【 နိုင်ငံတကာဆောင်းပါး 】“ ပြည်သူလူထုကို အုပ်ချုပ်မလား ကာကွယ်မလား ”

【  နိုင်ငံတကာဆောင်းပါး 】“ ပြည်သူလူထုကို အုပ်ချုပ်မလား ကာကွယ်မလား ”

မငြိမ်သက်မှုများနှင့်  စိတ်ပျက်စရာများ ဖြစ်စေသော ရဲတပ်ဖွဲ့ကို ပြန်လည်တည်ဆောက် လိုသူ များအနေဖြင့် အာရှ၊ အာဖရိကနှင့် ဥရောပမှ အတွေ့အကြုံများကို လေ့လာသင့်သည်။

“တရားမျှတမှု မရှိရင် ငြိမ်းချမ်းရေးမရှိ” “လူမျိုးခွဲခြားသော ရဲတပ်ဖွဲ့ အလိုမရှိ” နိုင်ငံတဝှမ်း ဆန္ဒ ပြပွဲများ ပေါ်ပေါက်ခဲ့သည့် ရက်သတ္တပါတ်များအတွင်း ထို ကြွေးကြော်သံများသည် အမေရိကန် ပြည်ထောင်စုလမ်းမများတွင် ပဲ့တင်ထပ်ခဲ့ပြီး အချက်တချက်ကို မီးမောင်းထိုးပြနေသည်။

ထိုအချက်မှာ အမေရိကန် ရဲတပ်ဖွဲ့သည် တရားဝင်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထိုအကျပ်အတည်း၏ အကျိုးဆက်မှာ ရဲတပ်ဖွဲ့လုပ်ငန်း ထက်ကျော်လွန်နေသော ပြဿနာဖြစ်သည်။

ဆယ်စုနှစ်များစွာသော လူမျိုးရေးမုန်းတီးမှုများကို ဖြေရှင်းရေးအတွက် တရားဥပဒေ စိုးမိုးရေး အင်အားစုများကို ပြုပြင်ပြောင်းလဲရန် စိတ်အားထက်သန်သူများအနေဖြင့် ထိုသို့သော စိန်ခေါ်မှု နှင့် နပန်းလုံးနေရသော အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာသင့်သည်။ ထိုပြဿနာ ကို ပြင်ဆင်ရန်မလိုဟု အကြောက်အကန်ငြင်းဆန်နေသော သူများသည်လည်း ထိုသို့ပင် လေ့လာရမည်ဖြစ်သည်။

လူဖြူကြီးစိုးရေး ရာစုနှစ်များစွာတွင် အခြေခံပြီး မကြာသေးမီနှစ်များအတွင်း နိုင်ငံရေး အရ သဘောထားကွဲလာခြင်းက မီးလောင်ရာလေပင့်လိုက်သော ထိုကာလသည် ထိုထက်ပိုမိုပြီး အမေရိကန်ဆန်စရာ အကြောင်းမရှိတော့ပေ။ သို့သော် အလားဖြစ်ရပ်များ ယခင်ကလည်း ဖြစ်ခဲ့ဖူးသည်။ ထိုကဲ့သို့သော ဖြစ်ရပ်အားလုံး နီးပါးသည် အခွင့်ထူးခံလူနည်းစု အာဏာ ဆက်လက် ထိန်းသိမ်းနိုင်ရန် စနစ်တကျဖြင့် ရက်စက်သော ရဲတပ်ဖွဲ့လုပ်ငန်း တာဝန်ထမ်းဆောင်သော နိုင်ငံများတွင် ပေါ်ပေါက်ခဲ့သည်။

အမေရိက လမ်းမများတွင် အထင်အရှားတွေ့မြင်ရသော ကောက်ချက်မှာ အမေရိကန်နိုင်ငံတွင် ရဲတပ်ဖွဲ့လုပ်ငန်းဆောင်ရွက်ခြင်းသည် နိုင်ငံသားများ၏ အခွင့်အရေးများကို ဖြတ်တောက်ခြင်း ဖြစ်ပြီး တရားဥပဒေအောက်တွင် တန်းတူညီမျှသော အကာအကွယ်ပေးရေးဟူသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကတိကဝတ်နှင့် ပတ်သက်သည့် လိမ်လည်မှုဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ရဲတပ်ဖွဲ့၏ ပြင်းထန်သော အကြမ်းဖက်မှု၊ ထိုအကြမ်းဖက်မှု များသည် လူမဲများနှင့် ရဲကအကြီးအကျယ် စောင့်ကြည့်နေသည့် လူနည်းစုများအပေါ် အလွန်အကျွံ ကျရောက်နေခြင်း၊ အဖွဲ့အစည်းအတွင် အမြစ်တွယ်နေ သည့် ပြစ်မှုဖြစ်သော အမှားကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင်များ ဆက်လက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်း ထိုအရာ အားလုံးသည် အမေရိကန် ဒီမိုကရေစီအတွက် ပြင်းထန်သော စိန်ခေါ်မှုဖြစ်သည်။

