စိန်မင်းထွန်း ရဲ့ လောပန်းဖြစ်ရင် ပြန်ခဲ့မယ်

စိန်မင်းထွန်း ရဲ့ လောပန်းဖြစ်ရင် ပြန်ခဲ့မယ်

တေးသံရှင် စိန်မင်းထွန်း သီဆိုထားတဲ့ “လောပန်းဖြစ်ရင် ပြန်ခဲ့မယ်” လို့ နာမည်ရသော တေးစီးရီးကို မန်းသီရီ တေးသံသွင်းကနေ အခုလ ၂၅ ရက်မှာ ဖြန့်ချီတော့မယ်လို့ သိရပါတယ်။

မန္တလေးသား တစ်ဦးလည်းဖြစ်သလို တေးစီးရီးခွေနဲ့ ပတ်သက်သက်တဲ့ မိတ်ဆက်ပွဲကို ရန်ကုန်မြို့ကို လာရောက်ပြီး ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက စာနယ်ဇင်းတွေနဲ့ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းက မြန်မာသံစဉ်တေးသီချင်းတွေဟာလည်း ပရိသတ်တွေရဲ့ နှစ်သက်အားပေးမှုတွေရနေတာဖြစ်သလို မြန်မာသံစဉ်ချစ်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ တေးစီးရီးမျိုးလည်းဖြစ်လာမယ်လို့ ဆိုကြပါတယ်။

“ကျွန်တော် ဒီအခွေအတွက် ကြိုးပမ်းတာ နှစ်နှစ်ကျော် သုံးနှစ်နီးပါးကြာခဲ့ပြီ၊ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပြီးတော့ ထုတ်လုပ်တာဖြစ်ပါတယ်၊ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းက ဂီတ အလုပ်ဖြစ်တော့ အောင်မြင်မှု ရမှ ပြန်ခဲ့မယ် ဆိုတာမျိုးပေါ့လေ၊ အဲ့ဒီလိုမျိုးလေး ရည်ရွယ်ချက်ရှိရှိနဲ့ အခုလိုနာမည်လေးပေးပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်”လို့ တေးသံရှင် စိန်မင်းထွန်းက ပြောပါတယ်။

သူ့ရဲ့ ဒီဗွီဒီကာရာအိုကေအခွေကို ဒါရိုက်တာ ညီနေမင်းက ရိုက်ကူးပေးထားတာဖြစ်ပြီး တေးရေးတွေ အဖြစ် မဲနော၊ ဣန္ဒာနတ်သျှင်၊ ကိုမြဌေး(ရွှေအင်းမြေ)တို့က ရေးစပ်ထားတာဖြစ်သလို သီချင်းစုစုပေါင်း (၁၁)ပုဒ် ပါဝင်ကြောင်း၊ သရုပ်ဆောင်တွေအဖြစ် နေထူးနိုင်၊ ကျော်ထူး၊ အောင်မင်းသူ၊ နိုင်ကျော် (ပွဲတိုင်းကျော်)၊ ညီနေမင်း၊ စည်သူ၊ လင်းစက်နေ၊ ပန်တျာထွန်းထွန်းနိုင်၊ ဣန္ဒာနတ်သျှင်၊ မျိုးသီဟ၊ ရဲရင့်နိုင်၊ ပိုင်စေသား၊ နိုးနိုး၊ ဘဲလေး၊ ထက်ကျော်၊ ကျော်စိုး၊ ရှင်းသန့်၊ ကျော်ဇင်ဝင်း၊ မြတ်ပန်းအိန်၊ ကြူကြူသင်း၊ ဆောင်းဟေမာန်နှင်း၊ သဲဝါဇော်၊ ဟန်နီထွန်း၊ ပန်းအိဖြူ မျက်ဝန်း၊ ယွန်းလဲ့မီကို၊ မလှိုင်နု၊ သိမ့်သိမ့်တုန်၊ မမြဝင်းတို့ ပါဝင်သရုပ်ဆောင် ထားပြီး ဘယ်လင်းရွာမှ ကျောင်းသူကျောင်းသားများ၊ ညောင်ကိုင်းရွာမှ ကျောင်းသူကျောင်းသားများ၊ ကလေးသရုပ်ဆောင်များလည်း ပါဝင်ထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၃

( Zawgyi )

ေတးသံရွင္ စိန္မင္းထြန္း သီဆိုထားတဲ့ “ေလာပန္းျဖစ္ရင္ ျပန္ခဲ့မယ္” လို႔ နာမည္ရေသာ ေတးစီးရီးကို မန္းသီရီ ေတးသံသြင္းကေန အခုလ ၂၅ ရက္မွာ ျဖန႔္ခ်ီေတာ့မယ္လို႔ သိရပါတယ္။

