【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘဏ်လုသူ၊ ဘုရားဌာပနာဖောက်သူနဲ့ စည်ကားနေတဲ့ အဓမ္မနေ့ရက်များ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘဏ်လုသူ၊ ဘုရားဌာပနာဖောက်သူနဲ့ စည်ကားနေတဲ့ အဓမ္မနေ့ရက်များ

ယခုရက်သတ္တပတ်သတင်းတွေထဲ ဟုတ်တာရော မဟုတ်တာရော သတင်းတွေနဲ့ပြည့်နှက်နေပြီး တချို့သတင်းတွေက စိတ်ပျက်စရာကောင်းခဲ့သလို တချို့သတင်းတွေက မဖော်ပြသင့်တဲ့သတင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ပုဂံမှာ ရှေးဟောင်းစေတီတွေ ဌာပနာအဖောက်ခံရတဲ့သတင်း၊ အမျိုးသားတစ်ဦး Live လွှင့်ပြီး ဆွဲကြိုးချသတ်သေမှု သန်လျင်မှာဖြစ်ခဲ့တဲ့သတင်း၊ ရွေးကောက်ပွဲမှာ သမ္မတနဲ့ အတိုင်ပင်ခံ ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မယ့်သတင်း၊ ရခိုင်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ဆိုးရွားလာတဲ့အထိ ဖြစ်လာနေတဲ့သတင်း စတဲ့သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒီထဲက ပထမဆုံးတင်ပြချင်တဲ့သတင်းက ဘုရားတွေ ဌာပနာဖာက်တဲ့သတင်းပါဘဲ။

ဘုရားဌာပနာဖောက်တာ ဘာရည်ရွယ်ချက်လဲ

ယခုရက်ပိုင်းအတွင်း သတင်းတွေထဲက စိတ်မချမ်းမြေ့ဖွယ်သတင်းက ပုဂံဘုရားတွေ ဌာပနာအဖောက်ခံရတဲ့ သတင်းတွေပါဘဲ။မြန်မာလူမျိုးတွေမှာ အောက်တန်းအကျဆုံးနဲ့ သံသရာတစ်လျှောက်လုံး ခေါင်းမဖော်နိုင်အောင် လူမွှေးလူရောင်မပြောင်တဲ့အပြင် ဘာသာရေးအရ မလုပ်သင့်တဲ့အလုပ်က ဘုရားခိုးတာ၊ ဌာပနာဖောက်တာ၊ ဘုရားစိန်ဖူးတော်ခိုးတာနဲ့ ဘုရားလှူတဲ့ငွေကို ကိုယ်ကျိုးအတွက်သုံးစွဲတဲ့ အလုပ်တွေပါ။ဒီလိုအလုပ်တွေကို မြန်မာလူမျိုးတွေက ဘယ်လောက်ပဲဆင်းရဲပါစေ လူကမွေးပြီး လူလိုကြီးပြင်းလာရင် သေတပန်သက်တဆုံး ရှောင်ကြဉ်ကြပါတယ်။

ယခု ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ပုဂံရှေးဟောင်းနယ်မြေက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်တိုက်ဌာပနာဖောက်ခဲ့သလို ဘုရားကိုမီးတင်ရှို့သလိုလုပ်တဲ့ ဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်က  ဇွန် ၈ ရက်က စတွေ့ခဲ့တာပါ။၂၅ စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး ဘုရားစေတီ စုစုပေါင်း ၃၈၂၂ ဆူရှိတဲ့ ဒီယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသရှေးဟောင်းဇုန်မှာ ဘုရားတွေကိုစောင့်ရှောက်နိုင်တဲ့ လုံခြုံရေးအင်အား ၁၀၀ ကျော်သာရှိပြီး ကိုဗစ်ကာလ ကမ္ဘာလှည့်ခရီးသည်မရှိ၊ မြန်မာဘုရားဖူးလည်းမရှိ၊ ဈေးရောင်း၊ ဈေးဝယ်လည်းမရှိတာကို အခွင့်ကောင်းယူပြီး ဘုရားဌာပနာကို ဖောက်ခဲ့ကြတာပါ။

ဒါကို ဇွန် ၈ ရက်မှာ ဘုရားဇုန်အတွင်း ပုဂံဘုရားများနှင့် ရှားပါးငှက်မျိုးစိတ်ခုနစ်မျိုးကို ကာကွယ်ရန် ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်းဝင် ၁၀၀ ကျော်က အဖွဲ့ များခွဲပြီး လှည့်ပတ်စောင့်ကြည့်ရာကနေ တွေ့ခဲ့တာဖြစ်ပြီး နောက်ပိုင်းစစ်ဆေးစာရင်းကောက်ချက်အရ ဌာပနာအဖောက်ခံရတဲ့ ဘုရားစေတီအရေအတွက်က ၃၃ ဆူထိ ရှိခဲ့ပါတယ်။စစ်ဆေးစာရင်းကောက်နေတုန်းမှာဘဲ တချို့စစ်ဆေးမိတဲ့ ဘုရားစေတီမှာ လောလောလတ်လတ်ဖောက်ထွင်းခံရတဲ့ ပုံစံတွေကို တွေ့ရတယ်ဆိုပါတယ်။တချို့စေတီတွေမှာ ဌာပနာပစ္စည်းတွေကိုယူသွားသလို အောက်ခြေမှာ ဌာပနာပစ္စည်းတွေ ပြန့်ကြဲနေတာတွေလည်း တွေ့ရတယ်ဆိုပါတယ်။ဒီထဲမှာ မသင်္ကာဖွယ် မူးယစ်ဆေးဝါးသုံးစွဲတဲ့ ကော်ပိုက်ချောင်းတွေ၊ ဆေးထိုးအပ်တွေလည်း တွေ့တယ်ဆိုပါတယ်။ထူးခြားချက်က အဖောက်ခံရတဲ့ စေတီတွေက အဟောင်းကို အသစ်ပြန်တည်ထားတဲ့ ဘုရားစေတီတွေလည်း ပါတယ်ဆိုပါတယ်။

ဒါ့အပြင် ပုဂံမြို့ဟောင်း လောကထိပ်ပန်ဘုရား အဝင်တံခါးက ယင်းလိပ်ကို မီးရှို့ထားခဲ့ရာမှာ အသိမြန်လို့ မီးငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် ရှေးဟောင်းဘုရားစေတီကို ထိခိုက်မှုမရှိခဲ့ပါဘူး။ဒီလိုအဖောက်ခံရတဲ့အတွက် ၂ ရက်အကြာမှာ အမှတ် ၃၅ လုံခြုံရေးရဲတပ်ဖွဲ့က တာဝန်ယူပေးခဲ့တယ်ဆိုပါတယ်။ဒီလိုမကြားစဖူး ဌာပနာအဖောက်ခံရမှုတွေက ပုဂံဘုရားတွေတင်မကပါဘူး။စစ်ကိုင်းဘက်က ဟန်လင်း (ပျူ) မြို့ဟောင်းက ပြတိုက်ထဲရှိတဲ့ ထိန်းသိမ်းထားတဲ့ နှစ်ပေါင်း ၃၅၀၀ ခန့် ရှေးဟောင်းလက်ရာပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီအတွက် ဇွန် ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တစ်နှစ်တာရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီးက ဒီလိုကိစ္စတွေက မလိုလားအပ်တဲ့သူတွေက ဆောင်ရွက်တယ်ဆိုတာ သေချာတယ်လို့ပြောခဲ့သလို ပုဂံမြို့ ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲက လောကထိပ်ပန်ဘုရား မီးရှို့ခံရတဲ့ကိစ္စမှာ ပုဂံယူနက်စကိုဝင်တဲ့အပေါ် မလိုလားတဲ့သူတွေကလုပ်တာလို့ ပြောခဲ့တာရှိပါတယ်။ဒီကိစ္စတွေက ရှုပ်ထွေးနေပါတယ်။ထုတ်ပြန်ချက်တွေအရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်နေပြီဖြစ်တယ်လို့ဆိုပေမယ့် လတ်တလောဆက်တိုက်ဖြစ်နေတဲ့ ဖြစ်ရပ်တွေကိုကြည့်ရင် ထင်သလောက်မလွယ်တာကို တွေ့ရပါတယ်။ဒီလို ဘုရားဌာပနာဖောက်ရတဲ့ ရည်ရွယ်ချက်က ငတ်လွန်းအားကြီးလို့ ဖောက်တာဆိုရင် တစ်ဆူနှစ်ဆူသာဖြစ်ရမှာဖြစ်ပြီး ယခုလို ၃၃ ဆူထိ ဖောက်ရတဲ့အထိဆိုတာ လက်ခံနိုင်စရာ၊ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ဒါက ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်ပါတယ်။ဒီအတွက် နောက်ခံရည်ရွယ်ချက်က ဘာလဲဆိုတာ တစ်ကယ့်တရားခံအစစ်တွေကိုဖမ်းမိမှသာ သိနိုင်တာမို့လို့ ဘုရားဌာပနာဖောက်တဲ့ ဆိုးဝါးတဲ့ ဘုရားသူခိုးတွေကို ယခုအစိုးရလက်ထက် မိ၊ မမိ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ပုံစံပြောင်းလဲလာသည့် မှုခင်းများနဲ့ ဝိတ်လျှော့မှု

၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးလာသည်နှင့်အမျှ  မှုခင်းများ၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ရာဇဝတ်မှုများ ခပ်စိပ်စိပ်ဖြစ်လာတာကိုတွေ့ရပါတယ်။ဒီထဲမှာ ပုံစံပြောင်းလာတဲ့ ကိုယ့်ကိုယ်သတ်သေမှုတွေကလည်း ရှိလာခဲ့ပါတယ်။တချို့သတ်သေမှုတွေက ဘယ်လိုသောအကြောင်းအရာက စေ့ဆော်သလဲဆိုတာမသိရပေမယ့် တချို့အရာတွေက ယခုမြန်မာနိုင်ငံမှာ ပေါပေါများများ လွယ်လင့်တကူရနေတဲ့ မူးယစ်ဆေးဝါးနဲ့ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုတွေနဲ့ သက်ဆိုင်တာကို တွေ့ရပါတယ်။

ယခုရက်သတ္တပတ် ဇွန် ၈ ရက်မှာ လူမှုကွန်ရက် Facebook ကို သုံးနေသူအချို့ တုန်လှုပ်စရာအဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ကြပါတယ်။ဒါက Live လွှင့်ပြီး အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့တဲ့အဖြစ်ပါ။သန်လျင်မှာနေတဲ့ အမျိုးသားတစ်ဦးက သူသုံးနေတဲ့ Linn Htun Kyaw အကောင့်ကနေ ၉ မိနစ်စာ Live ဗွီဒီယိုထုတ်လွှင့်ပြီး နေအိမ်ထပ်ခိုး သစ်သားလက်တန်းတွင် ကြိုးချည်ကာ ကြိုးဆွဲချသေဆုံးခဲ့တာကို ပြခဲ့တာပါ။

အဆိုပါအမျိုးသားက Live ထုတ်လွှင့်မှုတွင် ခပ်ဝဝအမျိုးသမီးတစ်ဦးကို ၎င်း၏အမျိုးသမီးဖြစ်ကြောင်း ကနဦးမိတ်ဆက်ခဲ့ကာ ယင်းအမျိုးသမီးနှင့် စကားအချေအတင်ဖြစ်ကြပြီးနောက် နေအိမ်အတွင်းဘက် ထပ်ခိုးဝရံတာ၌ အသင့်ချည်နှောင်ပြီးဖြစ်သော ကြိုးရှိရာသို့သွားစဉ် ၎င်း၏ သားနှင့် သမီး ကလေးငယ်နှစ်ဦးကို လာရပ်ကြည့်ရန်ပြောဆိုပြီးနောက် ထပ်ခိုးသို့တက်ကာ ‘နှုတ်ဆက်ခဲ့ပါတယ်ဟေ့’ ဟု နှုတ်မှအော်ကာ ဝရံတာ၌ချည်ထားသောကြိုးကို လည်ပင်း၌စွပ်ကာ အောက်သို့ခုန်ချပြီး အဆုံးစီရင်ခဲ့ပါတယ်။

အဆိုပါဗီဒီယိုဖိုင်မှာ အတန်ကြာလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် Facebook က ဖြုတ်ချခဲ့သော်လည်း အဆိုပါရုပ်သံဖိုင်မှာ ပျံ့နှံ့ခဲ့သွားပြီဖြစ်ပါတယ်။ထိုအဖြစ်ကြောင့်  မြန်မာလူ့အဖွဲ့အစည်းအတွင်း ထိတ်လန့်တုန်လှုပ်စရာဖြစ်လာခဲ့ပြီး မေးခွန်းထုတ်ဝေဖန်စရာတွေ ရှိလာခဲ့ပါတယ်။ဒါ့အပြင် မြန်မာအများစုသုံးနေတဲ့ လူမှုကွန်ရက်မှာ ဒီလိုဖြစ်ရပ်တွေဖြစ်ရင် ဘယ်လိုတားဆီးမလဲဆိုတာနဲ့ ဒီလိုသတ်သေတာကို Live ထုတ်လွှင့်ရတဲ့အထိ သေခြင်းတရားက လွယ်ကူနေပြီလား၊ တခြားသူတွေအတွက် အတုခိုးစရာဖြစ်အောင် လှုံ့ဆော်နေတာလား ဆိုတာတွေပါဘဲ။

ယခုရက်သတ္တပတ်ထဲမှာဘဲ နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ခုလဲရှိပါသေးတယ်။ဒါက မိတ္ထီလာမှာဖြစ်ခဲ့တာပါ။မိတ္ထီလာမြို့မရဲစခန်းဝန်းအတွင်း ရဲဓမ္မာရုံထဲအိပ်နေတဲ့  ရဲတပ်ဖွဲ့တွေဆီကနေ ဖုန်းခြောက်လုံးနဲ့ သေနတ်တစ်လက် အခိုးခံရတဲ့ဖြစ်ရပ်ပါ။ဖြစ်စဉ်က ဇွန် ၉ ရက် ညပိုင်းကဖြစ်ခဲ့တာလို့သိရပြီး  COVID ကာလအတွင်း မိတ္ထီလာခရိုင်ထဲက ဝမ်းတွင်း၊ သာစည်၊ မလှိုင်မြို့နယ်တွေက ရဲတပ်ဖွဲ့ဝင်တွေက လာတာဝန်ထမ်းဆောင်ရင်း  မြို့မရဲစခန်းဝန်းအတွင်းရှိ ရဲဓမ္မာရုံမှာအိပ်နေချိန်မှာ အခိုးခံရတာပါ။အဆိုပါမြို့မှာ သူခိုး အတော်လေးအခိုးခံရလို့ အပြောများနေတာဖြစ်ပြီး ယခုရဲတွေရဲ့သေနတ်ပါ အခိုးခံရတဲ့ကိစ္စကတော့ ပြောစမှတ်တွင်တဲ့အထိပါဘဲ။လက်ရှိအချိန်အထိ ခိုးသွားတဲ့သူကိုမမိသေးသလို ဒီသေနတ်ကို မလျှော်တဲ့နေရာမှာ အသုံးချမှာကိုစိုးရိမ်နေရတဲ့ အနေအထားဖြစ်နေပါတယ်။

ယခုရက်ထဲမှာဘဲ နေပြည်တော်က ဝန်ထမ်းအိမ်ယာမှာနေထိုင်တဲ့ အမျိုးသမီးဝန်ထမ်းနှစ်ဦးကို ညဉ့်နက်ချိန် အိပ်ခန်းထဲထိ ဝင်ရောက်ရိုက်နှက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ဖြစ်တာက ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ထဲက ဝန်ထမ်းအိမ်ယာမှာပါ။အမျိုးသမီးနှစ်ဦးတည်းရှိတဲ့ တိုက်ခန်းကို တိုက်နံရံမှန်ပြတင်းပေါက်ကနေဝင်ပြီး အိပ်ခန်းထဲထိ ဝင်ရိုက်ခဲ့လို့ တစ်ဦးက အတော်လေးကို ဆိုးဆိုးရွားရွားဒဏ်ရာရပြီး စိုးရိမ်ရတဲ့အခြေအနေကို ရောက်ခဲ့ပါတယ်။
ဒီဝင်ရောက်ရိုက်နှက်မှုမှာ ဘာပစ္စည်းမှယူငင်သွားတာမရှိသလို တရားခံကိုလည်းမမိသေးပါဘူး။

