【 ဆောင်းပါး 】 နိုင်ငံကို တကယ်ချစ်တဲ့သူတွေနဲ့အတူ

【 ဆောင်းပါး 】 နိုင်ငံကို တကယ်ချစ်တဲ့သူတွေနဲ့အတူ

ကိုဗစ်ကပ်ရောဂါကာလ ပထမဦးဆုံး Social distance ဖြေလျှော့မှုအဖြစ် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ လိုက်နာနိုင်မည့် လက်ဖက်ရည်ဆိုင်အချို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။လက်ဖက်ရည်ဆိုင်တွေ ဖွင့်ခွင့်ပေးလိုက်သည်ဆိုသည်နှင့် ကျွန်တော်နှင့် ကိုရွှေမောင်းတို့ မိတ်ဆွေနှစ်ဦး လက်ဖက်ရည်ဆိုင်ရှိရာ ပေါက်ချလာခဲ့သည်။လက်ဖက်ရည်ဆိုင်ထိုင်ပြီး အာလာပသလ္လာပ မပြောရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေနှစ်ဦး လက်ဖက်ရည်ဆိုင်ရောက်တော့ စိတ်လက်ပေါ့ပါးသလို ခံစားနေမိကြသည်။

သို့ရာတွင် ယခုထိုင်ရသည့် လက်ဖက်ရည်ဆိုင်က ယခင်ထိုင်နေကြ လက်ဖက်ရည်ပုံစံနှင့်တော့ ခြားနားသည်။လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်တို့နှစ်ယောက်စလုံး နှာခေါင်းစည်းနှင့်။နှစ်ယောက်စာထိုင်ခုံတွင် မျက်နှာချင်းဆိုင်လျက်။ကျွန်တော်တို့နှစ်ယောက်အကြားတွင် တစ်ဦးကိုတစ်ဦးတွေ့မြင်နိုင်သည့် ပလတ်စတစ်အကြည် အာကာအရံတစ်ခုခြားထားသည်။

“ဘယ်လိုလဲ ကိုရွှေမောင်း ကိုဗစ်ကာလ အပြင်မထွက်ရတော့ အိမ်ထဲမှာ စာအုပ်တွေချည်းလှိမ့်ဖတ်ဖြစ်နေမှာပေါ့”

“အင်း … ဖတ်တော့ဖတ်ဖြစ်ပါတယ်။ဒါပေမဲ့ အသက်အရွယ်ရလာတော့ မျက်စိတွေကမှုန်၊ အကြောအခြင်တွေကလည်း အားနည်းလာပြီလေ။နားနားနေနေ စာလေးဖတ်လိုက်၊ အိမ်ဝေယျာဝစ္စလေး ဝိုင်းကူလိုက်နဲ့ အချိန်ကုန်သွားတာပါပဲ ဆရာရယ်”

“ဒါနဲ့ ကိုရွှေမောင်း … ကိုဗစ်ကာလမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘဝပုံစံတွေ အတန်အသင့်ပြောင်းလဲသွားတယ်လို့ မထင်ဘူးလား”

“မှန်ပါတယ်ဆရာ၊ ကိုဗစ်ကာလမှာ အထင်ရှားဆုံးကတော့ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းသွားတာ၊ အထူးခြားဆုံးကတော့ ဘယ်နေရာမှာဖြစ်ဖြစ် အိမ်အရောက်ပို့ စားဖွယ်ရာရောင်းချတဲ့စနစ် တွင်ကျယ်လာတာကို တွေ့ကြရတယ်”

“နိုင်ငံရေးကကောဗျာ”

“နိုင်ငံရေးကတော့ ကမ္ဘာမှာကော မြန်မာမှာပါ စိတ်ရှုပ်ထွေးစရာ စိတ်ပျက်စရာတွေချည်းပါပဲ ဆရာရယ်”

