【 ဆောင်းပါး 】 “လွန်ခဲ့သော နှစ်ပေါင်း ၃၀၊ ဒီမိုကရေစီခရီးကြမ်းနှင့် အဆုံးသတ်ရှုမျှော်ခင်း”

【 ဆောင်းပါး 】 “လွန်ခဲ့သော နှစ်ပေါင်း ၃၀၊ ဒီမိုကရေစီခရီးကြမ်းနှင့် အဆုံးသတ်ရှုမျှော်ခင်း”

၂၀၁၉ ခုနှစ် ကုန်ဆုံးလု၍ ၂၀၂၀ ခုနှစ်သို့ ချင်းနင်းဝင်ရောက်တော့မည့် အချိန်ဖြစ်သည်။ထိုမှနောက်ကို လည်ပြန်စောင်းငဲ့ကြည့်လျှင် မိမိတို့လျှောက်လှမ်းခဲ့ရသောခရီးက အလှမ်းဝေးစွာ နောက်မှာကျန်ရစ်ခဲ့ပြီ။မိမိတို့နိုင်ငံအတွက် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရသောခရီး။တိတိကျကျ ဆိုရလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ လောက်က စတင်ခဲ့သည့် ဒီမိုကရေစီခရီး။ဆယ်စုနှစ် ၃ ခုကြား ခက်ခဲကြမ်းတမ်းလှသောခရီးက ယခုအချိန်အထိ အဆုံးမသတ်နိုင်သေး။ထိုမျှခက်ခဲကြမ်းတမ်းသော ခရီးရှည်ကြီးအတွင်း ဖိနှိပ်မှု၊ တိုးတိုက်မှု၊ ဆန့်ကျင်တုံ့ပြန်မှုများက ဝိရောဓိဆန်စွာ လွှမ်းခြုံနေခဲ့ခြင်းဖြစ်ရာ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းပေါ်တွင် အခက်အခဲ၊ အကျပ်အတည်း တည်းဟူသော စိန်ခေါ်မှုများစွာကို အဆက်မပြတ်ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

စင်စစ် မိမိတို့က မရေရာမသေချာမှုများဖြင့် ပြည့်နှက်နေသောခရီးကြမ်းကို လျှောက်လှမ်းနေခဲ့ရခြင်းလည်းဖြစ်သည်။မပီဝိုးတဝါးနိုင်လှသော အနာဂတ်နှင့်အတူ မျှော်လင့်ချက်များစွာတို့၏ တွန်းထိုးလှုံ့ဆော်မှုဖြင့် မိမိတို့ ဆက်လက်လျှောက်လှမ်းနေကြခြင်းလည်းဖြစ်သည်။အတိတ်၏ မှုန်ဝါးဝါးနိုင်မှုများကို မေ့ပျောက်ကာ မျှော်လင့်ချက်၊ ယုံကြည်ချက်တချို့တစ်ဝက်နှင့် အားခဲထားလင့်ကစား လက်ရှိအချိန်အထိကတော့ မျှော်လင့်ချက်အိပ်မက်များ ပြည့်ဝလာခြင်းထက် ပိုမိုကျပ်တည်းခက်ခဲမည့် အရိပ်လက္ခဏာများသာ တိုးပွားလာလျက်ရှိပါသည်။

၁၉၆၀ ခုနှစ်မှ စတင်ကာ မိမိတို့နိုင်ငံအတွက် ကြမ်းတမ်းသောခရီးတစ်နှစ် လျှောက်လှမ်းလာခဲ့ရသည်မှာ ယခုအချိန်တွင်မူ ပိုမိုခက်ခဲကြမ်းတမ်းသောခရီးကို ဆက်လက်လျှောက်လှမ်းကြရတော့မည့် အချိန်ကာလဟုပင် ဆိုချင်ပါသည်။၂၀၁၇ ခုနှစ်က မိမိတို့နိုင်ငံ၏ အနောက်တံခါးဝတွင် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်မှုများမှ အစပြုခဲ့သည့် ရခိုင်ပြည်နယ်အကျပ်အတည်း ပြဿနာနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ နားလည်မှုလွဲမှားစွာ ဖိအားပေးမှုအနေအထားမှာ လက်ရှိအချိန်တွင် ပိုမိုပြင်းထန်သော စိန်ခေါ်မှုများကို အန်တုရင်ဆိုင်ရမည့်အခြေအနေနှင့် ကြုံတွေ့နေကြရခြင်းလည်းဖြစ်သည်။

