchကို အတည်ပြုရာမှာတော့ ဈေးကွက်ထဲက iOSနဲ့ Android သုံးစွဲသူ ရာနှုန်းအနည်းငယ်အတွက် Original Tweeter ကို ပွဲထုတ်စမ်းသပ်နေပြီလို့ ဆိုပါတယ်။တကယ်လို့ ဒီဖီးချားသာ  မျှော်လင့်ထားတဲ့အတိုင်း အလုပ်ဖြစ်ရင်တော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ အန္တရာယ်ရှိတဲ့ ဝန်းကျင်ကို ဖြေလျော့နိုင်မှာဖြစ်သလို၊ တရားရေးအာဏာပိုင်တွေအနေနဲ့လည်း သံသယရှိဖွယ်ကောင့်တွေနဲ့ ရန်လိုအနိုင်ကျင့်နေသူတွေကို အလွယ်တကူူဖော်ထုတ်ပြီး ဥပဒေအရ စီရင်နိုင်စေမှာပဲ ဖြစ်ပါတယ်။  

“တွစ်တာရဲ့ ရည်ရွယ်ချက်က လူထုစကားဝိုင်းတွေကို ပိုပြီး လံုံခြုံဘေးကင်းစေဖို့ပါ။ တစ်စိတ်တစ်ပိုင်းအနေနဲ့ မူရင်းတွိသူရဲ့ သက်ဆိုင်တဲ့ တုန့်ပြန်ချက်တွေကို မီးမောင်းထိုးပြတာလည်း ပါဝင်ပါတယ်”လို့ တွစ်တာရဲ့ ထုတ်ကုန်စီမံခခန့်ခွဲမှုဒါရိုက်တာ ဆာရာ ဟိုင်ဒါက ပြောပါတယ်။

ပရိသတ်တွေနဲ့ အချိန်ပြည့်ဆက်သွယ်နေဖို့အတွက် ပလက်ဖောင်းကို အသုံးပြုနေရတဲ့ပ အထင်ကရပုဂ္ဂိုလ်တွေ၊ ပရိုအဖွဲ့အစည်းတွေဟာ အလကားနေရင်း ရန်စနေတဲ့ အွန်လိုင်းထရိုလာတွေနဲ့ နာမည်ပျက်ရှိတဲ့ သတင်းအမှားဖြန့်ဝေသူတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

 

ပလက်ဖောင်းက အကောင့်တွေကို မှန်၊ မမှန် စစ်ဆေးနေတယ် ဆိုပေမယ့်လည်း သုံးစွဲသူတွေဟာ သူတို့ရဲ့ နာမည်တွေနဲ့ ပရိုဖိုင်းပုံတွေကို ပြောင်းလဲနေနိုင်သေးတာကြောင့် တုပမှု ပြဿနာတွေလည်း ပေါ်နေရတယ်လို့ ဆိုပါတယ်။

Social Media Tech
Gadgets Now
ဇန်နဝါရီ - ၂၈

( Zawgyi )

လူမႈကြန္ရက္ႀကီး တြစ္တာဟာ ၎ရဲ႕ပလက္ေဖာင္းေပၚမွာ ေျခရာမခံႏိုင္တဲ့ ဇစ္ျမစ္ေတြနဲ႔ သတင္းအမွားေတြ၊ မဖြယ္မရာေတြကို ျဖန႔္ေဝမႈကို ႏွိမ္နင္းဖို႔အတြက္ မူူရင္းတင္သူကို ေျခရာခံႏိုင္မယ့္ ဖီးခ်ား (feature) အသစ္တစ္ခုကို စမ္းသပ္ေနတယ္လို႔ ဆိုပါတယ္။

