【 ဗေဒင် 】စနေ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းလုပ်ငန်းခွင်မှာသင့်အတွက်အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်ထွက်လာမယ့်ကာလဖြစ်နေပါတယ်။ငွေကံတအားကောင်းနေ လို့ စုဆောင်းရမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရမယ့် အချိန် အခါပါ။ ဒီအချိန်မှာအရင်ကရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊နေရာ သစ်ရွှေ့တာတွေ၊အလုပ်အကိုင်ပြောင်းရွှေ့တာတွေ၊ လုပ်ငန်း တိုးချဲ့ တာတွေ လုပ်ကိုင်သင့်တဲ့အချိန်ကာလပါ။လူမျိုးခြားနဲ့ လုပ်ကိုင်နေ သူတွေ ဝန်ထမ်းတွေ ဒီကာလ မှာ နာမည်ဂုဏ်သတင်းထင်ရှားမယ့် ကိန်းရှိပါတယ်။ယခုရက်ပိုင်းအတွင်းသင့်အတွက်လူမှုရေး၊စီးပွားရေး၊ ပညာရေးကိစ္စတွေမှာဆွေးနွေးသင့်တဲ့နေနံသမားကတနင်္လာသားသမီးတွေ ပါ။ ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ ပေါ်တတ် ပါ တယ်။ စပ်တူလုပ်ရတဲ့အလုပ်တွေ ၊ဆောက်လုပ် ရေးတွေ၊ အိမ်ခြံမြေယာအရောင်းအဝယ်သမားတွေ ခဏရပ်ထားပါဦး။ အချိန် ကိုစောင့်လိုက်တာကသင့်ကိုအကျိုးပေးပါတယ်။ ဒီကာလမှာအနုပညာ၊ ကား၊အလှကုန်၊ ကွန်ပျူတာစတဲ့အလုပ် တွေ အကျိုးပေးပါလိမ့်မယ်။ ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ ပညာရေး ကံကောင်းနေပါတယ်။ အိမ်ထောင်ရှင်များစိတ်ညစ်ရသလောက် ချစ်သူများ အတွက်ကတော့ နေ့တိုင်းပျော်စရာ ဖြစ်နေတဲ့ အချိန်ကာလပါ။ ကျန်းမာရေးမှာအပူကြောင့် ဖြစ်တဲ့ရောဂါ၊လေကြောင့် ဖြစ်တတ်တဲ့ ရောဂါကိုသတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။  ဘုရားအား ယခု တစ်ပတ်လုံး ကံ့ကော်ညွှန်နှင့် စပယ်ပန်းခိုင်ကိုကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ နံနက်စောစောတွေ့သည့် အသိမိတ်ဆွေ ကိုကော်ရည်ခေါက်ဆွဲလိုက် ကျွေးပြီးစိတ်ထဲကကော်ပီဟု ၃ ခါ ရွတ် ဆိုပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ရွှေတိဂုံဘုရားအောင်မြေ တွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအားကံ့ကော်ညွှန့် ၉ ညွှန် ကပ်လှူ လိုရာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ မေတ္တာသုတ် ကိုယုံယုံကြည်ကြည် သက်စေ့ရွတ်ဆိုနေပါ။ချစ်သူနှင့်တွေ့သည့်အခါတိုင်းကျောက်စရစ်အသေးတစ်လုံးအိတ်ထဲဆောင်ထားပါ။

လူမှုရေးအတိုက်အခံများသူများ။ ။နေအိမ်ရှိဘုရားစင်နှင့်ဘုရားစေတီ ရင်ပြင်များတွင် သန့်ရှင်းရေးလုပ်၍ ဆီမီးပူဇော်ကာ ရတနာသုတ်ရွတ် ဆိုပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ မနက်စောစောထ၍သံဃာတော်များ အားတန်းဆွမ်းလောင်းလှူပေးပါ။

ထီကံကောင်းလိုသူများ။    ။ ထီဆိုင်တွင် ၆ ပူး၊၇ပူး ဂဏန်းပါသော ထီကိုရွေးထိုးပါ။  

 

(  Zawgyi  )