ဆိုရလျှင် မကြာသေးမီက အစ္စလာမ္မစ် ပူးပေါင်းအဖွဲ့ COICJ အဖွဲ့ ဝင်နိုင်ငံဖြစ်သည့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် သည်ဟိတ်ဂ် (The Hague) မြို့ရှိ နိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ထိုသို့တရားစွဲဆိုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်တာဝန်ယူကာ သည်ဟိတ်ဂ်မြို့သို့ သွားရောက်၍ ခုခံချေပခဲ့သည်။

ICJ တွင် တရားစွဲဆိုခံရမှုမှာ မိမိတို့နိုင်ငံအတွက် ကြီးမားသောစိန်ခေါ်မှုဟု ဆိုနိုင်သည်။သို့ရာတွင် ICJ တွင် ကြားနားစစ်ဆေးမှုသည် ချက်ချင်းလက်ငင်း ပြီးပြတ်သွားမည့် စီရင်စစ်ဆေးမှုမျိုးမဟုတ်ဘဲ နှစ်အနည်းငယ် အချိန်ယူစစ်ဆေးရမည့် သဘောဆောင်ပါသည်။ထိုအတောအတွင်း မြန်မာအစိုးရအနေနှင့် မိမိတို့နိုင်ငံအပေါ် စွပ်စွဲခံရမှုနှင့် ပတ်သက်သည့် ကြောင်းကျိုးစုံလင်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ နားလည်လက်ခံနိုင်လောက်သည့် တာဝန်ယူဖြေရှင်းမှုမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းရန်လိုအပ်မည် ဖြစ်သကဲ့သို့ တတ်သိကျွမ်းကျင်သော ဥပဒေပညာရှင်တို့၏ ကျွမ်းကျင်လိမ္မာသော အကျိုးဆောင်မှု အထောက်အကူကိုရယူကာ ရပ်ဆိုင်းဖြေရှင်းရမည့် ပြဿနာလည်း ဖြစ်သည်။

အမှန်စင်စစ် ရခိုင်ပြည်နယ်အခက်အခဲ ပြဿနာသည် အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားရာမှ စတင်ခဲ့သော ပြဿနာဖြစ်သည်။ပို၍ဆိုးသည်မှာ ရခိုင်ပြည်နယ်အကျပ်အတည်း ပြဿနာနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းမီဒီယာတို့၏ အဆင်းဘီးတွန်းသည့် လုပ်ရပ်တို့ကလည်း မိမိတို့နိုင်ငံအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ တစ်ဖက်ပိတ်အမြင်ဖြင့် ပိုမိုဘေးကျပ်နံကျပ်ဖြစ်ခဲ့ရသော ပြဿနာဖြစ်သည်။မည်သို့ဆိုစေ မိမိတို့ဘက်မှ တာဝန်ခံရမည့်အပိုင်း ရှိခဲ့လျှင်လည်း မိမိတို့ဘက်မှ တာဝန်ယူတာဝန်ခံမှုဖြင့် ဖြေရှင်းနိုင်သလောက် ဖြေရှင်းသွားမည်သာဖြစ်သည်။
သို့တစေ နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ပြဿနာ၏ ရေဆုံးရေဖျားကို ဘက်မလိုက်သောရှုမြင်မှုမျိုးဖြင့် ရှုမြင်ဆင်ခြင်ရန်လည်း လိုအပ်လှပါသည်။

