ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းဖို့ အားလပ်ချိန် ဖန်တီးနေရတဲ့ အိချောပို

ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းဖို့ အားလပ်ချိန် ဖန်တီးနေရတဲ့ အိချောပို

ဇာတ်ကားရိုက်ကူးတဲ့ အလုပ်တွေနဲ့ မအားလပ်တဲ့ကြားက ခန္ဓာကိုယ်လှပစေဖို့အတွက် အားလပ်ချိန်ရှိအောင် ဖန်တီးရင်း လုပ်ဆောင်နေရတယ်လို့ သရုပ်ဆောင် အိချောပို က ပြောပါတယ်။

“ခန္ဓာကိုယ်မလှချင်တဲ့ မိန်းကလေးရယ်လို့ မရှိပါဘူး၊ ကိုယ့်ကိုယ်ကို ဝလာပြီလို့ ထင်ရင် အစားအသောက်နဲ့ ထိန်းတယ်၊ လမ်းလျှောက်တယ်၊ Gym တော့ မဆော့ဖြစ်ဘူး အလုပ်တွေကများနေတော့လေ၊ အဲ့ဒီလိုများနေပေမယ့်လည်း အချိန်နည်းနည်းရအောင်တော့ လုပ်ရတယ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်က တက်လွယ်၊ ကျလွယ်တယ်လေ”လို့လည်း သူကရှင်းပြပါတယ်။

သူမအနေနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် နေရာတစ်ခုရရှိလာခဲ့သလို အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကနေစပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်နေရတဲ့ သူမဟာ အခုလည်း ဇာတ်ကားအသစ်တွေ ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

“အိချော ကို လာအပ်တဲ့ ဘယ်လိုအလုပ်ကိုမဆို အကောင်းဆုံးကြိုးစားပြီး လုပ်ပါတယ်၊ ကိုယ့်အလုပ်ကိုလေးစားမှ အလုပ်ကလည်း ကိုယ့်ကိုပြန်ပြီး လေးစားလာမှာပါ၊ မိဘလူကြီးသူမတွေကလည်း အိချော ကို အဲ့ဒီလို ဆုံးမကြပါတယ်၊ နောက်ပြီး ကိုယ်လုပ်တဲ့ အလုပ်ကလည်း ကိုယ့်အတွက် ဝါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့် ပိုပြီးတော့လည်း အလေးထားပါတယ်၊ အဲ့ဒါကြောင့်လည်း Gym သွားဆော့ဖို့တောင် အချိန်မရှိဘူးလေ၊ အားတဲ့အချိန်ရှိအောင်လို့တော့ ဖန်တီးရင်း ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းတာတွေ လုပ်ဆောင်နေရတာပါ”လို့လည်း သူက ရှင်းပြပါတယ်။

နယ်ဒေသတွေမှာ ဇာတ်ကားသွားရိုက်တဲ့အခါ အဝေးကြီးကနေ လာရောက်အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေရှိပြီး သူမအနေနဲ့ ရင်းရင်းနှီးနှီးပြန်လည်ပြောဆိုဆက်ဆံလေ့ရှိပါတယ်။

“ဆက်ပြီးတော့လည်း ပရိသတ်အတွက် အကောင်းဆုံးကြိုစားသွားဦးမှာပါ၊ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်ဖို့က အိချော တို့ရဲ့ တာဝန်ပဲလို့ ခံယူထားပါတယ်”လို့လည်း သူကပြောပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် ရုံတင်နေတဲ့ ဇာတ်ကားတွေထဲမှာ သူမပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေလည်း အများအပြားပါဝင်တာကြောင့် အကယ်ဒမီရင်ခုန်သံနဲ့ပတ်သက်လို့ မေးမြန်း တဲ့အခါ “လောလောဆယ်တော့ မမျှော်မှန်းရဲပါဘူး၊ ကြိုးစားမှုရဲ့ ရလာဒ်ကိုတော့ တစ်ချိန်ချိန်မှာ ခံစားရမယ်လို့ ယုံကြည်ပါတယ်”လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ သူမဟာ အခုဆိုရင် သူမကိုချစ်ခင်နှစ်သက် ကြတဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၁၆
( Zawgyi )
ဇာတ္ကား႐ိုက္ကူးတဲ့ အလုပ္ေတြနဲ႔ မအားလပ္တဲ့ၾကားက ခႏၶာကိုယ္လွပေစဖို႔အတြက္ အားလပ္ခ်ိန္ရွိေအာင္ ဖန္တီးရင္း လုပ္ေဆာင္ေနရတယ္လို႔ သ႐ုပ္ေဆာင္ အိေခ်ာပို က ေျပာပါတယ္။