ဒီလိုမှုခင်းတွေကိုကြည့်ရင် အတော်လေးအတင့်ရဲလာတဲ့သဘောကို တွေ့ရပါတယ်။လက်ရှိမှာ တရားဥပဒေစိုးမိုးရေးအပိုင်းက သိပ်ထူးပြီးမတိုးတက်လာသေးပေမယ့်  ပြည်တွင်းတရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နေရတဲ့ ရဲတပ်ဖွဲ့မှာ ပြောင်းလဲမှုတွေလုပ်နေတာကို တွေ့ရပါတယ်။ဒီလိုပြောင်းလဲမှုနဲ့ဆိုင်တဲ့ သတင်းတစ်ပုဒ်က ကိုယ်အလေးချိန်လွန်ပြီး ဗိုက်ပူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လေးလအတွင်း ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ လေးလအတွင်းဝိတ်မလျှော့ပါက ရဲစည်းကမ်းအရ အရေးယူမယ်ဆိုတဲ့သတင်းပါဘဲ။အမှန်တစ်ကယ်လည်း လုပ်သင့်တဲ့အလုပ်ပါဘဲ။လူဆိုးသူခိုးဖမ်းရမယ့်သူက ဖျတ်လတ်နေဖို့၊ သန်မာနေဖို့ ကျန်းမာရေးကောင်းဖို့ အတော်လေးလိုပါတယ်။ဟိုအောက်ခြေကနေ ထိပ်ပိုင်းအထိ ရဲတပ်ရင်းကလွဲရင် ကျန်အများစုက ဗိုက်ပူနေတာ၊ အ၀လွန်နေတာကို တွေ့ရပါတယ်။ဒီလိုသတ်မှတ်တဲ့အတွက် သပ်သပ်ရပ်ရပ် နိုင်ငံတကာရဲတပ်ဖွဲ့စံနှုန်းနဲ့ညီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နောက်မကြာမီကာလတွေမှာ မြင်တွေ့ရဖို့များနေပါပြီ။ဒါကလည်း ကြပ်ကြပ်မတ်မတ်လုပ်မယ်ဆိုရင်ပါ။  

ဒီလို တပ်ဖွဲ့ဝင်တွေ ဝိတ်ချဖို့ကို ရဲတပ်ဖွဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ စတဲ့ဌာနတွေ အကုန်ပါတယ်ဆိုပါတယ်။ဒီအတွက် သပ်သပ်ရပ်ရပ်နဲ့ ဗိုက်မပူ၊ အ၀မလွန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ လမ်းပေါ်နဲ့ အများပြည်သူသွားလာနေထိုင်ရာ နေရာတွေမှာ မြင်ရမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဒီတစ်ပတ်မှာ စိတ်ဝင်စားဖွယ်ရာ ဒီလိုသတင်းအပြင် မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါချုပ်ရဲ့ KBZ Pay ကို အဆင့်မြှင့်ပေးမယ်ဆိုပြီး ငွေ ၁၀ သိန်း ထုတ်ယူသွားခဲ့သူတွေကို ဖမ်းမိခဲ့တဲ့သတင်း၊ တောအုပ် ၁၀ ဦးထံမှ ကျပ်သိန်း ၁၀၀ နီးပါး ဖြတ်တောက်ရယူခဲ့တဲ့ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဦးစီးအရာရှိကို  အဂတိလိုက်စားမှုနဲ့ အရေးယူလိုက်တဲ့သတင်း၊ ဟင်္သာတတက္ကသိုလ် Quarantine Center မှာ ထိုင်းပြန် ကျန်းမာရေးခြေချုပ်ခံထားရသူတစ်ဦးက ဆရာဝန်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုခဲ့တဲ့သတင်း၊ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့သတင်း၊ မန္တလေးမြို့ မနော်ဟရီဈေးထဲမှာ အိန္ဒိယကောင်စစ်ဝန်ရဲ့ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတဲ့သတင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း ယာဉ် ၃ စီးပေါ်မှ တန်ဖိုးငွေကျပ် ၂ ဒသမ ၅ ဘီလျံ တန်ဖိုးနီးပါးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

ရခိုင်အရေး ဘယ်တော့မှပြီးမလဲ

ယခုလ ၁၀ ရက်မှာ စစ်တွေမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။ဘဏ်သိမ်းချိန် ညနေ ၄ နာရီကျော်မှာ ဝင်လာတာဖြစ်ပြီး အမျိုးသား ၄ ဦးက ယူဆောင်လာတဲ့ဓားတွေနဲ့ ခြိမ်းခြောက်ကာ ကောင်တာပေါ်ရှိ ငွေကျပ် သိန်း ၁၈၀၀ ကို ယူဆောင်သွားခဲ့တာပါ။နောက်ပိုင်းမှာ သတင်းတွေထွက်လာပြီး ဓားပြတိုက်တဲ့သူထဲက တစ်ဦးကိုမိတယ်ဆိုပြီး ဘဏ်ကပါသွားတဲ့ငွေတွေ ပြန်မိတဲ့သတင်းက မကြားရသေးပါဘူး။ဒီရက်ထဲမှာ ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးကို အမျိုးသားရှစ်ဦးခန့်က ဝိုင်းပြီး ဓား၊ သံတုတ်တွေနဲ့ ဝိုင်းရိုက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ဒါက ဇွန် ၁၁ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ မြို့သစ်ဈေးမှာ စျေးဝယ်လာစဉ်ဖြစ်ခဲ့တာပါ။ထုတ်ပြန်ချက်အရ ဖြစ်စဉ်မှာ မြို့သစ်ဈေးအနီး အေးစေတီလမ်းဆုံ၌ ဆိုင်ကယ်ရပ်နား၍ ဈေးဝယ်ရန်ပြင်ဆင်နေစဉ် ရုတ်တရက် အမည်မသိ အမျိုးသားရှစ်ဦးခန့်ရောက်ရှိလာပြီး တစ်ဦးက အရာရှိအားဓားဖြင့်ထိုးရာ အရာရှိကပြန်လည်ခုခံ၍ ပါလာသည့် ပစ္စတိုသေနတ်ဖြင့်ထုတ်ချိန်စဉ် နောက်ထပ်လူခုနစ်ဦးခန့်က သံတုတ်များဖြင့် အရာရှိနှင့် စစ်သည်တို့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့လို့ ဘေးကဝိုင်းအုံလာစဉ်မှာ အရာရှိထံမှ ပစ္စတိုသေနတ်ကိုလုယူပြီး အရိုက်ခံရသဖြင့် လဲကျမေ့မျောနေတဲ့ စစ်သားကိုဖမ်းဆီးပြီး ဆိုင်ကယ်ငါးစီးနဲ့ ထွက်ပြေးသွားခဲ့တာပါ။

ဒီလိုဖြစ်စဉ်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပုဏ္ဏားကျွန်းမြို့နှင့် အနီးတစ်ဝိုက်မှာ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေစဉ်မှာ မသင်္ကာဖွယ်အမျိုးသားတစ်ဦး ဓားမြောင်ကိုင်ဆောင်ပြီး ချဉ်းကပ်လာခဲ့လို့ လုံခြုံရေးတပ်ဖွဲ့က အော်ဟစ်တားဆီးရပ်တန့်စေပေမယ့် မရပ်တန့်ခဲ့လို့ သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ရာကနေ ကျည်မှန်ပြီးသေဆုံးခဲ့ပါတယ်။သေဆုံးသူဆီကနေ ဒေသန္တရမိုင်းတွေ၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုတဲ့ ကွန်ကြူပိုက်အမြောက်အမြားကို ကျောပိုးအိတ်နဲ့အတူတွေ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီဖြစ်ရပ်အတွက် ရခိုင်လက်နက်ကိုင် (AA) လို့ သံသယရှိတယ်ဆိုပြီး ဖမ်းဆီးသွားတဲ့စစ်သားကို ပြန်ကယ်ဆယ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ တိုက်ပွဲတွေဖြစ်နေတာ နှစ်ပေါက်နေပါပြီ။တိုက်ပွဲဖြစ်ပွားနေတဲ့ မြေပုံမြို့နယ်ထဲက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးသုံးဦးကို တပ်ဘက်က ဇွန် ၃ ရက်က ဖမ်းဆီးလိုက်ပြီးနောက်ပိုင်း လုံခြုံရေးကြောင့် အုပ်ချုပ်ရေးမှူးအချို့ ရာထူးကနုတ်ထွက်ရန် ပြင်ဆင်နေကြသလို နှစ်ဘက်စလုံးက အယုံအကြည်မရှိတဲ့အတွက် အခြေအနေက လုံခြုံရေးအတော်လေးကို ပျက်ပြားနေတဲ့သဘောပါဘဲ။တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုက မရပ်သေးပါဘူး။ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲဖြစ်နေတဲ့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲတွေထဲသေဆုံးခဲ့တဲ့ ဒေသခံတိုင်းရင်းသား အရေအတွက်က  ငါးလနီးပါးအတွင်း ၄၀ ကျော် ရှိလာသလို ဒီရက်ထဲမှာဘဲ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ တပ်မတော်ကြား ပစ်ခတ်မှုဖြစ်လို့ စစ်တွေ အမြင့်ကျေးရွာက အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး ကျည်ထိမှန်ကာ သုံးဦးဒဏ်ရာရခဲ့ပါတယ်။ဇွန် ၉ ရက် နံနက်ပိုင်းမှာ မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာနှင့် သစ်ပုတ်တောင်ကျေးရွာအကြားမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့်လည်း‌ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတာရှိပါတယ်။

