【 ပြည်တွင်း 】 ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တစ်လအတွင်း ပို့ကုန် ဒေါ်လာ၂၅ သန်းကျော် တန်ဖိုး တင်ပို့ခဲ့

【 ပြည်တွင်း 】 ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တစ်လအတွင်း ပို့ကုန် ဒေါ်လာ၂၅ သန်းကျော် တန်ဖိုး တင်ပို့ခဲ့

ရန်ကုန်၊ မတ် - ၇

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တစ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ၂၅ သန်းကျော် တန်ဖိုး တင်ပို့ခဲ့ကြောင်း သိရပါတယ်။

စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ၂၅.၅၃၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂.၂၁၈ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၂၇.၇၅၁ သန်း တန်ဖိုး ကုန်သွယ်မှုပြုလုပ်ထားကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ Petrified Wood ၊ မကျီးသီး (အစေ့ပါ)၊ ဇီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှာ အတက်၊ အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာ ကုမ္ပဏီပိုင်ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

အောင်အောင်