“ဟုတ်တယ်နော်၊ ကျွန်တော်တို့နိုင်ငံကို အသာထားဦး လတ်တလော အမေရိကန်ပြည်ထောင်စုမှာ တွေ့မြင်နေရတဲ့ အခင်းအကျင်းကတော့ စိတ်မသက်သာစရာကောင်းနေတာတော့ အမှန်ပဲ”

“မှန်တယ်ဆရာ … ဝါရှင်တန်ရဲ့အနေအထားက ပုလိပ်ကစ ပြဿဒ်မီးလောင်ဆိုတဲ့ ကိန်းဆိုက်နေပါရောလား။တကယ်တော့ ဒါဟာအသားရောင်ခွဲခြားမှု ပြဿနာအကြောင်းရင်းခံလို့ပဲ ဆိုချင်ပါရဲ့ ဆရာရယ်”

“ဟုတ်တယ် ကိုရွှေမောင်း … ။လူမျိုးရေးခွဲခြားဆက်ဆံခံရမှုကနေ ပေါ်ပေါက်လာတဲ့ဒေါသက အမေရိကကို အရူးမီးဝိုင်းဖြစ်စေခဲ့တာပေါ့ဗျာ။ဒီကြားထဲ သမ္မတက မလုနဲ့ လုရင်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တော့ ပိုဆိုးသွားတာပေါ့။တကယ်တော့ အမေရိကန်ပြည်ထောင်စုမှာ ဒီလိုမျိုး လူမျိုးရေးအဓိကရုဏ်းဆန်ဆန်ဖြစ်ပွားမှုဟာ ၁၉၂၁ ခုနှစ်က အိုကလာဟိုးမားပြည်နယ် ထူဆာမြို့ လူမျိုးရေးအဓိကရုဏ်းနောက်ပိုင်း အကြီးမားဆုံး အဓိကရုဏ်းပုံစံမျိုးလို့ ဆိုရလိမ့်မယ်။

“အခုက ဆန္ဒပြသူတွေထဲမှာ လူမည်းတွေသာမက လူဖြူတွေပါ ရောပါလာတာတွေ့ရတယ် ဆရာ”

“ဟုတ်တယ်။အမှန်ကတော့ အခုဖြစ်ပွားတဲ့ လူမျိုးရေးအဓိကရုဏ်းမှာ ထရမ့်အစိုးရကို မလိုလားသူတွေကပါ သူတို့ရဲ့မကျေမချမ်းဖြစ်မှုတွေကို ပါဝင်ဆန္ဒဖော်ထုတ်လာကြတယ်လို့ ထင်ပါတယ်”

“ဒါဟာ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ ထိုးနှက်ချက်လို့ကော မဆိုနိုင်ဘူးလား”

“ဒီလို တပ်အပ်သေချာပြောလို့မရနိုင်ပေမဲ့၊ ထရမ့်လက်ထက်မှာ အမှားနဲ့မကင်းတဲ့ လုပ်ရပ်တွေရှိသလို ထရမ့်ရဲ့ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အပြုအမူတွေကလည်း သူ့ကို့မလိုလားတဲ့သူတွေ ပိုပြီးတိုးပွားလာတယ်လို့ ဆိုရမလားပဲ”

“နိုင်ငံရေးမှာ ပြိုင်ဘက်တွေနဲ့ ထိုးနှက်မှုနဲ့ပတ်သက်ရင် ဘယ်လိုမြင်မိလဲ ဆရာ ”

“ဒီလို ကိုရွှေမောင်းရ … ကျွန်တော်တို့လောကကမ္ဘာကိုကြည့်ရင် ကမ္ဘာဦးအစကနေ မျက်မှောက်ခေတ်ကာလအထိ လူတွေရဲ့ အတ္တ၊ မာန၊ လောဘ၊ မောဟ ဆိုတဲ့ ဝဲဩဃသံသရာထဲမှာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆန့်ကျင့ဘက်တွေအားပြိုင်ပြီး ပဋိပက္ခတွေ၊ စစ်ပွဲတွေဆိုတာ မဆုံးနိုင်အောင် တွေ့နေရတာပဲမဟုတ်လား၊ အဲဒီပဋိပက္ခတွေ၊ စစ်ပွဲတွေရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုးကျိုးသက်ရောက်မှုတွေကို ကျွန်တော်တို့လူသားတွေ မဆုံးနိုင်အောင် တွေ့ကြုံခံစားနေကြရတာပဲမဟုတ်လား”

