【 ပြည်တွင်း 】 ပင်လယ်ရေကြောင်းကနေ ၁၀ လအတွင်း လယ်ယာထွက်ကုန် တန်ဖိုး ၂ ဘီလီယံနီးပါး တင်ပို့ခဲ့

【 ပြည်တွင်း 】 ပင်လယ်ရေကြောင်းကနေ ၁၀ လအတွင်း လယ်ယာထွက်ကုန် တန်ဖိုး ၂ ဘီလီယံနီးပါး တင်ပို့ခဲ့

ရန်ကုန်၊ မတ် - ၇

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ပင်လယ်ရေကြောင်းကနေ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုတွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရှိကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်း လယ်ယာထွက်ကုန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးကို ပင်လယ်ရေကြောင်းမှ ပြည်ပသို့ တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်အဖြစ် လယ်ယာထွက်ကုန်စည်များဖြစ်ကြသော ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပသို့ အထွေထွေကုန်စည်တင်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာတင်သင်္ဘောများကိုပါ အသုံးပြု၍လည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

ထို့အတူ ပွင့်လင်းရာသီဖြစ်သော ၂၀၂၃ အောက်တိုဘာလမှစ၍ မြန်မာ့လယ်ယာထွက်ကုန် ကောက်ပဲသီးနှံများကို ပြည်ပသို့ တိုးမြှင့်တင်ပို့လာခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၁၁ လနီးပါးကာလအတွင်း နည်းလမ်းနှစ်သွယ်ကနေ လယ်ယာထွက်ပစ္စည်း တင်ပို့မှုဟာလည်း အမေရိကန်ဒေါ်လာ ၃၁၄၉ သန်းကျော်ရှိကြောင်း ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။

လင်းလင်း