【 ဗေဒင် 】ကြာသပတေးသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်မှာပညာရေး၊ လူမှုရေး၊ စီးပွားရေး အတွက် အကောင်းဆုံးအကြံပေးနိုင်တာက ဗုဒ္ဓဟူးသားသမီးတွေ ပါ။လုပ်ငန်းခွင်မှာ မတွေ့ချင်တဲ့ လူတွေနဲ့ တွဲလုပ်နေရလို့ စိတ် ပင်ပန်းနေတတ်ပါတယ်။ ကာလမှာ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်းရှိနေသလို  မထင်မှတ်ဘဲအလှူအတန်းတွေ လုပ်ရကိန်းရှိပါတယ်။ ငွေဝင်ကောင်းနေသလို ဘာသာရေး အလုပ်တွေ ဘုရားဖုူးခရီးတွေ သွားရကိန်းရှိပါတယ်။ ဒီကာလအတွင်း စပ်တူကိစ္စတွေ ၊ အိမ်ခြံမြေကိစ္စတွေမှာ အကျိုးပေးတတ်ပါတယ်။ ဒါပေမယ့် ရေထွက်ကုန်တွေ၊ ရေလမ်းခရီးနဲ့ အသက်မွေးသူတွေ ဒီကာလမှာ သတိထားသင့်ပါတယ်။ ကျန်းမာရေး ကကောင်းနေပေ မယ့် ဒူးခေါင်းတွေ၊ အကြောတွေ ဖြစ်တတ်ပါတယ်။ ပညာရေး ကတော့ကောင်းပါတယ်။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အ ပေါ် စကားအသာရအောင်ပြောရင်းမာနပြိုင်တတ်ပါတယ်။ ချစ်သူများ ကြားလူစကား ကိုသတိထားပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ပန်းပေါင်းစုံအား လှူဒါန်းကာ ပဋ္ဌာန်းရွက်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သံဃာတော်များအား ထီးဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီ၏ ဗုဒ္ဒဟူးထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထောင် ဘက်နှစ်ဦး၏ နေနံသင့် ပန်းကို ဘုရားပန်းအိုး တစ်အိုးဖြင့် သပ်သပ် ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ထားပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ သရဏဂုံ ၃ ပါးကို ကိုနံနက် မျက်နှာသစ်တိုင်းရွက်ဖတ်ပူဇော်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။  ။ တံတားပြင်ပေးပါ။လမ်းပြင်ပေးပါ။ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူများ ။  ။ ဗုဒ္ဓဟူးနေနံထီဆိုင်တွင် ၄/ ၅ ဂဏန်း များများပါသည့် ထီလက်မှတ်ကို ရွေးထိုးပေးပါ။

(  Zawgyi  )

 သင့္အတြက္ ဒီတစ္ပတ္မွာပညာေရး၊ လူမႈေရး၊ စီးပြားေရး အတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက ဗုဒၶဟူးသားသမီးေတြ ပါ။လုပ္ငန္းခြင္မွာ မေတြ႕ခ်င္တဲ့ လူေတြနဲ႔ တြဲလုပ္ေနရလို႔ စိတ္ ပင္ပန္းေနတတ္ပါတယ္။ ကာလမွာ မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံခင္မင္ရကိန္းရွိေနသလို  မထင္မွတ္ဘဲအလႉအတန္းေတြ လုပ္ရကိန္းရွိပါတယ္။ ေငြဝင္ေကာင္းေနသလို ဘာသာေရး အလုပ္ေတြ ဘုရားဖုူးခရီးေတြ သြားရကိန္းရွိပါတယ္။ ဒီကာလအတြင္း စပ္တူကိစၥေတြ ၊ အိမ္ၿခံေျမကိစၥေတြမွာ အက်ိဳးေပးတတ္ပါတယ္။ ဒါေပမယ့္ ေရထြက္ကုန္ေတြ၊ ေရလမ္းခရီးနဲ႔ အသက္ေမြးသူေတြ ဒီကာလမွာ သတိထားသင့္ပါတယ္။ က်န္းမာေရး ကေကာင္းေနေပ မယ့္ ဒူးေခါင္းေတြ၊ အေၾကာေတြ ျဖစ္တတ္ပါတယ္။ ပညာေရး ကေတာ့ေကာင္းပါတယ္။ အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အ ေပၚ စကားအသာရေအာင္ေျပာရင္းမာနၿပိဳင္တတ္ပါတယ္။ ခ်စ္သူမ်ား ၾကားလူစကား ကိုသတိထားပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ပန္းေပါင္းစုံအား လႉဒါန္းကာ ပ႒ာန္း႐ြက္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ သံဃာေတာ္မ်ားအား ထီးဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီ၏ ဗုဒၵဟူးေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ေထာင္ ဘက္ႏွစ္ဦး၏ ေနနံသင့္ ပန္းကို ဘုရားပန္းအိုး တစ္အိုးျဖင့္ သပ္သပ္ ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ သရဏဂုံ ၃ ပါးကို ကိုနံနက္ မ်က္ႏွာသစ္တိုင္း႐ြက္ဖတ္ပူေဇာ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။  ။ တံတားျပင္ေပးပါ။လမ္းျပင္ေပးပါ။ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။  ။ ဗုဒၶဟူးေနနံထီဆိုင္တြင္ ၄/ ၅ ဂဏန္း မ်ားမ်ားပါသည့္ ထီလက္မွတ္ကို ေ႐ြးထိုးေပးပါ။