ဆိုရလျှင် ရခိုင်ပြည်နယ်အကျပ်အတည်း ပြဿနာသည် လူမျိူးဘာသာရေးနှင့် သက်ဆိုင်သော ပြဿနာမျိုးမဟုတ်ဘဲ ပြဿနာကိုဖန်တီးသူတို့ကို မိမိတို့ဘက်မှ တရားနည်းလမ်းတကျ အရေးယူဆောင်ရွက်ရသည့် သဘောကို ICJ  ခုံရုံးအဖွဲ့ဝင်များ အမြင်ရှင်းလင်းစေရန် နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်သည့်အဖွဲ့က အသင့်လျော်ဆုံး ဖြေရှင်းသွားသည်ဟု ယုံကြည်လျက်ရှိသည်။စင်စစ် ရခိုင်ပြည်နယ်အကျပ်အတည်း ပြဿနာသည် နဂိုကတည်းက ခက်ခဲကြမ်းတမ်းစွာ လျှောက်လှန်းနေရသော မိမိတို့နိုင်ငံ၏ ဒီမိုကရေစီခရီးကြမ်းကို ဆူးများချိုင့်ခွက်များ ပိုမိုထူပြောလာစေသော ခရောင်းလမ်းကဲ့သို့ ဖြစ်စေခဲ့သည့် ပြဿနာလည်းဖြစ်သည်။

ပြီးခဲ့သည့် လေးနှစ်တာကာလကို ပြန်ကြည့်လျှင် မိမိတို့နိုင်ငံတွင် မဲဆန္ဒပြည်သူလူထုတို့က သူတို့လိုလားသော အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြောက်ခဲ့ကြသည်။မဲဆန္ဒရှင် ပြည်သူလူထုတို့ တင်မြှောက်ထားသော အစိုးရက ပြည်သူလူထု၏ မျှော်လင့်ချက်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်အားထားခဲ့ကြသည်။
ထိုစဉ်ကတော့ မိမိတို့နိုင်ငံတွင် ကြီးမားအားကောင်းသော ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံ၏ ဖြစ်ထွန်းတိုးတက်ရေးဆီကို အောင်မြင်စွာလျှောက်လှမ်းနိုင်ကြမည်ဟု ရည်သန်ထားကြသည့် အချိန်လည်းဖြစ်သည်။ဆိုရလျှင် ဒီမိုကရေစီစံနှုန်းတန်ဖိုးနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ဒီမိုကရေစီအပြည့်အဝကျင့်သုံးနိုင်သော နိုင်ငံတော်သစ်ဆီသို့  ချီတက်ကြမည်။ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်တွင်  တိုင်းရင်းသား ညီအကိုမောင်နှမအားလုံး နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးကို လက်တွဲဖော်ဆောင်ကြမည်။ဤသို့ပင် မျှော်လင့်စိတ်ကူးခဲ့ကြသည်။

သို့တစေ ထိုမျှော်လင့်ချက်များကား လေးနှစ်တာကာလ လွန်မြောက်လာခဲ့သည့်တိုင်အောင် ရေမှာ အရုပ်ရေးမထင်သကဲ့သို့ မပီဝိုးတဝါးနိုင်နေဆဲရှိသည်။ဆိုရလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့က မဲဆန္ဒရှင်တို့ မျှော်လင့်ထားသလောက် ခရီးမပေါက်နိုင်သေး။ထိုသို့ခရီးမပေါက်နိုင်သည့်ကြားထဲမှပင် ပိုမိုပြင်းထန်သော အကျပ်အတည်းများ စိန်ခေါ်မှုများနှင့် အဆက်မပြတ် ရင်ဆိုင်ကြုံတွေ့နေရခြင်းကပင် မိမိတို့နိုင်ငံအနေနှင့် ဒီမိုကရေစီအကျပ်အတည်း ထောင်ချောက်အတွင်း ပိတ်မိနေသကဲ့သို့ တွေ့ကြုံရင်ဆိုင်နေခဲ့ရသည်မှာ မကြာမတင်သော ကာလအတွင်း ၂၀၂၀ ခုနှစ် တံခါးဝဆီသို့ပင် ရောက်ရှိလာတော့မည်ဖြစ်သည်။