ရခိုင်ပြဿနာက ပြီးပြတ်ဖို့အချိန်က ဘယ်လောက်ကြာမလဲဆိုတာ မသိရသေးသလို တခြားတိုင်းရင်းသားလက်နက်ကိုင်တွေလိုဘဲ ကြာရှည်သွားဖို့ သေချာသလောက်ဖြစ်နေပါပြီ။ဒီအတွက်အထိနာရတာ ဒေသခံတိုင်းရင်းသားတွေပါ။သေကြေထိခိုက်သူမှန်သမျှ အရပ်သားတွေကများနေသလို ရခိုင်ပြည်နယ်အတွင်း ဘဏ်တွေဓားပြဝင်တိုက်၊ ရဲနဲ့ စစ်ဘက်ဆိုင်ရာ အရပ်ဘက်ဆိုင်ရာတွေကို ဝင်ရောက်ထိုးသတ် ဖမ်းဆီးတာတွေကိုလုပ်နေတာ ခဏခဏဖြစ်နေတဲ့အတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေက စိုးရိမ်ဖွယ်ရာပါဘဲ။ဒီအတွက် ငြိမ်းချမ်းရေးကမမြင်ရသေးသလို ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် ထူးခြားတဲ့သတင်းတွေထဲက စိတ်ဝင်စားစရာဖြစ်စရာ သတင်းအချို့ကတော့ မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုးထိမှန်ခံရမှုကြောင့် တပ်မိသားစုဝင်ငါးဦး သေဆုံးခဲ့တဲ့သတင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (က) ဖြင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် (၃) ဦးကို အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်တဲ့သတင်း၊ မြန်မာ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရက အကူအညီ ယန်းသန်း (၂၀၀၀) ပေးရေးဆိုင်ရာ စာချွန်လွှာ ဇွန် ၅ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့သတင်း၊ ရန်ကုန် ကရဝိတ်ခန်းမနှင့် မြေနေရာကို ဟိုတယ်ခရီးဝန်ကြီးဌာနက အစိုးရသတင်းစာမှတဆင့် အိတ်ဖွင့်တင်ဒါခေါ်ယူလိုက်တဲ့သတင်း၊ အလယ်အလတ်အဆင့် ဝင်ငွေနည်းနိုင်ငံများစာရင်း (Low-Middle income Countries) ထဲ မြန်မာနိုင်ငံပါဝင်လာတဲ့သတင်း၊ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာဖို့ နိုင်ငံဂျီဒီပီ၏ ၅ ရာခိုင်နှုန်းခန့် သုံးစွဲရန် အစိုးရရည်မှန်းထားတဲ့သတင်း၊ Liquefied Natural Gas (LNG) ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်ရန် LNG သိုလှောင်သင်္ဘော ဇွန် ၆ ရက်က မြန်မာနိုင်ငံကို ဆိုက်ကပ်လာတဲ့သတင်း၊ ကရဝိတ်တင်ဒါအား ဇေကမ္ဘာကုမ္ပဏီအနေဖြင့်မရခဲ့ပါက ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနကနေ လျော်ကြေးငွေ ကန်ဒေါ်လာ သန်း ၃၀ တောင်းမယ်ဆိုတဲ့သတင်း၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် သူနာပြုဆရာမများထဲမှ ပထမဆုံးအဖြစ် ခန့်အပ်ခဲ့တဲ့သတင်း၊ COVID-19 ထိန်းချုပ်ရေးအတွက် တရားမဝင် နယ်စပ်ဝင်ထွက်ပေါက်များမှ ဝင်ရောက်သူနှင့် သိလျှက်လက်ခံသူကို အရေးယူမယ့်သတင်း၊ တားမြစ်ထားတဲ့ မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ခရိုအေးရှားကုမ္ပဏီမှတစ်ဆင့် ဥရောပသို့ တရားမဝင်တင်ပို့မှုများရှိနေတယ်လို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီက ထုတ်ပြန်ခဲ့တဲ့သတင်း စတဲ့သတင်းတွေလည်း ယခုရက်ထဲမှာ ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၁၂

( Zawgyi )

ယခုရက္သတၱပတ္သတင္းေတြထဲ ဟုတ္တာေရာ မဟုတ္တာေရာ သတင္းေတြနဲ႔ျပည့္ႏွက္ေနၿပီး တခ်ိဳ႕သတင္းေတြက စိတ္ပ်က္စရာေကာင္းခဲ့သလို တခ်ိဳ႕သတင္းေတြက မေဖာ္ျပသင့္တဲ့သတင္းေတြလည္း ပါဝင္ခဲ့ပါတယ္။ပုဂံမွာ ေရွးေဟာင္းေစတီေတြ ဌာပနာအေဖာက္ခံရတဲ့သတင္း၊ အမ်ိဳးသားတစ္ဦး Live လႊင့္ၿပီး ဆြဲႀကိဳးခ်သတ္ေသမႈ သန္လ်င္မွာျဖစ္ခဲ့တဲ့သတင္း၊ ေ႐ြးေကာက္ပြဲမွာ သမၼတနဲ႔ အတိုင္ပင္ခံ ဝင္ေရာက္ေ႐ြးခ်ယ္ယွဥ္ၿပိဳင္မယ့္သတင္း၊ ရခိုင္ေျမာက္ပိုင္း လုံၿခဳံေရးအေျခအေန ဆိုး႐ြားလာတဲ့အထိ ျဖစ္လာေနတဲ့သတင္း စတဲ့သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ဒီထဲက ပထမဆုံးတင္ျပခ်င္တဲ့သတင္းက ဘုရားေတြ ဌာပနာဖာက္တဲ့သတင္းပါဘဲ။

ဘုရားဌာပနာေဖာက္တာ ဘာရည္႐ြယ္ခ်က္လဲ

ယခုရက္ပိုင္းအတြင္း သတင္းေတြထဲက စိတ္မခ်မ္းေျမ့ဖြယ္သတင္းက ပုဂံဘုရားေတြ ဌာပနာအေဖာက္ခံရတဲ့ သတင္းေတြပါဘဲ။ျမန္မာလူမ်ိဳးေတြမွာ ေအာက္တန္းအက်ဆုံးနဲ႔ သံသရာတစ္ေလွ်ာက္လုံး ေခါင္းမေဖာ္ႏိုင္ေအာင္ လူေမႊးလူေရာင္မေျပာင္တဲ့အျပင္ ဘာသာေရးအရ မလုပ္သင့္တဲ့အလုပ္က ဘုရားခိုးတာ၊ ဌာပနာေဖာက္တာ၊ ဘုရားစိန္ဖူးေတာ္ခိုးတာနဲ႔ ဘုရားလႉတဲ့ေငြကို ကိုယ္က်ိဳးအတြက္သုံးစြဲတဲ့ အလုပ္ေတြပါ။ဒီလိုအလုပ္ေတြကို ျမန္မာလူမ်ိဳးေတြက ဘယ္ေလာက္ပဲဆင္းရဲပါေစ လူကေမြးၿပီး လူလိုႀကီးျပင္းလာရင္ ေသတပန္သက္တဆုံး ေရွာင္ၾကဥ္ၾကပါတယ္။

