မိုက်ကရိုဆော့ဖ်၏ ဘင်းရှာပံုံတော်အင်ဂျင် လတ်တလော တရုတ်နိုင်ငံတွင် သုံး၍မရ

မိုက်ကရိုဆော့ဖ်၏ ဘင်းရှာပံုံတော်အင်ဂျင် လတ်တလော တရုတ်နိုင်ငံတွင် သုံး၍မရ

အမေရိကန် နည်းပညာဘီလူးကြီး မိုက်ကရိုဆော့ဖ်က ၎င်းရဲ့ ရှာပုံတော်အင်ဂျင် ဘင်း (Bing) ကို လောလောဆယ် တရုတ်နိုင်ငံမှာ အသုံးပြုလို့မရဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ ဒီရှာပုံတော်အင်ဂျင်ဟာ ဆင်ဆာကွက်ညှပ်မှုအရ ပိတ်ပင်ခံံလိုက်ရတဲ့ နောက်ဆုံး နိုင်ငံခြားဝဘ်ဆိုက်ဖြစ်လိမ့်မယ်လို့လည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

တရုတ်အာဏာပိုင်တွေက မီးတံတိုင်း (firewall)တစ်ခုကာပြီး ဖေ့စ်ဘုတ်နဲ့ တွစ်တာ အပါအဝင် အမေရိကန် နည်းပညာပလက်ဖောင်း အတော်များများကို ပိတ်ဆို့ထားပါတယ်။ဒါပေမယ့်လည်း နည်းပညာဘီလူးကြီး မိုက်ကရိုဆော့ဖ်ကတော့ သူ့ရှာပုံတော်အင်ဂျင်ကို သုံးလို့မရတာဟာ ဆင်ဆာကွက်ညှပ်မှုကြောင့်လား၊ နည်းပညာပိုင်း ပြဿနာသက်သက်ကြောင့်ပဲလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိပါဘူး။

မိုက်ကရိုဆော့ဖ်ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်တစ်ခုမှာ ပြောကြားရာမှာတော့ ဘင်းကို လတ်တလော တရုတ်နိုင်ငံမှာ အသုံးပြုလို့ မရနိုင်ပါဘူး။ နောက်အဆင့်တွေအတွက် စေ့စပ်ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ဘီဘီစီသတင်းထောက်က ဆိုက်ထဲကို ဝင်ကြည့်တဲ့အခါမှာ ဒက်စ်တော့ကွန်ပျူတာပေါ်က တရုတ်အင်တာနတ်ပရိုဗိုက်တာနဲ့ဆိုရင် ဝင်လို့ရပေမယ့်လည်း စမတ်ဖုန်းနဲ့တော့ ဝင်လို့မရဘူးလို့ ဆိုပါတယ်။

အမေရိကန် နည်းပညာကုမ္ပဏီ အတော်များများက တရုတ်ဈေးကွက်ကြီးထဲကို အသည်းအသန် ဝင်ချင်နေကြပေမယ့်လည်း ဘေကျင်းက အာဏာပိုင်တွေနဲ့ ဆက်ဆံရာမှာ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။

မဟာမီးတံတိုင်း (Great Firewall) လို့ လူသိများတဲ့ အစိုးရရဲ့ အင်တာနတ်ဆင်ဆာကွက်ညှပ်မှုစနစ်က နည်းပညာမျိုးစုံသုံးပြီး နိုင်ငံခြားပလက်ဖောင်းတွေနဲ့ အငြင်းပွားဖွယ်ရာ လိုင်းတင်အကြောင်းအရာတွေကို ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

 

 

ဒါ့အပြင် တရုတ်အာဏာပိုင်တွေက သုံးစွဲသူတွေကို မီးတံတိုင်းကို ရှောင်ကွင်းနိုင်စေတဲ့ VPN ကွန်ရက်တွေကိုလည်း ဖြိုခွင်းနေတယ်လို့ ဆိုပါတယ်။

Internet Tech
Ref : BBC
ဇန်နဝါရီ - ၂၅

( Zawgyi )

အေမရိကန္ နည္းပညာဘီလူးႀကီး မိုက္က႐ိုေဆာ့ဖ္က ၎ရဲ႕ ရွာပုံေတာ္အင္ဂ်င္ ဘင္း (Bing) ကို ေလာေလာဆယ္ တ႐ုတ္ႏိုင္ငံမွာ အသုံးျပဳလို႔မရဘူးလို႔ အတည္ျပဳေျပာၾကားလိုက္ပါတယ္။