“ဆက်ပါဦးဆရာ”

“လူသားအားလုံးကတော့ သုခချမ်းသာကို လိုလားကြသူတွေချည်းပါပဲ ဒါပေမဲ့ ကမ္ဘာဦးအစက စားရေးနဲ့ နေရေးအတွက်သာသိတဲ့ အရိုင်းဘဝကနေ အယဉ်ဘဝကို အဆင့်ဆင့်တိုးတက်ပြောင်းလဲလာပြီးတဲ့နောက်ပိုင်း အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးအတွက်သာမကတော့ဘဲ ငွေကြေးနဲ့ အာဏာဟာ ဩဇာအရှိန်အဝါနဲ့ အခြားသူတွေရဲ့အထက်စီးက ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်လို ဖြစ်လာခဲ့တယ်။ဒီလိုအပ်ချက်က လူသားတွေအကြားမှာ ဝန်တိုမှုတွေ၊ ရန်လိုမှုတွေ၊ ဆန့်ကျင်မှုတွေ၊ အတိုက်အခံပြုမှုတွေနဲ့အတူ ပဋိပက္ခတွေကို ပေါ်ပေါက်လာစေခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်”

“ဟုတ်တယ်နော် … နိုင်ငံတစ်နိုင်ငံ တည်ငြိမ်မှုကင်းမဲ့နေတာ၊ ဖွံ့ဖြိုးတိုးတက်မှု ဆိတ်သုဉ်းနေတာတွေဟာ ဒီပဋိပက္ခတွေ သက်ရောက်မှုကြီးမားလာခဲ့တဲ့ အကျိုးဆက်တွေလို့ ဆိုရမှာမဟုတ်လား၊၊ကျွန်တော်တို့နိုင်ငံမှာဆိုရင်လည်း ဘာထူးသေးလဲဆရာ။အတ္တ၊ မာနနဲ့ အလိုလောဘတွေကြောင့်ပဲ နိုင်ငံတိုးတက်ရေးကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်ကြသေးဘူး”

“အင်း … ကိုရွှေမောင်း ပြောလည်းပြောစရာပါပဲ။ကျွန်တော်တို့နိုင်ငံဆိုရင် နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အဝေးကြီး၊ အခုအချိန်အထိ နိုင်ငံရေးတည်ငြိမ်အောင်လုပ်ဖို့ ကြိုးပမ်းနေရတုန်းပဲ”

“မှန်ပါတယ်ဆရာ … နိုင်ငံတည်ငြိမ်ရေး၊ အချုပ်အချာအာဏာတည်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုပြီး အစိုးရအဆက်ဆက် ကြွေးကြော်ခဲ့ကြပေမဲ့ တကယ်တမ်းကတော့ သူတို့လိုသလို ကန့်သတ်ထိန်းချုပ်မှုတွေပြုနေတာနဲ့ အချိန်ကုန်နေသလိုဖြစ်နေတယ်။
နောက်ဆုံးတော့ အဲဒီအကျိုးဆက်က ကျွန်တော်တို့လို သာမန်ပြည်သူတွေပဲ ထိခိုက်ခံစားကြရတာပဲမဟုတ်လား ”