ယခု ဗုဒၶဘာသာ ျမန္မာလူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ ပုဂံေရွးေဟာင္းနယ္ေျမက ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ေရွးေဟာင္းဘုရားေတြကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ဆက္တိုက္ဌာပနာေဖာက္ခဲ့သလို ဘုရားကိုမီးတင္ရႈိ႕သလိုလုပ္တဲ့ ျဖစ္ရပ္ေတြျဖစ္ခဲ့ပါတယ္။ဒီျဖစ္ရပ္က  ဇြန္ ၈ ရက္က စေတြ႕ခဲ့တာပါ။၂၅ စတုရန္းမိုင္ခန႔္ က်ယ္ဝန္းၿပီး ဘုရားေစတီ စုစုေပါင္း ၃၈၂၂ ဆူရွိတဲ့ ဒီယူနက္စကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ပုဂံေဒသေရွးေဟာင္းဇုန္မွာ ဘုရားေတြကိုေစာင့္ေရွာက္ႏိုင္တဲ့ လုံၿခဳံေရးအင္အား ၁၀၀ ေက်ာ္သာရွိၿပီး ကိုဗစ္ကာလ ကမာၻလွည့္ခရီးသည္မရွိ၊ ျမန္မာဘုရားဖူးလည္းမရွိ၊ ေဈးေရာင္း၊ ေဈးဝယ္လည္းမရွိတာကို အခြင့္ေကာင္းယူၿပီး ဘုရားဌာပနာကို ေဖာက္ခဲ့ၾကတာပါ။

ဒါကို ဇြန္ ၈ ရက္မွာ ဘုရားဇုန္အတြင္း ပုဂံဘုရားမ်ားႏွင့္ ရွားပါးငွက္မ်ိဳးစိတ္ခုနစ္မ်ိဳးကို ကာကြယ္ရန္ ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းဝင္ ၁၀၀ ေက်ာ္က အဖြဲ႕ မ်ားခြဲၿပီး လွည့္ပတ္ေစာင့္ၾကည့္ရာကေန ေတြ႕ခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းစစ္ေဆးစာရင္းေကာက္ခ်က္အရ ဌာပနာအေဖာက္ခံရတဲ့ ဘုရားေစတီအေရအတြက္က ၃၃ ဆူထိ ရွိခဲ့ပါတယ္။စစ္ေဆးစာရင္းေကာက္ေနတုန္းမွာဘဲ တခ်ိဳ႕စစ္ေဆးမိတဲ့ ဘုရားေစတီမွာ ေလာေလာလတ္လတ္ေဖာက္ထြင္းခံရတဲ့ ပုံစံေတြကို ေတြ႕ရတယ္ဆိုပါတယ္။တခ်ိဳ႕ေစတီေတြမွာ ဌာပနာပစၥည္းေတြကိုယူသြားသလို ေအာက္ေျခမွာ ဌာပနာပစၥည္းေတြ ျပန႔္ႀကဲေနတာေတြလည္း ေတြ႕ရတယ္ဆိုပါတယ္။ဒီထဲမွာ မသကၤာဖြယ္ မူးယစ္ေဆးဝါးသုံးစြဲတဲ့ ေကာ္ပိုက္ေခ်ာင္းေတြ၊ ေဆးထိုးအပ္ေတြလည္း ေတြ႕တယ္ဆိုပါတယ္။ထူးျခားခ်က္က အေဖာက္ခံရတဲ့ ေစတီေတြက အေဟာင္းကို အသစ္ျပန္တည္ထားတဲ့ ဘုရားေစတီေတြလည္း ပါတယ္ဆိုပါတယ္။

ဒါ့အျပင္ ပုဂံၿမိဳ႕ေဟာင္း ေလာကထိပ္ပန္ဘုရား အဝင္တံခါးက ယင္းလိပ္ကို မီးရႈိ႕ထားခဲ့ရာမွာ အသိျမန္လို႔ မီးျငႇိမ္းသတ္ႏိုင္ခဲ့တဲ့အတြက္ ေရွးေဟာင္းဘုရားေစတီကို ထိခိုက္မႈမရွိခဲ့ပါဘူး။ဒီလိုအေဖာက္ခံရတဲ့အတြက္ ၂ ရက္အၾကာမွာ အမွတ္ ၃၅ လုံၿခဳံေရးရဲတပ္ဖြဲ႕က တာဝန္ယူေပးခဲ့တယ္ဆိုပါတယ္။ဒီလိုမၾကားစဖူး ဌာပနာအေဖာက္ခံရမႈေတြက ပုဂံဘုရားေတြတင္မကပါဘူး။စစ္ကိုင္းဘက္က ဟန္လင္း (ပ်ဴ) ၿမိဳ႕ေဟာင္းက ျပတိုက္ထဲရွိတဲ့ ထိန္းသိမ္းထားတဲ့ ႏွစ္ေပါင္း ၃၅၀၀ ခန႔္ ေရွးေဟာင္းလက္ရာပစၥည္းေတြကိုလည္း ဖ်က္ဆီးခဲ့တာေတြ ရွိခဲ့ပါတယ္။

ဒီအတြက္ ဇြန္ ၁၀ ရက္က ျပဳလုပ္ခဲ့တဲ့ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနရဲ႕ တစ္ႏွစ္တာရွင္းလင္းပြဲမွာ ဒုတိယဝန္ႀကီးက ဒီလိုကိစၥေတြက မလိုလားအပ္တဲ့သူေတြက ေဆာင္႐ြက္တယ္ဆိုတာ ေသခ်ာတယ္လို႔ေျပာခဲ့သလို ပုဂံၿမိဳ႕ ေရွးေဟာင္းယဥ္ေက်းမႈဇုန္ထဲက ေလာကထိပ္ပန္ဘုရား မီးရႈိ႕ခံရတဲ့ကိစၥမွာ ပုဂံယူနက္စကိုဝင္တဲ့အေပၚ မလိုလားတဲ့သူေတြကလုပ္တာလို႔ ေျပာခဲ့တာရွိပါတယ္။ဒီကိစၥေတြက ရႈပ္ေထြးေနပါတယ္။ထုတ္ျပန္ခ်က္ေတြအရ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနၿပီး က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိႏိုင္ေရး လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ဆိုေပမယ့္ လတ္တေလာဆက္တိုက္ျဖစ္ေနတဲ့ ျဖစ္ရပ္ေတြကိုၾကည့္ရင္ ထင္သေလာက္မလြယ္တာကို ေတြ႕ရပါတယ္။ဒီလို ဘုရားဌာပနာေဖာက္ရတဲ့ ရည္႐ြယ္ခ်က္က ငတ္လြန္းအားႀကီးလို႔ ေဖာက္တာဆိုရင္ တစ္ဆူႏွစ္ဆူသာျဖစ္ရမွာျဖစ္ၿပီး ယခုလို ၃၃ ဆူထိ ေဖာက္ရတဲ့အထိဆိုတာ လက္ခံႏိုင္စရာ၊ ျဖစ္ႏိုင္စရာ အေၾကာင္းမရွိပါဘူး။ဒါက ကိုးကြယ္ယုံၾကည္မႈနဲ႔ဆိုင္ပါတယ္။ဒီအတြက္ ေနာက္ခံရည္႐ြယ္ခ်က္က ဘာလဲဆိုတာ တစ္ကယ့္တရားခံအစစ္ေတြကိုဖမ္းမိမွသာ သိႏိုင္တာမို႔လို႔ ဘုရားဌာပနာေဖာက္တဲ့ ဆိုးဝါးတဲ့ ဘုရားသူခိုးေတြကို ယခုအစိုးရလက္ထက္ မိ၊ မမိ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ပုံစံေျပာင္းလဲလာသည့္ မႈခင္းမ်ားနဲ႔ ဝိတ္ေလွ်ာ့မႈ

၂၀၂၀ ေ႐ြးေကာက္ပြဲက်င္းပရန္ အခ်ိန္နီးလာသည္ႏွင့္အမွ်  မႈခင္းမ်ား၊ ႏိုင္ငံေရးလႈပ္ရွားမႈမ်ားႏွင့္ ရာဇဝတ္မႈမ်ား ခပ္စိပ္စိပ္ျဖစ္လာတာကိုေတြ႕ရပါတယ္။ဒီထဲမွာ ပုံစံေျပာင္းလာတဲ့ ကိုယ့္ကိုယ္သတ္ေသမႈေတြကလည္း ရွိလာခဲ့ပါတယ္။တခ်ိဳ႕သတ္ေသမႈေတြက ဘယ္လိုေသာအေၾကာင္းအရာက ေစ့ေဆာ္သလဲဆိုတာမသိရေပမယ့္ တခ်ိဳ႕အရာေတြက ယခုျမန္မာႏိုင္ငံမွာ ေပါေပါမ်ားမ်ား လြယ္လင့္တကူရေနတဲ့ မူးယစ္ေဆးဝါးနဲ႔ အရက္ေၾကာင့္ စိတ္ပိုင္းဆိုင္ရာေဖာက္ျပန္မႈေတြနဲ႔ သက္ဆိုင္တာကို ေတြ႕ရပါတယ္။