ဆိုရွယ္မီဒီယာအသုံးျပဳသူေတြကေတာ့ ဒီရွာပုံေတာ္အင္ဂ်င္ဟာ ဆင္ဆာကြက္ညႇပ္မႈအရ ပိတ္ပင္ခံံလိုက္ရတဲ့ ေနာက္ဆုံး ႏိုင္ငံျခားဝဘ္ဆိုက္ျဖစ္လိမ့္မယ္လို႔လည္း စိုးရိမ္ေနၾကတယ္လို႔ ဆိုပါတယ္။

တ႐ုတ္အာဏာပိုင္ေတြက မီးတံတိုင္း (firewall)တစ္ခုကာၿပီး ေဖ့စ္ဘုတ္နဲ႔ တြစ္တာ အပါအဝင္ အေမရိကန္ နည္းပညာပလက္ေဖာင္း အေတာ္မ်ားမ်ားကို ပိတ္ဆို႔ထားပါတယ္။ဒါေပမယ့္လည္း နည္းပညာဘီလူးႀကီး မိုက္က႐ိုေဆာ့ဖ္ကေတာ့ သူ႔ရွာပုံေတာ္အင္ဂ်င္ကို သုံးလို႔မရတာဟာ ဆင္ဆာကြက္ညႇပ္မႈေၾကာင့္လား၊ နည္းပညာပိုင္း ျပႆနာသက္သက္ေၾကာင့္ပဲလား ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း ေျပာၾကားျခင္းမရွိပါဘူး။

မိုက္က႐ိုေဆာ့ဖ္ေျပာခြင့္ရပုဂၢိဳလ္က ေၾကညာခ်က္တစ္ခုမွာ ေျပာၾကားရာမွာေတာ့ ဘင္းကို လတ္တေလာ တ႐ုတ္ႏိုင္ငံမွာ အသုံးျပဳလို႔ မရႏိုင္ပါဘူး။ ေနာက္အဆင့္ေတြအတြက္ ေစ့စပ္ညႇိႏႈိင္းေနတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံက ဘီဘီစီသတင္းေထာက္က ဆိုက္ထဲကို ဝင္ၾကည့္တဲ့အခါမွာ ဒက္စ္ေတာ့ကြန္ပ်ဴတာေပၚက တ႐ုတ္အင္တာနတ္ပ႐ိုဗိုက္တာနဲ႔ဆိုရင္ ဝင္လို႔ရေပမယ့္လည္း စမတ္ဖုန္းနဲ႔ေတာ့ ဝင္လို႔မရဘူးလို႔ ဆိုပါတယ္။

အေမရိကန္ နည္းပညာကုမၸဏီ အေတာ္မ်ားမ်ားက တ႐ုတ္ေဈးကြက္ႀကီးထဲကို အသည္းအသန္ ဝင္ခ်င္ေနၾကေပမယ့္လည္း ေဘက်င္းက အာဏာပိုင္ေတြနဲ႔ ဆက္ဆံရာမွာ အခက္ေတြ႕ေနၾကရတယ္လို႔ ဆိုပါတယ္။

မဟာမီးတံတိုင္း (Great Firewall) လို႔ လူသိမ်ားတဲ့ အစိုးရရဲ႕ အင္တာနတ္ဆင္ဆာကြက္ညႇပ္မႈစနစ္က နည္းပညာမ်ိဳးစုံသုံးၿပီး ႏိုင္ငံျခားပလက္ေဖာင္းေတြနဲ႔ အျငင္းပြားဖြယ္ရာ လိုင္းတင္အေၾကာင္းအရာေတြကို ပိတ္ဆို႔ထားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ တ႐ုတ္အာဏာပိုင္ေတြက သုံးစြဲသူေတြကို မီးတံတိုင္းကို ေရွာင္ကြင္းႏိုင္ေစတဲ့ VPN ကြန္ရက္ေတြကိုလည္း ၿဖိဳခြင္းေနတယ္လို႔ ဆိုပါတယ္။

Internet Tech
Ref : BBC
ဇန္နဝါရီ - ၂၅