“အင်း … ပြည်သူလူထုဆိုတာကတော့ အေးချမ်းပြီး သာယာဝပြောတဲ့နိုင်ငံရဲ့ အရိပ်အောက်မှာသာ နေချင်ကြတဲ့သူတွေချည်းပါပဲ။တကယ်တမ်း ပြည်သူတွေလိုလားတာက နိုင်ငံကိုတကယ်ချစ်တဲ့သူတွေ၊ လူ့တန်ဖိုးကို အလေးထားတဲ့သူတွေ ခေါင်းဆောင်မှုအောက်မှာ နောက်လိုက်ကောင်းတွေအဖြစ်နဲ့ နေချင်ကြမယ်လို့ ယုံကြည်မိပါတယ်။ကဲ … ကိုရွှေမောင်းရေ … လက်ရှိ စည်းကမ်းသတ်မှတ်ချက်အရ ကျွန်တော်တို့ထိုင်နေတာ ၅ မိနစ်မကကျော်နေပြီဆိုတော့ ပြန်ကြပါစို့ဗျာ”

“ကောင်းပါပြီဗျာ”

မြင့်နောင်မိုး
ဇွန် - ၁၃

( Zawgyi )

ကိုဗစ္ကပ္ေရာဂါကာလ ပထမဦးဆုံး Social distance ေျဖေလွ်ာ့မႈအျဖစ္ စည္းကမ္းသတ္မွတ္ခ်က္ႏွင့္အညီ လိုက္နာႏိုင္မည့္ လက္ဖက္ရည္ဆိုင္အခ်ိဳ႕ကို ျပန္လည္ဖြင့္လွစ္ခြင့္ေပးခဲ့သည္။လက္ဖက္ရည္ဆိုင္ေတြ ဖြင့္ခြင့္ေပးလိုက္သည္ဆိုသည္ႏွင့္ ကြၽန္ေတာ္ႏွင့္ ကိုေ႐ႊေမာင္းတို႔ မိတ္ေဆြႏွစ္ဦး လက္ဖက္ရည္ဆိုင္ရွိရာ ေပါက္ခ်လာခဲ့သည္။လက္ဖက္ရည္ဆိုင္ထိုင္ၿပီး အာလာပသလႅာပ မေျပာရသည္မွာ ၾကာၿပီျဖစ္ေသာ မိတ္ေဆြႏွစ္ဦး လက္ဖက္ရည္ဆိုင္ေရာက္ေတာ့ စိတ္လက္ေပါ့ပါးသလို ခံစားေနမိၾကသည္။

သို႔ရာတြင္ ယခုထိုင္ရသည့္ လက္ဖက္ရည္ဆိုင္က ယခင္ထိုင္ေနၾက လက္ဖက္ရည္ပုံစံႏွင့္ေတာ့ ျခားနားသည္။လက္ဖက္ရည္ဆိုင္တြင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံး ႏွာေခါင္းစည္းႏွင့္။ႏွစ္ေယာက္စာထိုင္ခုံတြင္ မ်က္ႏွာခ်င္းဆိုင္လ်က္။ကြၽန္ေတာ္တို႔ႏွစ္ေယာက္အၾကားတြင္ တစ္ဦးကိုတစ္ဦးေတြ႕ျမင္ႏိုင္သည့္ ပလတ္စတစ္အၾကည္ အာကာအရံတစ္ခုျခားထားသည္။

“ဘယ္လိုလဲ ကိုေ႐ႊေမာင္း ကိုဗစ္ကာလ အျပင္မထြက္ရေတာ့ အိမ္ထဲမွာ စာအုပ္ေတြခ်ည္းလွိမ့္ဖတ္ျဖစ္ေနမွာေပါ့”

“အင္း … ဖတ္ေတာ့ဖတ္ျဖစ္ပါတယ္။ဒါေပမဲ့ အသက္အ႐ြယ္ရလာေတာ့ မ်က္စိေတြကမႈန္၊ အေၾကာအျခင္ေတြကလည္း အားနည္းလာၿပီေလ။နားနားေနေန စာေလးဖတ္လိုက္၊ အိမ္ေဝယ်ာဝစၥေလး ဝိုင္းကူလိုက္နဲ႔ အခ်ိန္ကုန္သြားတာပါပဲ ဆရာရယ္”