၂၀၂၀ ခုနှစ် ကာလများတွင်ကော မိမိတို့နိုင်ငံတွင် မည်ကဲ့သို့သောအပြောင်းအလဲများနှင့် တွေ့ကြုံလာကြရဦးပါမည်နည်း။မည်သို့ဆိုစေ မဲဆန္ဒရှင်ပြည်သူတို့ကတော့ မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီခရီးလမ်းကို ဆက်လက်လျှောက်လှမ်းရန် အားခဲထားကြဦးမည်ဟု ယူဆရသည်။ဆက်လက်လျှောက်လှမ်းမည့် ခရီးလမ်းတွင် အခက်အခဲများ စိန်ခေါ်မှုများနှင့် အနှောင့်အယှက် အဟန့်အတားများ ဆက်လက်တွေ့ကြုံရဦးမည်ဟု ယူဆရသည်။

မည်သို့ဆိုစေ မိမိတို့အားလုံး ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ရသည့် ဒီမိုကရေစီခရီးကြမ်းကို ဖြောင့်ဖြူးညီညာသော လမ်းတစ်လမ်းအဖြစ် ဖော်ဆောင်ရာတွင် အချိန်ယူရဦးမည်ကိုလည်း နားလည်သဘောပေါက်ထားကြပြီး ဖြစ်သည်။ထိုသို့သောအနေအထားအတွင်း မိမိတို့အားလုံးအတွက် အရေးပါဆုံးနှင့် အခရာအကျဆုံးမှာ ဒီမိုကရေစီခရီးလမ်းတွင် အတူတကွလိုက်ပါကြသူတို့၏ ညီညွတ်မှုအင်အားဖြစ်သည်။နိုင်ငံအကျိုးကို ရည်သန်သော ပူးပေါင်းပါဝင်မှု စွမ်းအားဖြစ်သည်။ဆိုရလျှင် မိမိတို့အတွက် လွတ်လပ်မှု မျှတမှု အခွင့်အရေးတန်းတူညီမှုရှိမှု၊ ဆင်းရဲချင်းသာကွာဟချက် ကျဉ်းမြောင်းမှု၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားညီအကိုမောင်နှမများ စိတ်ဝမ်းကြည်ဖြူ ညီညာဖြဖြရှိလာကြသည့် အခင်းအကျင်းမျိုး အခိုင်အမာပေါ်ထွက်သည့် အချိန်အခါကသာလျှင် မိမိတို့က နှစ်ပေါင်း ၃၀ နီးပါးကြာအောင် ခက်ခဲပင်ပန်းကြီးစွာ လျှောက်လှမ်းခဲ့ရသော ဒီမိုကရေစီခရီးလမ်း၏ ကောင်းမွန်သောအဆုံးသတ် ရှုမျှော်ခင်းကို မြင်တွေ့ရမည်ဟု မျှော်လင့်ရင်း ……။

မြင့်နောင်မိုး
ဒီဇင်ဘာ - ၁၉

( Zawgyi )

၂၀၁၉ ခုႏွစ္ ကုန္ဆုံးလု၍ ၂၀၂၀ ခုႏွစ္သို႔ ခ်င္းနင္းဝင္ေရာက္ေတာ့မည့္ အခ်ိန္ျဖစ္သည္။ထိုမွေနာက္ကို လည္ျပန္ေစာင္းငဲ့ၾကည့္လွ်င္ မိမိတို႔ေလွ်ာက္လွမ္းခဲ့ရေသာခရီးက အလွမ္းေဝးစြာ ေနာက္မွာက်န္ရစ္ခဲ့ၿပီ။မိမိတို႔ႏိုင္ငံအတြက္ ခက္ခဲပင္ပန္းစြာ ျဖတ္သန္းခဲ့ရေသာခရီး။တိတိက်က် ဆိုရလွ်င္ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၃၀ ေလာက္က စတင္ခဲ့သည့္ ဒီမိုကေရစီခရီး။ဆယ္စုႏွစ္ ၃ ခုၾကား ခက္ခဲၾကမ္းတမ္းလွေသာခရီးက ယခုအခ်ိန္အထိ အဆုံးမသတ္ႏိုင္ေသး။ထိုမွ်ခက္ခဲၾကမ္းတမ္းေသာ ခရီးရွည္ႀကီးအတြင္း ဖိႏွိပ္မႈ၊ တိုးတိုက္မႈ၊ ဆန႔္က်င္တုံ႔ျပန္မႈမ်ားက ဝိေရာဓိဆန္စြာ လႊမ္းၿခဳံေနခဲ့ျခင္းျဖစ္ရာ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီခရီးလမ္းေပၚတြင္ အခက္အခဲ၊ အက်ပ္အတည္း တည္းဟူေသာ စိန္ေခၚမႈမ်ားစြာကို အဆက္မျပတ္ရင္ဆိုင္ေနရျခင္းလည္းျဖစ္သည္။