မႏၲေလးသား တစ္ဦးလည္းျဖစ္သလို ေတးစီးရီးေခြနဲ႔ ပတ္သက္သက္တဲ့ မိတ္ဆက္ပြဲကို ရန္ကုန္ၿမိဳ႕ကို လာေရာက္ၿပီး ဇန္နဝါရီ ၂၂ ရက္ မြန္းလြဲပိုင္းက စာနယ္ဇင္းေတြနဲ႔ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ျပည္တြင္းက ျမန္မာသံစဥ္ေတးသီခ်င္းေတြဟာလည္း ပရိသတ္ေတြရဲ႕ ႏွစ္သက္အားေပးမႈေတြရေနတာျဖစ္သလို ျမန္မာသံစဥ္ခ်စ္သူေတြအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ဖန္တီးထားတဲ့ ေတးစီးရီးမ်ိဳးလည္းျဖစ္လာမယ္လို႔ ဆိုၾကပါတယ္။

“ကြၽန္ေတာ္ ဒီအေခြအတြက္ ႀကိဳးပမ္းတာ ႏွစ္ႏွစ္ေက်ာ္ သုံးႏွစ္နီးပါးၾကာခဲ့ၿပီ၊ အေကာင္းဆုံး ျဖစ္ေအာင္ ျပင္ဆင္ၿပီးေတာ့ ထုတ္လုပ္တာျဖစ္ပါတယ္၊ ကြၽန္ေတာ့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းက ဂီတ အလုပ္ျဖစ္ေတာ့ ေအာင္ျမင္မႈ ရမွ ျပန္ခဲ့မယ္ ဆိုတာမ်ိဳးေပါ့ေလ၊ အဲ့ဒီလိုမ်ိဳးေလး ရည္႐ြယ္ခ်က္ရွိရွိနဲ႔ အခုလိုနာမည္ေလးေပးၿပီး လုပ္ေဆာင္တာ ျဖစ္ပါတယ္”လို႔ ေတးသံရွင္ စိန္မင္းထြန္းက ေျပာပါတယ္။

သူ႔ရဲ႕ ဒီဗြီဒီကာရာအိုေကအေခြကို ဒါ႐ိုက္တာ ညီေနမင္းက ႐ိုက္ကူးေပးထားတာျဖစ္ၿပီး ေတးေရးေတြ အျဖစ္ မဲေနာ၊ ဣႏၵာနတ္သွ်င္၊ ကိုျမေဌး(ေ႐ႊအင္းေျမ)တို႔က ေရးစပ္ထားတာျဖစ္သလို သီခ်င္းစုစုေပါင္း (၁၁)ပုဒ္ ပါဝင္ေၾကာင္း၊ သ႐ုပ္ေဆာင္ေတြအျဖစ္ ေနထူးႏိုင္၊ ေက်ာ္ထူး၊ ေအာင္မင္းသူ၊ ႏိုင္ေက်ာ္ (ပြဲတိုင္းေက်ာ္)၊ ညီေနမင္း၊ စည္သူ၊ လင္းစက္ေန၊ ပန္တ်ာထြန္းထြန္းႏိုင္၊ ဣႏၵာနတ္သွ်င္၊ မ်ိဳးသီဟ၊ ရဲရင့္ႏိုင္၊ ပိုင္ေစသား၊ ႏိုးႏိုး၊ ဘဲေလး၊ ထက္ေက်ာ္၊ ေက်ာ္စိုး၊ ရွင္းသန႔္၊ ေက်ာ္ဇင္ဝင္း၊ ျမတ္ပန္းအိန္၊ ၾကဴၾကဴသင္း၊ ေဆာင္းေဟမာန္ႏွင္း၊ သဲဝါေဇာ္၊ ဟန္နီထြန္း၊ ပန္းအိျဖဴ မ်က္ဝန္း၊ ယြန္းလဲ့မီကို၊ မလႈိင္ႏု၊ သိမ့္သိမ့္တုန္၊ မျမဝင္းတို႔ ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ဘယ္လင္း႐ြာမွ ေက်ာင္းသူေက်ာင္းသားမ်ား၊ ေညာင္ကိုင္း႐ြာမွ ေက်ာင္းသူေက်ာင္းသားမ်ား၊ ကေလးသ႐ုပ္ေဆာင္မ်ားလည္း ပါဝင္ထားၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၃