“ဒါနဲ႔ ကိုေ႐ႊေမာင္း … ကိုဗစ္ကာလမွာ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရးဘဝပုံစံေတြ အတန္အသင့္ေျပာင္းလဲသြားတယ္လို႔ မထင္ဘူးလား”

“မွန္ပါတယ္ဆရာ၊ ကိုဗစ္ကာလမွာ အထင္ရွားဆုံးကေတာ့ ကမာၻ႔စီးပြားေရး ဆုတ္ယုတ္က်ဆင္းသြားတာ၊ အထူးျခားဆုံးကေတာ့ ဘယ္ေနရာမွာျဖစ္ျဖစ္ အိမ္အေရာက္ပို႔ စားဖြယ္ရာေရာင္းခ်တဲ့စနစ္ တြင္က်ယ္လာတာကို ေတြ႕ၾကရတယ္”

“ႏိုင္ငံေရးကေကာဗ်ာ”

“ႏိုင္ငံေရးကေတာ့ ကမာၻမွာေကာ ျမန္မာမွာပါ စိတ္ရႈပ္ေထြးစရာ စိတ္ပ်က္စရာေတြခ်ည္းပါပဲ ဆရာရယ္”

“ဟုတ္တယ္ေနာ္၊ ကြၽန္ေတာ္တို႔ႏိုင္ငံကို အသာထားဦး လတ္တေလာ အေမရိကန္ျပည္ေထာင္စုမွာ ေတြ႕ျမင္ေနရတဲ့ အခင္းအက်င္းကေတာ့ စိတ္မသက္သာစရာေကာင္းေနတာေတာ့ အမွန္ပဲ”

“မွန္တယ္ဆရာ … ဝါရွင္တန္ရဲ႕အေနအထားက ပုလိပ္ကစ ျပႆဒ္မီးေလာင္ဆိုတဲ့ ကိန္းဆိုက္ေနပါေရာလား။တကယ္ေတာ့ ဒါဟာအသားေရာင္ခြဲျခားမႈ ျပႆနာအေၾကာင္းရင္းခံလို႔ပဲ ဆိုခ်င္ပါရဲ႕ ဆရာရယ္”

“ဟုတ္တယ္ ကိုေ႐ႊေမာင္း … ။လူမ်ိဳးေရးခြဲျခားဆက္ဆံခံရမႈကေန ေပၚေပါက္လာတဲ့ေဒါသက အေမရိကကို အ႐ူးမီးဝိုင္းျဖစ္ေစခဲ့တာေပါ့ဗ်ာ။ဒီၾကားထဲ သမၼတက မလုနဲ႔ လုရင္ပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္လိုက္ေတာ့ ပိုဆိုးသြားတာေပါ့။တကယ္ေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ဒီလိုမ်ိဳး လူမ်ိဳးေရးအဓိက႐ုဏ္းဆန္ဆန္ျဖစ္ပြားမႈဟာ ၁၉၂၁ ခုႏွစ္က အိုကလာဟိုးမားျပည္နယ္ ထူဆာၿမိဳ႕ လူမ်ိဳးေရးအဓိက႐ုဏ္းေနာက္ပိုင္း အႀကီးမားဆုံး အဓိက႐ုဏ္းပုံစံမ်ိဳးလို႔ ဆိုရလိမ့္မယ္။

“အခုက ဆႏၵျပသူေတြထဲမွာ လူမည္းေတြသာမက လူျဖဴေတြပါ ေရာပါလာတာေတြ႕ရတယ္ ဆရာ”

“ဟုတ္တယ္။အမွန္ကေတာ့ အခုျဖစ္ပြားတဲ့ လူမ်ိဳးေရးအဓိက႐ုဏ္းမွာ ထရမ့္အစိုးရကို မလိုလားသူေတြကပါ သူတို႔ရဲ႕မေက်မခ်မ္းျဖစ္မႈေတြကို ပါဝင္ဆႏၵေဖာ္ထုတ္လာၾကတယ္လို႔ ထင္ပါတယ္”

