ယခုတစ်ပတ်လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်းနာမည်ဂုဏ်သတင်းတက်စရာတွေ ရှိပါတယ်။
စီစဉ်ထားတဲ့ခရီးတွေ ထမြောက်တတ်သလိုမမျှော်လင့်ဘဲပေါ်လာတဲ့ ခရီးတွေကြောင့် သင့်အဆက်အသွယ်ကောင်းတွေ ရလာ ဖွယ်ရှိ နေပါတယ်။လူမျိုးခြားနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေ၊ စာချုပ်စာတမ်း ကိစ္စတွေ အောင်မြင်နိုင်တဲ့ ကာလပါ။ လူမှုရေး အတိုက်အခိုက်တွေပေါ်တတ်လို့ နုတ်ချိုဖို့လိုပါတယ်။ မိသားစုထဲ အလှူမင်္ဂလာလုပ် ရတာတွေ ကြုံရတတ်ပြီး အိုးသစ် အိမ်သစ်ရကိန်းလည်းရှိတတ် ပါ တယ်။ လုပ်ငန်းကိုင်ငန်းသမား ကား၊ကျောက်မျက်ရတနာ၊ အနုပညာ သမားတွေ အဆင်ပြေမယ့်ကာလရောက်နေပြီး အိမ်ဝယ်မြေဝယ် လုပ်ငန်းတွေ ၊စပ်တူလုပ်ကိုင်သူတွေ အောင်မြင်မှုမရနိုင်သေးပါဘူး။ ကျန်းမာရေးက အာရုံ ကြောနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်လို့ အိပ်ရေးပျက် တာတွေ၊ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ ပညာ သင်နေတဲ့သူတွေတဲ့ အတွက် သတင်းကောင်း ကြားရဖို့ရှိနေပါတယ်။ အိမ်ထောင်ရှင်များကတော့ စိတ်ချမ်းသာရမယ့်အချိန်အခါဖြစ်ပြီး ချစ်သူတွေကတော့ နီးတစ်ကျက်ကျက်ဝေးတစ်သက်သက် ကာလပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ယခုတစ်ပတ်လုံးဘုရားရှင်အား စံပယ်ပန်းကပ်လှူကာ ဇီးယိုဖြင့် ဆွမ်းကပ်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ အချိန်ရတိုင်းနှင့် အလုပ်ကိစ္စတွေ့စရာရှိ တိုင်းပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို ရွတ်ဆိုပြီးမှ သွားပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားစေတီများရှိတနင်္လာထောင့်တွင် ပန်းအိုးတွင် ဇီးညွှန် ၉ ညွှန်ဖြင့် ထိုးပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ပရိတ်အိုးသာသာ မြေအိုးတစ်လုံးကိုဝယ်၍ နှစ်ဦး နေနံပန်းကိုထိုးကာတစ်ပတ်လုံးအိမ်တွင်းစင် အောက်ထားပေးပါ။
လူမှုရေးအတိုက်အခံများသူများ။ ။နံနက်စောစောခို၊ကျီးစသည့်သတ္တဝါများကို တစ်ပတ်ကျွေးပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ဈေးတွင်ငါးအရှင်တွေ့ပါကဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။လွှတ်ကာနီး အဆိုပါရေသတ္တဝါအပေါ် စိတ်ညွှတ်ကာဘေးဘယာကင်းပါစေဟုဆုတောင်းပြီးမှ လွှတ်ပါ။
ထီကံကောင်းလိုသူများ။ ။ယခုတစ်ပတ် သင့်အတွက် ၂ /၃ ဂဏန်းများများပါသည့် ထီကို ထိုးပေးပါ။