စင္စစ္ မိမိတို႔က မေရရာမေသခ်ာမႈမ်ားျဖင့္ ျပည့္ႏွက္ေနေသာခရီးၾကမ္းကို ေလွ်ာက္လွမ္းေနခဲ့ရျခင္းလည္းျဖစ္သည္။မပီဝိုးတဝါးႏိုင္လွေသာ အနာဂတ္ႏွင့္အတူ ေမွ်ာ္လင့္ခ်က္မ်ားစြာတို႔၏ တြန္းထိုးလႈံ႕ေဆာ္မႈျဖင့္ မိမိတို႔ ဆက္လက္ေလွ်ာက္လွမ္းေနၾကျခင္းလည္းျဖစ္သည္။အတိတ္၏ မႈန္ဝါးဝါးႏိုင္မႈမ်ားကို ေမ့ေပ်ာက္ကာ ေမွ်ာ္လင့္ခ်က္၊ ယုံၾကည္ခ်က္တခ်ိဳ႕တစ္ဝက္ႏွင့္ အားခဲထားလင့္ကစား လက္ရွိအခ်ိန္အထိကေတာ့ ေမွ်ာ္လင့္ခ်က္အိပ္မက္မ်ား ျပည့္ဝလာျခင္းထက္ ပိုမိုက်ပ္တည္းခက္ခဲမည့္ အရိပ္လကၡဏာမ်ားသာ တိုးပြားလာလ်က္ရွိပါသည္။

၁၉၆၀ ခုႏွစ္မွ စတင္ကာ မိမိတို႔ႏိုင္ငံအတြက္ ၾကမ္းတမ္းေသာခရီးတစ္ႏွစ္ ေလွ်ာက္လွမ္းလာခဲ့ရသည္မွာ ယခုအခ်ိန္တြင္မူ ပိုမိုခက္ခဲၾကမ္းတမ္းေသာခရီးကို ဆက္လက္ေလွ်ာက္လွမ္းၾကရေတာ့မည့္ အခ်ိန္ကာလဟုပင္ ဆိုခ်င္ပါသည္။၂၀၁၇ ခုႏွစ္က မိမိတို႔ႏိုင္ငံ၏ အေနာက္တံခါးဝတြင္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားခဲ့သည္။
အၾကမ္းဖက္တိုက္ခိုက္မႈမ်ားမွ အစျပဳခဲ့သည့္ ရခိုင္ျပည္နယ္အက်ပ္အတည္း ျပႆနာႏွင့္ပတ္သက္၍ ႏိုင္ငံတကာအသိုင္းအဝိုင္း၏ နားလည္မႈလြဲမွားစြာ ဖိအားေပးမႈအေနအထားမွာ လက္ရွိအခ်ိန္တြင္ ပိုမိုျပင္းထန္ေသာ စိန္ေခၚမႈမ်ားကို အန္တုရင္ဆိုင္ရမည့္အေျခအေနႏွင့္ ႀကဳံေတြ႕ေနၾကရျခင္းလည္းျဖစ္သည္။

ဆိုရလွ်င္ မၾကာေသးမီက အစၥလာမၼစ္ ပူးေပါင္းအဖြဲ႕ COICJ အဖြဲ႕ ဝင္ႏိုင္ငံျဖစ္သည့္ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံတြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ခဲ့သည္ဟူေသာ စြဲခ်က္ျဖင့္ သည္ဟိတ္ဂ္ (The Hague) ၿမိဳ႕ရွိ ႏိုင္ငံတကာတရား႐ုံးတြင္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။ထိုသို႔တရားစြဲဆိုမႈႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံဘက္မွ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ဦးေဆာင္တာဝန္ယူကာ သည္ဟိတ္ဂ္ၿမိဳ႕သို႔ သြားေရာက္၍ ခုခံေခ်ပခဲ့သည္။

