ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင် လိုသော ကိစ္စများအတွက် တနင်္ဂနွေသားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း လက်ဝတ်ရတနာများဝင်လာတတ်သည်။ လုပ်ငန်း ခွင်မှာ အတိုက်အခံ၊အပြိုင်အဆိုင်များလို့ စိတ်ပင်ပန်းစရာတွေ ရှိတတ်ပေ မယ့် နောက်ဆုံးမှာ သင်အောင်မြင်ပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေ ရဲ့ အကူအညီရတတ်ပါတယ်။လူမျိုးကွဲကြောင့်စိတ်အနှောင့် အယှက်ဖြစ် ကိန်းမြင်သလို ဒီရက်ပိုင်းသံသယစိတ်များနေတတ်ပါတယ်။
ဒီအချိန်က ပညာရေးကံ ကောင်းနေသလို အလုပ်လျှောက်ထားသူ ရာထူးတိုးလျှောက်ထားသူတို့ အောင်မြင်တဲ့ အချိန်အခါပါ။ ကျန်းမာရေး ကတော့ အားလုံးကောင်းနေပေမယ့် အစားအသာက်မှားတတ်လို့ ဆင်ခြင်သင့်ပါတယ်။ အိမ်ထောင်ရှင်တွေချစ်သူ ရည်းစားတွေ အတိတ်ဟောင်းက အမှတ်ရစရာတွေကြောင့် အဆင်မပြေမှုတွေ ဖြစ်တတ်သလို ငယ်ရွယ်သူတွေ ကတောက်ကဆဖြစ်လို့ သံသယစိတ်လွန်ကဲပြီး အပြစ်မြင်တတ်တဲ့ အချိန်အခါပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား ယခု တစ် ပတ်လုံး အောင်သပြေ ပန်းအိုးထိုးကာ ပူဇော်ပြီး ဒိဝါတပတိဂါထာ ပုတီးစိပ်ပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ သံဃာများကို ထီး၊ဖိနပ်၊သင်္ကန်း ကပ်လှူပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။တနင်္ဂနွေနံဘွဲ့အမည်ပါ ဘုရား သွား ၍ အောင်သပြေ၊စိန်ပန်း(၃)မျိုးဖြင့် ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ထဲက ပုလင်း ခွံ၊ဗူးခွံတွေရှာဖွေ ရှင်းလင်းပါ။ အနီရောင်ပစ္စည်းကို မသုံးပါနဲ့။
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီ၊ဆေးကြောပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းထဲ မှ မကျန်းမာသည့် သက်ကြီး ရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။
ထီကံကောင်းလိုသူများ။ ။ထီကို ၁ အစ ၃ အဆုံး ၅ ဂဏန်းမပါ သည့် ထီ ကိုရှာထိုးပေးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္ လိုေသာ ကိစၥမ်ားအတြက္ တနဂၤေႏြသားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း လက္ဝတ္ရတနာမ်ားဝင္လာတတ္သည္။ လုပ္ငန္း ခြင္မွာ အတိုက္အခံ၊အၿပိဳင္အဆိုင္မ်ားလို႔ စိတ္ပင္ပန္းစရာေတြ ရွိတတ္ေပ မယ့္ ေနာက္ဆုံးမွာ သင္ေအာင္ျမင္ပါလိမ့္မယ္။ မိတ္ေကာင္းေဆြေကာင္းေတြ ရဲ႕ အကူအညီရတတ္ပါတယ္။လူမ်ိဳးကြဲေၾကာင့္စိတ္အေႏွာင့္ အယွက္ျဖစ္ ကိန္းျမင္သလို ဒီရက္ပိုင္းသံသယစိတ္မ်ားေနတတ္ပါတယ္။
ဒီအခ်ိန္က ပညာေရးကံ ေကာင္းေနသလို အလုပ္ေလွ်ာက္ထားသူ ရာထူးတိုးေလွ်ာက္ထားသူတို႔ ေအာင္ျမင္တဲ့ အခ်ိန္အခါပါ။ က်န္းမာေရး ကေတာ့ အားလုံးေကာင္းေနေပမယ့္ အစားအသာက္မွားတတ္လို႔ ဆင္ျခင္သင့္ပါတယ္။ အိမ္ေထာင္ရွင္ေတြခ်စ္သူ ရည္းစားေတြ အတိတ္ေဟာင္းက အမွတ္ရစရာေတြေၾကာင့္ အဆင္မေျပမႈေတြ ျဖစ္တတ္သလို ငယ္႐ြယ္သူေတြ ကေတာက္ကဆျဖစ္လို႔ သံသယစိတ္လြန္ကဲၿပီး အျပစ္ျမင္တတ္တဲ့ အခ်ိန္အခါပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား ယခု တစ္ ပတ္လုံး ေအာင္သေျပ ပန္းအိုးထိုးကာ ပူေဇာ္ၿပီး ဒိဝါတပတိဂါထာ ပုတီးစိပ္ပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ သံဃာမ်ားကို ထီး၊ဖိနပ္၊သကၤန္း ကပ္လႉေပးပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။တနဂၤေႏြနံဘြဲ႕အမည္ပါ ဘုရား သြား ၍ ေအာင္သေျပ၊စိန္ပန္း(၃)မ်ိဳးျဖင့္ ပူေဇာ္ေပးပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ထဲက ပုလင္း ခြံ၊ဗူးခြံေတြရွာေဖြ ရွင္းလင္းပါ။ အနီေရာင္ပစၥည္းကို မသုံးပါနဲ႔။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီ၊ေဆးေၾကာပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းထဲ မွ မက်န္းမာသည့္ သက္ႀကီး ႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ထီကို ၁ အစ ၃ အဆုံး ၅ ဂဏန္းမပါ သည့္ ထီ ကိုရွာထိုးေပးပါ။