【 ဗေဒင် 】ကြာသပတေးသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသာ ကိစ္စများအတွက် စနေသားသမီးများနှင့် တိုင်ပင်ဆောင်ရွက် ပါ။ ယခုရက်ပိုင်းအတွင်း အလှူမင်္ဂလာပွဲတွေ၊ ဘာသာရေးပွဲတွေမှာ ဦးဆောင်ဦးရွက်

ပြုရတတ်တဲ့ ကာလပါ။ပြည်တွင်းပြည်ပခရီးကောင်းတွေ သွားရတတ်သလို အလုပ်အကိုင်တွေလည်း ကောင်းတဲ့ ကာလ ပါ။ ငွေကံကောင်းနေတတ်ပါတယ်။ မိသားစုအတွင်းအလှူ အတန်း လုပ်ရ တတ်ပါတယ်။

ဒီကာလမှာ စပ်တူရှယ်ယာအလုပ်တွေ၊စက်ပစ္စည်းလုပ်ကိုင်သူတွေ ၊ ကုန်သည်တွေ အလုပ်အကိုင်ကောင်း တဲ့ ကာလဖြစ်ပြီး အိမ်ခြံမြေ

လုပ်ငန်းလုပ်ကိုင်သူတွေစိတ်ချမ်းသာနေရမယ့်ကာလပါ။ လက်အောက်ငယ်သားနဲ့ ဆွေမျိုးတွေရဲ့မကောင်းသတင်းကြားရတတ်ပြီးဝမ်း၊ဆီး၊အာရုံကြောရောဂါတွေဖြစ် တတ် လို့ ဂရုစိုက်သင့်ပါတယ်။ ပညာရေး ကတော့ လုပ်ငန်းခွင် စာမေးပွဲရာထူးစာမေးပွဲဖြေဆိုထားသူများရည်မှန်းချက် ပြည်စုံပါမယ်။အိမ်ထောင်ရှင်များစိတ်ကသိကအောင့် ဖြစ်စရာတွေ့ တတ်ပေမယ့် ငယ်ရွယ်သူများ ခဏတာ ခွဲခွာရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။နံနက်အာရုဏ် တက်မီ ဒိဝါတပတိ ဂါထာကို နေထွက်ရာအရပ်ကို ဦးတိုက်ကာ ကိုးခေါက် တိတိယုံယုံကြည်ကြည် ယခုတစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ နံနက်စောစောဆွမ်းခံကြွလာသည့် သံဃာတော်များအား သကြားကို အထုပ်ကလေးများဖြင့် လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ရွှေတိဂုံဘုရားအောင်မြေတွင် နှင်းဆီနှင့် အောင်သပြေပါသည့် ပန်းစည်းဖြင့် အဓိဋ္ဌာန်ပြုကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်တွင် ကြည့်မှန် အဟောင်းများရှိပါကလွှင့်ပစ်ပါ။ချစ်သူနှင့်တွေ့ရန်သွားသည့် အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။ ။စေတီရင်ပြင်များတွင်မေတ္တာသုတ် ရွတ် ဆိုကာ သန့်ရှင်းရေးပြုလုပ်ပေးပြီး ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ နံနက်ဘက်ထကာ အိမ်ရှေ့ လမ်းမ ကိုသန့်ရှင်းရေး လုပ်ဆောင်ပြီးခို၊စာကလေးများကို ယခုတစ်ပတ်လုံး အစာကျွေးပါ။

ထီကံကောင်းလိုသူများ။ ။ စနေနံနာမည်ပါ ထီဆိုင်တွင် ၅/၇/၈ ဂဏန်းများများပါသည့်ကို ထီလက်မှတ်ကို ရွေးထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုသာ ကိစၥမ်ားအတြက္ စေနသားသမီးမ်ားႏွင့္ တုိင္ပင္ေဆာင္ရြက္ ပါ။ ယခုရက္ပုိင္းအတြင္း အလွဴမဂၤလာပြဲေတြ၊ ဘာသာေရးပြဲေတြမွာ ဦးေဆာင္ဦးရြက္ျပဳရတတ္တဲ့ ကာလပါ။