 “အဲဒီလို လူ့အဖွဲ့အစည်းတွေအတွက် ရဲဆိုတာ အမေရိကန် ဒီမိုကရေစီပဲလို့နားလည်ကြတယ်” ဟု အမေရိကန်ပြည်ထောင်စုမှ ရဲလုပ်ငန်းနှင့် ဒီမိုကရေစီ တရားဝင်မှုကို လေ့လာနေသည့် ဂျွန်ဟုပ်ကင်းတက္ကသိုလ် နိုင်ငံရေး သိပံပညာရှင် Vesla Weaver ပြောသည်။ “ သူတို့တွေက ရဲနဲ့ပတ်သက်တဲ့ သူတို့အတွေ့အကြံုနဲ့ သူတို့ရဲ့ ဒီမိုကရေစီ နိုင်ငံသားဖြစ်မှု ဘယ်လောက် ခိုင်မာလဲ ဆိုတာကို ဆက်စပ်စဉ်းစားကြတယ်” ဟု သူပြောသည်။.

ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုဒဏ်ကို ဆင်းရဲသော လူမှုအသိုင်းအဝန်းများက အခံရဆုံး ဖြစ်သော် လည်း ဘဝအလွှာစုံမှ လူမဲများသည် ထိုအရိပ်မဲအောက်တွင် နေထိုင်နေကြဆဲဖြစ်သည်။ ရဲတပ်ဖွဲ့ ၏ တရားဝင်မှု အကျပ်အတည်းသည် အမေရိကန် တနိုင်ငံထဲတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ် ပေ။ ထိုပြဿနာသည် မြောက်ပိုင်း အိုင်ယာလန်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားတွင်လည်း ဖြစ်ပွားခဲ့သည်။

 “ရဲတွေဟာ ချက်ခြင်းတရားဝင်မှု ဆုံးရှုံးသွားနိုင်တယ်။ တရားဝင်မှုပြန်ရဖို့ အရမ်းခက်တယ်” ဟု  မြောက်အိုင်ယာလန်မှ ရဲလုပ်ငန်းနှင့် နိုင်ငံရေးသုတေသီ Christopher Rickard ပြောသည်။မကြာသေးမီက အဓိက ဆွေးနွေးချက်များတွင် ရဲတပ်ဖွဲ့၏ သတ်ဖြတ်မှုများကို ရဲတဦးချင်းစီ၏ သီးခြားစီဖြစ်သော အမှားအယွင်းဟု သာယူဆပြီး စနစ်ဆိုင်ရာ ပြဿနာများကြောင့် ကြိုတင် သိမြင်နိုင်သော ပြဿနာအဖြစ် မမြင်ကြပေ။

သွေးကွဲနေတယ့် လူ့အဖွဲ့အစည်းတွေမှာ ရဲနဲ့တခြား လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်ခြင်း မရှိတာဟာ  စွမ်းရည်ဆိုင်ရာ ပြဿနာမဟုတ်ဘဲ နိုင်ငံရေးအရ ရွေးချယ်မှုသာဖြစ်တယ်” ဟု  သီရိလင်္ကာ၊ မြန်မာနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံများမှ ရဲအကြမ်းဖက်မှုများကို လေ့လာ ခဲ့သော လန်ဒန်တက္ကသိုလ်မှ ကထိက Cronin-Furman ပြောသည်။

“ခွဲခြားဆက်ဆံခံရသူတွေဟာ ဘယ်တော့မှ မလုံခြုံဘူးဆိုတာကို ဒါကပြသနေတယ်။ သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပိုင်ဆိုင်ခြင်းမရှိဘဲ သူတို့ရဲ့ လူသားဖြစ်မှုဟာ အမြဲတမ်း မေးခွန်း ထုတ်ခံနေရတယ်” ဟု သူဆက်ပြောသည်။