“ဒါဟာ ႏိုင္ငံေရးၿပိဳင္ဘက္ေတြရဲ႕ ထိုးႏွက္ခ်က္လို႔ေကာ မဆိုႏိုင္ဘူးလား”

“ဒီလို တပ္အပ္ေသခ်ာေျပာလို႔မရႏိုင္ေပမဲ့၊ ထရမ့္လက္ထက္မွာ အမွားနဲ႔မကင္းတဲ့ လုပ္ရပ္ေတြရွိသလို ထရမ့္ရဲ႕ ဒီမိုကေရစီစံႏႈန္းနဲ႔မကိုက္ညီတဲ့ အျပဳအမူေတြကလည္း သူ႔ကို႔မလိုလားတဲ့သူေတြ ပိုၿပီးတိုးပြားလာတယ္လို႔ ဆိုရမလားပဲ”

“ႏိုင္ငံေရးမွာ ၿပိဳင္ဘက္ေတြနဲ႔ ထိုးႏွက္မႈနဲ႔ပတ္သက္ရင္ ဘယ္လိုျမင္မိလဲ ဆရာ ”

“ဒီလို ကိုေ႐ႊေမာင္းရ … ကြၽန္ေတာ္တို႔ေလာကကမာၻကိုၾကည့္ရင္ ကမာၻဦးအစကေန မ်က္ေမွာက္ေခတ္ကာလအထိ လူေတြရဲ႕ အတၱ၊ မာန၊ ေလာဘ၊ ေမာဟ ဆိုတဲ့ ဝဲဩဃသံသရာထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္၊ တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕၊ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ဆန႔္က်င့ဘက္ေတြအားၿပိဳင္ၿပီး ပဋိပကၡေတြ၊ စစ္ပြဲေတြဆိုတာ မဆုံးႏိုင္ေအာင္ ေတြ႕ေနရတာပဲမဟုတ္လား၊ အဲဒီပဋိပကၡေတြ၊ စစ္ပြဲေတြရဲ႕ ဂယက္႐ိုက္ခတ္မႈေၾကာင့္ ေပၚေပါက္လာတဲ့ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရး ဆိုးက်ိဳးသက္ေရာက္မႈေတြကို ကြၽန္ေတာ္တို႔လူသားေတြ မဆုံးႏိုင္ေအာင္ ေတြ႕ႀကဳံခံစားေနၾကရတာပဲမဟုတ္လား”

“ဆက္ပါဦးဆရာ”

“လူသားအားလုံးကေတာ့ သုခခ်မ္းသာကို လိုလားၾကသူေတြခ်ည္းပါပဲ ဒါေပမဲ့ ကမာၻဦးအစက စားေရးနဲ႔ ေနေရးအတြက္သာသိတဲ့ အ႐ိုင္းဘဝကေန အယဥ္ဘဝကို အဆင့္ဆင့္တိုးတက္ေျပာင္းလဲလာၿပီးတဲ့ေနာက္ပိုင္း အေျခခံလိုအပ္ခ်က္ေတြျဖစ္တဲ့ စားဝတ္ေနေရးအတြက္သာမကေတာ့ဘဲ ေငြေၾကးနဲ႔ အာဏာဟာ ဩဇာအရွိန္အဝါနဲ႔ အျခားသူေတြရဲ႕အထက္စီးက ရပ္တည္ႏိုင္ေရးအတြက္ မရွိမျဖစ္လိုအပ္ခ်က္လို ျဖစ္လာခဲ့တယ္။ဒီလိုအပ္ခ်က္က လူသားေတြအၾကားမွာ ဝန္တိုမႈေတြ၊ ရန္လိုမႈေတြ၊ ဆန႔္က်င္မႈေတြ၊ အတိုက္အခံျပဳမႈေတြနဲ႔အတူ ပဋိပကၡေတြကို ေပၚေပါက္လာေစခဲ့တယ္လို႔ ဆိုရမွာျဖစ္တယ္”