ယခုရက္သတၱပတ္ ဇြန္ ၈ ရက္မွာ လူမႈကြန္ရက္ Facebook ကို သုံးေနသူအခ်ိဳ႕ တုန္လႈပ္စရာအျဖစ္အပ်က္တစ္ခုကို ႀကဳံေတြ႕ခဲ့ၾကပါတယ္။ဒါက Live လႊင့္ၿပီး အမ်ိဳးသားတစ္ဦး ဆြဲႀကိဳးခ်ေသဆုံးခဲ့တဲ့အျဖစ္ပါ။သန္လ်င္မွာေနတဲ့ အမ်ိဳးသားတစ္ဦးက သူသုံးေနတဲ့ Linn Htun Kyaw အေကာင့္ကေန ၉ မိနစ္စာ Live ဗြီဒီယိုထုတ္လႊင့္ၿပီး ေနအိမ္ထပ္ခိုး သစ္သားလက္တန္းတြင္ ႀကိဳးခ်ည္ကာ ႀကိဳးဆြဲခ်ေသဆုံးခဲ့တာကို ျပခဲ့တာပါ။

အဆိုပါအမ်ိဳးသားက Live ထုတ္လႊင့္မႈတြင္ ခပ္ဝဝအမ်ိဳးသမီးတစ္ဦးကို ၎၏အမ်ိဳးသမီးျဖစ္ေၾကာင္း ကနဦးမိတ္ဆက္ခဲ့ကာ ယင္းအမ်ိဳးသမီးႏွင့္ စကားအေခ်အတင္ျဖစ္ၾကၿပီးေနာက္ ေနအိမ္အတြင္းဘက္ ထပ္ခိုးဝရံတာ၌ အသင့္ခ်ည္ေႏွာင္ၿပီးျဖစ္ေသာ ႀကိဳးရွိရာသို႔သြားစဥ္ ၎၏ သားႏွင့္ သမီး ကေလးငယ္ႏွစ္ဦးကို လာရပ္ၾကည့္ရန္ေျပာဆိုၿပီးေနာက္ ထပ္ခိုးသို႔တက္ကာ ‘ႏႈတ္ဆက္ခဲ့ပါတယ္ေဟ့’ ဟု ႏႈတ္မွေအာ္ကာ ဝရံတာ၌ခ်ည္ထားေသာႀကိဳးကို လည္ပင္း၌စြပ္ကာ ေအာက္သို႔ခုန္ခ်ၿပီး အဆုံးစီရင္ခဲ့ပါတယ္။

အဆိုပါဗီဒီယိုဖိုင္မွာ အတန္ၾကာလူမႈကြန္ရက္ေပၚမွာပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ Facebook က ျဖဳတ္ခ်ခဲ့ေသာ္လည္း အဆိုပါ႐ုပ္သံဖိုင္မွာ ပ်ံ႕ႏွံ႔ခဲ့သြားၿပီျဖစ္ပါတယ္။ထိုအျဖစ္ေၾကာင့္  ျမန္မာလူ႔အဖြဲ႕အစည္းအတြင္း ထိတ္လန႔္တုန္လႈပ္စရာျဖစ္လာခဲ့ၿပီး ေမးခြန္းထုတ္ေဝဖန္စရာေတြ ရွိလာခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာအမ်ားစုသုံးေနတဲ့ လူမႈကြန္ရက္မွာ ဒီလိုျဖစ္ရပ္ေတြျဖစ္ရင္ ဘယ္လိုတားဆီးမလဲဆိုတာနဲ႔ ဒီလိုသတ္ေသတာကို Live ထုတ္လႊင့္ရတဲ့အထိ ေသျခင္းတရားက လြယ္ကူေနၿပီလား၊ တျခားသူေတြအတြက္ အတုခိုးစရာျဖစ္ေအာင္ လႈံ႕ေဆာ္ေနတာလား ဆိုတာေတြပါဘဲ။

ယခုရက္သတၱပတ္ထဲမွာဘဲ ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းတစ္ခုလဲရွိပါေသးတယ္။ဒါက မိတၳီလာမွာျဖစ္ခဲ့တာပါ။မိတၳီလာၿမိဳ႕မရဲစခန္းဝန္းအတြင္း ရဲဓမၼာ႐ုံထဲအိပ္ေနတဲ့  ရဲတပ္ဖြဲ႕ေတြဆီကေန ဖုန္းေျခာက္လုံးနဲ႔ ေသနတ္တစ္လက္ အခိုးခံရတဲ့ျဖစ္ရပ္ပါ။ျဖစ္စဥ္က ဇြန္ ၉ ရက္ ညပိုင္းကျဖစ္ခဲ့တာလို႔သိရၿပီး  COVID ကာလအတြင္း မိတၳီလာခ႐ိုင္ထဲက ဝမ္းတြင္း၊ သာစည္၊ မလႈိင္ၿမိဳ႕နယ္ေတြက ရဲတပ္ဖြဲ႕ဝင္ေတြက လာတာဝန္ထမ္းေဆာင္ရင္း  ၿမိဳ႕မရဲစခန္းဝန္းအတြင္းရွိ ရဲဓမၼာ႐ုံမွာအိပ္ေနခ်ိန္မွာ အခိုးခံရတာပါ။အဆိုပါၿမိဳ႕မွာ သူခိုး အေတာ္ေလးအခိုးခံရလို႔ အေျပာမ်ားေနတာျဖစ္ၿပီး ယခုရဲေတြရဲ႕ေသနတ္ပါ အခိုးခံရတဲ့ကိစၥကေတာ့ ေျပာစမွတ္တြင္တဲ့အထိပါဘဲ။လက္ရွိအခ်ိန္အထိ ခိုးသြားတဲ့သူကိုမမိေသးသလို ဒီေသနတ္ကို မေလွ်ာ္တဲ့ေနရာမွာ အသုံးခ်မွာကိုစိုးရိမ္ေနရတဲ့ အေနအထားျဖစ္ေနပါတယ္။

ယခုရက္ထဲမွာဘဲ ေနျပည္ေတာ္က ဝန္ထမ္းအိမ္ယာမွာေနထိုင္တဲ့ အမ်ိဳးသမီးဝန္ထမ္းႏွစ္ဦးကို ညဥ့္နက္ခ်ိန္ အိပ္ခန္းထဲထိ ဝင္ေရာက္႐ိုက္ႏွက္တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ခဲ့ပါေသးတယ္။ျဖစ္တာက ဇမၺဴသီရိၿမိဳ႕နယ္၊ ဗလသိဒၶိရပ္ကြက္ထဲက ဝန္ထမ္းအိမ္ယာမွာပါ။အမ်ိဳးသမီးႏွစ္ဦးတည္းရွိတဲ့ တိုက္ခန္းကို တိုက္နံရံမွန္ျပတင္းေပါက္ကေနဝင္ၿပီး အိပ္ခန္းထဲထိ ဝင္႐ိုက္ခဲ့လို႔ တစ္ဦးက အေတာ္ေလးကို ဆိုးဆိုး႐ြား႐ြားဒဏ္ရာရၿပီး စိုးရိမ္ရတဲ့အေျခအေနကို ေရာက္ခဲ့ပါတယ္။
ဒီဝင္ေရာက္႐ိုက္ႏွက္မႈမွာ ဘာပစၥည္းမွယူငင္သြားတာမရွိသလို တရားခံကိုလည္းမမိေသးပါဘူး။