အမေရိကန်များသည် ၎င်းတို့နိုင်ငံကို အထက်ပါနိုင်ငံများနှင့် နှိုင်းယှဉ်သည်ကို ကြားဖူးကြမည် မဟုတ်ပေ။  သို့သော် ဖိနှိပ်သော ရဲလုပ်ငန်းသည် ရဲတပ်ဖွဲ့ အကြီးအကျယ်စောင့်ကြည့်နေသည့် ဆင်းရဲသော အမေရိကန်လူမဲများနှင့် အခြားလူနည်းစုများ အပေါ်ဖိနှိပ်ခြင်းသည် အမေရိကန် သမိုင်းတလျှောက်လုံး ရှိနေကြောင်း ယနေ့တိုင်ဆက်လက်ဖြစ်ပေါ်နေကြောင်း ပြသသည့် ခိုင်မာသော အထောက်အထားများရှိနေသည်။

၁၈၆၀ နှင့် ၁၈၇၀ ခုနှစ်များအတွင် တောင်ပိုင်းပြည်နယ်များနှင့် မြို့များတွင် ရဲလုပ်ငန်းမှာ ကျွန် ဘဝမှ လွတ်မြောက်လာသော လူမဲများ စီးပွားရေး ဖိနှိပ်ခံရစေရန်နှင့် နိုင်ငံသားအခွင့်အရေး မှ နိုင်ငံရေးအရ ဖယ်ထုတ်ထားရန်သာဖြစ်သည်ဟု အမေရိကန်လူမဲများကို နိုင်ငံတော်ကမကထပြု အကြမ်းဖက်မှုများအကြောင်းလေ့လာနေသည့် Dr. Francis ပြောသည်။

မင်နီဆိုးတားမှ ရဲတဦးကြောင့် ဂျော့ဖလွိုက်သေဆုံးခြင်းအပေါ် ကျယ်ပြန့်သော ကန့်ကွက်မှု များသည် အမေရိန် လူနေမှုဘဝ နယ်ပယ်အားလုံးတွင် အမြစ်တွယ်နေသည့် လူမျိုးခွဲခြားမှုကို ပြသနေသည်။

သူတို့တွင် တရားဝင်လွတ်လပ်ခွင့်ရှိသော်လည်း ရဲက သူတို့ကို အချိန်မရွေးဖမ်းနိုင်သည်။ စကား မပြောဘဲနေခွင့် တရားဝင်ရှိသော်လည်း သူတို့ပြန်လည်ဖြေကြားခြင်းမရှိလျှင် ရဲကဖမ်းဆီး နှိပ်စက်မည်ကို ကြောက်နေရသည်။ သူတို့တွင် လွတ်လပ်စွာ စုရုံးခွင် တရားဝင်ရှိသော်လည်း ပန်းခြံတခုသို့ သုံးလေးယောက် အုပ်စုဖြင့် မသွားရဲ၊။ ရာဇဝတ်မှု သံသယဖြင့် ရဲကဖမ်းမည်ကို ကြောက်နေရသည်။

အာဏာရှင်စနစ်အောက်တွင်နေရသည်နှင့်လွန်စွာတူညီနေသည်။

Ref: Police the Public, or Protect It? For a U.S. in Crisis, Hard Lessons From Other Countries
(NY times)

(  Zawgyi  )

 မၿငိမ္သက္မႈမ်ားႏွင့္  စိတ္ပ်က္စရာမ်ား ျဖစ္ေစေသာ ရဲတပ္ဖြဲ႕ကို ျပန္လည္တည္ေဆာက္ လိုသူ မ်ားအေနျဖင့္ အာရွ၊ အာဖရိကႏွင့္ ဥေရာပမွ အေတြ႕အႀကဳံမ်ားကို ေလ့လာသင့္သည္။

“တရားမွ်တမႈ မရွိရင္ ၿငိမ္းခ်မ္းေရးမရွိ” “လူမ်ိဳးခြဲျခားေသာ ရဲတပ္ဖြဲ႕ အလိုမရွိ” ႏိုင္ငံတဝွမ္း ဆႏၵ ျပပြဲမ်ား ေပၚေပါက္ခဲ့သည့္ ရက္သတၱပါတ္မ်ားအတြင္း ထို ေႂကြးေၾကာ္သံမ်ားသည္ အေမရိကန္ ျပည္ေထာင္စုလမ္းမမ်ားတြင္ ပဲ့တင္ထပ္ခဲ့ၿပီး အခ်က္တခ်က္ကို မီးေမာင္းထိုးျပေနသည္။

