【 ပြည်တွင်း 】 မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းအပါအဝင် ကချင်ပြည်နယ်က နေရာအချို့မှာ ယနေ့မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေ

【 ပြည်တွင်း 】 မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းအပါအဝင် ကချင်ပြည်နယ်က နေရာအချို့မှာ  ယနေ့မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေ

မြစ်ကြီးနား၊ မတ် - ၇

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းအပါအဝင်၊ ပြည်နယ်အတွင်းရှိ နေရာအချို့မှာ ယနေ့ မနက်ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားပါတယ်။

မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းအပါအဝင် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက်နှင့် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီစခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မတ်လ ၇ ရက် နံနက်အစောပိုင်းက စတင်ကာ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီနေ့ မနက်  ၆ နာရီဝန်းကျင်ကစပြီး ဝိုင်းမော် ရွှေညောင်ပင် ခလရ ၃၂၁ စစ်တပ်စခန်း၊ နွမ့်လန့် (Numlang)၊ ကုန်းလော (Kunglaw) ဘက်က စစ်တပ်စခန်းတွေနဲ့ လိုင်ဇာအနီးရှိ ခယာဘွမ် (Hkaya Bum)၊ ဘွမ်ရဲဘွမ် (Bumre Bum) တစ်ကြောရှိ စစ်တပ်စခန်းတွေကို KIA နှင့် ပူးပေါင်းအဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်းရှိနေပြီး စစ်ရှောင်စခန်းတစ်ခုအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် စစ်ဘးရှောင်ကလေးတချို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးဝန်းကျင်က ဒေသခံတွေဟာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရပါတယ်။

အောင်အောင်
Photo - လူမှုကွန်ရက်