“ဟုတ္တယ္ေနာ္ … ႏိုင္ငံတစ္ႏိုင္ငံ တည္ၿငိမ္မႈကင္းမဲ့ေနတာ၊ ဖြံ႕ၿဖိဳးတိုးတက္မႈ ဆိတ္သုဥ္းေနတာေတြဟာ ဒီပဋိပကၡေတြ သက္ေရာက္မႈႀကီးမားလာခဲ့တဲ့ အက်ိဳးဆက္ေတြလို႔ ဆိုရမွာမဟုတ္လား၊၊ကြၽန္ေတာ္တို႔ႏိုင္ငံမွာဆိုရင္လည္း ဘာထူးေသးလဲဆရာ။အတၱ၊ မာနနဲ႔ အလိုေလာဘေတြေၾကာင့္ပဲ ႏိုင္ငံတိုးတက္ေရးကို ေျဖာင့္ေျဖာင့္တန္းတန္း မလုပ္ႏိုင္ၾကေသးဘူး”

“အင္း … ကိုေ႐ႊေမာင္း ေျပာလည္းေျပာစရာပါပဲ။ကြၽန္ေတာ္တို႔ႏိုင္ငံဆိုရင္ ႏွစ္ေပါင္း ၇၀ နီးပါးရွိေနၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုတာ အေဝးႀကီး၊ အခုအခ်ိန္အထိ ႏိုင္ငံေရးတည္ၿငိမ္ေအာင္လုပ္ဖို႔ ႀကိဳးပမ္းေနရတုန္းပဲ”

“မွန္ပါတယ္ဆရာ … ႏိုင္ငံတည္ၿငိမ္ေရး၊ အခ်ဳပ္အခ်ာအာဏာတည္ၿမဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးဆိုၿပီး အစိုးရအဆက္ဆက္ ေႂကြးေၾကာ္ခဲ့ၾကေပမဲ့ တကယ္တမ္းကေတာ့ သူတို႔လိုသလို ကန႔္သတ္ထိန္းခ်ဳပ္မႈေတြျပဳေနတာနဲ႔ အခ်ိန္ကုန္ေနသလိုျဖစ္ေနတယ္။
ေနာက္ဆုံးေတာ့ အဲဒီအက်ိဳးဆက္က ကြၽန္ေတာ္တို႔လို သာမန္ျပည္သူေတြပဲ ထိခိုက္ခံစားၾကရတာပဲမဟုတ္လား ”

“အင္း … ျပည္သူလူထုဆိုတာကေတာ့ ေအးခ်မ္းၿပီး သာယာဝေျပာတဲ့ႏိုင္ငံရဲ႕ အရိပ္ေအာက္မွာသာ ေနခ်င္ၾကတဲ့သူေတြခ်ည္းပါပဲ။တကယ္တမ္း ျပည္သူေတြလိုလားတာက ႏိုင္ငံကိုတကယ္ခ်စ္တဲ့သူေတြ၊ လူ႔တန္ဖိုးကို အေလးထားတဲ့သူေတြ ေခါင္းေဆာင္မႈေအာက္မွာ ေနာက္လိုက္ေကာင္းေတြအျဖစ္နဲ႔ ေနခ်င္ၾကမယ္လို႔ ယုံၾကည္မိပါတယ္။ကဲ … ကိုေ႐ႊေမာင္းေရ … လက္ရွိ စည္းကမ္းသတ္မွတ္ခ်က္အရ ကြၽန္ေတာ္တို႔ထိုင္ေနတာ ၅ မိနစ္မကေက်ာ္ေနၿပီဆိုေတာ့ ျပန္ၾကပါစို႔ဗ်ာ”

“ေကာင္းပါၿပီဗ်ာ”

ျမင့္ေနာင္မိုး
ဇြန္ - ၁၃