ထိုအခ်က္မွာ အေမရိကန္ ရဲတပ္ဖြဲ႕သည္ တရားဝင္မႈ အက်ပ္အတည္းႏွင့္ ရင္ဆိုင္ေနရျခင္း ျဖစ္သည္။ ထိုအက်ပ္အတည္း၏ အက်ိဳးဆက္မွာ ရဲတပ္ဖြဲ႕လုပ္ငန္း ထက္ေက်ာ္လြန္ေနေသာ ျပႆနာျဖစ္သည္။

ဆယ္စုႏွစ္မ်ားစြာေသာ လူမ်ိဳးေရးမုန္းတီးမႈမ်ားကို ေျဖရွင္းေရးအတြက္ တရားဥပေဒ စိုးမိုးေရး အင္အားစုမ်ားကို ျပဳျပင္ေျပာင္းလဲရန္ စိတ္အားထက္သန္သူမ်ားအေနျဖင့္ ထိုသို႔ေသာ စိန္ေခၚမႈ ႏွင့္ နပန္းလုံးေနရေသာ အျခားႏိုင္ငံမ်ား၏ အေတြ႕အႀကဳံမ်ားကို ေလ့လာသင့္သည္။ ထိုျပႆနာ ကို ျပင္ဆင္ရန္မလိုဟု အေၾကာက္အကန္ျငင္းဆန္ေနေသာ သူမ်ားသည္လည္း ထိုသို႔ပင္ ေလ့လာရမည္ျဖစ္သည္။

လူျဖဴႀကီးစိုးေရး ရာစုႏွစ္မ်ားစြာတြင္ အေျခခံၿပီး မၾကာေသးမီႏွစ္မ်ားအတြင္း ႏိုင္ငံေရး အရ သေဘာထားကြဲလာျခင္းက မီးေလာင္ရာေလပင့္လိုက္ေသာ ထိုကာလသည္ ထိုထက္ပိုမိုၿပီး အေမရိကန္ဆန္စရာ အေၾကာင္းမရွိေတာ့ေပ။ သို႔ေသာ္ အလားျဖစ္ရပ္မ်ား ယခင္ကလည္း ျဖစ္ခဲ့ဖူးသည္။ ထိုကဲ့သို႔ေသာ ျဖစ္ရပ္အားလုံး နီးပါးသည္ အခြင့္ထူးခံလူနည္းစု အာဏာ ဆက္လက္ ထိန္းသိမ္းႏိုင္ရန္ စနစ္တက်ျဖင့္ ရက္စက္ေသာ ရဲတပ္ဖြဲ႕လုပ္ငန္း တာဝန္ထမ္းေဆာင္ေသာ ႏိုင္ငံမ်ားတြင္ ေပၚေပါက္ခဲ့သည္။

အေမရိက လမ္းမမ်ားတြင္ အထင္အရွားေတြ႕ျမင္ရေသာ ေကာက္ခ်က္မွာ အေမရိကန္ႏိုင္ငံတြင္ ရဲတပ္ဖြဲ႕လုပ္ငန္းေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံသားမ်ား၏ အခြင့္အေရးမ်ားကို ျဖတ္ေတာက္ျခင္း ျဖစ္ၿပီး တရားဥပေဒေအာက္တြင္ တန္းတူညီမွ်ေသာ အကာအကြယ္ေပးေရးဟူသည့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ကတိကဝတ္ႏွင့္ ပတ္သက္သည့္ လိမ္လည္မႈျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ရဲတပ္ဖြဲ႕၏ ျပင္းထန္ေသာ အၾကမ္းဖက္မႈ၊ ထိုအၾကမ္းဖက္မႈ မ်ားသည္ လူမဲမ်ားႏွင့္ ရဲကအႀကီးအက်ယ္ ေစာင့္ၾကည့္ေနသည့္ လူနည္းစုမ်ားအေပၚ အလြန္အကြၽံ က်ေရာက္ေနျခင္း၊ အဖြဲ႕အစည္းအတြင္ အျမစ္တြယ္ေန သည့္ ျပစ္မႈျဖစ္ေသာ အမွားက်ဴးလြန္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား ဆက္လက္ျပစ္ဒဏ္ကင္းလြတ္ခြင့္ရေနျခင္း ထိုအရာ အားလုံးသည္ အေမရိကန္ ဒီမိုကေရစီအတြက္ ျပင္းထန္ေသာ စိန္ေခၚမႈျဖစ္သည္။