ICJ တြင္ တရားစြဲဆိုခံရမႈမွာ မိမိတို႔ႏိုင္ငံအတြက္ ႀကီးမားေသာစိန္ေခၚမႈဟု ဆိုႏိုင္သည္။သို႔ရာတြင္ ICJ တြင္ ၾကားနားစစ္ေဆးမႈသည္ ခ်က္ခ်င္းလက္ငင္း ၿပီးျပတ္သြားမည့္ စီရင္စစ္ေဆးမႈမ်ိဳးမဟုတ္ဘဲ ႏွစ္အနည္းငယ္ အခ်ိန္ယူစစ္ေဆးရမည့္ သေဘာေဆာင္ပါသည္။ထိုအေတာအတြင္း ျမန္မာအစိုးရအေနႏွင့္ မိမိတို႔ႏိုင္ငံအေပၚ စြပ္စြဲခံရမႈႏွင့္ ပတ္သက္သည့္ ေၾကာင္းက်ိဳးစုံလင္ကို ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ နားလည္လက္ခံႏိုင္ေလာက္သည့္ တာဝန္ယူေျဖရွင္းမႈမ်ိဳးျဖင့္ ရင္ဆိုင္ေျဖရွင္းရန္လိုအပ္မည္ ျဖစ္သကဲ့သို႔ တတ္သိကြၽမ္းက်င္ေသာ ဥပေဒပညာရွင္တို႔၏ ကြၽမ္းက်င္လိမၼာေသာ အက်ိဳးေဆာင္မႈ အေထာက္အကူကိုရယူကာ ရပ္ဆိုင္းေျဖရွင္းရမည့္ ျပႆနာလည္း ျဖစ္သည္။

အမွန္စင္စစ္ ရခိုင္ျပည္နယ္အခက္အခဲ ျပႆနာသည္ အစြန္းေရာက္ အၾကမ္းဖက္အဖြဲ႕အစည္းတစ္ခုက မိမိတို႔ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားရာမွ စတင္ခဲ့ေသာ ျပႆနာျဖစ္သည္။ပို၍ဆိုးသည္မွာ ရခိုင္ျပည္နယ္အက်ပ္အတည္း ျပႆနာႏွင့္ပတ္သက္၍ ႏိုင္ငံတကာသတင္းမီဒီယာတို႔၏ အဆင္းဘီးတြန္းသည့္ လုပ္ရပ္တို႔ကလည္း မိမိတို႔ႏိုင္ငံအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္း၏ တစ္ဖက္ပိတ္အျမင္ျဖင့္ ပိုမိုေဘးက်ပ္နံက်ပ္ျဖစ္ခဲ့ရေသာ ျပႆနာျဖစ္သည္။မည္သို႔ဆိုေစ မိမိတို႔ဘက္မွ တာဝန္ခံရမည့္အပိုင္း ရွိခဲ့လွ်င္လည္း မိမိတို႔ဘက္မွ တာဝန္ယူတာဝန္ခံမႈျဖင့္ ေျဖရွင္းႏိုင္သေလာက္ ေျဖရွင္းသြားမည္သာျဖစ္သည္။
သို႔တေစ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနႏွင့္ ျပႆနာ၏ ေရဆုံးေရဖ်ားကို ဘက္မလိုက္ေသာရႈျမင္မႈမ်ိဳးျဖင့္ ရႈျမင္ဆင္ျခင္ရန္လည္း လိုအပ္လွပါသည္။

