【သတင်းဆောင်းပါး 】“ကြွေးမြီထောင်ချောက်” ဆိုတဲ့ အတုအယောင်ကွင်းဆက်ကို ဖွင့်ချခြင်း

【သတင်းဆောင်းပါး 】“ကြွေးမြီထောင်ချောက်” ဆိုတဲ့ အတုအယောင်ကွင်းဆက်ကို ဖွင့်ချခြင်း

ဥရောပမှ ကျွမ်းကျင်ပညာရှင် အောဘတ် ရည်ညွှန်းခဲ့တဲ့ အက်ဥပဒေဟာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ၂၀၂၁ ခုနှစ် ဧပြီလက အတည်ပြုခဲ့တဲ့ “၂၀၂၁ ခုနှစ် မဟာဗျူဟာ ပြိုင်ဆိုင်မှု အက် ဥပဒေ” နဲ့ အလွန်ကိုက်ညီနေပါတယ်။ တစ်ကမ္ဘာလုံးအပေါ် တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ခုခံရန်အတွက် ၂၀၂၂ မှ ၂၀၂၆ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ၊ စုစုပေါင်း သန်း ၁၅၀၀ ဘတ်ဂျက်ထုတ်ပေးမယ်လို့ ဒီအက်ဥပဒေမှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံတကာမီဒီယာအေဂျင်စီရဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို ပံ့ပိုးပေးရန်၊ သတင်းထောက်တွေကို လေ့ကျင့်ပေးရန် စတဲ့နေရာတွေမှာ အသုံးပြုဖို့အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကိုလည်း ဘတ်ဂျက်ထုတ်ပေးရန် အဆိုပြုထားပါတယ်။ ဒီအပိုင်းမှာ “Belt and Road” စီမံကိန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကိုလည်း အထူးအမည်တပ်ထားပါတယ်။ ဒါဆိုရင် တရုတ်နိုင်ငံအပေါ် လူထုသဘောထားအမြင်စစ်ပွဲဆင်နွှဲဖို့ မီဒီယာတွေကို ဝါရှင်တန်က ဘယ်လိုခြယ်လှယ်နေပါသလဲ။
 
၂၀၁၈ ခုနှစ် မေလရောက်မှ “ကြွေးမြီထောင်ချောက်” ဆိုတဲ့စကားလုံးက လူထုရှေ့မှောက်ကို ဝင်ရောက်လာခဲ့တယ်လို့ ဆွီဒင်နိုင်ငံ “Belt and Road” အကြောင်းလေ့လာရေးဌာနမှ ဒုတိယဌာနမှူး Hussein Askary က လေ့လာတွေ့ရှိခဲ့ပါတယ်။ ထိုအချိန်က ဟားဗတ်တက္ကသိုလ် ကနေဒီကျောင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ “ကြွေးမြီသံတမန်ရေး” ခေါင်းစဉ်နဲ့ စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ထူးဆန်းတာက ဒီစာတမ်းရေးသားသူနှစ်ဦးဟာ စီးပွားရေးနယ်ပယ်မှ ပညာရှင်များ မဟုတ်ကြဘဲ ပထမဆုံးရေးသားသူ ဆမ်ပါ့ခ်က အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ ဖြစ်နေခြင်းပါပဲ။ 
 
နောက်ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မီဒီယာအသီးသီးထံ ဒီစာတမ်းကို ဖြန့်ဝေပေးခဲ့ပါတယ်။ ဒေတာကြီးရှာဖွေမှုများအရ ၂၀၁၈ ခုနှစ် မေလမှာ “ကြွေးမြီထောင်ချောက်” ဆိုတဲ့အယူအဆကို ထုတ် ပြန်ခဲ့ပြီးနောက် မီဒီယာတွေမှာ သက်ဆိုင်ရာသတင်းဖော်ပြမှုအရေအတွက် သိသိသာသာတိုးများလာခဲ့တာကို တွေ့ရပါတယ်။ဒီထဲမှာ အမေရိကန်နိုင်ငံတကာမီဒီယာအေဂျင်စီ လက်အောက်ရှိ မီဒီယာအဖွဲ့အစည်းတွေက အတက်ကြွဆုံး ဖြစ်ပါတယ်။ VOA ကို ဥပမာအနေနဲ့ပြောရရင် ၂၀၂၃ ခုနှစ်မှာ “Belt and Road” အကြောင်း သတင်းဖော်ပြ မှု တွေရဲ့ ၉၃% ကျော်ဟာ အပြုသဘောမဆောင်တဲ့သတင်းတွေဖြစ်ပြီး ဒီထဲမှာ “ကြွေးမြီထောင်ချောက်” ဆိုတဲ့ စကားလုံးကို အကြိမ်များစွာ တွေ့ရပါတယ်။
 