 “အဲဒီလို လူ႔အဖြဲ႕အစည္းေတြအတြက္ ရဲဆိုတာ အေမရိကန္ ဒီမိုကေရစီပဲလို႔နားလည္ၾကတယ္” ဟု အေမရိကန္ျပည္ေထာင္စုမွ ရဲလုပ္ငန္းႏွင့္ ဒီမိုကေရစီ တရားဝင္မႈကို ေလ့လာေနသည့္ ဂြၽန္ဟုပ္ကင္းတကၠသိုလ္ ႏိုင္ငံေရး သိပံပညာရွင္ Vesla Weaver ေျပာသည္။ “ သူတို႔ေတြက ရဲနဲ႔ပတ္သက္တဲ့ သူတို႔အေတြ႕အႀကံဳနဲ႔ သူတို႔ရဲ႕ ဒီမိုကေရစီ ႏိုင္ငံသားျဖစ္မႈ ဘယ္ေလာက္ ခိုင္မာလဲ ဆိုတာကို ဆက္စပ္စဥ္းစားၾကတယ္” ဟု သူေျပာသည္။.

ရဲတပ္ဖြဲ႕၏ အၾကမ္းဖက္မႈဒဏ္ကို ဆင္းရဲေသာ လူမႈအသိုင္းအဝန္းမ်ားက အခံရဆုံး ျဖစ္ေသာ္ လည္း ဘဝအလႊာစုံမွ လူမဲမ်ားသည္ ထိုအရိပ္မဲေအာက္တြင္ ေနထိုင္ေနၾကဆဲျဖစ္သည္။ ရဲတပ္ဖြဲ႕ ၏ တရားဝင္မႈ အက်ပ္အတည္းသည္ အေမရိကန္ တႏိုင္ငံထဲတြင္ ျဖစ္ပြားခဲ့ျခင္း မဟုတ္ ေပ။ ထိုျပႆနာသည္ ေျမာက္ပိုင္း အိုင္ယာလန္၊ သီရိလကၤာႏွင့္ ျမန္မာႏိုင္ငံတို႔ အပါအဝင္ ႏိုင္ငံအမ်ားအျပားတြင္လည္း ျဖစ္ပြားခဲ့သည္။

 “ရဲေတြဟာ ခ်က္ျခင္းတရားဝင္မႈ ဆုံးရႈံးသြားႏိုင္တယ္။ တရားဝင္မႈျပန္ရဖို႔ အရမ္းခက္တယ္” ဟု  ေျမာက္အိုင္ယာလန္မွ ရဲလုပ္ငန္းႏွင့္ ႏိုင္ငံေရးသုေတသီ Christopher Rickard ေျပာသည္။မၾကာေသးမီက အဓိက ေဆြးေႏြးခ်က္မ်ားတြင္ ရဲတပ္ဖြဲ႕၏ သတ္ျဖတ္မႈမ်ားကို ရဲတဦးခ်င္းစီ၏ သီးျခားစီျဖစ္ေသာ အမွားအယြင္းဟု သာယူဆၿပီး စနစ္ဆိုင္ရာ ျပႆနာမ်ားေၾကာင့္ ႀကိဳတင္ သိျမင္ႏိုင္ေသာ ျပႆနာအျဖစ္ မျမင္ၾကေပ။

ေသြးကြဲေနတယ့္ လူ႔အဖြဲ႕အစည္းေတြမွာ ရဲနဲ႔တျခား လုံၿခဳံေရးတပ္ဖြဲ႕ေတြကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိတာဟာ  စြမ္းရည္ဆိုင္ရာ ျပႆနာမဟုတ္ဘဲ ႏိုင္ငံေရးအရ ေ႐ြးခ်ယ္မႈသာျဖစ္တယ္” ဟု  သီရိလကၤာ၊ ျမန္မာႏွင့္ ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံမ်ားမွ ရဲအၾကမ္းဖက္မႈမ်ားကို ေလ့လာ ခဲ့ေသာ လန္ဒန္တကၠသိုလ္မွ ကထိက Cronin-Furman ေျပာသည္။