 ဒီရက္ပိုင္းလုပ္ငန္းခြင္မွာသင့္အတြက္အခြင့္အလမ္းေကာင္းေတြ ဆက္တိုက္ေပၚထြက္လာမယ့္ကာလျဖစ္ေနပါတယ္။ေငြကံတအားေကာင္းေန လို႔ စုေဆာင္းရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ရမယ့္ အခ်ိန္ အခါပါ။ ဒီအခ်ိန္မွာအရင္ကရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြ၊ေနရာ သစ္ေ႐ႊ႕တာေတြ၊အလုပ္အကိုင္ေျပာင္းေ႐ႊ႕တာေတြ၊ လုပ္ငန္း တိုးခ်ဲ႕ တာေတြ လုပ္ကိုင္သင့္တဲ့အခ်ိန္ကာလပါ။လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ေန သူေတြ ဝန္ထမ္းေတြ ဒီကာလ မွာ နာမည္ဂုဏ္သတင္းထင္ရွားမယ့္ ကိန္းရွိပါတယ္။ယခုရက္ပိုင္းအတြင္းသင့္အတြက္လူမႈေရး၊စီးပြားေရး၊ ပညာေရးကိစၥေတြမွာေဆြးေႏြးသင့္တဲ့ေနနံသမားကတနလၤာသားသမီးေတြ ပါ။ ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ေပၚတတ္ ပါ တယ္။ စပ္တူလုပ္ရတဲ့အလုပ္ေတြ ၊ေဆာက္လုပ္ ေရးေတြ၊ အိမ္ၿခံေျမယာအေရာင္းအဝယ္သမားေတြ ခဏရပ္ထားပါဦး။ အခ်ိန္ ကိုေစာင့္လိုက္တာကသင့္ကိုအက်ိဳးေပးပါတယ္။ ဒီကာလမွာအႏုပညာ၊ ကား၊အလွကုန္၊ ကြန္ပ်ဴတာစတဲ့အလုပ္ ေတြ အက်ိဳးေပးပါလိမ့္မယ္။ ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ ပညာေရး ကံေကာင္းေနပါတယ္။ အိမ္ေထာင္ရွင္မ်ားစိတ္ညစ္ရသေလာက္ ခ်စ္သူမ်ား အတြက္ကေတာ့ ေန႔တိုင္းေပ်ာ္စရာ ျဖစ္ေနတဲ့ အခ်ိန္ကာလပါ။ က်န္းမာေရးမွာအပူေၾကာင့္ ျဖစ္တဲ့ေရာဂါ၊ေလေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါကိုသတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။  ဘုရားအား ယခု တစ္ပတ္လုံး ကံ့ေကာ္ၫႊန္ႏွင့္ စပယ္ပန္းခိုင္ကိုကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ နံနက္ေစာေစာေတြ႕သည့္ အသိမိတ္ေဆြ ကိုေကာ္ရည္ေခါက္ဆြဲလိုက္ ေကြၽးၿပီးစိတ္ထဲကေကာ္ပီဟု ၃ ခါ ႐ြတ္ ဆိုပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ေ႐ႊတိဂုံဘုရားေအာင္ေျမ တြင္ အဓိ႒ာန္ျပဳပါ။ဘုရားအားကံ့ေကာ္ၫႊန႔္ ၉ ၫႊန္ ကပ္လႉ လိုရာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ေမတၱာသုတ္ ကိုယုံယုံၾကည္ၾကည္ သက္ေစ့႐ြတ္ဆိုေနပါ။ခ်စ္သူႏွင့္ေတြ႕သည့္အခါတိုင္းေက်ာက္စရစ္အေသးတစ္လုံးအိတ္ထဲေဆာင္ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ေနအိမ္ရွိဘုရားစင္ႏွင့္ဘုရားေစတီ ရင္ျပင္မ်ားတြင္ သန႔္ရွင္းေရးလုပ္၍ ဆီမီးပူေဇာ္ကာ ရတနာသုတ္႐ြတ္ ဆိုပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ မနက္ေစာေစာထ၍သံဃာေတာ္မ်ား အားတန္းဆြမ္းေလာင္းလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။    ။ ထီဆိုင္တြင္ ၆ ပူး၊၇ပူး ဂဏန္းပါေသာ ထီကိုေ႐ြးထိုးပါ။