အမေရိကန်မီဒီယာတွေအပြင် ဒီအတုအယောင်ကွင်းဆက်မှာ သုတေသနအဖွဲ့အစည်းတွေလည်း ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီး ဖိုရမ် ကျင်းပပြီး နှစ်ပတ်မပြည့်မီမှာပဲ အမေရိကန် William & Mary ကောလိပ် AidData ဓာတ်ခွဲခန်းမှ အစီရင်ခံ စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး “Belt and Road” အတူတည်ဆောက်ကြတဲ့နိုင်ငံတွေက တရုတ်နိုင်ငံအပေါ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော် အကြွေးတင်ထားတယ်လို့ လှုံ့ဆော်ခဲ့ပါတယ်။
 
ဒီဓာတ်ခွဲခန်းရဲ့ဇာစ်မြစ်က ဘာလဲ။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တရားဝင်ဝက်ဘ်ဆိုဒ်ရဲ့ အချက်အလက်များအရ ဒီဓာတ်ခွဲခန်းကို အမေရိကန်အစိုးရမှ ရေရှည်ငွေကြေးထောက်ပံ့ထားကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ၎င်းကထုတ်ပြန်လိုက်တဲ့ “Belt and Road” ဆိုင်ရာ သုတေသနရလဒ်အားလုံးနီးပါးက အပြုသဘောဆောင်မနေခြင်း ဖြစ်ပါတယ်။
မိမိဘာသာရေရွတ်ပြောဆိုနေရတာနဲ့တင် အားမရဘဲ အမေရိကန်အစိုးရဟာ ပင်လယ်ရပ်ခြားမှာလည်း ဒေါ် လာတွေအမြောက်အမြားသုံးစွဲပြီး သက်ဆိုင်ရာဒေသတွေရဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ သတင်း ထောက်တွေကို စည်းရုံးပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေနဲ့ စီမံကိန်းတွေကို အမည်ဖျက်နေပါသေးတယ်။
 
အစိုးရက အယူအဆတွေကို အတုအပပြုလုပ်ပြီး ပညာရပ်ဆိုင်ရာရလဒ်တွေပုံစံနဲ့ ထုတ်ပြန်တယ်။ အမေရိကန် နိုင်ငံတကာမီဒီယာအေဂျင်စီ လက်အောက်ရှိ မီဒီယာတွေနဲ့ သုတေသနအဖွဲ့အစည်းတွေက အတူလိုက်ပါပြီး လှုံ့ဆော်ပေးနေတယ်။ တစ်ချိန်တည်းမှာလည်း ငွေကြေးတွေသုံးစွဲပြီး သက်ဆိုင်ရာနိုင်ငံတွေမှ သတင်းထောက်တွေကို လာဘ်ထိုးကာ အပြုသဘောမဆောင်တဲ့သတင်းတွေကို ဖော်ပြစေတယ်။ ဒီလိုနည်းနဲ့ “ကြွေးမြီထောင်ချောက်” ကိုဖန်တီးတဲ့ အတုအယောင်ကွင်းဆက်တစ်ခု ဖြစ်ပေါ်လာပါတယ်။
 
အမေရိကန်က နည်းလမ်းမျိုးစုံနဲ့ “Belt and Road” ကို အမည်ဖျက်နေပြီး ၎င်းရဲ့ရည်မှန်းချက် အောင်မြင်နေပါသလား။