“ခႏၶာကိုယ္မလွခ်င္တဲ့ မိန္းကေလးရယ္လို႔ မရွိပါဘူး၊ ကိုယ့္ကိုယ္ကို ဝလာၿပီလို႔ ထင္ရင္ အစားအေသာက္နဲ႔ ထိန္းတယ္၊ လမ္းေလွ်ာက္တယ္၊ Gym ေတာ့ မေဆာ့ျဖစ္ဘူး အလုပ္ေတြကမ်ားေနေတာ့ေလ၊ အဲ့ဒီလိုမ်ားေနေပမယ့္လည္း အခ်ိန္နည္းနည္းရေအာင္ေတာ့ လုပ္ရတယ္၊ ကိုယ့္ရဲ႕ ခႏၶာကိုယ္က တက္လြယ္၊ က်လြယ္တယ္ေလ”လို႔လည္း သူကရွင္းျပပါတယ္။

သူမအေနနဲ႔ က်ရာဇာတ္႐ုပ္ကို ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ေနရာတစ္ခုရရွိလာခဲ့သလို အေကာင္းဆုံး ျဖစ္ေအာင္လည္း ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ကုန္ပိုင္းကေနစၿပီးေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္ ႐ိုက္ေနရတဲ့ သူမဟာ အခုလည္း ဇာတ္ကားအသစ္ေတြ ႐ိုက္ကူးဖို႔ ကမ္းလွမ္းမႈေတြလည္း ရွိေနေၾကာင္း သိရပါတယ္။

“အိေခ်ာ ကို လာအပ္တဲ့ ဘယ္လိုအလုပ္ကိုမဆို အေကာင္းဆုံးႀကိဳးစားၿပီး လုပ္ပါတယ္၊ ကိုယ့္အလုပ္ကိုေလးစားမွ အလုပ္ကလည္း ကိုယ့္ကိုျပန္ၿပီး ေလးစားလာမွာပါ၊ မိဘလူႀကီးသူမေတြကလည္း အိေခ်ာ ကို အဲ့ဒီလို ဆုံးမၾကပါတယ္၊ ေနာက္ၿပီး ကိုယ္လုပ္တဲ့ အလုပ္ကလည္း ကိုယ့္အတြက္ ဝါသနာပါတဲ့ အလုပ္ျဖစ္တာေၾကာင့္ ပိုၿပီးေတာ့လည္း အေလးထားပါတယ္၊ အဲ့ဒါေၾကာင့္လည္း Gym သြားေဆာ့ဖို႔ေတာင္ အခ်ိန္မရွိဘူးေလ၊ အားတဲ့အခ်ိန္ရွိေအာင္လို႔ေတာ့ ဖန္တီးရင္း ခႏၶာကိုယ္အလွအပ ထိန္းသိမ္းတာေတြ လုပ္ေဆာင္ေနရတာပါ”လို႔လည္း သူက ရွင္းျပပါတယ္။

နယ္ေဒသေတြမွာ ဇာတ္ကားသြား႐ိုက္တဲ့အခါ အေဝးႀကီးကေန လာေရာက္အားေပးၾကည့္ရႈၾကတဲ့ ပရိသတ္ေတြရွိၿပီး သူမအေနနဲ႔ ရင္းရင္းႏွီးႏွီးျပန္လည္ေျပာဆိုဆက္ဆံေလ့ရွိပါတယ္။

“ဆက္ၿပီးေတာ့လည္း ပရိသတ္အတြက္ အေကာင္းဆုံးႀကိဳစားသြားဦးမွာပါ၊ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္နဲ႔ သ႐ုပ္ေဆာင္ႏိုင္ဖို႔က အိေခ်ာ တို႔ရဲ႕ တာဝန္ပဲလို႔ ခံယူထားပါတယ္”လို႔လည္း သူကေျပာပါတယ္။

၂၀၁၈ ခုႏွစ္ထဲမွာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ ႐ုံတင္ေနတဲ့ ဇာတ္ကားေတြထဲမွာ သူမပါဝင္သ႐ုပ္ေဆာင္ ထားတဲ့ ဇာတ္ကားေတြလည္း အမ်ားအျပားပါဝင္တာေၾကာင့္ အကယ္ဒမီရင္ခုန္သံနဲ႔ပတ္သက္လို႔ ေမးျမန္း တဲ့အခါ “ေလာေလာဆယ္ေတာ့ မေမွ်ာ္မွန္းရဲပါဘူး၊ ႀကိဳးစားမႈရဲ႕ ရလာဒ္ကိုေတာ့ တစ္ခ်ိန္ခ်ိန္မွာ ခံစားရမယ္လို႔ ယုံၾကည္ပါတယ္”လို႔လည္း ေျပာၾကားသြားခဲ့ပါေသးတယ္။ သူမဟာ အခုဆိုရင္ သူမကိုခ်စ္ခင္ႏွစ္သက္ ၾကတဲ့ ပရိသတ္ေတြ အခိုင္အမာရရွိထားသူလည္း ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၁၆