ဒီလိုမႈခင္းေတြကိုၾကည့္ရင္ အေတာ္ေလးအတင့္ရဲလာတဲ့သေဘာကို ေတြ႕ရပါတယ္။လက္ရွိမွာ တရားဥပေဒစိုးမိုးေရးအပိုင္းက သိပ္ထူးၿပီးမတိုးတက္လာေသးေပမယ့္  ျပည္တြင္းတရားဥပေဒစိုးမိုးေရးကို အေကာင္အထည္ေဖာ္ေနရတဲ့ ရဲတပ္ဖြဲ႕မွာ ေျပာင္းလဲမႈေတြလုပ္ေနတာကို ေတြ႕ရပါတယ္။ဒီလိုေျပာင္းလဲမႈနဲ႔ဆိုင္တဲ့ သတင္းတစ္ပုဒ္က ကိုယ္အေလးခ်ိန္လြန္ၿပီး ဗိုက္ပူေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ေလးလအတြင္း ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔နဲ႔ ေလးလအတြင္းဝိတ္မေလွ်ာ့ပါက ရဲစည္းကမ္းအရ အေရးယူမယ္ဆိုတဲ့သတင္းပါဘဲ။အမွန္တစ္ကယ္လည္း လုပ္သင့္တဲ့အလုပ္ပါဘဲ။လူဆိုးသူခိုးဖမ္းရမယ့္သူက ဖ်တ္လတ္ေနဖို႔၊ သန္မာေနဖို႔ က်န္းမာေရးေကာင္းဖို႔ အေတာ္ေလးလိုပါတယ္။ဟိုေအာက္ေျခကေန ထိပ္ပိုင္းအထိ ရဲတပ္ရင္းကလြဲရင္ က်န္အမ်ားစုက ဗိုက္ပူေနတာ၊ အ၀လြန္ေနတာကို ေတြ႕ရပါတယ္။ဒီလိုသတ္မွတ္တဲ့အတြက္ သပ္သပ္ရပ္ရပ္ ႏိုင္ငံတကာရဲတပ္ဖြဲ႕စံႏႈန္းနဲ႔ညီတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ေနာက္မၾကာမီကာလေတြမွာ ျမင္ေတြ႕ရဖို႔မ်ားေနပါၿပီ။ဒါကလည္း ၾကပ္ၾကပ္မတ္မတ္လုပ္မယ္ဆိုရင္ပါ။  

ဒီလို တပ္ဖြဲ႕ဝင္ေတြ ဝိတ္ခ်ဖို႔ကို ရဲတပ္ဖြဲ႕အျပင္ ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္က အက်ဥ္းဦးစီးဌာန၊ မီးသတ္တပ္ဖြဲ႕ စတဲ့ဌာနေတြ အကုန္ပါတယ္ဆိုပါတယ္။ဒီအတြက္ သပ္သပ္ရပ္ရပ္နဲ႔ ဗိုက္မပူ၊ အ၀မလြန္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ လမ္းေပၚနဲ႔ အမ်ားျပည္သူသြားလာေနထိုင္ရာ ေနရာေတြမွာ ျမင္ရမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ဒီတစ္ပတ္မွာ စိတ္ဝင္စားဖြယ္ရာ ဒီလိုသတင္းအျပင္ မိတၳီလာကြန္ပ်ဴတာတကၠသိုလ္ ပါခ်ဳပ္ရဲ႕ KBZ Pay ကို အဆင့္ျမႇင့္ေပးမယ္ဆိုၿပီး ေငြ ၁၀ သိန္း ထုတ္ယူသြားခဲ့သူေတြကို ဖမ္းမိခဲ့တဲ့သတင္း၊ ေတာအုပ္ ၁၀ ဦးထံမွ က်ပ္သိန္း ၁၀၀ နီးပါး ျဖတ္ေတာက္ရယူခဲ့တဲ့ ရမည္းသင္းခ႐ိုင္ သစ္ေတာဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉးနဲ႔ ဦးစီးအရာရွိကို  အဂတိလိုက္စားမႈနဲ႔ အေရးယူလိုက္တဲ့သတင္း၊ ဟသၤာတတကၠသိုလ္ Quarantine Center မွာ ထိုင္းျပန္ က်န္းမာေရးေျခခ်ဳပ္ခံထားရသူတစ္ဦးက ဆရာဝန္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ရန္ျပဳခဲ့တဲ့သတင္း၊ ျမဝတီၿမိဳ႕ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးအေရွ႕မွာ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့သတင္း၊ မႏၲေလးၿမိဳ႕ မေနာ္ဟရီေဈးထဲမွာ အိႏၵိယေကာင္စစ္ဝန္ရဲ႕ ပိုက္ဆံအိတ္ ခါးပိုက္ႏႈိက္ခံရတဲ့သတင္း၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕နယ္အတြင္း ယာဥ္ ၃ စီးေပၚမွ တန္ဖိုးေငြက်ပ္ ၂ ဒသမ ၅ ဘီလ်ံ တန္ဖိုးနီးပါးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါေသးတယ္။

ရခိုင္အေရး ဘယ္ေတာ့မွၿပီးမလဲ

ယခုလ ၁၀ ရက္မွာ စစ္ေတြမွာရွိတဲ့ ကေမာၻဇဘဏ္ကို ဓားျပတိုက္ခံရမႈ ျဖစ္ခဲ့ပါတယ္။ဘဏ္သိမ္းခ်ိန္ ညေန ၄ နာရီေက်ာ္မွာ ဝင္လာတာျဖစ္ၿပီး အမ်ိဳးသား ၄ ဦးက ယူေဆာင္လာတဲ့ဓားေတြနဲ႔ ၿခိမ္းေျခာက္ကာ ေကာင္တာေပၚရွိ ေငြက်ပ္ သိန္း ၁၈၀၀ ကို ယူေဆာင္သြားခဲ့တာပါ။ေနာက္ပိုင္းမွာ သတင္းေတြထြက္လာၿပီး ဓားျပတိုက္တဲ့သူထဲက တစ္ဦးကိုမိတယ္ဆိုၿပီး ဘဏ္ကပါသြားတဲ့ေငြေတြ ျပန္မိတဲ့သတင္းက မၾကားရေသးပါဘူး။ဒီရက္ထဲမွာ ရခိုင္ျပည္နယ္ထဲက ပုဏၰားကြၽန္းၿမိဳ႕နယ္ထဲမွာ နယ္ေျမခံတပ္မွ အရာရွိတစ္ဦးႏွင့္ စစ္သည္တစ္ဦးကို အမ်ိဳးသားရွစ္ဦးခန႔္က ဝိုင္းၿပီး ဓား၊ သံတုတ္ေတြနဲ႔ ဝိုင္း႐ိုက္တဲ့ျဖစ္စဥ္ ျဖစ္ခဲ့ပါတယ္။ဒါက ဇြန္ ၁၁ ရက္ နံနက္ပိုင္းက ပုဏၰားကြၽန္းၿမိဳ႕ ၿမိဳ႕သစ္ေဈးမွာ ေစ်းဝယ္လာစဥ္ျဖစ္ခဲ့တာပါ။ထုတ္ျပန္ခ်က္အရ ျဖစ္စဥ္မွာ ၿမိဳ႕သစ္ေဈးအနီး ေအးေစတီလမ္းဆုံ၌ ဆိုင္ကယ္ရပ္နား၍ ေဈးဝယ္ရန္ျပင္ဆင္ေနစဥ္ ႐ုတ္တရက္ အမည္မသိ အမ်ိဳးသားရွစ္ဦးခန႔္ေရာက္ရွိလာၿပီး တစ္ဦးက အရာရွိအားဓားျဖင့္ထိုးရာ အရာရွိကျပန္လည္ခုခံ၍ ပါလာသည့္ ပစၥတိုေသနတ္ျဖင့္ထုတ္ခ်ိန္စဥ္ ေနာက္ထပ္လူခုနစ္ဦးခန႔္က သံတုတ္မ်ားျဖင့္ အရာရွိႏွင့္ စစ္သည္တို႔ကို ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့လို႔ ေဘးကဝိုင္းအုံလာစဥ္မွာ အရာရွိထံမွ ပစၥတိုေသနတ္ကိုလုယူၿပီး အ႐ိုက္ခံရသျဖင့္ လဲက်ေမ့ေမ်ာေနတဲ့ စစ္သားကိုဖမ္းဆီးၿပီး ဆိုင္ကယ္ငါးစီးနဲ႔ ထြက္ေျပးသြားခဲ့တာပါ။