“ခြဲျခားဆက္ဆံခံရသူေတြဟာ ဘယ္ေတာ့မွ မလုံၿခဳံဘူးဆိုတာကို ဒါကျပသေနတယ္။ သူတို႔ဟာ ႏိုင္ငံသားျဖစ္ခြင့္ အျပည့္အဝပိုင္ဆိုင္ျခင္းမရွိဘဲ သူတို႔ရဲ႕ လူသားျဖစ္မႈဟာ အၿမဲတမ္း ေမးခြန္း ထုတ္ခံေနရတယ္” ဟု သူဆက္ေျပာသည္။

အေမရိကန္မ်ားသည္ ၎တို႔ႏိုင္ငံကို အထက္ပါႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္သည္ကို ၾကားဖူးၾကမည္ မဟုတ္ေပ။  သို႔ေသာ္ ဖိႏွိပ္ေသာ ရဲလုပ္ငန္းသည္ ရဲတပ္ဖြဲ႕ အႀကီးအက်ယ္ေစာင့္ၾကည့္ေနသည့္ ဆင္းရဲေသာ အေမရိကန္လူမဲမ်ားႏွင့္ အျခားလူနည္းစုမ်ား အေပၚဖိႏွိပ္ျခင္းသည္ အေမရိကန္ သမိုင္းတေလွ်ာက္လုံး ရွိေနေၾကာင္း ယေန႔တိုင္ဆက္လက္ျဖစ္ေပၚေနေၾကာင္း ျပသသည့္ ခိုင္မာေသာ အေထာက္အထားမ်ားရွိေနသည္။

၁၈၆၀ ႏွင့္ ၁၈၇၀ ခုႏွစ္မ်ားအတြင္ ေတာင္ပိုင္းျပည္နယ္မ်ားႏွင့္ ၿမိဳ႕မ်ားတြင္ ရဲလုပ္ငန္းမွာ ကြၽန္ ဘဝမွ လြတ္ေျမာက္လာေသာ လူမဲမ်ား စီးပြားေရး ဖိႏွိပ္ခံရေစရန္ႏွင့္ ႏိုင္ငံသားအခြင့္အေရး မွ ႏိုင္ငံေရးအရ ဖယ္ထုတ္ထားရန္သာျဖစ္သည္ဟု အေမရိကန္လူမဲမ်ားကို ႏိုင္ငံေတာ္ကမကထျပဳ အၾကမ္းဖက္မႈမ်ားအေၾကာင္းေလ့လာေနသည့္ Dr. Francis ေျပာသည္။

မင္နီဆိုးတားမွ ရဲတဦးေၾကာင့္ ေဂ်ာ့ဖလြိဳက္ေသဆုံးျခင္းအေပၚ က်ယ္ျပန႔္ေသာ ကန႔္ကြက္မႈ မ်ားသည္ အေမရိန္ လူေနမႈဘဝ နယ္ပယ္အားလုံးတြင္ အျမစ္တြယ္ေနသည့္ လူမ်ိဳးခြဲျခားမႈကို ျပသေနသည္။

သူတို႔တြင္ တရားဝင္လြတ္လပ္ခြင့္ရွိေသာ္လည္း ရဲက သူတို႔ကို အခ်ိန္မေ႐ြးဖမ္းႏိုင္သည္။ စကား မေျပာဘဲေနခြင့္ တရားဝင္ရွိေသာ္လည္း သူတို႔ျပန္လည္ေျဖၾကားျခင္းမရွိလွ်င္ ရဲကဖမ္းဆီး ႏွိပ္စက္မည္ကို ေၾကာက္ေနရသည္။ သူတို႔တြင္ လြတ္လပ္စြာ စု႐ုံးခြင္ တရားဝင္ရွိေသာ္လည္း ပန္းၿခံတခုသို႔ သုံးေလးေယာက္ အုပ္စုျဖင့္ မသြားရဲ၊။ ရာဇဝတ္မႈ သံသယျဖင့္ ရဲကဖမ္းမည္ကို ေၾကာက္ေနရသည္။

အာဏာရွင္စနစ္ေအာက္တြင္ေနရသည္ႏွင့္လြန္စြာတူညီေနသည္။

Ref: Police the Public, or Protect It? For a U.S. in Crisis, Hard Lessons From Other Countries
(NY times)