ဒီဖီးခ်ား ထြက္လာၿပီဆိုရင္ေတာ့ ဆိုင္ဘာတပ္ဖြဲ႕လို ဥပေဒစိုးမိုးေရး အာဏာပိုင္ေတြအေနနဲ႔ အမုန္းပြားေစတဲ့ မဖြယ္မရာ သတင္းအမွားေတြနဲ႔ ဆိုး႐ြားတဲ့ တြိ (tweet) ကို စတင္သူကို ဖမ္းဆီးႏိုင္ေစမွာပဲ ျဖစ္ပါတယ္။အထူးသျဖင့္ လာမယ့္တစ္လႏွစ္လမွာ ေ႐ြးေကာက္ပြဲက်င္းပေတာ့မယ့္ အိႏၵိယမွာ ပိုၿပီး အသုံးဝင္လိမ့္မယ္လို႔ ဆိုပါတယ္။

လူမႈုကြန္ရက္ႀကီး တြစ္တာက TechCrunchကို အတည္ျပဳရာမွာေတာ့ ေဈးကြက္ထဲက iOSနဲ႔ Android သုံးစြဲသူ ရာႏႈန္းအနည္းငယ္အတြက္ Original Tweeter ကို ပြဲထုတ္စမ္းသပ္ေနၿပီလို႔ ဆိုပါတယ္။တကယ္လို႔ ဒီဖီးခ်ားသာ  ေမွ်ာ္လင့္ထားတဲ့အတိုင္း အလုပ္ျဖစ္ရင္ေတာ့ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေပၚမွာ အႏၲရာယ္ရွိတဲ့ ဝန္းက်င္ကို ေျဖေလ်ာ့ႏိုင္မွာျဖစ္သလို၊ တရားေရးအာဏာပိုင္ေတြအေနနဲ႔လည္း သံသယရွိဖြယ္ေကာင့္ေတြနဲ႔ ရန္လိုအႏိုင္က်င့္ေနသူေတြကို အလြယ္တကူူေဖာ္ထုတ္ၿပီး ဥပေဒအရ စီရင္ႏိုင္ေစမွာပဲ ျဖစ္ပါတယ္။  

“တြစ္တာရဲ႕ ရည္႐ြယ္ခ်က္က လူထုစကားဝိုင္းေတြကို ပိုၿပီး လံုံၿခဳံေဘးကင္းေစဖို႔ပါ။ တစ္စိတ္တစ္ပိုင္းအေနနဲ႔ မူရင္းတြိသူရဲ႕ သက္ဆိုင္တဲ့ တုန႔္ျပန္ခ်က္ေတြကို မီးေမာင္းထိုးျပတာလည္း ပါဝင္ပါတယ္”လို႔ တြစ္တာရဲ႕ ထုတ္ကုန္စီမံခခန႔္ခြဲမႈဒါ႐ိုက္တာ ဆာရာ ဟိုင္ဒါက ေျပာပါတယ္။

ပရိသတ္ေတြနဲ႔ အခ်ိန္ျပည့္ဆက္သြယ္ေနဖို႔အတြက္ ပလက္ေဖာင္းကို အသုံးျပဳေနရတဲ့ပ အထင္ကရပုဂၢိဳလ္ေတြ၊ ပ႐ိုအဖြဲ႕အစည္းေတြဟာ အလကားေနရင္း ရန္စေနတဲ့ အြန္လိုင္းထ႐ိုလာေတြနဲ႔ နာမည္ပ်က္ရွိတဲ့ သတင္းအမွားျဖန႔္ေဝသူေတြရဲ႕ အႏၲရာယ္ကို ရင္ဆိုင္ေနၾကရတယ္လို႔ ဆိုပါတယ္။

ပလက္ေဖာင္းက အေကာင့္ေတြကို မွန္၊ မမွန္ စစ္ေဆးေနတယ္ ဆိုေပမယ့္လည္း သုံးစြဲသူေတြဟာ သူတို႔ရဲ႕ နာမည္ေတြနဲ႔ ပ႐ိုဖိုင္းပုံေတြကို ေျပာင္းလဲေနႏိုင္ေသးတာေၾကာင့္ တုပမႈ ျပႆနာေတြလည္း ေပၚေနရတယ္လို႔ ဆိုပါတယ္။

Social Media Tech
Gadgets Now
ဇန္နဝါရီ - ၂၈