ဆိုရလွ်င္ ရခိုင္ျပည္နယ္အက်ပ္အတည္း ျပႆနာသည္ လူမ်ိဴးဘာသာေရးႏွင့္ သက္ဆိုင္ေသာ ျပႆနာမ်ိဳးမဟုတ္ဘဲ ျပႆနာကိုဖန္တီးသူတို႔ကို မိမိတို႔ဘက္မွ တရားနည္းလမ္းတက် အေရးယူေဆာင္႐ြက္ရသည့္ သေဘာကို ICJ  ခုံ႐ုံးအဖြဲ႕ဝင္မ်ား အျမင္ရွင္းလင္းေစရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ဦးေဆာင္သည့္အဖြဲ႕က အသင့္ေလ်ာ္ဆုံး ေျဖရွင္းသြားသည္ဟု ယုံၾကည္လ်က္ရွိသည္။စင္စစ္ ရခိုင္ျပည္နယ္အက်ပ္အတည္း ျပႆနာသည္ နဂိုကတည္းက ခက္ခဲၾကမ္းတမ္းစြာ ေလွ်ာက္လွန္းေနရေသာ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီခရီးၾကမ္းကို ဆူးမ်ားခ်ိဳင့္ခြက္မ်ား ပိုမိုထူေျပာလာေစေသာ ခေရာင္းလမ္းကဲ့သို႔ ျဖစ္ေစခဲ့သည့္ ျပႆနာလည္းျဖစ္သည္။

ၿပီးခဲ့သည့္ ေလးႏွစ္တာကာလကို ျပန္ၾကည့္လွ်င္ မိမိတို႔ႏိုင္ငံတြင္ မဲဆႏၵျပည္သူလူထုတို႔က သူတို႔လိုလားေသာ အစိုးရတစ္ရပ္ကို ေ႐ြးေကာက္တင္ေျမာက္ခဲ့ၾကသည္။မဲဆႏၵရွင္ ျပည္သူလူထုတို႔ တင္ေျမႇာက္ထားေသာ အစိုးရက ျပည္သူလူထု၏ ေမွ်ာ္လင့္ခ်က္မ်ားကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္ေပးႏိုင္မည္ဟု ယုံၾကည္အားထားခဲ့ၾကသည္။
ထိုစဥ္ကေတာ့ မိမိတို႔ႏိုင္ငံတြင္ ႀကီးမားအားေကာင္းေသာ ျပဳျပင္ေျပာင္းလဲမႈမ်ားျဖင့္ ႏိုင္ငံ၏ ျဖစ္ထြန္းတိုးတက္ေရးဆီကို ေအာင္ျမင္စြာေလွ်ာက္လွမ္းႏိုင္ၾကမည္ဟု ရည္သန္ထားၾကသည့္ အခ်ိန္လည္းျဖစ္သည္။ဆိုရလွ်င္ ဒီမိုကေရစီစံႏႈန္းတန္ဖိုးႏွင့္ ကိုက္ညီေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အတူ ဒီမိုကေရစီအျပည့္အဝက်င့္သုံးႏိုင္ေသာ ႏိုင္ငံေတာ္သစ္ဆီသို႔  ခ်ီတက္ၾကမည္။ၿငိမ္းခ်မ္းသာယာေသာ ဖက္ဒရယ္ျပည္ေထာင္စု ႏိုင္ငံေတာ္သစ္တြင္  တိုင္းရင္းသား ညီအကိုေမာင္ႏွမအားလုံး ႏိုင္ငံႏွင့္ ႏိုင္ငံသားတို႔ အက်ိဳးကို လက္တြဲေဖာ္ေဆာင္ၾကမည္။ဤသို႔ပင္ ေမွ်ာ္လင့္စိတ္ကူးခဲ့ၾကသည္။

သို႔တေစ ထိုေမွ်ာ္လင့္ခ်က္မ်ားကား ေလးႏွစ္တာကာလ လြန္ေျမာက္လာခဲ့သည့္တိုင္ေအာင္ ေရမွာ အ႐ုပ္ေရးမထင္သကဲ့သို႔ မပီဝိုးတဝါးႏိုင္ေနဆဲရွိသည္။ဆိုရလွ်င္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးတို႔က မဲဆႏၵရွင္တို႔ ေမွ်ာ္လင့္ထားသေလာက္ ခရီးမေပါက္ႏိုင္ေသး။ထိုသို႔ခရီးမေပါက္ႏိုင္သည့္ၾကားထဲမွပင္ ပိုမိုျပင္းထန္ေသာ အက်ပ္အတည္းမ်ား စိန္ေခၚမႈမ်ားႏွင့္ အဆက္မျပတ္ ရင္ဆိုင္ႀကဳံေတြ႕ေနရျခင္းကပင္ မိမိတို႔ႏိုင္ငံအေနႏွင့္ ဒီမိုကေရစီအက်ပ္အတည္း ေထာင္ေခ်ာက္အတြင္း ပိတ္မိေနသကဲ့သို႔ ေတြ႕ႀကဳံရင္ဆိုင္ေနခဲ့ရသည္မွာ မၾကာမတင္ေသာ ကာလအတြင္း ၂၀၂၀ ခုႏွစ္ တံခါးဝဆီသို႔ပင္ ေရာက္ရွိလာေတာ့မည္ျဖစ္သည္။