( Zawgyi )
ယခုတစ္ပတ္လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ အဂၤါသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္းနာမည္ဂုဏ္သတင္းတက္စရာေတြ ရွိပါတယ္။ စီစဥ္ထားတဲ့ခရီးေတြ ထေျမာက္တတ္သလိုမေမွ်ာ္လင့္ဘဲေပၚလာတဲ့ ခရီးေတြေၾကာင့္ သင့္အဆက္အသြယ္ေကာင္းေတြ ရလာ ဖြယ္ရွိ ေနပါတယ္။လူမ်ိဳးျခားနဲ႔လုပ္ကိုင္ရတဲ့အလုပ္ေတြ၊ စာခ်ဳပ္စာတမ္း ကိစၥေတြ ေအာင္ျမင္ႏိုင္တဲ့ ကာလပါ။ လူမႈေရး အတိုက္အခိုက္ေတြ
ေပၚတတ္လို႔ ႏုတ္ခ်ိဳဖို႔ လိုပါတယ္။ မိသားစုထဲ အလႉမဂၤလာလုပ္ ရတာေတြ ႀကဳံရတတ္ၿပီး အိုးသစ္ အိမ္သစ္ရကိန္းလည္းရွိတတ္ ပါ တယ္။ လုပ္ငန္းကိုင္ငန္းသမား ကား၊ေက်ာက္မ်က္ရတနာ၊ အႏုပညာ သမားေတြ အဆင္ေျပမယ့္ကာလေရာက္ေနၿပီး အိမ္ဝယ္ေျမဝယ္ လုပ္ငန္းေတြ ၊စပ္တူလုပ္ကိုင္သူေတြ ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။ က်န္းမာေရးက အာ႐ုံ ေၾကာနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္လို႔ အိပ္ေရးပ်က္ တာေတြ၊ခါးနာတာေတြ ျဖစ္တတ္ပါတယ္။ ပညာ သင္
ေနတဲ့သူေတြတဲ့ အတြက္ သတင္းေကာင္း ၾကားရဖို႔ရွိေနပါတယ္။ အိမ္ေထာင္ရွင္မ်ားကေတာ့ စိတ္ခ်မ္းသာရမယ့္အခ်ိန္အခါျဖစ္ၿပီး ခ်စ္သူေတြကေတာ့ နီးတစ္က်က္က်က္ေဝးတစ္သက္သက္ ကာလပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ယခုတစ္ပတ္လုံးဘုရားရွင္အား စံပယ္ပန္းကပ္လႉကာ ဇီးယိုျဖင့္ ဆြမ္းကပ္ေပးပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ အခ်ိန္ရတိုင္းႏွင့္ အလုပ္ကိစၥေတြ႕စရာရွိ တိုင္းပ႒ာန္း၊ ဂုဏ္ေတာ္ကြန္ခ်ာကို ႐ြတ္ဆိုၿပီးမွ သြားပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားေစတီမ်ားရွိတနလၤာေထာင့္တြင္ ပန္းအိုးတြင္ ဇီးၫႊန္ ၉ ၫႊန္ျဖင့္ ထိုးေပးပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ပရိတ္အိုးသာသာ ေျမအိုးတစ္လုံးကိုဝယ္၍ ႏွစ္ဦး ေနနံပန္းကိုထိုးကာတစ္ပတ္လုံးအိမ္တြင္းစင္ ေအာက္ထားေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။နံနက္ေစာေစာခို၊က်ီးစသည့္သတၱဝါမ်ားကို တစ္ပတ္ေကြၽးေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ေဈးတြင္ငါးအရွင္ေတြ႕ပါကေဈးမဆစ္ဘဲဝယ္ကာ လႊတ္ပါေလ။လႊတ္ကာနီး အဆိုပါေရသတၱဝါအေပၚ စိတ္ၫႊတ္ကာေဘးဘယာကင္းပါေစဟုဆုေတာင္းၿပီးမွ လႊတ္ပါ။
ထီကံေကာင္းလိုသူမ်ား။ ။ယခုတစ္ပတ္ သင့္အတြက္ ၂ /၃ ဂဏန္းမ်ားမ်ားပါသည့္ ထီကို ထိုးေပးပါ။