ဒီလိုျဖစ္စဥ္ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ပုဏၰားကြၽန္းၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္မွာ လုံၿခဳံေရးစစ္ေဆးေဆာင္႐ြက္ေနစဥ္မွာ မသကၤာဖြယ္အမ်ိဳးသားတစ္ဦး ဓားေျမာင္ကိုင္ေဆာင္ၿပီး ခ်ဥ္းကပ္လာခဲ့လို႔ လုံၿခဳံေရးတပ္ဖြဲ႕က ေအာ္ဟစ္တားဆီးရပ္တန႔္ေစေပမယ့္ မရပ္တန႔္ခဲ့လို႔ သတိေပးေျခာက္လွန႔္ပစ္ခတ္ခဲ့ရာကေန က်ည္မွန္ၿပီးေသဆုံးခဲ့ပါတယ္။ေသဆုံးသူဆီကေန ေဒသႏၲရမိုင္းေတြ၊ မိုင္းျပဳလုပ္ရာတြင္အသုံးျပဳတဲ့ ကြန္ၾကဴပိုက္အေျမာက္အျမားကို ေက်ာပိုးအိတ္နဲ႔အတူေတြ႕တယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒီျဖစ္ရပ္အတြက္ ရခိုင္လက္နက္ကိုင္ (AA) လို႔ သံသယရွိတယ္ဆိုၿပီး ဖမ္းဆီးသြားတဲ့စစ္သားကို ျပန္ကယ္ဆယ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) နဲ႔ တိုက္ပြဲေတြျဖစ္ေနတာ ႏွစ္ေပါက္ေနပါၿပီ။တိုက္ပြဲျဖစ္ပြားေနတဲ့ ေျမပုံၿမိဳ႕နယ္ထဲက ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးသုံးဦးကို တပ္ဘက္က ဇြန္ ၃ ရက္က ဖမ္းဆီးလိုက္ၿပီးေနာက္ပိုင္း လုံၿခဳံေရးေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕ ရာထူးကႏုတ္ထြက္ရန္ ျပင္ဆင္ေနၾကသလို ႏွစ္ဘက္စလုံးက အယုံအၾကည္မရွိတဲ့အတြက္ အေျခအေနက လုံၿခဳံေရးအေတာ္ေလးကို ပ်က္ျပားေနတဲ့သေဘာပါဘဲ။တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ထိခိုက္ေသဆုံးမႈက မရပ္ေသးပါဘူး။ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲျဖစ္ေနတဲ့ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) တို႔ တိုက္ပြဲေတြထဲေသဆုံးခဲ့တဲ့ ေဒသခံတိုင္းရင္းသား အေရအတြက္က  ငါးလနီးပါးအတြင္း ၄၀ ေက်ာ္ ရွိလာသလို ဒီရက္ထဲမွာဘဲ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) နဲ႔ တပ္မေတာ္ၾကား ပစ္ခတ္မႈျဖစ္လို႔ စစ္ေတြ အျမင့္ေက်း႐ြာက အသက္ ၈၀ ေက်ာ္အ႐ြယ္ အဘြားအိုတစ္ဦး က်ည္ထိမွန္ကာ သုံးဦးဒဏ္ရာရခဲ့ပါတယ္။ဇြန္ ၉ ရက္ နံနက္ပိုင္းမွာ မင္းျပားၿမိဳ႕နယ္ ေက်ာက္ခုတ္ေက်း႐ြာႏွင့္ သစ္ပုတ္ေတာင္ေက်း႐ြာအၾကားမွာ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္လည္း‌ ေဒသခံေထာင္ႏွင့္ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနရတာရွိပါတယ္။

ရခိုင္ျပႆနာက ၿပီးျပတ္ဖို႔အခ်ိန္က ဘယ္ေလာက္ၾကာမလဲဆိုတာ မသိရေသးသလို တျခားတိုင္းရင္းသားလက္နက္ကိုင္ေတြလိုဘဲ ၾကာရွည္သြားဖို႔ ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။ဒီအတြက္အထိနာရတာ ေဒသခံတိုင္းရင္းသားေတြပါ။ေသေၾကထိခိုက္သူမွန္သမွ် အရပ္သားေတြကမ်ားေနသလို ရခိုင္ျပည္နယ္အတြင္း ဘဏ္ေတြဓားျပဝင္တိုက္၊ ရဲနဲ႔ စစ္ဘက္ဆိုင္ရာ အရပ္ဘက္ဆိုင္ရာေတြကို ဝင္ေရာက္ထိုးသတ္ ဖမ္းဆီးတာေတြကိုလုပ္ေနတာ ခဏခဏျဖစ္ေနတဲ့အတြက္ လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရး အေျခအေနက စိုးရိမ္ဖြယ္ရာပါဘဲ။ဒီအတြက္ ၿငိမ္းခ်မ္းေရးကမျမင္ရေသးသလို ေရွ႕ဆက္ဘာေတြျဖစ္လာမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ထူးျခားတဲ့သတင္းေတြထဲက စိတ္ဝင္စားစရာျဖစ္စရာ သတင္းအခ်ိဳ႕ကေတာ့ ၿမိတ္ေလတပ္စခန္းဌာနခ်ဳပ္အတြင္း ေဘာလုံးပြဲက်င္းပေနစဥ္ မိုးႀကိဳးထိမွန္ခံရမႈေၾကာင့္ တပ္မိသားစုဝင္ငါးဦး ေသဆုံးခဲ့တဲ့သတင္း၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ-၅၀၅ (က) ျဖင့္ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ (၃) ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္လိုက္တဲ့သတင္း၊ ျမန္မာ့စီးပြားေရးႏွင့္ လူမႈေရးဖြံ႕ၿဖိဳးတိုးတက္မႈ စီမံခ်က္အတြက္ ဂ်ပန္ႏိုင္ငံအစိုးရက အကူအညီ ယန္းသန္း (၂၀၀၀) ေပးေရးဆိုင္ရာ စာခြၽန္လႊာ ဇြန္ ၅ ရက္က လက္မွတ္ေရးထိုးခဲ့တဲ့သတင္း၊ ရန္ကုန္ ကရဝိတ္ခန္းမႏွင့္ ေျမေနရာကို ဟိုတယ္ခရီးဝန္ႀကီးဌာနက အစိုးရသတင္းစာမွတဆင့္ အိတ္ဖြင့္တင္ဒါေခၚယူလိုက္တဲ့သတင္း၊ အလယ္အလတ္အဆင့္ ဝင္ေငြနည္းႏိုင္ငံမ်ားစာရင္း (Low-Middle income Countries) ထဲ ျမန္မာႏိုင္ငံပါဝင္လာတဲ့သတင္း၊ ျမန္မာ့စီးပြားေရး ျပန္လည္ဦးေမာ့လာဖို႔ ႏိုင္ငံဂ်ီဒီပီ၏ ၅ ရာခိုင္ႏႈန္းခန႔္ သုံးစြဲရန္ အစိုးရရည္မွန္းထားတဲ့သတင္း၊ Liquefied Natural Gas (LNG) ျဖင့္ ပထမဆုံးအႀကိမ္ ဓာတ္အားထုတ္လုပ္ရန္ LNG သိုေလွာင္သေဘၤာ ဇြန္ ၆ ရက္က ျမန္မာႏိုင္ငံကို ဆိုက္ကပ္လာတဲ့သတင္း၊ ကရဝိတ္တင္ဒါအား ေဇကမာၻကုမၸဏီအေနျဖင့္မရခဲ့ပါက ဟိုတယ္ႏွင့္ ခရီးဝန္ႀကီးဌာနကေန ေလ်ာ္ေၾကးေငြ ကန္ေဒၚလာ သန္း ၃၀ ေတာင္းမယ္ဆိုတဲ့သတင္း၊ သူနာျပဳတကၠသိုလ္ ပါေမာကၡခ်ဳပ္အျဖစ္ သူနာျပဳဆရာမမ်ားထဲမွ ပထမဆုံးအျဖစ္ ခန႔္အပ္ခဲ့တဲ့သတင္း၊ COVID-19 ထိန္းခ်ဳပ္ေရးအတြက္ တရားမဝင္ နယ္စပ္ဝင္ထြက္ေပါက္မ်ားမွ ဝင္ေရာက္သူႏွင့္ သိလွ်က္လက္ခံသူကို အေရးယူမယ့္သတင္း၊ တားျမစ္ထားတဲ့ ျမန္မာႏိုင္ငံမွ ကြၽန္းသစ္မ်ားကို ခ႐ိုေအးရွားကုမၸဏီမွတစ္ဆင့္ ဥေရာပသို႔ တရားမဝင္တင္ပို႔မႈမ်ားရွိေနတယ္လို႔ လန္ဒန္အေျခစိုက္ သဘာဝပတ္ဝန္းက်င္ စုံစမ္းစစ္ေဆးေရးေအဂ်င္စီက ထုတ္ျပန္ခဲ့တဲ့သတင္း စတဲ့သတင္းေတြလည္း ယခုရက္ထဲမွာ ျဖစ္ခဲ့တယ္ဆိုတဲ့အေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၁၂