ျပည္တြင္းျပည္ပခရီးေကာင္းေတြ သြားရတတ္သလုိ အလုပ္အကုိင္ေတြလည္း ေကာင္းတဲ့ ကာလ ပါ။ ေငြကံေကာင္းေနတတ္ပါတယ္။ မိသားစုအတြင္းအလွဴ အတန္း လုပ္ရ တတ္ပါတယ္။ ဒီကာလမွာ စပ္တူရွယ္ယာအလုပ္ေတြ၊

စက္ပစၥည္းလုပ္ကုိင္သူေတြ ၊ ကုန္သည္ေတြ အလုပ္အကုိင္ေကာင္း တဲ့ ကာလျဖစ္ၿပီး အိမ္ၿခံေျမလုပ္ငန္းလုပ္ကုိင္သူေတြ စိတ္ခ်မ္းသာေနရမယ့္ကာလပါ။ လက္ေအာက္ငယ္သားနဲ႔ ေဆြမ်ဳိးေတြရဲ႕မေကာင္းသတင္းၾကား

ရတတ္ၿပီး၀မ္း၊ဆီး၊အာရုံေၾကာေရာဂါေတြျဖစ္ တတ္ လုိ႔ ဂရုစုိက္သင့္ပါတယ္။ ပညာေရး ကေတာ့ လုပ္ငန္းခြင္ စာေမးပြဲရာထူးစာေမးပြဲေျဖဆုိထားသူမ်ားရည္မွန္းခ်က္ ျပည္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား

စိတ္ကသိကေအာင့္ ျဖစ္စရာေတြ႔ တတ္ေပမယ့္ ငယ္ရြယ္သူမ်ား ခဏတာ ခြဲခြာရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။နံနက္အာရုဏ္ တက္မီ ဒိ၀ါတပတိ ဂါထာကုိ ေနထြက္ရာအရပ္ကုိ ဦးတိုက္ကာ ကုိးေခါက္ တိတိယုံယုံၾကည္ၾကည္ ယခုတစ္ပတ္လုံးရြတ္ဆုိပါ။

ျပည္ပထြက္ခြာလုိသူမ်ား။ ။ နံနက္ေစာေစာဆြမ္းခံၾကြလာသည့္ သံဃာေတာ္မ်ားအား သၾကားကုိ အထုပ္ကေလးမ်ားျဖင့္ လွဴေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေရႊတိဂုံဘုရားေအာင္ေျမတြင္ ႏွင္းဆီႏွင့္ ေအာင္သေျပပါသည့္ ပန္းစည္းျဖင့္ အဓိ႒ာန္ျပဳကာ လုိရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္တြင္ ၾကည့္မွန္ အေဟာင္းမ်ားရွိပါကလႊင့္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႔ရန္သြားသည့္ အခါတုိင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတုိက္အခံမ်ားသူမ်ား။ ။ေစတီရင္ျပင္မ်ားတြင္ေမတၱာသုတ္ ရြတ္ ဆုိကာ သန္႔ရွင္းေရးျပဳလုပ္ေပးၿပီး ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ နံနက္ဘက္ထကာ အိမ္ေရွ႕ လမ္းမ ကုိသန္႔ရွင္းေရး လုပ္ေဆာင္ၿပီးခုိ၊စာကေလးမ်ားကုိ ယခုတစ္ပတ္လုံး အစာေကၽြးပါ။

ထီကံေကာင္းလုိသူမ်ား။ ။ စေနနံနာမည္ပါ ထီဆုိင္တြင္ ၅/၇/၈ ဂဏန္းမ်ားမ်ားပါသည့္ကုိ ထီလက္မွတ္ကုိ ေရြးထုိးပါ။