【 နည်းပညာ 】စမတ်နာရီသစ်နှစ်မျိုးကို Huami မိတ်ဆက်

【 နည်းပညာ 】စမတ်နာရီသစ်နှစ်မျိုးကို Huami မိတ်ဆက်

Huami ကုမ္ပဏီဟာ Xiaomi ရဲ့ နောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး Amazfit အမှတ်တံဆိပ် စမတ်လက်ပတ်တွေ၊ စမတ်နာရီတွေ ထုတ်လုပ်သူအဖြစ် နာမည်ကြီးပါတယ်။

Huami ဟာ လက်ရှိအောင်မြင်နေတဲ့ Amazfit အမှတ်တံဆိပ်ကို အပြောင်းအလဲလုပ်ပြီး၊ Zepp အမှတ်တံဆိပ်အဖြစ် စမတ်နာရီနှစ်မျိုးကို ပွဲထုတ်မိတ်ဆက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Huami ကုမ္ပဏီမှ Amazfit အမှတ်တံဆိပ်နေရာကို စတင်းပြောင်းလဲမှုအဖြစ် Zepp E Circle နဲ့ Zepp E ကSquare အမည်ရ စမတ်နာရီနှစ်မျိုးကို ပွဲထုတ်မိတ်ဆက်လာခဲ့ပါပြီ။မိတ်ဆက်လိုက်တဲ့  စမတ်နာရီသစ်နှစ်မျိုးဟာ Circle နဲ့ Square လို့ အမည်ပေးထားတဲ့အတိုင်း နာရီဒိုင်ခွက်အဝိုင်းနဲ့ လေးထောင့်စတုရန်း ပုံစံတို့နဲ့ ဖြစ်ပါတယ်။

Zepp အမှတ်တံဆိပ် စမတ်နာရီသစ်နှစ်မျိုးလုံးမှာ နှလုံးခုန်နှုန်းတိုင်းတာတာ၊ အိပ်ချိန်စောင့်ကြည့်အကဲဖြတ်မှုနစ်နဲ့ သွေးတွင်း အောက်စီဂျင်တိုင်းတာမှုစနစ်တွေ ပါဝင်လာမှာပါ။ Zepp Circle ရဲ့ မျက်နှာပြင်က ၁.၂၈ လက်မရှိပြီး၊ Square ကတော့ ၁.၆၅ လက်မ ဖြစ်ပါတယ်။နှစ်မျိုးလုံး AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ ကိုယ်ထည်ကတော့ စတီးလ်ကိုယ်ထည် ဖြစ်ပါတယ်။

တောင်တက်၊ ရေကူး၊ စက်ဘီးစီး၊ လမ်းလျှောက် အားကစားတွေအပြင် အားကစားနည်း ၁၁ မျိုးကို စောင့်ကြည့်အကဲဖြတ်ပေးမှာဖြစ်ပြီး၊ GPS ကတော့ ပါဝင်လာမှာမဟုတ်ပါဘူး။ဘက်ထရီပမာဏ 188mAh ပါဝင်မှာဖြစ်ကာ ၁၅ ရက် အသုံးခံမှာ ဖြစ်ပါတယ်။

Zepp E စမတ်နာရီသစ်တွေကို စတင်ရောင်းချနေပြီဖြစ်ပြီး၊ မြန်မာငွေ ၃၄၀,၀၀၀ ခန့် ကျသင့်မယ်လို့ သိရပါတယ်။

Damien

 

(  Zawgyi  )

 

 Huami ကုမၸဏီဟာ Xiaomi ရဲ႕ ေနာက္ခံကုမၸဏီတစ္ခုျဖစ္ၿပီး Amazfit အမွတ္တံဆိပ္ စမတ္လက္ပတ္ေတြ၊ စမတ္နာရီေတြ ထုတ္လုပ္သူအျဖစ္ နာမည္ႀကီးပါတယ္။

Huami ဟာ လက္ရွိေအာင္ျမင္ေနတဲ့ Amazfit အမွတ္တံဆိပ္ကို အေျပာင္းအလဲလုပ္ၿပီး၊ Zepp အမွတ္တံဆိပ္အျဖစ္ စမတ္နာရီႏွစ္မ်ိဳးကို ပြဲထုတ္မိတ္ဆက္လာခဲ့တယ္လို႔လည္း သိရပါတယ္။

Huami ကုမၸဏီမွ Amazfit အမွတ္တံဆိပ္ေနရာကို စတင္းေျပာင္းလဲမႈအျဖစ္ Zepp E Circle နဲ႔ Zepp E ကSquare အမည္ရ စမတ္နာရီႏွစ္မ်ိဳးကို ပြဲထုတ္မိတ္ဆက္လာခဲ့ပါၿပီ။မိတ္ဆက္လိုက္တဲ့  စမတ္နာရီသစ္ႏွစ္မ်ိဳးဟာ Circle နဲ႔ Square လို႔ အမည္ေပးထားတဲ့အတိုင္း နာရီဒိုင္ခြက္အဝိုင္းနဲ႔ ေလးေထာင့္စတုရန္း ပုံစံတို႔နဲ႔ ျဖစ္ပါတယ္။

Zepp အမွတ္တံဆိပ္ စမတ္နာရီသစ္ႏွစ္မ်ိဳးလုံးမွာ ႏွလုံးခုန္ႏႈန္းတိုင္းတာတာ၊ အိပ္ခ်ိန္ေစာင့္ၾကည့္အကဲျဖတ္မႈနစ္နဲ႔ ေသြးတြင္း ေအာက္စီဂ်င္တိုင္းတာမႈစနစ္ေတြ ပါဝင္လာမွာပါ။ Zepp Circle ရဲ႕ မ်က္ႏွာျပင္က ၁.၂၈ လက္မရွိၿပီး၊ Square ကေတာ့ ၁.၆၅ လက္မ ျဖစ္ပါတယ္။ႏွစ္မ်ိဳးလုံး AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ ကိုယ္ထည္ကေတာ့ စတီးလ္ကိုယ္ထည္ ျဖစ္ပါတယ္။

ေတာင္တက္၊ ေရကူး၊ စက္ဘီးစီး၊ လမ္းေလွ်ာက္ အားကစားေတြအျပင္ အားကစားနည္း ၁၁ မ်ိဳးကို ေစာင့္ၾကည့္အကဲျဖတ္ေပးမွာျဖစ္ၿပီး၊ GPS ကေတာ့ ပါဝင္လာမွာမဟုတ္ပါဘူး။ဘက္ထရီပမာဏ 188mAh ပါဝင္မွာျဖစ္ကာ ၁၅ ရက္ အသုံးခံမွာ ျဖစ္ပါတယ္။

Zepp E စမတ္နာရီသစ္ေတြကို စတင္ေရာင္းခ်ေနၿပီျဖစ္ၿပီး၊ ျမန္မာေငြ ၃၄၀,၀၀၀ ခန႔္ က်သင့္မယ္လို႔ သိရပါတယ္။

Damien