【 ပြည်တွင်း 】 မိတ္ထီလာတိုးဂိတ်အကျော်မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး အဝေးသင်တက္ကသိုလ်ကျောင်းသားနှစ်ဦးသေဆုံး

【 ပြည်တွင်း 】 မိတ္ထီလာတိုးဂိတ်အကျော်မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး အဝေးသင်တက္ကသိုလ်ကျောင်းသားနှစ်ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၈
 
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-မလှိုင် ကားလမ်း တိုးဂိတ်အကျော်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးနဲ့  ကျောင်းသူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီတွင် မိတ္ထီလာမြို့နယ် မိတ္ထီလာ-မလှိုင်ကားလမ်း မလှိုင်မြို့နယ်ဘက်အထွက် တိုးဂိတ်အကျော်မှာ ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိတာဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့ မိတ္ထီလာအဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးနဲ့  ကျောင်းသူတစ်ဦး သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
 
 
“ကားနဲ့ ဆိုင်ကယ် တိုက်မိတာပေါ့။ ကောင်လေးက ရှေ့ကစီးပြီး ကောင်မလေးက နောက်က ထိုင်စီးတာပါ။အဝေးသင်တက္ကသိုလ် ကျောင်းသားကတ်ပြားတွေပါတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေဖြစ်တယ်” လို့ သိရတာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
 
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးတဲ့ တက္ကသိုလ်ကျောင်းသာတစ်ဦးမှာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားပြီး ပြင်းထန်ဒဏ်ရာရရှိတဲ့ ကျောင်းသူကို  မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံမှ တဆင့် နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံကြီးကို  ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
နောင်နောင်