၂၀၂၀ ခုႏွစ္ ကာလမ်ားတြင္ေကာ မိမိတို႔ႏိုင္ငံတြင္ မည္ကဲ့သို႔ေသာအေျပာင္းအလဲမ်ားႏွင့္ ေတြ႕ႀကဳံလာၾကရဦးပါမည္နည္း။မည္သို႔ဆိုေစ မဲဆႏၵရွင္ျပည္သူတို႔ကေတာ့ ေမွ်ာ္မွန္းထားသည့္အတိုင္း ဒီမိုကေရစီခရီးလမ္းကို ဆက္လက္ေလွ်ာက္လွမ္းရန္ အားခဲထားၾကဦးမည္ဟု ယူဆရသည္။ဆက္လက္ေလွ်ာက္လွမ္းမည့္ ခရီးလမ္းတြင္ အခက္အခဲမ်ား စိန္ေခၚမႈမ်ားႏွင့္ အေႏွာင့္အယွက္ အဟန႔္အတားမ်ား ဆက္လက္ေတြ႕ႀကဳံရဦးမည္ဟု ယူဆရသည္။

မည္သို႔ဆိုေစ မိမိတို႔အားလုံး ပင္ပန္းႀကီးစြာ ျဖတ္သန္းခဲ့ရသည့္ ဒီမိုကေရစီခရီးၾကမ္းကို ေျဖာင့္ျဖဴးညီညာေသာ လမ္းတစ္လမ္းအျဖစ္ ေဖာ္ေဆာင္ရာတြင္ အခ်ိန္ယူရဦးမည္ကိုလည္း နားလည္သေဘာေပါက္ထားၾကၿပီး ျဖစ္သည္။ထိုသို႔ေသာအေနအထားအတြင္း မိမိတို႔အားလုံးအတြက္ အေရးပါဆုံးႏွင့္ အခရာအက်ဆုံးမွာ ဒီမိုကေရစီခရီးလမ္းတြင္ အတူတကြလိုက္ပါၾကသူတို႔၏ ညီၫြတ္မႈအင္အားျဖစ္သည္။ႏိုင္ငံအက်ိဳးကို ရည္သန္ေသာ ပူးေပါင္းပါဝင္မႈ စြမ္းအားျဖစ္သည္။ဆိုရလွ်င္ မိမိတို႔အတြက္ လြတ္လပ္မႈ မွ်တမႈ အခြင့္အေရးတန္းတူညီမႈရွိမႈ၊ ဆင္းရဲခ်င္းသာကြာဟခ်က္ က်ဥ္းေျမာင္းမႈ၊ ေတာင္ေပၚေျမျပန႔္ တိုင္းရင္းသားညီအကိုေမာင္ႏွမမ်ား စိတ္ဝမ္းၾကည္ျဖဴ ညီညာျဖျဖရွိလာၾကသည့္ အခင္းအက်င္းမ်ိဳး အခိုင္အမာေပၚထြက္သည့္ အခ်ိန္အခါကသာလွ်င္ မိမိတို႔က ႏွစ္ေပါင္း ၃၀ နီးပါးၾကာေအာင္ ခက္ခဲပင္ပန္းႀကီးစြာ ေလွ်ာက္လွမ္းခဲ့ရေသာ ဒီမိုကေရစီခရီးလမ္း၏ ေကာင္းမြန္ေသာအဆုံးသတ္ ရႈေမွ်ာ္ခင္းကို ျမင္ေတြ႕ရမည္ဟု ေမွ်ာ္လင့္ရင္း ……။

ျမင့္ေနာင္မိုး
ဒီဇင္ဘာ - ၁၉