【 အားကစား 】 အနာဂတ် ကြယ်စင်စုအသင်းကို ရီးရဲလ်မက်ဒရစ် ဘယ်‌သူတွေနဲ့တည်ဆောက်မလဲ

【 အားကစား 】 အနာဂတ် ကြယ်စင်စုအသင်းကို ရီးရဲလ်မက်ဒရစ် ဘယ်‌သူတွေနဲ့တည်ဆောက်မလဲ

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်တွေကို ခေါ်ယူလေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာတော့ အသင်းကိုပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသင်းမှာ အသက်အရွယ်ရလာတဲ့ ကစားသမားကြီးတွေနေရာမှာ ကစားသမားသစ်တွေကို အစားထိုးဖို့ ပြင်‌ဆင်နေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ရင်းနက်စ်အသင်းမှ လူငယ်ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါ ကို ခေါ်ယူခဲ့ပြီးနောက် မန်ယူအသင်းမှ ပေါ့ဂ်ဘာ ကို ဆက်လက်ခေါ်ယူမယ့်အပြင် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုပါ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သတင်းတွေကဖော်ပြလျက်ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေအပြောင်းအရွှေ့ဈေးကွက်အတွင်း PSG အသင်းမှ အမ်ဘက်ပီ ကို ယူရို သန်း ၂၂၀ အထိ ဈေးပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် PSG အသင်းဘက်က ပယ်ချခဲ့ပါတယ်။

အသင်းမှာ အသက်အရွယ်ရလာပြီဖြစ်တဲ့ တိုနီကရူးစ်၊ မိုဒရစ်၊ ဘန်ဇီမာတို့ရဲ့ နေရာကို အစားထိုးဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြယ်ပွင့်ကစားသမားတွေကို ရှာဖွေနေပြီဖြစ်ပြီး၊ စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရတော့ ‌ဒေါ့မွန်မှ အာလင်း ဟာလန်း ကို ခေါ်ယူဖို့ ရီးရဲလ်အသင်းဟာ ကြိုးပမ်းနေပြီဖြစ်ပြီး၊ စာချုပ်သက်တမ်း တစ်နှစ်စီသာ ကျန်ရှိတော့တဲ့ မန်ယူမှ ပေါ့ဂ်ဘာနဲ့ PSG မှ အမ်ဘက်ပီတို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြံရွယ်နေတာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်လေ့ရှိတဲ့ ရီးရဲလ်အသင်းဟာ လာမယ့်အပြောင်းအရွှေ့တွေအတွင်း ဟာလန်း၊ အမ်ဘက်ပီ၊ ပေါ့ဂ်ဘာတို့ကို‌ ခေါ်ယူနိုင်ပြီး နုပျိုလန်းဆန်းတဲ့ ကြယ်စင်စုအသင်းကို ပြန်လည်တည်ဆောက်နိုင်မလားဆိုတာကတော့ .... ။

Linko
မက်ဒရစ်၊ စက်တင်ဘာ - ၃